This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, November 30, 2008

ဇော(၇)ကြိမ်လား၊(၃)ကြိမ်လား

အမေး။ ။ဇော ၇တန်တော့ တပည့်တော်သိတယ်။ဇော ၃တန်ဆိုတာ ရှိသေးလားဘုရားတယောက်က မေးနေလိုဦးတင့် (အင်္ဂလန်)အဖြေ။ ။ဇောရှိတာက ရ တန်ပါပဲ၊ ဒါပေမယ့် ဇောကျပုံချင်းမှာ အသီးသီးကွာခြားကြပါတယ်၊ အဲဒါကို ဗဟုသုဖြစ်ဖွယ်ဖေါ်ပြပေးလိုက်ပါတယ်။ဇ၀နေသုစ ပရိတ္တဇ၀န၀ီထိယံ ကာမာဝစရဇ၀နာနိ သတ္တက္ခတ္တု ဆက္ခတ္တုမေ၀ ၀ါ ဇ၀န္တိ၊ပကတိ ပုံမှန်အခါမှာ ကာမဇောဟာ (၇)ကြိမ် သို့မဟုတ် (၆)ကြိမ်စောနိုင်ပါတယ်။ငါးကြိမ်စောသောသူများ….မန္ဒပ္ပ၀တ္တိယံ ပန မရဏကာလဒီသု ပဉ္စ၀ါရမေ၀၊သေခါနီးကာလမှာ ကာမဇော ငါးကြိမ်သာစောပါတယ်။ ထိုအကြောင်းကို သဂြိုလ်ဘာသာဋီကာမှာ မရဏကာလာဒီသုအရ … မုစ္ဆာတ၊ ၀ိသညိတ၊ အတိတရုဏ ပုဂ္ဂိုလ်များလည်း ကာမဇော ငါးကြိမ်သာစောပါတယ်။ ရှင်းဦးအံ့…မုစ္ဆကာလဆိုတာ သစ်ပင်မှကျလို့ဖြစ်စေ၊ ရေနစ်မွန်းလို့ဖြစ်စေ၊ အနာရောဂါ ပြင်းထန်စွာ နှိပ်စက်တဲ့ ဒုက္ခကြီးတို့ကြောင့် မိန်းမောတွေဝေ သေငယ်ဇော မြောနေရာအခါမျိုးမှာ ဇော ငါးကြိမ်သာ စောတယ်လို့ မှတ်ယူရပါမယ်။ဝိသညိတကာလ = အလမ္ဗုနတ်သမီးရဲ့ အတွေ့ကြောင့်...

Friday, November 28, 2008

သုံးရာစုက ဘ၀ပုံရိပ် (၁၁)

ကျွန်ပ်တစ်သက်တာတွင် ဇမ္ဗူဒိပ်ကျွန်း မင်းဧကရာဇ် ဖြစ်နိုင်ရေးအတွက် လောဘရမက်ဇောကပ်ကာ လူပေါင်းသိန်းချီ၍ သတ်ခဲ့သည့်အပြင် ဖအေတူ မအေကွဲ ညီအစ်ကိုယ်တော်စပ်သူများကို ရာချီ၍ သတ်ခဲ့လေပြီး၊ ယခင်ကတော့ လူတွေမို့လို့ တော်သေးသည်။ ယခုအခါ၌ကား မတွေးဝံ့စရာ အသိဥာဏ်နည်းလှသည့် အမတ်ယုတ်ကြောင့် ကျွန်ပ်မခိုင်းပါဘဲလျှက် ရဟန်းသံဃာများကို သတ်မိခဲ့ပြီ။ ။“ အင်း….ငါ ဘယ်လိုလုပ်ရမလဲ….ဘယ်လိုလုပ်ရမလဲ………” ကျွန်ပ်ရင်တွင်း တုန်လှုပ်စွာ ခံစားနေရသော သောကအပူမီးသည် နေဆယ်စင်း၏ အပူထက်ပင် သာချေမည်။ သည်လို ပူနေလို့လည်း ဘာမျှ ထူးလာမည်မဟုတ်၊ ယခင်က အကြောင်းရှိလျှင် အသောကာရာမကျောင်းသွားနေကျပါ၊ ယခုလည်း ကျောင်းတော်သို့ သွားပြီး စိတ်သက်သာရာရအောင် မေးမြန်းလျှောက်ထားရချေတော့မည်။ သို့နှင့် ကျွန်ပ်သည် အသောကာရာမကျောင်းတော်ကြီးသို့ ရောက်ခဲ့ကာ ရဟန်းသံဃာတော်များ၏ ရှေ့မှောက်ရောက်သောအခါ ထိခြင်းငါးပါး ဖြင့် ရိုသေစွာ ထိုင်၍ ရှိခိုးလျှက် …..“အရှင်မြတ်များဘုရား……အမတ်ယုတ်သည်...

သုံးရာစုက ဘ၀ပုံရိပ် (၁၀)

သားတော်မဟိန္ဒမထေရ် ရဟန်းပြုသည်မှစ၍ ဆရာဥပဇ္ဈာယ်ထံတွင် သုတ်၊၀ိနည်း၊ အဘိဓမ္မာဆိုသည့် ပိဋကတ်သုံးပုံကို အဋ္ဌကထာ နှင့်တကွ (၃)နှစ်အတွင်း သင်ယူတတ်မြောက်ခဲ့ပါသည်။ထို့ကြောင့်လည်း မဟိန္ဒထေရ်သည် ဥပဇ္ဈာယ်ဆရာဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်၏ တပည့် တစ်ထောင်ရှိသော ရဟန်းတို့၏ အကြီးအမှူး ဖြစ်ခဲ့ရပါသည်။ ထိုအချိန်က ကျွန်ပ်မင်းအဖြစ် အဘိသိက်ခံခဲ့သည်မှာ ကိုးနှစ်ရှိခဲ့ပေပြီ။အသောက၏ မွေးစားသားနှစ်ယောက်အကြောင်း ကျွန်ပ်တွင် မွေးစားသား(ကိတ္တိမသား)နှစ်ယောက်ရှိခဲ့ပါသည်။ သူတို့၏ အကြောင်းကား အလွန်စိတ်ဝင်စားဖွယ်ရာကောင်းပါသည်။ ရှေးအခါက ပါဋလိပုတ်ပြည်၌ မုဆိုးတစ်ယောက်ရှိခဲ့ဖူးပါသည်။ တစ်နေ့သ၌ တောထဲတွင် ကိန္နရာမတစ်ဦးနှင့် ပေါင်းဖေါ်မိကြရာမှ သားနှစ်ယောက် ဖွားမြင်ခဲ့ပါသည်။ အစ်ကိုကြီး၏အမည်မှာ ကောန္တပုတ္တတိဿ ဖြစ်ပြီး၊ ညီငယ်၏အမည်မှာ သုမိတ္တ ဖြစ်ပါသည်။ ထိုကလေးနှစ်ယောက်ကို ကျွန်ပ် မွေးမြူစောင့်ရှောက်ခဲ့ရာမှ အရွယ်ရောက်သောအခါ မဟာဝရုဏ မထေရ်ထံတွင်...

Sunday, November 23, 2008

ဦးအောင်ဇေယျဂူဆိုတာ အဲဒါလား

ဖါခယမ် ဂူမှာလည်း ရှင်ဥပဂုတ္တ ကို တွေ့ရတယ်။ ဦးအောင်ဇေယျဂူ လို့တွင်နေတဲ့ ဖါခယမ်ဂူ၊ တည်နေရာက ထိုင်းနိုင်ငံ၊ရနောင်းမြို့မှ ကီလို(၅၀)ခန့်အကွာတွင် တည်ရှိပါတယ်။...

သုံးရာစုထဲက ဘ၀ပုံရိပ် (၉)

မင်းကြီးက “ သင်ဖယ်ရှားနိုင်တယ်ဆိုရင် အခုပဲ ဖယ်ရှားပေးပါတော့” ဟု ပြောသောအခါလူငယ်ယောင်ဆောင်ထားသော ၀ိသကြုံနတ်သားသည် ထိုစက်ယန္တရားကို မြှားဖြင့်ပစ်လိုက်ရာ ချာချာလည်နေသော စက်ယန္တရားကြီးသည် ဖရိုဖရဲဖြစ်ကုန်ပါတော့သည်။သို့နှင့် တံခါးဝတွင် လည်နေသော စယန္တရားကြီး ရပ်သွားသောအခါ တံခါးဝတွင် ပတ္တမြားတုံးကြီးနှင့်အတူ ရေးထိုးသော “နောင်တွင် မင်းဆင်းရဲသည် သည်ပတ္တမြားကြီးကို ယူ၍ ဓါတ်တော်တို့အား ပူဇော်စေသတည်း” ရွှေပေလွှာကို ဖတ်လိုက်ရသဖြင့် ကျွန်ပ် အံ့သြမိသကဲ့သို့ “ ငါလိုမင်းကို မင်းဆင်းရဲ လို့ မပြောသင့်ဘူး” ဟု တွေးကာ စိတ်မသက်သာ ဖြစ်ခဲ့ရသေးသည်။ မည်သို့ပင်ဖြစ်စေ သည်စာတန်းက ကျွန်ပ် အတွက် အရေးမကြီး မြတ်စွာဘုရား၏ ဓါတ်တော်များရရှိရန် အရေးကြီးနေသည်ကိုး……သို့နှင့် အတွင်းတံခါးကို...

သုံးရာစုထဲက ဘ၀ပုံရိပ် (၈)

အဇာတသတ်မင်း “ အရှင်ဘုရား…..ဓါတ်တော်ထားရာကို ပြုလုပ်တာတော့ ဟုတ်ပါပြီ၊ ရှစ်ပြည်ထောင်မင်းများ ပင့်ဆောင်သွားသော ဓါတ်တော်များကို ဘယ်လို ပြန်ပင့်ဆောင်ရပါ့မလဲဘုရား” ဟုလျှောက်သောအခါ ……မထေရ်က “ ဓါတ်တော်များ ပင့်ဆောင်ရန် အပိုင်းကိုတော့ ငါတာဝန်ယူပါ့မယ်”အဇာတသတ် “ ဒီလိုဆို အရှင်မြတ်ဘုရားက ဓါတ်တော်ကို ပင့်ဆောင်တော်မူပါဘုရား၊ တပည့်တော်က ဓါတ်ထားမည့် နေရာကို လုံခြုံစိတ်ချရအောင် ပြုလုပ်စီမံပါမည်ဘုရား” ဟု မထေရ်အားလျှောက်ထားပါသည်။ သို့နှင့်..အရှင်မဟာကဿပအရှင်မြတ်သည် ဓါတ်တော်များကို ပင့်ဆောင်ရန် ရှေးဦးစွာ ဆင်ခြင်ကြည့်သောအခါ ရာမရွာတွင်ရှိသော ဓါတ်တော်များမှာ နဂါးစောင့်သည်ဖြစ်၍ မည်သည့် အန္တရာယ်မှ မဖြစ်နိုင်ပေ။ နောင်သောအခါတွင် သီဟိုဠ်ကျွန်း မဟာစေတီတည်ရာ၌ ဌာပနာလိမ့်မည်ကို...

Thursday, November 20, 2008

မဟာစည်ရိပ်သာခွဲ အေးရိပ်ငြိမ်ရပ်၊ကော့သောင်းမြို့Type the rest of your post he...

Tuesday, November 18, 2008

သိသမျှ တွေးဆအဖြေ(၁၃)

သမ္ဖပလာပ မြောက်/မမြောက်အမေး။ ။တပည့်တော် သမပ္ဖလာပ၀ါစာကို သိမ်ဖျင်းယုတ်ညံ့သောစကား၊ တချို့နေရာမှာလဲ အဆံမပါသော စကားလို့ ဖတ်ရပါတယ်။ ဘာကို သိမ်ဖျင်းတယ် ပြောရမလဲ သိလိုပါတယ်ဘုရား။ ရာမ အီနောင် စတဲ့ ပုံဝတ္ထု ပြောခြင်းဟာ သမဖ္ဖလာပ၀ါစာ မြောက်တယ်ဆိုရင် တပည့်တော် တို့ စာရေးသူတွေ စာရေးတာရော သမ္ဖပ္ပလာပ၀ါစာ ဖြစ်ပါသလားဘုရားတပည့်တော်တို့ ၀တ္ထုရေးရာမှာ စိတ်ကူးယဉ်ဇာတ်လမ်းများ လဲ ရေးကြပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရေးတာ ရှိသလို စိတ်ကူးယဉ်သက်သက်ဆိုရင်လဲ တကယ့်အဖြစ်မှန်လို့လဲ မလိမ်ပါ။ ဒါပေမယ့် ဒါဟာ အဆံမပါသောစကား မြောက်ပါသလားဘုရား။အဖြေ။ ။ အကျိုးမဲ့ ဒဏ္ဍာရီဝတ္ထုများကို ရေးသားတာဟာ ကာယဒွါရ၌လည်း အနည်းငယ်ဖြစ်၍ ‘ဗာဟုလ္လ ၀ုတ္တိတော’ ၀စီဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကြောင့် စာပေရေးသားခြင်းဟာ ၀စီဒွါရတွင် အများဆုံးဖြစ်ပါတယ်။ ထို့ကြောင့် အကျိုးမဲ့စာပေရေးသားတာဟာ ‘သမ္ဖပလာပ၀ါစာ’ မည်ပါတယ်။ (အရှင်ဇနကာဘိဝံသရဲ့ သဂြိုလ်ဘာသာဋီကာ နှာ-၃၇၇ ) ဖြစ်ရပ်မှန်ဇာတ်လမ်းများကို...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More