This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, October 31, 2008

အိပ်မက်အကြောင်း သိကောင်းစရာ

အမေး။ ။မြတ်စွာဘုရား ဖွားတော်မူခန်း ဗုဒ္ဓင်ပြခန်း ကို အိမ်မှာ ဘုရားခန်း အဖြစ် ဆောက်ပြီး ပူဇော်ရတယ်။ ဓမ္မစကြာတရားဟော နေတဲ့ ဘုရားရုပ်ပွားတော် ရွှေဆင်းတုတော်က ညာလက်ထဲ သူ့အလိုလို ရောက်လာတယ် အိပ်မက် မက်ပြီးတည်းက အဲဒါကို တအား သိချင်နေတာ အဖြေပေးတော်မူပါဘုရား။ခွန်မြလှိုင်ထိုင်းနိုင်ငံအဖြေ။ ။အိပ်မက်မက်ကြတယ်ဆိုတာ အိပ်မက်မက်ခြင်း အကြောင်း လေးမျိုးရှိတယ်လို့ မှတ်ယူရပါမယ်။ထိုလေးမျိုးမှာ…..(၁) ဓာတ်ချောက်ချား၍ အိပ်မက်မြင်မက်ခြင်း။(၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။(၃) နတ်များက လှည့်စားသောကြောင့် အိပ်မက်ခြင်း။(၄)ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်မြင်မက်ခြင်း တို့ ဖြစ်ကြပါတယ်။(၁)ဓာတ်ချောက်ချား၍ အိပ်မက်မက်ခြင်း။ ဓာတ်ချောက်ချားသည့်အတွက် အိပ်မက်မြင်မက်ရာတွင် တောင်ပေါ်မှ လိမ့်ကျသယောင်ယောင်, ဆင်ကြမ်း,မြင်းကြမ်း,ခြင်္သေ့, သစ်ကျားစသော သားရဲများ၊ လူဆိုးသူခိုးစသူတို့ မိမိနောက် တကောက်ကောက်လိုက်နေသယောင်ယောင် ကြောက်မက်ဖွယ်အိပ်မက်တို့ကို...

Monday, October 27, 2008

သိသမျှ တွေးဆအဖြေ(၁၂)

အမေး။ ။ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးလျှောက်တင်အပ်ပါတယ် အရှင်ဘုရား….တရားဝင် မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်ကို ပါဠိတော်၌ မြင့်မြတ်တယ်၊ နိမ့်ကျတယ် လို့ သတ်မှတ်ချက် ရှိပါသလား အရှင်ဘုရား။ မြင့်မြတ် သည်လည်းမဟုတ်၊ နိမ့်ကျသည်လည်း မဟုတ်ဘဲ ကာမရာဂကို မပယ်သတ်နိုင်သေးတာမို့ ကာမရာဂနူနာကို မီးကင်တဲ့သဘောပါလား အရှင်ဘုရား……..ရိုသေမြတ်နိုး လက်စုံမိုးလျှက် လေးစားစွာဖြင့်ဝင်းမြင့်, ခေတ္တ ရုရှားနိုင်ငံအဖြေ။ ။ မောင်ဝင်းမြင့်…. တရားဝင်မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်အမှုဟာ မြင့်မြတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့ သတ်မှတ်ချက် ရှိ/မရှိ ဆိုသည့် အချက်……ကို ပြောပါ့မယ်။မေထုန်နှင့်စပ်၍ မြတ်တယ် မမြတ်ဘူး ဟူသည့်အချက်မှာ ‘ဗြဟ္မစရိယ’ မြတ်သောအကျင့်နှင့်ပတ်သက်ပြီး သုတ်သီလက္ခန် အဋ္ဌကထာ ၁၆၀ မှာ-(ဗြဟ္မစရိယံ ပကာသေတီတိ ဧတ္ထ ပနာယံ ဗြဟ္မစရိယသဒ္ဒေါ ဒါနေန၊ ဝေယျဝေစ္စ၊ ပဉ္စသိက္ခာပဒသီလေ၊ အပ္ပမညာသု၊ မေထုန၀ိရတီယံ၊ သ ဒါရသန္တောသေ၊ ၀ီရိယေ၊ဥပေါသထင်္ဂေသု၊ အရိယမဂ္ဂေ၊...

Wednesday, October 22, 2008

အေးရိပ်ချောင် ဘုံကထိန်

ကထိန်အလှူရှင်များအား ချီးမြောက်ရန် ဓမ္မာရုံသို့အလာကထိန်ပွဲလာတဲ့ စာရေးဆရာမ မြတ်နိုးရှင်းကိုလည်း တွေ့ရပါတယ်။ကထိန်တရားတော်နာ၊ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ တက္ကသိုလ် ပါမောက္ခများ၊ ဆရာမများကလည်း ကူညီကြပါသည်။ကထိန်သင်္ကန်း၊ပရိက္ခရာလှူဒါန်းသူများဖြင့်ကထိန်အလှူပွဲလာကြသော ဆရာလေးများType the rest of your post he...

သိသမျှ တွေးဆအဖြေ (၁၁)

အမေး။ ။အရှင်ဘုရား…. လက်ဖက်သုပ်ကို သံဃာတော်များအား ညနေ လှူခွင့် ရှိပါသလားဘုရား၊ သံဃာတော်များကို ညနေဘက် ဆက်ကပ်ခွင့်ရှိတဲ့ အရာများ ရှင်းပြပေးပါ။အဖြေ။ ။ လူအများသည် နေမွန်းလွဲအချိန်တွင် ရဟန်းတော်များအား လက်ဖက်သုပ်များကို မလှူကောင်းသကဲ့သို့ သံဃာတော်များကလည်း အကပ်မခံကောင်းပေ။ ဘုဉ်းပေးဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ပါတိမောက်ဘာသာဋီကာတွင် အသုပ်တို့နှင့်ပတ်သက်ပြီး ရေးထားပါတယ်။ ယခုခေတ်ပေါ် ညချင်း(ဂျင်း)သုပ်များဟာ ကြက်သွန်၊ဆီ၊ဆား၊ချင်း များကို တစ်ခုစီကြည့်လျှင် တစ်ခါအကပ်ခံထားလျှင် ခုနှစ်ရက်အတွင်းစားထိုက်သည့် သတ္တာဟကာလိက နှင့် တစ်သက်လုံးစားထိုက်သည့် ယာဇီဝက ဖြစ်သောကြောင့် “အပ်၏” ဟုထင်မှတ်ဖွယ် ရှိပါသည်။ သို့သော် ချင်း ကို ပင်ကိုယ်အကြမ်းအတိုင်းမဟုတ်ဘဲ စားကောင်းအောင် ပြုပြင်ကာ လက်သုပ်တစ်မျိုး ဖြစ်အောင် စီမံထားသဖြင့် နေမွန်းလွဲလျှင် မစားကောင်းသည့် ယာဝကာလိက ခဲဘွယ်ထဲ ပါဝင်နေပါသည်...

Sunday, October 19, 2008

သိသမျှ တွေးဆအဖြေ (၁၀)

အမေး။ ။မြတ်စွာဘုရား စကားတော်တွေကို ပြန်ပြောပြတဲ့နေရာမှာ “ မင်း…..ငါ…….ကွ” ဆိုတဲ့ အသုံးအနှုန်းတွေကို မိုးကုတ်ဆရာတော်ကြီး သုံးနှုန်းထားတာ ဖတ်ရပါတယ်ဘုရား။ မြတ်စွာဘုရားဟာ ဒီလို မသုံးနှုန်းဘူးထင်ပြီး တပည့်တော် စိတ်ထဲ မအီမသာ ဖြစ်မိပါတယ်။ စာစကားကို ရွာနားအရောက်ပို့မယ် ဆိုတဲ့ စေတနာနဲ့ဆိုတော့ သုံးလို့ရပါသလားဘုရား။အဖြေ။ ။ မေးခွန်းရှင်က ဒီလိုအသုံးအနှုန်းကြောင့် သိပ် ဘ၀င်မကျဖြစ်နေတာကို တွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးပြောရင် တရားစကားပြောရာမှာ သည်လိုအသုံးအနှုန်းမျိုးတွေဟာ ယခင်အတိတ်က ၀ါသနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သန့်ရှင်းတဲ့ စိတ်စေတနာဖြင့် ဒကာ/ဒကာမတို့အား ဟောပြောတာကတော့ အပြစ်မရှိပါဘူး။ (မင်း….ငါ…….ကွ)စတဲ့ အသုံးအနှုန်းကို မဆိုနဲ့ဦး။ မြတ်စွာဘုရားလက်ထက်တော်က ပိလိန္ဒ၀စ္ဆ ဆိုတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။ ထိုမထေရ်ဟာ ကျောင်းမှာပဲဖြစ်စေ၊ အရပ်ထဲ ၊ ရွာထဲဖြစ်စေ သူနှင့်ရင်ဆိုင်တွေ့တဲ့ ဆင်းရဲ၊ချမ်းသာ ပုဂ္ဂိုလ်မှန်သမျှ...

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၂)

သီတင်းကျွတ်မီးထွန်းပွဲတော်ရောက်တိုင်း ဖယောင်းတိုင်းများ၊ လမ်းဘေး မီးတိုင်များတွင် မီးထွန်းငြှိရသည်မှာ ငယ်စဉ်က အလွန်ပျော် ရွှင်ခဲ့ရပါသည်။ ယခုနှစ်တွင် ဆီမီးထွန်းရသည်မှာ စာရေးသူအဖို့ ကြည်နူးရပါသည်။ ဘာ့ကြောင့်ဆိုလျှင် မြတ်စွာဘုရားသည် မယ်တော် မိနတ်သားအား အဘိဓမ္မာတရားဟောကြားပြီး ၍ တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုပြည်သို့ နတ်တို့ဖန်ဆင်းသည့် စောင်းတန်း သုံးသွယ်ဖြင့် ကြွတော်မူလာခိုက် ဆီးမီတို့ဖြင့် ပူဇော်ခဲ့ကြသည် မဟုတ်ပါလား။ မြတ်စွာဘုရားကို အာရုံပြု၍ ဆီမီးငြှိထွန်းပြီး ပူဇော်ရသောကြောင့် ပျော်ရွှင်မှုအစား ကြည်နူးမှုတို့ဖြင့် လျှံဝေခဲ့ရပါသည်။ထွန်းထားခဲ့သည့် မီးများသည် သူ့ရဲ့ တောက်လောင်နိုင်မှုစွမ်းအားပေါ်မူတည်၍ မီးလင်းခဲ့ရ၊ မီးတောက်လောင်ခဲ့ရသော်လည်း အချိန်ကြာမြင့်မှုမရှိ၊ သိပ်မကြာမီမှာ ထွန်းထားသည့် မီးများ ငြိမ်းကုန်တော့သည်။ မီးထွန်းစဉ်က မီးယောင်တို့ဖြင့် လင်းထိန်နေကာ လူသံများဖြင့် စည်ကားနေသည့် လမ်းမကြီးသည်...

Thursday, October 16, 2008

ချမ်းသာစွာနေလိုလျှင်

လူသားတိုင်းသည် ချမ်းသာတာကို ပိုင်ဆိုင်ချင်သည်၊ခံစားချင်ကြပါသည်၊ ဆင်းရဲသည့် ပိုင်ဆိုင်မှုကြီးကိုတော့ ဘယ်သူမှ မလိုချင်ကြ၊ မရင်ဆိုင်ချင်ကြပေ၊ လောကမှာ ချမ်းသာမှုကို ပိုင်ဆိုင်နေကြသည့် လူသားများ ရှိကြပါသည်၊ ကမ္ဘာ့သူဌေးစာရင်းဝင်တဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဆယ်ယောက်ကို လေ့လာကြည့်လျှင် သူတို့ရဲ့ချမ်းသာမှုသည် ပစ္စည်းဥစ္စာကို အခြေခံသည့် ချမ်းသာမှုမျိုးကို ပိုင်ဆိုင်သည့် သူများသာ ဖြစ်သည် ဟု ခန့်မှန်း၍ ရပါသည်။သည်လိုပစ္စည်းဥစ္စာပေါများရုံနှင့် ချမ်းသာသွားပြီလော၊ ကမ္ဘာက အချမ်းသာဆုံး စာရင်းထဲတွင် သတ်မှတ်ခံထားရသည် ဆိုပေမယ့် ကိုယ်ကိုယ်တိုင် က တကယ်လည်း ချမ်းသာရဲ့လား ဆိုတာကို ကိုယ့်ကိုယ်တိုင်လည်း လေ့လာသုံးသပ်ဖို့လိုသလို စာဖတ်သူများလည်း “ ငါဟာ တကယ်ချမ်းသာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီလား” ဟု ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်၊ သို့မှသာလျှင် မိမိဘ၀၏ အဖြူအမဲ ကွဲပြားနိုင်မည်။ ချမ်းသာလား၊ဆင်းရဲလား ဆိုသည်ကို မိမိကိုယ်ကို...

Tuesday, October 14, 2008

သိသမျှ တွေးဆအဖြ (၉)

အမေး။ ။နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မိထွေးတော်ဂေါတမီက ဖွားတဲ့ ဖအေတူ မအေတူ မောင်နှမရင်းလို့ ဖတ်ရပါတယ်။ အိန္ဒိယမှာ ၀မ်းကွဲများ ဖတူ မိကွဲများ ရှေးက ပေးစားတတ်ပေမယ့် မိခင်တူရင် ရှောင်ကြပါတယ်။ မြတ်စွာဘုရားရဲ့ ညီတော်နဲ့ နှမတော်မှာ မိတူဖတူချင်း ဘာပြုလို့ လက်ထပ်ပေးရတာလဲဘုရား။ ။အဖြေ။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မောင်နှမအရင်းအချာကြီးဖြစ်ကြတာမှန်ပါတယ်၊ဒါပေမယ့် ဘာဖြစ်လို့ လက်ထပ်ပေးရလဲ ဆိုရင် သူတို့ဟာ သာကီဝင်မင်းမျိုးများဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ သာကီဝင်မင်းမျိုးများဟာ အချင်းချင်းယူကြတဲ့စနစ်ကို ရှေးပဝေသဏီ ကတည်းက ကျင့်သုံးခဲ့ကြပါတယ်။ ရှင်းလင်းပါဦးမယ်။သကျာသာကီဝင် ဖြစ်လာပုံအကြောင်း…. ဘုရားအလောင်းတော်ဟာ တစ်ခုသောဘ၀မှာ ချမ်းသောတဲ့ ပုဏ္ဏားမျိုးမှဆင်းသက်လာပြီး နာမည်က ကပိလ ဖြစ်ပါတယ်။ သူဌေးအဖြစ်ကို စွန့်လွတ်၍ ဟိမ၀န္တာတောင်နံပါး ကျွန်းသစ်တောကြီးအတွင်း ရေကန်တစ်ခုအနီးတွင် သစ်ရွက်မိုးကျောင်း ဆောက်ကာ ရသေ့ပြုပြီး နေပါတယ်။...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More