This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 30, 2008

ထေရ၀ါဒသာသနာ

ထေရ၀ါဒအကြောင်းအရာကို စိတ်ဝင်တစားမေးလာတဲ့အတွက် စာရေးသူမှာ ကျမ်းစာတွေဟိုလှန်ဒီလှန်နှင့် ဗဟုသုတတွေ ပိုလို့တိုးခဲ့ရပါ တယ် ၊ မေးခွန်းမေးသူ ကိုးရီးယားဆရာလေးအားလည်း ကျေးဇူးတင်ရှိပါတယ်ထေရ၀ါဒသာသနာသည် မည်သည့်နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါသနည်း၊ ထိုသို့ရောက်ရှိလာရာတွင် မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသ ၊ မည်သည့်ကာလတို့တွင် ရောက်ရှိပါနည်း၊ ထိုအမေးပြဿနာကို ကိုးရီးယားမှဒကာ/မများက သိချင်၍ အဖြေပေးစေလိုပါကြောင်း၊ ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှ ဆရာလေးတစ်ပါး၏ မေးထားချက်ဖြစ်ပါသည်။ ဘုရားသမိုင်းအရ ဂေါတမရှင်တော်ဘုရား သင်တော်ထင်ရှား ရှိစဉ်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် ရောက်ရှိခဲ့သည်ဟု ဆိုရပေမည်။၂၂၄ ဘီစီ ၊ သာသနာတော်နှစ် သုံးရာစုခန့် တတိယသင်္ဂါယနာတင်အပြီး အိန္ဒိယနိုင်ငံ အသောကမင်းလက်ထက် ကိုးတိုင်းကိုးဌာန သာသနာပြုစေလွတ်ရာတွင် အရှင်သောဏနှင့်အရှင်ဥတ္တရတို့ ဦးဆောင်သောအဖွဲ့သည် သုဝဏ္ဏဘူမိ သို့ ရောက်ရှိခဲ့သည်ဟု...

သန်းခေါင်ယံက အမေးအဖြေများ (၃)

မေးခွန်းနံပတ်(၂)မှာ ကျန်ခဲ့တာလေးတွေကို ဖေါ်ပြပါဦးမယ်… ထိုပါဏာတိပါတကံထိုက်သူများဟာ အပါယ်ကို ကျစေနိုင်တယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပေ။ ဒါဖြင့် ပြုမိတဲ့ ပါဏာတိပါတကံအတွက် အပါယ်မကျနိုင်အောင် တားလို့ရနိုင်မလားဆိုတာ ဆက်လက် လေ့လာကြည့်ကြရအောင်ပါ။ ပြုမိပြီးတဲ့ ပါဏာတိပါတအမှုများကို “ဒီမကောင်းမှုကံကြီး ငါ့မှာ ဖျောက်လို့ရမှာမဟုတ်တော့ဘူး၊ သေရင်တော့ အပါယ်ကျတော့မှာ ပဲ” လို့ ပူပန်မှု ကုက္ကုစ္စ ဖြစ်နေမယ်ဆိုရင်တော့ သည်ပူပန်မှုတွေကြောင့် အပါယ်ကျရောက်နိုင်ပါတယ်။ ပြုမိပြီးတဲ့ ပါဏာတိပါတအမှုကို ထားပြီး နောင်မပြုမိအောင် ထိန်းသိမ်းမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထိုပါဏာတိပါတအမှုကို (ဂရုမစိုက်ဘဲ)မေ့ထားမယ်၊ ပြီးတော့ ရှေ့ကို ကုသိုလ်တရားတွေကိုပဲ ဆက်လက် ပြုလုပ်သွားမယ်ဆိုရင် ကြာလာတော့ ထိုပြုမိတဲ့ပါဏာတိပါတအမှုတောင် ပပျောက်သွားနိုင်ပါတယ် လို့ ဘုရားရှင်က ဂါမဏိ သံယုတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်၊ ဒါလည်းသတိပြုစရာအချက်တစ်ခုပါ။ဒါတင်မသေး (ယဿ...

သန်းခေါင်ယံက အမေးအဖြေများ (၂)

ဤအကြောင်းအရာတို့ဖြင့် သက်သတ်လွတ်စားခြင်းဟာ ဗုဒ္ဓအလိုတော်ကျမဟုတ်သည်မှာ ထင်ရှားလှပါတယ်။ တစ်ဖန် မြတ်ဘုရားလက်ထက်တော်က အရှင်ဒေ၀ဒတ်သည် အခြွေအရံပရိသတ်နည်းကာ လာဘ်လာဘနည်းပါးလာတဲ့အတွက် မြတ်ဘုရားထံတော်တွင် အချက်ငါးချက်ကို တောင်းဆိုခဲ့ပါတယ်၊ထိုငါးချက်မှာ……(က) ရဟန်းတော်များ တောကျောင်း၌သာ နေရမယ်၊ ရွာထဲကျောင်းတွင်နေပါက အာပတ်သင့်စေ။(ခ) ရဟန်းတော်များ တစ်သက်လုံးဆွမ်းခံစားရမယ်၊ ဒကာများ လှူသော ဆွမ်းကို စားသောက်ပါက အာပတ်သင့်စေ။(ဂ) ရဟန်းတော်များ တစ်သက်လုံး ပံ့သကူသင်္ကန်းသာဝတ်ရုံရမယ်၊ ဒကာလှူသောသင်္ကန်းဝတ်ပါက အာပတ်သင့်စေ။(ဃ) ရဟန်းတော်များ အသက်ထက်ဆုံး သစ်ပင်ရင်းမှာသာနေရမယ်၊ အမိုးရှိကျောင်းမှာ နေပါက အာပတ်သင့်စေ။(င) ရဟန်းတော်များ အသက်ထက်ဆုံး အမဲသားငါးမစားရ ၊ စားကအာပတ်သင့်စေ ဟု အချက်ငါးချက်ကို မြတ်ဘုရားထံတောင်းခဲ့ပါတယ်။ ထိုအချိန်က အရှင်ဒေ၀ဒတ် တောင်းတဲ့အချက်ငါးချက်ကို အကျိုးမရှိတဲ့အတွက် မြတ်စွာဘုရား ခွင့်ပြုတော်မမူခဲ့ပေ၊...

သန်းခေါင်ယံက အမေးအဖြေများ (၁)

သန်းကောင်ယံက အမေးအဖြေများကို အကျယ်တ၀င့်ပြန်တင်ပေးထားပါတယ်။ကလင်…….ကလင်…….ကလင် အိပ်ရာဘေးရှိ ဖုန်းမြည်သံကြောင့် အိပ်ရာမှနိုးခဲ့သည်၊ အချိန်ကား ည ၁၁ နာရီခန့်၊ သည်လိုအချိန်မျိုးတွင် တယ်လီဖုန်းလာသည်မှာ ဆန်းကြယ်ပေစွ၊ မည်သည့်နေရာက ဖုန်းဖြစ်မည်နည်း၊ ညအချိန်မတော်ကြီး ဖုန်းလာသည်ဖြစ်၍ အရေးကြီးသည့် ဖုန်းဖြစ်မည် ဟုခန့်မှန်းမိပါတယ်တယ်လီဖုန်းကိုင်လိုက်ရာ နော်ဝေနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးတစ်ယောက်ဆီမှ ဖုန်းဖြစ်နေပါသည်။ သို့နှင့် ကိစ္စ အကြောင်းထူးက မည်သို့ပါလဲ လို့ မေးသောအခါ ဓမ္မနှင့်ပတ်သက်၍ မရှင်းလင်း နားမလည်တာတွေကို မေးလျှောက်ချင်ပါကြောင်း တောင်းပန်လာသောကြောင့် မေးခွင့်ပေးလိုက်ပါတယ်။ သူမအမေးပုစ္ဆာကား အောက်ပါအတိုင်းဖြစ်ပါတယ်။(၁) အရှင်ဘုရား….တပည့်တော်မ သူငယ်ချင်းများ(ဓမ္မမိတ်ဆွေများ)က တရားအားထုတ်လျှင် သက်သတ်လွတ်(အသားလွတ်)စားက ပို၍ ထိရောက်ပါတယ်လို့ ပြောပါတယ်၊ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဟုတ်/ မဟုတ်၊ မှန်/မမှန်...

Thursday, August 21, 2008

BLOG SIMENAR IN YANGON

၂၀၀၇ ပီးလို့ ၂၀၀၈ ရောက်လာပါပေါ့လား အင်း.. bloger seminar လည်း August လကုန်မှာ ကျင်းပမယ်လို့လည်း ဘာညာပြောလို့ သိရတယ်၊ ဒီပွဲမှာ ကိုယ့်ရဲ့ တုနှိုင်းမမီ စာအုပ်လေးကို ကြော်ငြာရင်ကောင်းမယ်လို့ ဘာညာက အကြံပေးတာနဲ့ ကြော်ငြာမယ်လို့ပဲ ပြော လိုက်တယ်၊ ဒီကြော်ညာတာဝန်ကို ဘာညာက တာဝန်ယူပေးမယ်တဲ့ ၀မ်းသာလိုက်တာ ဘာညာရေ......... blog seminar ကို ကြွလာဖို့ ဘာညာကဖိတ်ပါတယ်၊ လာချင်ပေမယ့် ၀ါတွင်းကာလဆိုတော့ မလာဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်....အင်းပီးမှပဲ ဆိုက်ပေါ်ကြည့် ရမှာပဲ ။ ဒါလည်း သာသနာပြုနည်းတမျိုးပဲလို့ဆိုရမှာပဲ၊ ဒီလိုကြော်ငြာရတာကလည်း ကိုယ့်စာအုပ်လေး စာဖတ်သူများကြားကို ရောက်စေဖို့ ရည် ရွယ်တာလေ၊ ဘယ်နေရာမဆို ယူတတ်ရင်တော့ ကုသိုလ်ရတယ်ဆိုတာ...

Tuesday, August 19, 2008

ညသန်းခေါင်ယံ အမေးအဖြေများ

သည်နေ့ ကျန်းမာရေးမကောင်းသဖြင့် စောစီးစွာပဲ ညအိပ်ရာဝင်ခဲ့ပါသည်၊ ထိုစဉ်…….ကလင်…….ကလင်…….ကလင်အိပ်ရာဘေးရှိ ဖုန်းမြည်သံကြောင့် အိပ်ရာမှနိုးခဲ့သည်၊ အချိန်ကား ည ၁၁ နာရီခန့်၊ သည်လိုအချိန်မျိုးတွင် တယ်လီဖုန်းလာသည်မှာ ဆန်းကြယ်ပေစွ၊ မည်သည့်နေရာက ဖုန်းဖြစ် မည်နည်း၊ ညအချိန်မတော်ကြီး ဖုန်းလာသည်ဖြစ်၍ အရေးကြီးသည့် ဖုန်းဖြစ်မည် ဟုခန့်မှန်းမိပါသည်။တယ်လီဖုန်းကိုင်လိုက်ရာ နော်ဝေနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးတစ်ယောက်ဆီမှ ဖုန်းဖြစ်နေပါသည်။ သို့နှင့် ကိစ္စ အကြောင်းထူးက မည်သို့ပါနည်း ဟု စာရေးသူက မေးသောအခါ ဓမ္မနှင့်ပတ်သက်၍ မရှင်းလင်း နားမလည်သည်ကို မေး လျှောက်ချင်ပါကြောင်း တောင်းပန်လာသောကြောင့် မေးခွင့်ပေးလိုက်ပါသည်။ သူမအမေးပုစ္ဆာကား အောက်ပါအတိုင်းဖြစ်သည်။(၁) အရှင်ဘုရား….တပည့်တော်မ သူငယ်ချင်းများ(ဓမ္မမိတ်ဆွေများ)က တရားအားထုတ်လျှင် သက်သတ်လွတ်(အသားလွတ်)စားက ပို၍ ထိရောက်သည်ဟု ပြောပါသည်၊ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဟုတ်/...

Sunday, August 10, 2008

သေဖို့ အဆင်သင့်ဖြစ်ပြီလား

was you ready to die၀ါခေါင်လဆန်း(၈)ရက် ဥပုသ်နေ့တွင် ကျောင်းရောက်လာသည့် ဥပုသ်သည်များအား မည် သည့်တရား ဟောရပါမည်နည်း ဟု စဉ်းစားတွေးတောမိပါသည်၊ တစ်နေ့ စာရေးသူ၏ စာအုပ်စဉ်တွင် စာအုပ်တစ်အုပ်ကို ယူကြည့်မိရာ စာအုပ်ပါ ခေါင်းစဉ်က “LETTERS FROM THE DEAD” ဖြစ်ပြီး စာရေးသူက Jane Homeshaw ဖြစ်ပါသတဲ့…………..။စာအုပ်ခေါင်းစဉ်က စိတ်ဝင်စားစရာဖြစ်နေ၍ အမြည်းသဘောလှန်လောဖတ်ကြည့်ရာ ……Black night was on the river. The dirty streets of the old town were wet with rain.An old man who lives in the one of the houses was in bed.He was very old and very ill. He was at the end of his life.He wasn’t asleep. He liked life and he wasn’t ready to die.ထိုဖတ်ရသည့်စာအတွက် တွေးစရာများပေါ်လာကာ ဥပုသ်နေ့ ဟောမည့်တရားကို လည်း သူ့အတိုင်းလေးပေးရင်ကောင်း မှာပဲ ဟု စဉ်းစားကာ သေဖို့ အဆင်သင့် ဖြစ်ခဲ့ပြီလား ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဟောခဲ့သည်များကို...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More