This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 31, 2008

တည့်အောင်နေတတ်ကြပါစေ

အလိမ္မာ စာမှာရှိသည် ဆိုသည့်စကားသည် အလွန်ထိရောက်သော ညွန်ပြမှုတစ်ခုဖြစ်ပေသည်၊ အရှင်ဝီရိယ(တောင်စွန်း)ရဲ့ မထေရ်မြတ်တို့စကားဝိုင်း ပထမဆုံးထွက်သည့်စာအုပ်မှာ ဆရာတော်ကြီးများ၏ အဆုံးအမသြ၀ါဒများနှင့် လိုက်နာဖွယ် ကျင့်သုံးဖွယ် နည်းလမ်းများစွာတို့ဖြင့် စာဖတ်သူအား ဆွဲဆောင်သွားသည်မှာ လက်ကမချချင်လောက်အောင် ဖတ်ဖြစ်ခဲ့ပါသည်၊ သြ၀ါဒများအနက် ယောဆရာတော်ရဲ့ တစ်ယောက်တည်း တည့်အောင်နေတတ်ဖို့ အရေးကြီးကြောင်း သြ၀ါဒပေးထားသည်မှာ အလွန်နှစ်လိုဘွယ်ဖြစ်ပေသည်။မှန်ပါသည်၊ လောကတွင် အများနှင့်တည့်အောင်နေတတ်ဖို့ လိုပေသည်၊ အများနှင့်တည့်အောင် မနေတတ်လျှင် သူတစ်ပါး၏ ကဲ့ရဲ့ပြစ်တင်ရှုပ်ချမှုကို ခံရမည့်အပြင် ပတ်ဝန်းကျင်နှင့်မတည့်သည့်အတွက် တစ်ယောက်ထီးတည်းဖြစ်ကာ ဘ၀တွင် နေရသည်မှာ အထီးကျန်ဆန်လာတတ်ပေသည်။ လူဆိုသည်မှာ ပတ်ဝန်းကျင်နှင့်နေရသည်ဖြစ်ရာ မိမိဝန်းကျင်နှင့် အဆင်ပြေအောင် နေတတ်ဖို့ အရေးကြီးပေသည်။ ထိုကဲ့သို့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင်...

Saturday, July 26, 2008

ဘ၀ကို ဓမ္မဖြင့် သုတေသနပြုခြင်း(၄)

ကောင်းသောည ဖြစ်ပါစေလောကတွင် တစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံကြသည့်အခါတွင်ဖြစ်စေ ခွဲခွာကြသည့်အခါတွင်ဖြစ်စေ ကောင်းသော နံနက်ခင်းပါ၊ ကောင်းသော နေ့လည်ပါ၊ ကောင်းသော ညနေခင်းပါ၊ ကောင်းသော ညပါ၊ ဟု အချိန်ကာလအပေါ်မူတည်၍ နှုတ်ဆက်ကြသည်မှာ လောကဓမ္မတာသဘောဖြစ်ပါသည်။ထိုကဲ့သို့ နှုတ်ဆက်ကြသည့်အတိုင်း လူသားတို့၏ ဘ၀အတွက် ကောင်းသောအချိန်များကို ဖြတ်သန်းခဲ့ကြရပါသလား၊ ကောင်းသောအချိန်ကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုရာဝယ် ဘ၀တွင်အရာရာ ပြည့်စုံစွာဖြင့် ဖြတ်သန်းခြင်းကို ကောင်းသောဖြတ်သန်းခြင်းဟုခေါ်တာလား၊ ချစ်သောသူနှင့်တူနှစ်ကိုယ် ကြည်နူးမှုဖြင့် အချိန်ကုန်စေသည်ကိုပဲ ခေါ်ဆိုရမည်လော၊ လိုချင်သည့်အရာများ စိတ်တိုင်းကျရလာသည့်အတွက် ၀မ်းပမ်းတသာ အချိန်ကုန်လွန်စေသည်ကို ခေါ်ဆိုရမည်လော၊ ပျော်ရွှင်စရာ စိတ်ကျေနပ်ဖွယ်ရာ အတွေးလေးများဖြင့် အချိန်ကုန်လွန်စေသည်ကို ခေါ်ဆိုရမည်လော၊ ဆွေမျိုးသားသမီးအသိုင်းဝိုင်းဖြင့် ပျော်ရွှင်စွာ အချိန် ကုန်လွန်မှုများနှင့် ခရီးသွားလည်ပတ်ခြင်းဖြင့်...

Thursday, July 24, 2008

၁၉ဂျုလှိုင် မေ့ပါနိုင်

My diary ခေါ်သည့် ကျွန်ပ်၏ နေ့စဉ်မှတ်တမ်းကို ရေးခဲ့သည်မှာ ကြာခဲ့ပြီဟုဆိုရချေမည်၊ နေ့စဉ်မှတ်တမ်းဆိုသည်မှာ နေ့စဉ်ကိုယ် တွေ့ကြုံခံစားရသည်များကို စကားလုံးအဆင့်သို့ ရောက်မလာဘဲ၊ စာအဖြစ်သို့ ရောက်ရှိအောင် ရေးရသည်ကို ခေါ်သည်ထင့်၊သို့သော် လည်းစာရေးသူသည် နေ့စဉ်မှတ်တမ်းဆိုသည့်အတိုင်း နေ့စဉ်ရေးဖြစ်သည်ကား တစ်လနှစ်လ စသည်တော့ ရှိပါသည်၊ တစ်ခါတစ်ရံ လုံးဝမရေးဖြစ် သည်ကြားထဲ ကွန်ပျူတာ၏ နှိပ်စက်မှု၊ပညာပြမှုကြောင့် ရေးထားသည့် မှတ်တမ်းများ ပျက်သွားရသည့်အခါ နောင်ရေးချင်စိတ်မရှိအောင် ဖြစ်ခဲ့ရသည်၊ သည်လိုနှင့်စာရေးသူ့ဒိုင်ယာရီကား ရေးချင်သည့်နေ့ရေးပြီး မရေးချင်သည့်အခါတွင် မရေးဖြစ်သည့်အပြင် ယခင်က ရေးထားသည့် နေ့စဉ်မှတ်တမ်းများလည်း မရှိတော့ အော်……..သမိုင်းကြောင်း (History)လိုက်ကာ ကောက်ကြောင်းရှာမည်ဆိုလျှင် လွယ်အံ့မထင်ပေ။ယနေ့ (၁၉)ဂျုလိှုင် မမေ့နိုင်…. ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ဖြစ်သည့်အတွက်...

စိတ်ထားမြင့်မြတ်ကြပါစေ

စိတ္တေနေ နီယတိ လောကော....လောကဟုဆိုအပ်သော သတ္တ၀ါများကို စိတ်တရားက ဦးဆောင်နေပါသည်……. လောကလူသားများအားလုံးသည် စိတ်ကခိုင်းစေရာသို့၊ စိတ်၏ဆွဲခေါ်ရာသို့ လိုက်ပါနေကြရပေသည်၊ မိမိအား ကောင်းသည့်ဘက်သို့ စိတ်က ဆွဲခေါ်သောအခါ အကောင်းဘက်သို့ရောက်သွားသကဲ့သို့ အဆိုးဘက်သို့ ဆွဲခေါ်လျှင်လည်း အဆိုးဘက်သို့ ရောက်သွားရပေသည်၊ ဤသို့ မိမိအား ကောင်းဆိုးနှစ်တန်သို့ ဆွဲခေါ်ခံရသည်များအနက် အကောင်းဘက်သို့ ဆွဲခေါ်သည်ကနည်းပြီး အဆိုးဘက်သို့ ဆွဲခေါ်သည်က များလှပါသည်၊ ထို့ကြောင့်လည်း အလုံးစုံသိတော်မူသော မြတ်ဗုဒ္ဓက ပါပ့ါ သ္မိံ ရမတိ မနော ဟု ဟောတော်မူခဲ့သည် မဟုတ်ပါလော။အရည်အသွေးကျနေသော ကွန်ပျူတာတစ်လုံးသည် တန်ဖိုးနည်းပါးလွန်းလှသကဲ့သို့ စိတ်ထားညံ့ဖျင်းမှု၊ကိုယ်ချင်းစာနာ တရားနည်းပါးမှု၊ ခေါင်းပါးသော သနားကြင်နာမှု၊ ကိုယ့်ထက်သာမနာလိုမှု၊ ၀န်တိုမှု၊ ငြူစူစောင်းမြောင်းမှု၊ ပူပန်မှု၊ပျံ့လွင့်မှု၊ အမှန်တရားကိုယုံမှားသံသယဖြစ်မှု စသည့် အရည်အသွေးညံ့ဖျင်းသော စိတ်ထားပိုင်ရှင်တို့သည်လည်း...

Sunday, July 20, 2008

ရွှေလက်တွဲကြမည်ဆိုပါလျှင်

ကပ္ပိယ “အရှင်ဘုရား….၀ါဆိုလဆန်း(၁၄)ရက်ကို မင်္ဂလာဆွမ်းယူမလို့တဲ့ဘုရား”စာရေးသူ “ဒီရက်မှာ ဆွမ်းဒကာရှိနေတယ်လေ ကပ္ပိယကြီး”ကပ္ပိယ “ဒါဆိုရင် ၁၃)ရက်နေ့ကို ပေးလိုက်ရရင်ကောင်းမလားဘုရား”စာရေးသူ “ကောင်းသားပဲ” ဟုပြောလိုက်ပါသည်၊ ခဏကြာသောအခါ ကပ္ပိယကြီးသည် စာရေးသူရှိရာသို့ ပြန်ရောက်လာကာ “အရှင်ဘုရား….(၁၃)ရက်နေ့က ပြဿဒါးရက် ဖြစ်နေလို့တဲ့ အဲဒီရက်တော့မယူချင်ဘူးလို့ ပြောနေပါတယ်ဘုရား” ပြောလာပါသည်။ရက်ရာဇာပြဿဒါးစသည့် ပြက္ခဒိန်ပါရက်များသည် လူသားများအား အလွန်ဖမ်းစားနေသည်ဟု ထင်မိပါသည်၊ ထိုရက်များသည် လောကီကိစ္စတွင် နေရာယူထားသည်သာမက ကုသိုလ်ရေးဆိုင်ရာတွင်လည်း နေရာအသင့်အတင့်ယူနေသည်ကို တွေ့ရပေသည်။သူတို့၏ ရွှေလက်တွဲမည့်အရေးကို ရက်ရာဇာ ပြဿဒါး ရွေးနေကြပေသည်၊ အကယ်၍ ပြဿဒါးရက်တွင် မင်္ဂလာဆောင်သည့် မင်္ဂလာမောင်မယ်များသည် ရာသက်ပန် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်သွားတော့မည်လော၊ ထိုအိမ်ထောင်ရေး အတွက် ပြဿဒါးကအဓိကျပါ၏လော တွေးစရာဖြစ်နေပေသည်။ ထို့အတူ...

Thursday, July 17, 2008

ဝါဆိုသင်္ကန်းကပ်လှူပွဲ

သာသနာတော်သက္ကရာဇ် ၂၅၅၂ ခုနှစ် ၀ါဆိုလပြည့် ၊ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်တစ်ခုဆိုရင် မမှားဘူးပေါ့၊ဒီနေ့ စာရေးသူတို့ရဲ့ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာတွင် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသော အလှူ့ရှင်များနှင့် ဥပုသ်သည် များ လာရောက်ကာ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြပါသည်၊ ထိုနေ့ တရားပွဲတွင် အမြတ်ဆုံးဥစ္စာ ရှာမှီးပါ ဆိုသည့် တရားကို ဟောကြားခဲ့ သည်။ ထိုတရားတော်ကို ဖတ်ရှုလိုပါက older posts ထဲမှ (တုနှိုင်းမမီ ၉ )တွင် ပြန်လည်ဖတ်ရှုနိုင်ပါသ...

Wednesday, July 9, 2008

ဝါဆိုသင်္ကန်းကပ်လှူပွဲ

(၅.၇.၂၀၀၈)နေ့ ၊ မြိတ်-တက္ကသိုလ် ရူပဘေဒဌာနမိသားစု၊ပါမောက္ခ၊ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူများ စုပေါင်း၍ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် စာရေးသူ က အလှူရှင်များအား "ကောင်းခြင်းလေးဖြာ"တရားတော်ဖြင့် ဟောကြားချီးမြှင့်ပေးခဲ့ပါသည်။Type the rest of your post he...

ဘ၀ကို ဓမ္မဖြင့် သုတေသနပြုခြင်း(၃)

ဘ၀ပန်းချီကားချပ် ဆွဲတတ်ကြပါစေဘ၀ရှိကြသူများသည် ရုပ်နာမ် နှစ်ခု အရင်းပြုထားကြသော သူများဖြစ်ကြပေသည်၊ ထို့ကြောင့် ဘ၀အကြောင်းပြောလျှင် ရုပ်အကြောင်း နာမ်အကြောင်းများ မပါလျှင် မပြီးနိုင်သကဲ့သို့ ဘ၀ကိုသုတေသနပြုလျှင် ရုပ်အကြောင်းကို သုတေသနပြုကြရသည့်အပြင် နာမ် ဟုခေါ်သည့် စိတ်အကြောင်းကိုလည်း သုတေသနပြုကြရပေတော့မည်။ထိုသို့သုတေသနပြုကြရာဝယ် ဥပမာ နွားတို့၏ ဦးဆောင်သွားရာဆီသို့ နောက်မှ လှည်းအိမ်ကြီးက လိုက်ပါကြရစမြဲ ဖြစ်ပေသည်၊ထို့အတူ ဘ၀ကြီးကိုလည်း စိတ်တရားကပင် ဦးဆောင်နေပါသည်၊ (စိတ္တေန နီယတိ လောကော) ဟု မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ ပေသည်။ ဘ၀အနိမ့်အမြင့်ကို ဖန်တီးကြရာဝယ် နာမ်ဟုခေါ်သည့် စိတ်ရင်ပြင်တွင် အရောင်အသွေးမျိုးစုံအောာင် ခြယ်သထားကြရာ လိုချင်မှုအာရုံဖြစ်လျှင် စိတ်တွင် လောဘဟူသည့် အရောင်အသွေး ထင်ကျန်ရစ်ခဲ့သကဲ့သို့၊ အလိုမကျမှုအာရုံဖြစ်လျှင် စိတ်တွင် ဒေါသအရောင်အသွေး ထင်ကျန်ရစ်ခဲ့ပေသည်။ လောဘ ၊ ဒေါသ ကိလေသာအရောင်အသွေးမျိုးစုံစွာ...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More