This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 29, 2008

နှစ်ငါးဆယ်ပြည့် ရွှေရတု ပျားရည်ဆွမ်းလောင်းလှူပွဲကြီး

ကတန်ကျွန်းသည် မြိတ်ကျွန်းပေါင်း (၈၀၀)ခန့်ရှိသည့်အနက် အလျား(၁၈)မိုင်၊ အနံ(၁၂)မိုင် ရှိသည့် အကြီးမားဆုံးသော ကျွန်းဖြစ်သောကြောင့် ထိုကတန်ကျွန်းကို ကျွန်းဘုရင် ဟု ခေါ်ကြသကဲ့သို့ ကျွန်းစု ဟုလည်း ခေါ်ခဲ့ကြပေသည်။ ယခုအခါ ထိုကတန်ကျွန်းကြီးတွင် ရွာပေါင်း (၂၀)ခန့်ရှိပြီး ကတန်ကျွန်းကို မူတည်၍ ကျွန်းစုမြို့နယ်ဟု ခေါ် ကြပါသည်။ ထိုကျွန်းစုမြို့နယ်အတွင်း ထိန်းချောင်းအမည်ရှိ ကျေးရွာတစ်ရွာလည်းရှိပေသည်။ ထိုရွာတွင် အောင်တော်မူသာသနာ့ရိပ်သာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့တွင် ပျားရည်ဆွမ်းလောင်းလှူလာခဲ့ကြရာ (၁၉၅၈)ခုနှစ်မှသည် (၂၀၀၈)ခုနှစ်အထိ နှစ်ငါးဆယ်တိုင်ခဲ့ပြီ ဖြစ်သောကြောင့် ယခုအခါ နှစ်ငါးဆယ် ရွှေရတု အထိမ်းအမှတ်ဖြင့် ပျားရည်ဆွမ်းလောင်းလှူပွဲ...

Wednesday, May 28, 2008

info လေးတောင်မှ ချမ်းသာမပေးဘူး၊ အပိတ်ခံလိုက်ရပီ၊ အလကားနေ အားနေသလားမသိဘူး၊ ပိတ်ပဲပိတ်နိုင်လွန်းတယ်။Type your summary here.Type the rest of your post he...

တစ်ခါတုန်းကသြ၀ါဒ

မြိတ်မြို့-မဟာဂန္ဓာရုံတိုက်ခွဲ ဘုရားငါးဆူပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်အ၀င်အပါ ဆရာတော်(၃)ပါး၏ ဂုဏ၀ိသိဋ္ဌပူဇာ အထိမ်းအမှတ်ထုတ် စာအုပ်၌ စာမူချီးမြှင့်ပေးပါရန် တောင်းခံလာသည့်အတွက် အောက်ပါဆောင်းပါးကို ရေးသားပြီးသည်နှင့် online စာဖတ်ပရိသတ်များ ဖတ်နိုင်စေရန်အတွက် တစ်ခါတုန်းကသြ၀ါဒ ဟူသည့် ဆောင်းပါးကို ပို့စ်တင်ပေးလိုက်ပါကြောင်း ၊ စာရှုသူများ ကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ။ တစ်နေ့ စာရေးသူထံ လူတစ်ယောက် ရောက်ရှိလာကာ “ အရှင်ဘုရား…..တပည့်တော် အရှင်ဘုရားကို တွေ့ချင်နေတာနဲ့အတော်ပဲ၊ ဒီမှာ ဦးက၀ိသာရက အရှင်ဘုရားကို စာပေးခိုင်းလိုက်လို့ပါဘုရား” ဟုပြောကာ စာတစ်စောင် ထုတ်ပေးပါသည်။ စာရေးသူလည်း ဘာများပါလိမ့် ဟု ပေးစာကို ဖွင့်ကြည့်ရာ ဘုရားငါးဆူစာသင်တိုက်မှ ပဓာနနာယက ဆရာတော်ထံမှ စာရေးသူအား စာမူတောင်းခံလာသော စာဖြစ်နေပါသည်။သို့နှင့်ကျရာဝန်တာ မနေသာ ဟုဆိုသကဲ့သို့ စာရေးသူအား ကျေးဇူးများခဲ့သည့်...

Saturday, May 24, 2008

ကျန်းမာရေးမကောင်းလို့ ပို့်စ်မတင်နိုင်တဲ့အတွက် စာဖတ်သူများကို တောင်းပန်ပါရစေ.......ဘလောဂါ မောင်ဝေရဲ့အဖေအမေများ လေဘေးမှာ ပျောက်နေတယ်ကြားလို့ စိတ်မကောင်းဘူး........မိသားစုနဲ့ အမြန်ပြန်တွေ့ပါစေလို့ ဆုတောင်းမေတ္တာပို့ပေးနေပါတယ်........ဒီတစ်ပတ်တော့..........တွေးလို့ရသမျှ ဓမ္မစာစုများကို ရေးပေးလိုက်ပါတယ်.........--လူ့ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ်၊ဒါကြောင့် လောဘ၊ ဒေါသ၊ တွေနဲ့ အချိန်မကုန်သင့်ဘူး။--လူ့ဘ၀ဟာ ဘာမှ မသေချာတဲ့အတွက်...ကောင်းတာတွေပဲ ပြုသင့် ၊ ပြောသင့်ပါတယ်။--ယုံကြည်မှုတိုင်းဟာ အမှန်တရားလို့ မဆိုနိုင်ပါဘူး၊ဒါပေမယ့် အမှန်တရားတိုင်းကိုတော့ ယုံကြည်ရပါမယ်။--ပြာဒါးသည် လက်ဖြင့် အထိမခံသလို....လောဘစိတ်၊ဒေါသစိတ်တို့သည် သတိဥာဏ်ဖြင့် အထိမခံပေ။--စားချင်ပါတယ်ဆိုတဲ့ အရသာများဟာ......ရှေးယခင်က စားခဲ့ဖူးပေါင်း များလေပြီ။Type the rest of your post he...

Thursday, May 15, 2008

တုနှိုင်းမမီ(၁၂)

မြတ်ဗုဒ္ဓသည် တရားဒေသနာ ဟောဖေါ်ညွန်ကြားရာတွင် လူတို့၏ အဇ္ဈာသယနှင့်လျော်ညီစွာ လူ၊နတ်၊ဗြဟ္မာများ နားလည်သဘော ပေါက်စေရန် မြင်းသမားလာလျှင် မြင်းဥပမာ၊ နွားသမားလာလျှင် နွားဥပမာ၊ တံငါသည်လာလျှင် တံငါဥပမာ၊ ဇနီးမောင်နံနှင့်ပတ်သက်သာလျှင် အိမ်ထောင်ရေး အဆင်ပြေစေရန် ဓမ္မနှင့်လျော်ညီစွာအမျိုးမျိုးအဖုံဖုံဖြင့် ဓမ္မရေးရာများကို ကျွမ်းကျင်ပြောင်မြောက်စွာ ဟောကြားတော်မူခဲ့သည့်အပြင် ဓမ္မနှင့်ပတ်သက်လာလျှင် အကျိုးရှိမည်ဆိုပါက လူနတ်ဗြဟ္မာ မည်သူပင်ဖြစ်စေ သားတော်ရာဟုလာ ပမာကဲ့သို့မခြား စိတ်တော်ထားကာ ဟောကြားဆုံးမ ချေချွတ်တော်မူခဲ့ပါသည်။ထိုသို့ မြတ်ဗုဒ္ဓဆုံးမတော်မူချက်များကိုပင်လျှင် “သာသနာ” ဟုခေါ်တွင်ကြပေသည်။ ထိုသာသနာကို လိုက်နာကျင့်သုံးသူ လူနတ်ဗြဟ္မာများသည် အိုနာသေ ဘေးဆိုးကြီးများမှ လွတ်မြောက်နိုင်သည့်အပြင် ရှေးကမ္ဘာပေါင်းများစွာကလည်း ထိုဘေးဆိုးများက လွတ်မြောက်ခဲ့သူများရှိခဲ့ပါသည်။ ယခုဘဒ္ဒကမ္ဘာတွင်လည်း လွန်ခဲ့သည့်နှစ်ပေါင်း(၂၅၀၀)က...

Sunday, May 11, 2008

မုန်တိုင်းကြားက ဘုန်းတန်ခိုးရှင်

(၂.၅.၂၀၀၈) နေ့ ည(၁၂)နာရီအချိန်ခန့်သည် မြန်မာနိုင်ငံအတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊မွန်ပြည်နယ်၊ကရင် ပြည်နယ်၊ များမှာ ပြည်သူအများအတွက် ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရသောအချိန်အခါဖြစ်ပေသည်။တစ်နာရီမိုင်၁၂၀နှုန်းတိုက်ခတ်နေသော လေပြင်းမုန်တိုင်းသည် အဆိုပါ တိုင်းနှင့်ပြည်နယ်များတွင် နေထိုင်သော လူများ၏ အသက်အိုးအိမ်များကို ရက်စက်စွာ ၀ါးမျိုပစ်ခဲ့သည်မှာ (၁၁.၅.၂၀၀၈)နေ့ဆိုလျှင် ၉ ရက်တိတိရှိခဲ့ပေပြီ။ နာဂစ်မုန်တိုင်းဒါဏ်ကြောင့် လူသိန်းနှင့်ချီ၍ သေဆုံးခဲ့သည်ဟု အွန်လိုင်းဂျာနယ်တစ်စောင်တွင် ဖတ်ခဲ့ရသည်။ မကြာသေးမီက E-mail ဖြင့် ပို့လိုက်သော ဓါတ်ပုံကို ကြည့်ခြင်းဖြင့် သေဆုံးသူများအနက် ကလေးငယ်များလည်း အလွန်များ ကြောင်း သိသာနိုင်ပေသည်။ ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြရခြင်းအပေါ် မည်သူကြောင့် မည်ဝါကြောင့် ဟု ကရုဏာဒေါသဖြင့် တရားခံရှာကြ အပြစ်ရှာကြပေမယ့် “မည်သူမပြု မိမိမှု” ဆိုသည့်အတိုင်း အမှန်အားဖြင့် အတိတ်က...

Saturday, May 10, 2008

တုနှိုင်းမမီ(၁၁)

ချို,ချဉ်, စပ်, ဖန်,အငန်, အခါး ဟူသော အရသာ (၆)မျိုးသည် တစ်ခုနှင့်တစ်ခု တွဲယှဉ်ပေါင်းစပ်ထားလျှင်သော်လည်းကောင်း၊ အဆာစသည်တို့နှင့် တွဲစပ်ပေါင်းထည့်မှသော်လည်းကောင်း နှစ်သက်ဖွယ်အရသာကို ဖြစ်စေတတ်ကြ၏။ တန်ဆေး လွန်ဘေး ဟူသည့်အတိုင်း နှစ်သက်လွန်း၍ လိုအပ်သည်ထက်ပို၍ စားမိလျှင်လည်းကောင်း၊ ထားသင့်သည့်အချိန်ထက် ပိုလွန်ကာ ထားမိ၍သော်လည်းကောင်း လူကို ဘေးဥပါဒ် အန္တရာယ်ကို ဖြစ်စေတတ်သည်။သစ္စာဆိုသည့် အရသာကား ထိုသို့မဟုတ် အခြားအဆာတွေကို တွဲယှဉ်ပေါင်းထည့်စရာမလို ပကတိပင်ကိုယ်က ကောင်းမြဲကောင်းနေပါသည်။ မည်မျှလောက်များများ မည်မျှပင်ကြာစေကာမူ အန္တရာယ်မဖြစ်တတ်သည့်အပြင် ကြာလေ ကောင်းလေ ဟောင်းလေသစ်လေပင်ဖြစ်ပါသည်။ ဤတွင် လောကနယ်ပယ်၌ ပြန့်နှံ့နေသည့် သစ္စာတရားရှိသကဲ့သို့ ဓမ္မနယ်ပယ်တွင်လည်း သစ္စာတရားများ ပြန့်နှံ့၍နေပေသည်။လောကနယ်ပယ်တွင် ပြန့်နှံ့နေသော သစ္စာသည် “ကတိသစ္စာ တည်သောအခါ နွယ်မြစ်သစ်ပင် ဆေးဖက်ဝင်” ဟူသည့်အတိုင်း ကတိသစ္စာတည် သောအခါ...

တုနှိုင်းမမီ(၁၀)

နောက်တစ်ခု တုနှိုင်းမမီ ဥစ္စာပစ္စည်းကား လူသားတို့၏ အရည်အသွေးတစ်ခုဖြစ်သည့် ကိုယ်ကျင့်တရားဖြစ်ပါသည်။ ထိုကိုယ်ကျင့်တရားနှင့်စပ်လျဉ်း၍ တုနှိုင်းမမီ(၃)တွင် သီလအရိပ် ဆိုပြီး ရေးသားခဲ့ပြီးပါပြီ၊ သို့သော် ပို၍ပြည့်စုံသွားအောင် ကျန်တာလေးတွေကို ဆက်လက်ရေးသားပေးပါဦးမည်။ကိုယ်ကျင့်တရားသည် ၀ါရိတ္တသီလနှင့်စာရိတ္တသီလ ဟုနှစ်မျိုးရှိပေသည်။ ၀ါရိတ္တဆိုသည်မှာ တားမြစ်ထားခြင်းဖြစ်သည်။ အဘယ်ကြောင့် တားမြစ်ရပါသနည်းဟူမူ ဥပမာ- မီးကို ကိုင်လျှင် ပူလိမ့်မည်၊ ပူမှာစိုး၍ မကိုင်ပါနှင့် ဟု တားမြစ်ထားသလို သူတစ်ပါးအသက် မသတ်ပါနဲ့ သတ်လို့ရှိလျှင် ပါဏာတိပါတ၏ ခါးသီးသော တုံ့ပြန်မှုကို ခံရပေလိမ့်မည်။ ထို့ကြောင့် ပါဏာတိပါတ စတာတွေကို မလုပ်ပါနှင့် ဟုတားမြစ်ထားတာကို ၀ါရိတ္တသီလ ဟုခေါ်ပေသည်။ စာရိတ္တသီလဟူသည် ကျင့်ရမည်ဟု သတ်မှတ်ထားသည့် လူသားတို့၏ ဆရာဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ တပည့်ဝတ်၊ လင်ကျင့်ဝတ်၊မယားကျင့်ဝတ်စသည့် ကျင့်ဝတ်ဆိုင်ရာများကို ကျင့်သုံးခြင်းသည်...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More