This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, April 26, 2008

သာရဘွင်ကျောက်တောင်

ိဇာတိရပ်ရွာသို့ အလယ်တစ်ခေါက် ရောက်ခဲ့စဉ်က သာရဘွင်ကျောက်တောင်ဘုရားတွင် အမှတ်တရ-Type your summary here.Type the rest of your post he...

ဦးတည်ချက်တူခြင်း

သာသနာတော်ကြီးသည် သာမန်ကြည့်မည်ဆိုလျှင် မည်သို့မျှ ထူးခြားမည် မဟုတ်သော်လည်း အင်္ဂုတ္တရနိကယ် အဋ္ဌကနိပါတ်တွင် မြတ်စွာဘုရားက သာသနာအံဖွယ် ရှစ်ပါး ရှိကြောင်းကို ဟောကြားခဲ့သည်ကို ဖတ်ရသောအခါ သာသနာတော်ကြီး အံ့ဖွယ်အတိပြီးနေသည်ကို သိရသည့်အတွက် ကြည်နူးပီတိဖြစ်ရသကဲ့သို့ မေးလာသူကို ကျွမ်းကျင်ပြောင်မြောက်စွာ ပြန်လည် ဖြေကြား တော်မူခဲ့သည့် မြတ်စွာဘုရား၏ ဥာဏ်တော်ကိုလည်း အလွန့်လွန်ကြည်ညိုသဒ္ဓါပွားခဲ့ရပါသည်။အခါတစ်ပါး မြတ်စွာဘုရားသည် နဠေရုအမည်ရှိ တမာပင်ရင်းတွင် သီတင်းသုံးနေခိုက် မဟာရာဒ အမည်ရှိ အသူရိန်က မြတ်စွာဘုရားအား “မြတ်စွာဘုရား……….အရှင်ဘုရားရဲ့ တပည့်သာဝကတွေဟာ အဘယ့်ကြောင့် သာသနာတော်မှာ ပျော်မွေ့နေနိင် ကြတာလဲဘုရား” ဟု လျှောက်ထားသောအခါ မြတ်စွာဘုရားက “မဟာရာဒ……မဟာသမုဒ္ဒရာကြီးဟာ အံ့ဖွယ်ရာ ရှစ်မျိုး ရှိနေသော ကြောင့် အသူရာတွေ ပျော်မွေ့နေကြသလို သာသနာတော်ကြီးမှာ လည်း အံ့ဖွယ်ရှစ်မျိုး ရှိနေတဲ့အတွက် ငါဘုရားရဲ့တပည့်သာဝက တွေ သာသနာမှာ...

Tuesday, April 22, 2008

တုနှိုင်းမမီ(၉)

ပစ္စည်းဥစ္စာတို့သည် လူသားတို့အား ကောင်းကျိုးကို ဖြစ်စေတတ်သကဲ့သို့ ဆိုးကျိုးကိုလည်း ဖြစ်စေတတ်ပါသည်။ ပစ္စည်းဥစ္စာ ကြောင့် လူသားအချင်းချင်း ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ရရှိကာ လူမှုရေးတွင် အဆင်ပြေစေသည့် ကောင်းကျိုးကိုလည်း ဖြစ်စေတတ်သကဲ့သို့ လူသားအချင်းချင်း ယုံကြည်မှုခေါင်းပါးကာ လူမှုရေးအဆင်မပြေမှုကိုလည်း ဖြစ်စေတတ်ပါသေးသည်။ထိုအတူ ပကတိပစ္စည်းတို့သည် လူသားများအား ကျန်းမာရေးကောင်းအောင် အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်နိုင်ကြ သည်။ ယခုခေတ် popular ဖြစ်နေသော အသဲ `စီ´ ပိုးရောဂါသည် ကုရာနတ္ထိ ဆိုပေမယ့် ယခု ပြည်ပနိုင်ငံများတွင် သိန်းပေါင်း ရာချီ၍ အကုန်အကျခံကာ ဆေးကုသမှုကြောင့် ပျောက်လုနီးပါးဖြစ်ကာ စိတ်ချမ်းသာစွာ ဘ၀တွင် ဆက်လက် ရပ်တည်နေနိုင် ကြသည်မှာလည်း ပစ္စည်းဥစ္စာ၏ ကောင်းကျိုးဟု ဆိုရပေမည်။ သို့သော်လည်း ပစ္စည်းဥစ္စာကြောင့် အသက်ဆုံးရှုံးရသည်လည်း ရှိခဲ့ပေသည်။ လူသားအချင်းချင်း အိမ်ထောင်ရေးအဆင်မပြေမှုကိုလည်း ဖြစ်စေတတ် သည့်အပြင်...

တုနှိုင်းမမီ(၈)

ဆဋ္ဌမမြောက်စံအိမ်တော်ကြီးဆဋ္ဌမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေးမှာ ရှာမှီးမှုမှ ကင်းစင်ခြင်းဖြစ်ပါသည်။ရှာမှီးခြင်းဟူသည်ကာမေသနာ-ကာမဂုဏ်ကို ရှာမှီးခြင်း၊ဘဝေသနာ-ဘ၀ကို ရှာမှီးခြင်း၊ဗြဟ္မစရိယေသနာ-မြတ်သောအကျင့်ကို ရှာမှီးခြင်း တို့ဖြစ်ပါသည်။ကာမေသနာ-ကာမဂုဏ်ကို ရှာမှီးခြင်း၊ပုထုဇဉ်လူသားများမှာ ထိုရှာမှီးမှုဖြင့် မကင်းကြသေးချေ။ ကောင်းသောအာရုံကို မြင်ရလျှင် နှစ်သက်သာယာကာ နောက်တစ်ကြိမ် မြင်ရန်အတွက် အားထုတ်ခြင်းဖြင့် ကာမဂုဏ်ကို ရှာမီးနေကြပေသည်။ ကောင်းသောအသံ၊ ကောင်းသောအနံ့၊ ကောင်းသောအရသာ၊ ကောင်းသောအထိအတွေ့များကိုလည်း ရှာမှီးကြပါသည်။ မိုးလင်းမှသည် နေ၀င်သည်အထိ ကိုယ့်ဝမ်းစာရေးနှင့် မိသားစုဝမ်းစာရေးအတွက် မနားမနေ ရှာဖွေကြရ သကဲ့သို့ အ၀တ်အထည် အသုံးအဆောင်များဖြင့် လူတန်းစေ့နေနိုင်ရန် ရှာဖွေကြရသည်၊ နေထိုင်ရန် တိုက်တာအဆောက်အဦးများအတွက်လည်း မနားမနေ များစွာရှာဖွေကြရသည့်အပြင် ကြည့်ချင်စရာများကိုလည်း နေ့စဉ်နဲ့အမျှ...

Sunday, April 20, 2008

နှစ်ကူးစုဗူးအလှူမင်္ဂလာနှင့် သင်္ကြန်တရားစခန်း

မြိတ်မြို့-အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ သင်္ကြန်အထူးတရားစခန်းတွင်ရဟန်း/အမျိုးသား/အမျိုးသမီးယောဂီ (၁၈၀)ခန့် တရားအားထုတ်ကြပါသည်။အမျိုးသမီး/အမျိုးသားများအား တရားစစ်မေးသည့်အချိန်မှာ နံနက် ၆ နာရီမှ ၈ နာရီအထိ၊ ရဟန်းယောဂီများအား တရားစစ်မေးသည့်အချိန်မှာ ညနေ ၃ နာရီမှ ၅ နာရီအထိ ဖြစ်ပါတယ်။ည ၆ နာရီကနေ ၇ နာရီအထိ ယောဂီများအား တရားဟောကြားပေးပါတယ်။ရေကတော့ တစ်နေ့တစ်ကြိမ်ပဲ ချိုးခွင့်ပေးပါတယ်။ ရေကုန်မှာစိုးလို့တော့ မဟုတ်ပါဘူး၊ယောဂီများအတွက် ဗာဟီရ ကိစ္စများနေရင် ကမ္မဋ္ဌာန်းဘက် အလုပ်လုပ်နည်းသွားမှာစိုးလို့ပါ။သင်္ကြန်အထူးတရားစခန်းကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ဝမ်းမြောက်ဖွယ်ရာတစ်ခုက စုဗူးဒုလ္လဘပွဲတွင် ရဟန်းတော်နှင့်သမဏေများအတွက် စီဝိုင်စီ သင်္ကန်းကိုတော့ တစ်စုံ ၉၀၀၀ကျပ်ဖြင့် အစုံတစ်ရာ= ၉၀၀၀၀၀ ၊ကိုးသိန်းကျပ်တိတိကိုကိုကျော်ကို +မသောင်းသောင်းဆင့်မိသားစုတို့က လှူဒါန်းခဲ့တာဖြစ်ပါကြောင်း။ ...

နှစ်ကူးစုဗူးအလှူမင်္ဂလာနှင့် သင်္ကြန်တရားစခန်း ပုံရိပ်များ

နှစ်သစ်ကူး စုဗူးအလှူမှ ဒုလ္လဘပေါက်မဲများကို လက်ခံနေစဉ်ဒုလ္လဘ ရဟန်းတော်(၁၄၀)ပါး ဆွမ်းဘုဉ်းပေးတော်မူကြစဉ်သိမ်အထွက် ဆွမ်းလောင်းစဉ်ဒုလ္လဘရဟန်းတော်မျာ ဆွမ်းခြောက်ခံကြွတော်မူစဉ်ယောဂီများအား တရားစစ်ဆေးစဉ်ရဟန်းယောဂီများ ဆွမ်းစားကျောင်းသို့ယောဂီများ ဆွမ်းစားကျောင်းသို့ သင်္ကြန်တရားစခန်းယောဂီများအား တရားဟောစဉ်Type the rest of your post he...

Tuesday, April 15, 2008

တုနှိုင်းမမီ(၇)

စတုတ္ထစံအိမ်တော်ကြီးစတုရာပေဿန္နောစတုတ္ထစံအိမ်တော်ကြီး၏ အရည်အသွေးက လေးပါးသောအရာဌာနကို မှီရမည် ဖြစ်ပါသည်။မှီရာလေးပါးဆိုသည်မှာ -၁။ ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါးကို မှီဝဲရမည်။၂။ သည်းခံရမည်။၃။ ဘေးအန္တရာယ်ဖြစ်မည့်အရာများကို ရှောင်ကြဉ်ရမည်။၎။ မကောင်းသောအကြံအစည်များကို ပယ်ရမည်။ ထိုလေးခုကို မှီရာလေးပါးဟု ခေါ်ပါသည်။ အကျဉ်းမှတ်နိုင်ရန် ဆောင်ပုဒ် (မှီဝဲ၊ သည်းခံ ၊ ရှောင်ပယ်လှန်၊ လေးတန်မှီရာများ)၊(၁) မှီဝဲရဟန်းတော်များမှာတော့ ဆွမ်း,သင်္ကန်း,ကျောင်း,ဆေး ဟု ခေါ်ဝေါ်ရသကဲ့သို့ လူပုဂ္ဂိုလ်များမှာတော့ ထမင်း,အ၀တ်, အိမ်,ဆေး ဟု ခေါ်ဝေါ်ရမည်ဖြစ်သည်။ ပုထုဇဉ်များသည် ထမင်းစားကြသောအခါ ကိုယ်ကြိုက်နှစ်သက်သည့် ဟင်းလျာဖြင့် စားရလျှင် စိတ်ထဲ အကျေနပ်ကြီး ကျေနပ် ကာ ကောင်းသောအရသာအပေါ်တွင် တပ်မက်သာယာမှု (တဏှာ)၀င်လာ၏။ အလွန်ကောင်းသော အ၀တ်အထည်များ ၀တ်ဆင်ရသောအခါတွင်လည်း အ၀တ်အထည်များအပေါ် နှစ်သက် သာယာမှု(တဏှာ)၀င်လာ၏။ နားခိုစရာ အိမ်ကောင်းကောင်းနဲ့နေရလျှင်...

Tuesday, April 1, 2008

တုနှိုင်းမမီ(၆)

လောက၌ အဆောက်အဦး တိုက်တာ အိမ်စသည်များသည် လူသားတို့အတွက် နားခိုရာ၊ အပန်းဖြေရာဖြစ်သည့်အပြင် နေပူ မိုးရွာ အပူဒဏ်၊အအေးဒဏ်စသည့် သဘာဝဘေးအန္တရာယ်တို့မှ ကင်းဝေးရာနေရာလည်း ဖြစ်သောကြောင့် လူသားများအား မရှိမဖြစ်လိုအပ် သော အရာတစ်ခု ဖြစ်ပေသည်။လူသားများသည် မိသားစုနှင့်ပျော်ရွှင်စွာနေထိုင်နိုင်ရန် အိမ် တိုက် စသည့် အဆောက်အဦများကို ငွေကြေးတတ်နိုင်သူများက ကိုယ်ပိုင်ဝယ်ယူကာ အိမ်ပိုင်နှင့် နေထိုင်သူများ ရှိသကဲ့သို့ ငွေကြေးမတတ်နိုင်သူများက မိသားစုနေထိုင်မှု အဆင်ပြေစေရန် စဘော်ပေး၍ ငှားရမ်းကာ အိမ်ငှားဖြင့် နေထိုင်ကြရပါသည်။ မည်သို့ပင်ဖြစ်စေ လူသားများနေထိုင်ရာ အဆောက်အဦများသည် သဘာဝဘေးအန္တ ရာယ်က ထိုက်သည့်အားလျော်စွာ ကင်းလွတ်ပါသော်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းကျကာ ရေထဲမျောပါသွားခြင်း၊ တစ်ခါတစ်ရံ အဖျက်မီးကြောင့် အိမ်များ မီးထဲပါသွားခြင်း၊ ဆိုးသောမင်းများက အခွန်ဘဏ္ဍာအဖြစ်သိမ်းသောကြောင့်လည်း ဆုံးရှုံးသွားနိုင်ခြင်း၊ အမွှေခံစားသားသမီးများကြောင့်လည်း...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More