This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, March 23, 2008

တပေါင်းပွဲတော်

မြိတ်မြို့- ကျက်သရေဆောင် လေးကျွန်းဆီမီးသိမ်တော်ကြီး၏ ဒုတိယပစ္စယံနှင့်တတိယပစ္စယံတို့တွင်မြန်မာကျပ်ငွေတန်ဖိုး ကျပ်သိန်း၂၂၀ ဖိုးရှိ ရွှေပြား (၂၀)ပြားကို၎င်း၊ကျပ်သိန်း(၃၅၆)တန်ဖိုးရှိ ရွှေဆိုင်း၁၁၈၆ ဆိုင်းကို၎င်း၊ မြိတ်မြို့ဒေသပြည်သူများက သဒ္ဓါတရားထက်သန်စွာဖြင့် တပေါင်းလပြည့်နေ့တွင် ရေစက်ချ လှူဒါန်းကာ အမျှပေးဝေခဲ့ကြပါသည်။ ထိုရေစက်ချပွဲတွင်အနုမောဒနာတရားကို မြိတ်မြို့ ရွှေကျောင်းဆရာတော်က တရားချီးမြှင့်ကြောင်းကြားသိရပါသည်။တပေါင်းလပြည့်ကျော်(၁)ရက်နေ့တွင် ရဟန်းသံဃာတော်(၉၇)ပါး၊ သီလရှင် (၁၄)ပါး ၊ပေါင်း(၁၁၁)ပါးတို့အားမြိတ်မြို့နေလူအများက ဆွမ်းဆန်တော်လောင်းလှူခဲ့ကြကြောင်းကြားသိရပါသ...

Tuesday, March 18, 2008

ဝိပါက်ကြမ္မာ မလွတ်သာ

လွန်ခဲ့သော ဆယ်စုနှစ်ဆီသို့ ပြန်လည်၍ စီးမျောမိသောအခါ-မြိတ်မြို့နယ်၏ အရှေ့စူစူးဖက်တွင် ရွာတစ်ရွာမှ ဒကာ/ဒကာမများ၏ ပင့်လျှောက်ချက်အရ ထိုရွာတွင် (၁၀)ရက်တရားစခန်း ကျင်းပဖြစ်ခဲ့ပါသည်။ ဒကာ/ဒကာမများဘက်က ဆွမ်းစတဲ့ အထောက်အပံ့ကို ပြည့်ပြည့်စုံရရှိသကဲ့သို့ တရားရှုမှတ်ကြရာဝယ် စိတ်ဝင်စားစွာ ရှုမှတ်ကြသောကြောင့် လေးငါးရက်အတွင်း သမာဓိ အသင့်အတင့် ရရှိလာသည်ကို ယောဂီများ လျှောက်ထားချက်အရ သိရ၍ ယောဂီများဖက်က တာဝန်ကျေကြပါသည်၊ အောင်မြင်သော တရားစခန်းတစ်ခုကို ပြုလုပ်ပေး ခဲ့ရသည့်အတွက် ယနေ့ထက်တိုင် တွေးလိုက်တိုင်း ပြန်လည်ဝမ်းမြောက်မှုကို ခံစားခဲ့ရပါသည်။တရားစခန်းပြီးသောအခါ ထိုရွာ၏ ပတ်ဝန်းကျင် အနီးအနားတစ်ဝိုက် ဗဟုဿုတအလို့ငှါ နောက်ပါ ယောဂီများနှင့် အတူ အလည်အပတ်ထွက်ခဲ့ကြပါသည်။ တရားစခန်းကျင်းပသော ရွာ၏ အနီး အနောက်တောင်အရပ်တွင် ရွာတစ်ရွာရှိပါသည်။ ထိုရွာကား ဘာသာခြားရွာတစ်ရွာဖြစ်ပါသည်။ ထိုရွာတွင် ဖြစ်ရပ်ဆန်းတစ်ခု ထိုစဉ်က ပေါ်ပေါက်ခဲ့ဖူးပါသည်။...

Wednesday, March 12, 2008

တုနှိုင်းမမီ ဗုဒ္ဓကိုယ်တော်စား ဆင်းတုတော်များ

(၁-၃-၂၀၀၈) စနေနေ့၊တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ ပသောင်းရွာတွင်တည်ရှိသော ယခင်(ကျီးတမော့)ယခုဓမ္မရက္ခိတအမည်ရှိ ကုန်းမြေပေါ် တည်ထားကိုးကွယ်သော ဘုရားသို့ ရောက်ရှိခဲ့ပါသည်။ ပသောင်းရွာသည် ဘာသာခြားများချည်းသီးသန့်နေထိုင်သော ရွာတရွာဖြစ်၍ ဗုဒ္ဓဘာသာဟူ၍ တစ်အိမ်မျှမရှိပေ။ ထိုရွာ၏ အစွန်တွင် ဘာသာခြား ဆရာဖြစ်သင်တန်းကျောင်းရှိပြီ်း တနင်္သာရီတိုင်းတစ်တိုင်းလုံးတွင် ဘာသာခြားဆရာဖြစ်သင်တန်းကျောင်း ထိုတစ်ကျောင်းပဲရှိသည်ဟု သိရပါသည်။ သူတို့ဌာနချူပ်ဟု ပြောလျှင်လည်းရပါသည်။ ထူးခြားသည်က ထိုဘာသာခြားကျောင်း၏ ခြံစည်းရိုးကပ်လျှက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ဟန်တူသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ မြေကြီးထဲကတွေ့ရပါသည်။ ရှေးနှစ်ပေါင်းများစွာက ထိုနေရာသည် ဘုရားကုန်းတော်တစ်ခုဖြစ်ခဲ့သည်ဟု...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More