This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, January 25, 2008

အရှင်ထွက်

ကျိုက်ထီးရိုးရောက်ရင် မုဆိုးတောင်ကိုတော့ သွားရောက်ကြစမြဲပါ၊ ကျီးကန်းပါးစပ်ကနေပြန်တက်လာသောအခါ မုဆိုးတောင် ဖက်သို့ရောက်ပါသည်၊ မုဆိုးတောင်နားအရောက် အလှူခံတို့၏ အမှတ်မထင် အသံတစ်ခု ကြားခဲ့ရသည်။“ ဘုရားဆိုတာ နေရာတိုင်းမှာရှိတဲ့အတွက် ဖူးမျှော်ဖို့ရာ မခက်ခဲပေမယ့်လို့ “အရှင်ထွက်” ဆိုတာ နေရာတိုင်းမှာ မတွေ့နိင်ပါဘူး။ တွေ့ရခဲလှတယ် ၊ ဒါကြောင့် ဒီမှာ အရှင်ထွက်ကိုယ်တော်ကြီး ဦးအာဘော ကို ဖူးမျှော်သွားကြပါဦး” တဲ့၊ မှတ်ကရော့--သူတို့ပြောသည့်အတိုင်းဆိုလျှင် မြတ်ဘုရားပွင့်တော်မူတာ အလွန်ပေါများတဲ့အတွက်ဖူးမျှော်ရလွယ်ကူတယ်၊ သူတို့ “အရှင်ထွက်” ဆိုတာကြီးကို တော့ တွေ့ရဖို့မလွယ်ဘူး ဟူသည့် အဓိပ္ပါယ်ပါပဲ၊ဒီလိုဆိုလျှင် မြတ်ဗုဒ္ဓဟောခဲ့သည့် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော ဆိုသည့်နေရာတွင်...

သားစိမ်းဈေးတန်း

ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားသို့ ရောက်လာကြသော သူများသည် ကုသိုလ်ယူကြရန်လာကြသည်ဖြစ်ရာ ဘုရားဖူးရသည့်အတွက် ကုသိုလ်ရပါသော်လည်း၊ ထိုကျိုက်ထီးရိုးဘုရားရဲ့ဝန်းကျင်တစ်လျှောက် တိရစ္ဆာန်မျိုးစုံတို့ရဲ့ အသက် ကို စတေးခံရကာ သတ္တ၀ါကောင်လေးတွေရဲ့ အသား၊အသွေး၊ ကလီစာ စတာတွေတို့ကို ရောင်းချနေကြသည်၊တစ်ချို့ဆိုလျှင် သွေးသံရဲရဲနှင့် ခင်းကျင်းရောင်းချနေကြသည်မှာ စိတ်မချမ်းမြေ့စရာ မြင်ကွင်းတွေပါ ၊ ထိုမြင်ကွင်းမြင်ရသည်မှာ သားစိမ်းငါးစိမ်းတို့ကို ရောင်းချသော သားငါးဈေးနှင့်တူနေပါတော့သည်။ကျိုက်ထီးရိုးတောင်တော်တစ်ခုလုံးသည် ဘေးမဲ့အဖြစ်သတ်မှတ်ထားသောနေရာဟု သိရပါသည်။ သို့ပါလျှက် သတ္တ၀ါကောင်လေးတွေ အသက်စတေးခံနေကြရသည်မှာ သနားစရာကောင်းလှပါသည်။ သတ္တ၀ါလေးတွေအတွက် ရင်လေး ဖွယ်ရာ ကောင်းလှပါသည်။...

အလှူခံလိမ်များ

ရန်ကုန်-မုတ္တမ သွား ရထားပေါ်တွင် “သာဓု…သာဓု…..သာဓု (၇)ရက်သားသမီးများ ကျန်းမာကြပါစေ၊ လာဘ်ရွှင်ကြပါစေ၊ စီးပွားတက်ပါစေ၊အမြန်ကြီးပွားချမ်းသာလိုသော (၇)ရက်သားသမီးများတို့……..ရွှေနားကပ်၊ ရွှေပုတီး ၊ ရွှေလက်ကောက် တွေကို ပေးလှူရင် အလျှင်အမြန်ကြီးကို လာဘ်ရွှင်ကာ ကြီးပွားချမ်းသာနိုင်ပါတယ်၊” ဟု ရဲတင်းစွာပြောဆိုပီး အလှူခံနေသော ရသေ့ယောင်ယောင် ဘိုးတော်ယောင်ယောင်များကိုလည်း တွေ့မြင်ရသည်မှာ သာသနာတော်ကြီးကို အိုးမဲသုတ်ရက်လေခြင်း ဟု စိတ်ထဲတွေးမိပါတော့သည်။ ထိုပုံမမှန်သော ဘိုးတော်ယောင်ယောင် အလှူခံပုဂ္ဂိုလ်ဆိုသူ လူလိမ်များကို သက်ဆိုင်ရာက ဖယ်ရှားပေးကြမည်ဆိုပါလျှင်Type the rest of your post he...

Saturday, January 19, 2008

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အမြတ်ဆုံးအရာသည် ရတနာသုံးပါးပင်ဖြစ်ပါသည်။ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်အားထားရာ ၊ အထွဋ်အမြတ်ထားရာဟူ၍ မရှိပါပေ သို့သော်လည်း ၊ ကျိုက်ထီးဘုရားရောက်ခဲ့စဉ်က ထူးခြားသော အရာတစ်ခုကို တွေ့မြင်ခဲ့ပါသည်။ မြတ်စွာဘုရားအဆောင် လေးက နိမ့်သောနေရာမှာဖြစ်ပြီး မဟာဣသိန္ဒေ၀ ဘိုးဘိုးကြီးက မြတ်ဘုရားထက် မြင့်သောနေရာ၌ ထားရှိသည်ကို ဓါတ်ပုံပါသည့်အတိုင်း မြင်ခဲ့ရပါသည်။ ဗုဒ္ဓဘာသာပင်ဖြစ်လင့်ကစား အရေးကြုံလျှင် ဘုရားကို ကျော်ပြီး မမြင်ရသော ဘိုးဘိုးကြီးဆိုသူတွေကို ရှေ့တမ်းတင် ကိုးကွယ်နေကြပါသည်။ ထိုအချိန်က ဘိုးဘိုးကြီး၏ နတ်နန်းရှေ့ဝယ် ဂေါပကအဖွဲ့က နတ်ဝတ်တန်ဆာများကို ရောင်းချနေကြ ခြင်းကြောင့် လူအများ စိတ်ဝင်စားစွာ ၀ယ်ယလှူဒါန်ူးနေကြသည်၊ မြတ်ဘုရား၏...

Thursday, January 10, 2008

အတွေး

လောကမှာ တစ်ချို့လူများသည် ပစ္စည်းဥစ္စာပေါများချမ်းသာပြီး ပညာတတ်သူများ ဖြစ်သော်လည်း ကြွားဝါခြင်းအလျင်းမရှိ မျက်နှာနိမ့်နိမ့်လေးနေပီး စကားပြောတဲ့အခါ သိမ်မွေ့ပြီး ၊ ချိုချိုသာသာပြောတတ်တယ်။ စိတ်ထားလည်း အလွန်ကောင်းပါတယ်၊ သူတစ်ပါးကိုလည်း ကူညီချင်တဲ့ စိတ်ရှိသလို ကိုယ်တိုင်လည်း စိတ်ပါလက်ပါ ကူညီတတ်ပါတယ်။ သဒ္ဓါတရား အလွန်ကောင်းတယ်။ အဲဒီလူမျိုးကို တွေ့ခဲ့ရင် စာဖတ်သူအနေနဲ့ စိတ်ထဲဘယ်လိုနေမလဲ။Type the rest of your post he...

Wednesday, January 9, 2008

ညဖက် တစ်နေရာကပြန်အလာ ကြုံတုန်းရိုက်ထားတဲ့ပုံလေးပါType the rest of your post he...

ဘ၀လမ်းကြောင်း လျှောက်လှမ်းတတ်ကြပါစေ

ဘာလိုလိုနဲ့ ရန်ကုန်မြေချေချခဲ့သည်မှာ ယခု ၂၀၀၇ခုနှစ်ရဲ့ ဆည်းဆာကို ကျော်ဖြတ်ကာ ၂၀၀၈ခုနှစ်ရဲ့ ရောင်နီသည်လည်း ပေါ်ထွက်လို့လာရပါသည်။ ထို့အတူ စာရေးသူတို့၏ ရိပ်သာ(၂၅)နှစ် ငွေရတုအထိမ်းအမှတ်စာအုပ် ပြီးမြောက်လာတော့မည်ကို တွေးကာ ပီတိဖြစ်မိပါသည်။ အကြောင်းအားလျော်စွာ အများအကျိုးအတွက် သာသနာပြုလာသည့်တစ်လျှောက် လောကဓံတရားကို ကြံ့ကြံ့ခံနိုင်ရန် သီးခံခြင်းတရားဖြင့် မေတ္တာကို ရှေ့တန်းတင်ကာ လျှောက်လမ်းလာခဲ့သည်မှာ ၂၅ နှစ်သို့ပင် တိုင်ခဲ့ချေပြီ ။(၂၅)နှစ်မှသည် အနောက်ဖက်ဆီသို့ ပြန်၍ စောင်းငှဲ့ကြည့်လိုက်လျှင်ဘ၀တွင် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုဒဏ်ကိုလည်း ကြံ့ကြံ့ခံခဲ့ရသကဲ့သို့ အောင်မြင်မှုသည်လည်း အတိုင်းအတာ တစ်ခုအထိတော့ ရခဲ့ပါတယ်လို့ ဆိုရပေလိမ့်မည်။ တွေးမိသည်မှာ ဖြတ်သန်းလာခဲ့သည့်ဘ၀ခရီးတစ်လျှောက် ချီးမွန်းခံရသကဲ့သို့ အကဲ့ရဲ့လည်းခံခဲ့ရပါသည်။ အချွေအရံကလည်း တစ်ခါတစ်ရံ တစ်ယောက်တည်းဆိုရပေမယ့်လည်း အချွေအရံသင်းပင်းနဲ့လည်း နေခဲ့ရပါသည်။...

Friday, January 4, 2008

10 in 1 လာပါပြီ

ကလင် ကလင် ကလင် ဖုန်းမြည်သံကြောင့် ဖုန်းကိုင်လိုက်သောအခါ “ အရှင်ဘုရား…..တပည့်တော်တိုက်မှာ ထုတ်ဝေသူတစ်ယောက် ရောက်နေပါတယ်ဘုရား၊ အရှင်ဘုရားမှာ ရေးပီးသားဆောင်းပါးရှိရင် ပို့ပေးစေချင်ပါတယ်ဘုရား…၊ အရှင်ဘုရားနောက်ရေးမယ့် ဆောင်းပါးတွေမှာ ကလောင်နာမည် ပြောင်းရတော့မယ်ဘုရား၊ ယခုလက်ရှိ ကလောင်အမည်နဲ့ ရေးရင် ထည့်ပေးမှာ မဟုတ်ဘူး ဘုရား…၊ အရှင်ဘုရားနာမည်က အခု နာမည်ကြီးနေတဲ့ ဓမ္မကထိက ဆရာတော်ရဲ့ ဘွဲ့တော်နဲ့ တူနေလို့ပါဘုရား….၊” အော်…တို့များ နာမည်ကြီးချင်တော့………ကြံဖန်ပြီးနာမည်ကြီးတယ်နော်၊ ဘာကြောင့်လည်းဆိုရင် နာမည်က “ ကောဝိဒ” ဖြစ်နေလို့ပါတဲ့ဗျ……….။လောကမှာ လူတူတာလည်းမရှားသကဲ့သို့ နာမည်တူတာလည်း ပေါများလှသည်။ နာမည်တူရုံမျှနဲ့ ထိုနာမည်မသုံးရ ဟု ဆိုလျှင် နာမည်တူသောသူများ အခက်တွေ့ရချေတော့မည်။ အခုနာမည်ကြီးဆရာတော်တွေက ငါးပါးဆိုတော့ ------5 in 1 လုပ်လို့မရနိုင်ချေ။ 6 in 1 လုပ်မှာရနိုင်မည်။ ထိုထက်သေချာတာက 10 in 1...

လောကအလှဖန်တီးနိင်ကြပါစေ

တိရစ္ဆာန်စွမ်းအားဖြင့် လျှပ်စစ်အားထုတ်လုပ်နိုင်ကြောင်း ဂျာနယ်ကြီးတစ်စောင်တွင် သတင်းတစ်ပုဒ်ဖတ်လိုက်ရ သည်။နွားများအား ထမ်းပိုးထမ်းစေ၍ ဆီဆုံကြိတ်သလို လည်စေကာ လျှပ်စစ်စွမ်းအင်ထုတ်ယူ၍ ကော်ဖီဖျော်စက်ဖြင့် ကော်ဖီ ဖျော်နိုင်ပြီ…………တဲ့။နွားများကို မညာမတာတစ်ဖက်ကကြည့်လျှင် ဤမျှနှေးကွေးစွာလည်ပတ်ရုံမျှနှင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်လာနိုင်သည်ကို ၀မ်းမြောက်ရ မည်ဖြစ်သော်လည်း ထယ်ထွန်ခြင်း၊ စပါးနှယ်ခြင်း ၊ ဆီကြိတ်ခြင်း ၊ သောက်သုံးရေ ပစ္စည်းများသယ်ယူခြင်း၊ စသည့် လုပ်ငန်းများကို ခိုင်း၍မှ အားမရသေးဘဲ ၊ အားနေတယ်ဟုဆိုကာ တောင်သူလယ်သမား ဦးကြီးများ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သော နွားများကို အားလပ်ခွင့်မပေးဘဲ စက်ရုပ်ကဲ့သို့ အခိုင်းခံရမည့်အရေး တွေးပီး စိတ်ထဲမကောင်းဖြစ်မိသည်။လောကလူသားများ...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More