This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, November 29, 2007

Domain name အသစ်တစ်ခုကို နိုင်ငံချစ်သောလူငယ်တစ်ဦး၏စေတနာဖြင့် ကူညီလှူဒါန်းထားသောကြောင့် လင့်ခ်ချိတ်ထားသူများ www.venkawwida.info ဖြင့်လင့်ခ်ကို ပြောင်းလဲ ၍ အသုံးပြုကြပါရန် ၊ အားလုံးကို ကျေးဇူးတင်ပါတယ်ဦးကောဝိဒ(မြိ...

ဖန်တီးရှင်

လောက သတ္တ၀ါတို့သည် ဖန်တီးရှင်ဆိုသူ၏ စီမံရာကို ခံယူကြရာဝယ် ကောင်းသောအရာဖြစ်သော ဘ၀၏အလှကို ခံယူကြရသကဲ့သို့ မကောင်းသောအရာဖြစ်သော ဘ၀၏အကျည်းတန်မှုကိုလည်း ခံယူကြရပါသည်။ ထိုဖန်တီးရှင်ဆိုသူကို မည်သူက အစပျိုးပေး လိုက်ပါသနည်း။ ထိုဖန်တီးရှင်ကို အစပျိုးပေးသူကား တစ်ခြားမဟုတ်ပါ၊ လောကရှိ သတ္တ၀ါများပင်ဖြစ်ပါသည်။ဖန်တီးရှင်ဟူသည် ကား ကိုယ်အလုပ်၊ နှုတ်အပြော ၊ စိတ်အကြံ ဟုဆိုအပ်သော ‘ကံ’ တရားများ ဖြစ်ပါသည်။မြတ်ဗုဒ္ဓက ကံတရားတို့သည် လေးမျိုးရှိ၏ ဟု မိန့်တော်မူခဲ့ပါသည်၊ ၄င်းတို့မှာ-၁။ ဂရုကံ၂။ အာသန္နကံ၃။ အာစိဏ္ဏကံ၎။ ကဋတ္တာကံ ဟူ၍ ဖြစ်သည်။၁။ ကုသိုလ်တရားဖက်၌ သောတာပတ္တိမဂ်စသည်တို့သည် ကြီးလေးသော ဂရုကံများဖြစ်သည်၊ သောတာပတ္တိမဂ်ရ ရှိပြီးသော သူများသည် သေလွန်သည့်အခါ ထိုကုသိုလ်ဂရုကံကြောင့် အပါယ်မကျရောက်ရတော့ပေ။ထို့အတူ အကုသိုလ်ဖက်တွင် ဆိုရပါမူ ပဥ္ဒနန္တရိယကံသည် ဂရုကံ မည်၏။ သေလွန်သောအခါ ထိုကြီးလေးသော အကုသိုလ် ဂရုကံက အပါယ်သို့ ဆွဲချလေတော့၏။၂။...

Sunday, November 18, 2007

အလ္လာပ သလ္လာပ

အလ္လာပ သလ္လာပ ဟူသော ဝေါဟာရ သည် ယခုမှပေါ်လာသော ဘန်းစကာမဟုတ်ချေ၊ လွန်ခဲ့သော 25 ရာစုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သော စကားတစ်ခုဖြစ်သည်။ တစ်နေ့သ၌ စာရေးသူသည် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ကိစ္စတစ်ခုဖြင့် သွားရောက်သောအခါ ထိုကျောင်း၌ သီတင်းသုံးတော်မူသော ကျောင်းထိုင်ဆရာတော်အား “ ဆရာတော်ဘုရား…..ကျန်းမာပါရဲ့လားဘုရား” ဟု မေးလိုက်ရာ ထိုဆရာတော် က “ငါ့ရှင်…….ငါ့ရှင်က မေးရလောက်အောင် တပည့်တော်က အနာရောဂါ ဖိစီးနေလို့လား အဲဒီလို မမေးပါနဲ့” ဟု စိတ်ဆိုးကာ ပြန်ပြောပါ လေတော့သည် ။ ဤသို့ မေးရုံမျှဖြင့် ထိုဆရာတော် အဘယ့်ကြောင့် ဒေါသထွက်ရပါသနည်း၊ “ငါမေးတာ လွန်များသွားလို့လား” ဟု ပြန်လည်တွေးမိပါတော့သည်။ ထိုအချိန်တုန်းက ဘယ်လိုပင် စဉ်းစားတွေးတောပါသော်လည်း တိကျသောမှန်ကန်သော အဖြေ မရရှိခဲ့ပေ။ တစ်ဦးနှင့်တစ်ဦး ခင်မင်းရင်းနှီးမှုဖြင့် တွေ့ကြသောအခါ အလ္လာပသလ္လပစကားများ၊ အမှတ်ရဖွယ်ရာစကားများ ပြောဆိုရပါသည်။ စာရေးသူ တွေ့ကြုံခဲ့ရသော အနေအထားအရဆိုလျှင်...

အဆိုအမိန့်များ

ပြုံးချင်သလား မဲ့ချင်သလား မေတ္တာထား မေတ္တပွားတဲ့ ပုဂ္ဂိုလ်ရဲ့အတွင်းအဇ္ဈတ္တသန္တာန်မှာ ပူနေမှာလား….၊ အေးနေမှာလား….၊ အေးနေမှာပါ။ မေတ္တာဓာတ်တွေ ဖြန့်ဝေနေတဲ့အချိန်မှာ အေးနေမယ်။ မေတ္တာက အအေး၊ ဒေါသက အပူ၊မေတ္တာက တည်ငြိမ်မှု၊ ဒေါသက လှုပ်ရှားမှု၊ မေတ္တာက တည်ဆောက်မှု၊ ဒေါသက ဖျက်ဆီးမှု၊ မေတ္တာက ကုသိုလ်၊ ဒေါသက အကုသိုလ်၊ မေတ္တာက ချစ်ခြင်း၊ ဒေါသက မုန်းခြင်း၊ မေတ္တာက အပြုံးရုပ်၊ဒေါသက အမဲ့ရုပ်၊ မေတ္တာက ခွင့်လွတ်ခြင်း၊ ဒေါသာက အာဃာတ၊ မေတ္တာက ဆွဲဆောင်မှု၊ ဒေါသက တွန်းကန်မှု။ မေတ္တာအားကောင်းရင် လောကသံသရာအကျိုးတွေ အကုန်ပြီးသွာမှာပါ။(သူငယ်တော်တောရဆရာတော်)မီးငြိမ်းပါစေ မေတ္တာမရှိလျှင် ဆင်းရဲသူကို မြင်သည့်အခါ သနားခြင်း-ကရုဏာ၊ချမ်းသာသူကို မြင့်သည့်အခါ ၀မ်းမြောက်ခြင်း-မုဒိတာ မဖြစ်နိုင်တော့ပါ။ အကျိုးဆောင်ရွက်ခွင့်ကြုံလာပါက မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါ ဆောင်ရွက်ပေးလျှက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။...

Thursday, November 15, 2007

တစ်နေ့တစ်နေ့ အချိန်တွေ ကုန်မြန်လိုက်တာ ဘာကြောင့်ပါလိမ့်......"ငွေရတု"မဂ္ဂဇင်း စာအုပ်တစ်အုပ်ဖြစ်မြောက်ဖို့အရေး စာမူတွေစီစစ်ရ...တည်းဖြတ်ရနှင့် နေ့တိုင်း ကွန်ပျူတာရှေ့မှာပဲ အချိန်တွေကုန်ခဲ့ရတယ်၊အင်းလေ.... စာအုပ်ထွက်ရှိလာတဲ့အခါ အမေပြောတဲ့ အမောပြေ ဆိုတာလို ပီတိတွေလည်းဖြာရဦးမှာပေါ့ကိုယ်မလုပ်ဖူးတဲ့ အလုပ်ဆိုတော့ အခက်အခဲတွေ အများကြီးပဲစာမူက အခုမှ ရောက်တာများတော့ အလုပ်ရှုပ်တယ်အင်း...့ပြီးရင်တော့ ၀မ်းသာရမှာအမှန်ပဲ....အေးရိပ်ချောင်မဟာစည်ရိပ်သာရဲ့ generation ငွေရတုမှတ်တိုင်တစ်ခုတော့ ကျန်ခဲ့ဦးမှာပေါ့....အခုတလော ငွေရတုစာအုပ်အတွက်အလုပ်ရှုပ်နေလို့ ဆောင်းပါးမရေးဖြစ်တာကြာပါပြီ...နောက်များမှ ဆက်ရေးဦးမယ် လို့လေ........

Friday, November 9, 2007

သူပေးတဲ့အပူ

သူပြောတဲ့စကားငါ့ကို စော်ကား၊စဉ်းစားတိုင်း ဒေါသပွား၊တွေးမိတိုင်း သောကပွား။ပြောတဲ့သူက မေ့မေ့ပျောက်ပျောက်ငါ့ရင်ထဲမှာ မီးတောက်ကြာလာတော့ စိတ်ပြေမေ့လိုက်တော့ သက်သာ၊ခွင့်လွတ်တော့ ချမ်းသာတရားခံက......ငါ့ ဒေါသငါ့ မာနငါ့ အတ္တသူပေးတဲ့ အပူမယူလည်း ရသားနဲ့နောက်များဆို မယူဖို့Publish Postငါ့ စိတ်ကို ဆုံးမထား။ ...

Sunday, November 4, 2007

တွေးတတ်ကြပါစေ

ကမ္ဘာဦးအစကတည်းက လူသားတို့သည် ကိုးကွယ် အားထားမီခိုရာ ရှာဖွေခဲ့ကြရာတွင် တော ၊ တောင် ၊ ရေ ၊မြေ ၊ မီး စသည့် မိမိတို့ယုံကြည်ရာကို အားထားမှီခို ကိုးကွယ်ခဲ့ကြသည်။ generation တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်နှင့်အမျှ လူသားများ၏ ကိုးကွယ်မှု ပိုင်းဆိုင်ရာများ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကြပါသည်။ထိုသို့ ကိုးကွယ်မှုများ ပြောင်းလဲလာခဲ့ကြရာတွင် လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်ကာလက ဘုရား၊ တရား ၊ သံဃာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်မှု ပြုခဲ့ကြသောသူများရှိခဲ့ကြသည်။ ထိုသူများကို ဗုဒ္ဓဘာသာဝင်များဟု ခေါ်ဆိုကြပါသည်။ ဗုဒ္ဓဘာသာဝင်ဟူသည် ရတနာသုံးပါးကို ယုံကြည်ကြသောကြောင့် ဗုဒ္ဓ၏ အဆုံးအမများကို ချွင်းချက်မရှိ လိုက်နာကျင့်သုံးခဲ့ကြရာ အဆင့်အတန်းမြင့်သော ဘ၀သို့ ရောက်ရှိသူများသည် မရေမတွက်နိုင်အောင် များပြားသကဲ့သို့ ဗုဒ္ဓအဆုံးအမကို မလိုက်နာမကျင့်သုံးသောကြောင့် အဆင့်တန်းနိမ့်သော ဘ၀များသို့ ရောက်ရှိသူများသည်လည်း မရေတွက်နိုင်အောင်ပင်...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More