This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 30, 2007

blogger အသစ်တစ်ယောက်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။ဒီမှာလည်း နောက်တစ်ယောက် blogger တစ်ဦးကို ကူညီကြပါဥ...

အားလုံးဖတ်ရအောင် ဇာဂနာ ရဲ့ဆိုဒ်လေးကို ညွန်ပြပေးထားပါ...

Friday, October 26, 2007

တွေးမိပါတယ်

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လမ်းမှာ လူတွေ၊ဆိုင်ကယ်၊တွေကလည်း ပျားပန်းခတ်မျှ ရှုတ်ထွေးနေတာပါပဲ ၊ ဖေါက်လိုက်တဲ့ ဗျောက်အိုး၊မီးပန်းတွေက လည်း နားငြီးလောက်အောင်ကိုပဲ။ အမှန်တကယ်ဆိုရင် ဒီသီတင်းကျွတ်လပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် နေ့ထူး နေ့မြတ်ကြီးတစ်ခုပါ။ မြတ်စွာဘုရားဟာ တာဝတိံသာမှာ မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလ အဘိဓမ္မာတရားဟောကြား ပြီး လူ့တို့ဌာနေသို့ ပြန်ကြွတော်မူလာတဲ့ နေ့ပါ။ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ယူရမယ့် နေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး၊ အခုတော့ တစ်ချို့သော လူငယ်များက သီတင်းကျွတ်ပြီဆိုပြီး အပျော်လွန်ကာ ဖောက်လိုက်တဲ့ဗျောက်အိုးအသံတွေက စစ်မြေပြင် ရောက်နေသလား အောက်မေ့ရတယ်။ မြတ်ဗုဒ္ဓ အဘိဓမ္မာဟောကြားပြီးလို့ လူ့ပြည်ပြန်ဆင်းလာတဲ့အထိမ်းအမှတ်နဲ့ မြတ်ဘုရားအား ဆီးမီးပူဇော်လာကြရာကနေ သီတင်းကျွတ်မီးထွန်းပွဲဆိုတာ ဖြစ်ပေါ်လာသလားပဲပေါ့။စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေဦးကောဝိဒ(မြိ...

Wednesday, October 24, 2007

နတ်ပြည်ဗြဟ္မာ့ပြည်ရှိ/မရှိပြဿနာ

ဒီအကြောင်း မေးထားတာတော့ကြာပါပြီ ယခင်ဖြေထားတာက ပြည့်စုံမှုမရှိဘူးဆိုလို့ စွမ်းနိုင်သလောက်ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။ဘာသာရေးဆိုင်ရာ အမေးပြဿနာများကို ဖြေကြားရာတွင် -(၁) တိုက်ရိုက် ဖြေကြားခြင်း။(၂) ဥပမာဖြင့် ဖြေကြားခြင်း။ ဟု နှစ်မျိုးရှိသည်ဟု ယူဆမိပါသည်။ သုံးဆယ့်တစ်ဘုံသည် သာမန်လူသားတို့ မမြင်နိုင်သောအရာ ဖြစ်နေသောကြောင့် ဥပမာ ဖြင့် ဖြေကြားရမည့် နံပတ်(၂) အမျိုးအစား ဖြစ်နေပါသည်။ ထို့ကြောင့် ဥပမာနှင့်တကွ စွမ်းနိုင်သလောက် ပြန်လည်ဖြေကြားပေးလိုက်ရပါသည်။ လူ့ပြည်၊ နတ်ပြည်၊ဗြဟ္မာ့ပြည်၊ အပါယ်လေးဘုံသည် ဗုဒ္ဓဘာသာဝင်များအတွက် လက်ခံယုံကြည်သောကြောင့် ပြဿနာ မရှိသော်လည်း ဘာသာခြားများ၊ ဘာသာမဲ့များက သူတို့ မမြင်နိုင်သော အရာဖြစ်သောကြောင့် လက်ခံယုံကြည်မှု မရှိသည်မှာ အဆန်းမဟုတ်ပါချေ။ဥပမာ-အမေမွေးကတည်းက မျက်စိနှစ်ကွင်းအလင်းမရသောသူများအား ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ အရာဝတ္ထုများကို ညွန်ပြသော်လည်း မသိမြင်နိုင်ချေ။ မသိမြင်သောကြောင့်...

Friday, October 19, 2007

တရားမ၀င် မှောင်ခိုကုန်သည်ကြီးများ

တစ်နေ့သ၌ စာရေးသူ၏ကျောင်းသို့ ဒကာမကြီးတစ်ယောက် သူ၏သားနှင့်အတူ ရောက်လာပါသည်။ “အရှင်ဘုရား….တပည့်တော်တို့ ( )ရက်ကျရင် ( )ကျောင်းမှာ ကောင်းမှုကုသိုလ်ပြုလုပ်ကြ မှာပါဘုရား၊ ဒီမှာ တပည့်တော်တို့ စီစဉ်ထားတဲ့ ဖိတ်စာပါ၊ အဆင်ပြေ မပြေ ကြည့်ပေးပါဦးဘုရား ” ဟုပြောပြီး စာရေးသူအား ဆက်ကပ်လာပါသည်။ ထိုဖိတ်စာ၏ မျက် နှာဖုံး ခေါင်းစီးစာတန်း ကို မြင်လိုက်ရသောအခါ ဟုတ်မှဟုတ်ရဲ့လား? မျက်စိကိုပွတ်သပ်၍ မယုံရဲစွာဖြင့် သံသယ၀င်မိပါသည်၊ ဖိတ်စာ၌ “ကွမ်ယင်မယ်တော် အနေကဇာတင်ပွဲ”ဟု ရိုက်နှိပ်ထားသောကြောင့် စိတ်ထဲမနေနိုင်တာနဲ့ ဒကာမကြီးအား“ ဒကာမကြီးရဲ့ ဖိတ်စာမှာ ဒီစာတန်းထည့်ရမယ်လို့ ဘယ်သူက အကြံပေးတာလဲ…”ဟု မေးလိုက်မိသည်။ “ ( )ကျောင်းက (ဘာသာခြား) သီလရှင်တစ်ပါး အကြံပေးတဲ့အတိုင်း တပည့်တော် ရေးထားတာပါ၊ ဘာကြောင့်မေးတာလဲ၊ မမှန်ဘူးလားဘုရား၊ ဘာတွေလိုအပ်နေသေးလဲဘုရား” ၊စာရေးသူ။ “ပြောရရင်တော့ ဘာမှမဟုတ်တဲ့အတွက်...

Wednesday, October 17, 2007

နှစ်ပေါင်း၂၅၀၀ကျော်က ဗိုင်းရပ်စ်ဆော့ဖ်ဝဲ

ကွန်ပျူတာ အသုံးပြုသူများအနေနှင့် မိမိ၏ ကွန်ပျူတာရှိ program များ ၊ file, folder များ ကို virus က ဖျက်ဆီးပစ် သောကြောင့် အပျက်စီးအဆုံးအရှုံးများနှင့် ရင်ဆိုင်ကြရပါသည် ၊ထို့ကြောင့် ကွန်ပျူတာအသုံးပြုသူများ စိတ်အနောက်ယှက် ဖြစ်ကြရ သည်။ ၁၉၈၂ ခုနှစ်ကတည်းက virus(ဗိုင်းရပ်စ်)အမျိုးမျိုး ပေါ်ပေါက်ခဲ့ရာ၊ ယခု ၂၀၀၇ခုနှစ် ဆိုလျှင် (၂၅)နှစ်ပြည့်ပြီဖြစ်သောကြောင့် ဗိုင်းရပ်စ် ငွေရတု (First Genaration) တစ်ခု သို့ တိုင်ခဲ့လေပြီ။(က)ယနေ့ အခါတွင် computer ,system များကို ဖျက်ဆီးပစ်နေသော Elk Cloner / Brain / Morris / Melissa / love bug/ Code Red/ Blaster / Sasser စသည့် ဗိုင်းရပ်စ် အမျိုးအမျိုးပေါ်ပေါက်ခဲ့ပါသည်။ ထို virus (ဗိုင်းရပ်စ်)များ၏ နှောက်ယှက်ဖျက် ဆီးခြင်း မှ ကာကွယ်နိုင်ရန်အတွက် ( AVG, A vast, Anti virus )စသော software များကိုလည်း ရေးသားတီထွင်နိင်ခဲ့ပါသည်။ ထိုဆော့ဖ်ဝဲများကိုလည်း ဖြစ်နိင်လျှင် မကြာခဏဆိုသကဲ့သို့...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More