This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, August 23, 2007

တုနှိုင်းမမီ (၆)

မီခိုရာ `ကလျာဏမိတ္တ´ ကလျာဏမိတ္တ် မိတ်ဆွေကောင်းရှိရမည်၊ မိတ်ဆွေကောင်း(သူတော်ကောင်း)နှင့် ပေါင်းသင်းဆက်ဆံရ သည်။ `တံငါနားနီးတံငါ´ ဆိုသကဲ့သို့ သူယုတ်မာနှင့်ပေါင်းလျှင် မိမိလည်း သူယုတ်မာ ဖြစ်နိုင်သည်၊ ပညာရှိသူတော် ကောင်းတစ်ယောက်ဖြစ်ရန် သူတော်ကောင်းကို မှီဝဲပေါင်းဖေါ်ရသည်။ သူတော်ကောင်းဆိုသည်မှာ အရှင်းဆုံးနှင့်အတိုဆုံး ပြောရလျှင် မိမိနှင့် သီလ၊သမာဓိ၊ပညာ တန်းတူ(သို့မဟုတ်) ပို၍ အဆင့်မြင့်နေသော ပုဂ္ဂိုလ်မျိုးကို ကလျာဏမိတ္တ သူတော် ကောင်းမိတ်ဆွေဟု ခေါ်သည်။ ထိုသူမျိုးကို ပေါင်းဖေါ်လျှင် မိမိသန္တာန်၌ မရှိသေးသော သီလ၊သမာဓိ၊ပညာများ ကိန်းအောင်းနိုင်သည့်အပြင်၊ ကိုယ်လည်း သူ့ကိုမီပြီး သူတော်ကောင်း ဖြစ်ရတော့သည်။ ဤကား သူတော်ကောင်းကို ပေါင်းဖေါ်ရကျိုး ဖြစ်သည်။ သိသာရန် ဆက်လက်ရှင်းပြပါဦးမည်။.ရှေးအခါက ကုန်သည် (၇၀၀)ကျော်တို့ ရောင်းဝယ်ဖေါက်ကားရန် လှေကြီးတစ်စင်းဖြင့် ပင်လယ်ရပ်ခြား ခရီးထွက်ခဲ့ကြသည်။ ထိုသို့ ခရီးထွက်လာကြရာ ရုတ်တရက်...

Friday, August 10, 2007

တုနှိုင်းမမီ(၅)

(၂)ဗဟုဿုတအရိပ် ဗဟုဿတ အကြား အမြင်ကို ဆောင်ခြင်း၊ အကြားအမြင်ကို ဆည်းပူးခြင်း၊ အာဂမသုတနှင့် အနိစ္စစသည်ထင်အောင်ရှုမှတ်ထားခြင်း အဓိဂမသုတတို့သည် မိမိတို့၏ ဘ၀အဆင့်အတန်းကို မြင့်မားစေပြီး ချမ်းသာကို ပေးစွမ်းနိုင်သော ဒုတိယ မှီခိုရာအရိပ်ပင်ဖြစ်သည်။ရှင်းလင်းဦးအံ့ ၊ မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို သင်အ၊ံလေ့လာ၊ကျက်မှတ်၊ သုံးသပ်ဆင်ခြင်း ပရိယတ္တဓမ္မ သုတရှိရမည်။ တရားတော်လာအတိုင်း လက်တွေ့ကျကျ ကျင့်သုံးခြင်း ပဋိပတ္တိဓမ္မ သုတရှိ ရမည်။ တရားအားထုတ်သော ယောဂီများသည် ဘုရားဟောစာပေကိုလေ့လာခြင်း ပရိယတ္တိ သုတ ရှိရန် လိုအပ်သကဲ့သို့ ကိုယ်တိုင်လည်း တရားရှုမှတ်အားထုတ်ခြင်း ပဋိပတ္တိ သုတ လည်းရှိရပါမည်။ နိဗ္ဗာန်လိုလားသော ယောဂီသူတော်စင်တို့သည် အားထုတ်မည်ကြံလျှင် လက်ဦးအစ “ငါ့သဏ္ဍာန်မှာ ပုဂ္ဂိုလ်သတ္တ၀ါမရှိ၊ ငါသူတစ်ပါး ယောင်္ကျားမိန်းမမရှိ၊ ရုပ်နာမ်မျှသာရှိ သည်၊ ထိုရုပ်နာမ်များသည် မပြတ်တလစပ် ဖြစ်ပျက်နေသောကြောင့် မမြဲတဲ့တရားတွေပါလား၊...

တုနှိုင်းမမီ(၄)

မြတ်ဗုဒ္ဓ၏ တရားတော်အရိပ်(၁၀)မျိုးအရိပ်တကာ့အရိပ်တို့၌ မည်သည့်အရိပ်မျှ တုနိုင်းမမီသော မြတ်ဗုဒ္ဓ၏ တရားတော်အရိပ်သည်-------“ဒသယိမေ ဘိက္ခဝေ နာထကရဏာ ဓမ္မာ” ဆယ်မျိုးရှိသည် ဟု မြတ်ဗုဒ္ဓ ဟောတော်မူခဲ့ပါသည်။ ထိုဆယ်မျိုးအနက်---(၁)သီလအရိပ်ပထမ မှီခိုရာအရိပ်သည် “ဣဓ ဘိက္ခဝေ ဘိက္ခု သီလ၀ါ ဟောတိ” သီလတည်းဟူသော မှီခိုရာပါ။ လူသားအားလုံးတို့ သည် သီလကို အမှီပြု၍ ချမ်းသာခြင်းသို့ ရောက်ကြရသည်။ (၁)ချီးမွန်းခံရခြင်း၊(၂) စည်းစိမ်ဥစ္စာပေါများခြင်း၊(၃)သေပြီး သည့်နောက် နတ်ပြည်သို့ ရောက်ခြင်း တည်းဟူသော ချမ်းသာသုံးမျိုးကို လိုလားတောင့်တကုန်သော သူများအတွက် သီလကို စောင့်ထိန်းကြရန်အရေးကြီးပေသည်၊ ထိုသုံးမျိုးအနက် ချီးမွန်းခြင်းဟုဆိုရာ၌ လူမိုက်တစ်ရာ ချီးမွန်းတာထက် လူပညာရှိ တစ်ယောက်၏ ချီးမွန်းခံရခြင်းက ပို၍ ၀မ်းမြောက်စရာ ကောင်းလှပါသည်။ သီလရှိသောသူများသည် တောင်း တိုင်း အားလုံးပြည့်စုံနိုင်သည်။ သေသောအခါ နတ်ပြည်သို့ရောက်အောင်လည်း ထို သီလက...

တုနှိုင်းမမီ(၃)

“ အမှီနဲ့ နေကြ ၊ အမှီအမရှိဘဲ မနေကြနဲ့ .. အမှီမရှိရင် ဆင်းရဲမယ်၊ အမှီနဲ့နေမှ ချမ်းသာမယ်”ဟူသော ဤစကား သည် လွန်ခဲ့သော ရှေးနှစ်ပေါင်း၂၅၀၀ ကျော်ကာလက ပေါ်ပေါက်လာခဲ့သော စကားတစ်ခွန်း ဖြစ်သည်။ (သိချင်ရင်အောက်မှာ)အထက်ပါစကားအရ အမှီနှင့်နေကြ ဆိုရာဝယ်၊ နေပူထဲကလာသော သူအတွက် သစ်ပင်အရိပ်၊ အိမ်အရိပ်၊ စသည်တို့သည် အလွန်အေးမြချမ်းသာသော နေရာတစ်ခုဆိုလျှင် မှားမည်မထင်ပါ။ ထို့အတူပင် မိဘများသည် ၊ သားသမီးတို့၏ အရိပ်ကို ခိုလုံရလျှင် ချမ်းသာ၏၊ အသက်ကြီးပြီဖြစ်သော အမိအဘများသည်လည်း သားသမီးများ ကို မှီခိုရသဖြင့်၊ ချမ်းသာသကဲ့သို့၊ လူမမယ်အရွယ်မရောက်သေးသော သားသမီးများကလည်း အမေ အဖေကို မှီခိုရသောအခါ စားဝတ်နေရေးအတွက် ပူပန်မှုများ မဖြစ်ရတော့ဘဲ ချမ်းသာစွာနေရပါသည်။ ဆရာသည်လည်း တပည့်၏အရိပ်ကို ခိုလှုံရသဖြင့် ချမ်းသာသကဲ့သို့၊ တပည့်သည်လည်း ဆရာ၏ အရိပ်ကို ခိုလှုံရ သဖြင့် ချမ်းသာရပါသည်။ ထို့ကြောင့် လောကနီတိ၌ ဖေါ်ပြထားသည်မှာ- သုခါ...

“တုနှိုင်း မမီ (၂)

ယနေ့ကမ္ဘာကြီး၌ အိုင်တီနည်းပညာသည် လျှင်မြန်သော အဟုန်ဖြင့် တိုးတက် လျှက်ရှိရာ International network (Internet) ဆိုသည့် အပြည်ပြည်ဆိုင်ရာ ကွန်ယက်ချိတ်ဆက်မှု ဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ရွာလေးတစ်ရွာအလား ထင်မှတ်ရလောက်အောင် ကမ္ဘာ့အရှေ့ ခြမ်းမှ အနောက်ခြမ်းသို့ E mail ဖြင့်သော်၎င်း၊ g talk ,VZ0chat, yahoo masanger, skype စသည်တို့ဖြင့် ချက်ခြင်းပင် webcam နှင့် ရုပ်မြင်၍ဖြစ်စေ ၊ စာရိုက်၍့ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ ဆက် သွယ်၍ ရနေပါပြီ။ ထို့ကြောင့် ရှေးယခင်ီက ကမ္ဘာကြီးသည် အလွန်ကျယ်ဝန်းသည်ဟု ဆိုရသော်ငြားလည်း ယနေ့ အိုင်တီခေတ်ကြီးတွင် အလွန် ကျဉ်းမြောင်းသွားလေပြီဟု ဆိုရ ပါမည်။ တစ်ခါက ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ၊ Internet connection ရက်ပိုင်းလောက်ပြတ်တောက်သွားရာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် ဆက်သွယ်ပြတ်တောက်ခဲ့ရသည့်အတွက်“Internet မရှိလျှင် သူမြန်မာနိုင်ငံကနေ...

Tuesday, August 7, 2007

အသွင်မတူသော မျဉ်းပြိုင်နှစ်ခု

အနီးနှင့်အဝေး သုံးနှင့်လေးဟူသော စကားစုသည် ဓမ္မကထိကဆရာတော်များရဲ့ အသုံးအနှုန်းများ အနက်မှတစ်ခုဖြစ်ပါသည်။ သုံးနှင့်လေးသည် အနီးကပ်ရှိပါသော်လည်း ဆန့်ကျင်ဘက်သဘောကို ဆောင်သောကြောင့် အသွင်မတူ သော မျဉ်းပြိုင်နှစ်ခုဟု ပြောလျှင် မှားမည်မထင်ပါ။ လောက၌ ထိုသို့ သဘောရှိသော ကိစ္စရပ်များလည်း ရှိပါသေးသည်။ ဥပမာ မြေ`လု´ နှင့် မြေ`လှူ´ ဟူသော ဤ စကားရပ်နှစ်ခုသည် အသံအားဖြင့် နီးကပ်သည်ဟု ထင်ရသော်လည်း အလွန်ဝေးကွာသော ထင်ဟပ်၍ မရနိုင်သော အသွင်မတူ မျဉ်းပြိုင်နှစ်ခုပင် မဟုတ်ပါလော။ မျဉ်းပြိုင်များကို သရုပ်ဖေါ်ရမည်ဆိုပါလျှင်-- အပြည့်အစုံကို အောက်၌ဆက်လက်ဖတ်ရှူရန်လောက၌ မိမိပိုင်ဆိုင်သော ပစ္စည်းများကို အပြီးအတိုင် စွန့်လွတ်ခြင်းသည် အပြောလွယ်သလောက် လက် တွေ့အရာတွင် အလွန်ခက်ခဲလှပါသည်။ ထိုသို့ ခက်ခဲသော အရာများကို လွယ်လင့်တကူ လုပ်ဆောင်ခဲ့သော လူသား များအတွက် အတုယူထိုက်သော ဖြစ်ရပ်တစ်ခုကား-- ၂၀၀၇ ခုနှစ်၊ ဂျူလိုင်လ၏ နေ့တစ်နေ့၊ အချိန် နံနက်၊...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More