This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, July 23, 2007

သေနည်းသင်တန်း တက်ထားပါ။ သေနည်းသင်တန်း တက်ထားဖို့လိုတယ်။ ဒါအရေးကြီးဆုံးပဲ။ လူတိုင်းတစ်နေ့မှာ မုချသေရမှာ မလွဲဘူး။ ကြောက်ဖို့အလိုဘူး။ ကြောက်လို့လည်း မရဘူး။ ၁။ ကြိုတင်ပြင်ဆင်ထားကြရအောင် သေနည်းသုံးမျိုး ပြောမယ်။ “ငါတော့ ဒီတောင်က မကျော် တော့ဘူး” လို့ ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့် ၊ မိမိတစ်သက် တာအတွင်း ပြုလုပ်ဖူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်းလုပ်ဖူးကြတာချည်းပဲ။ တန် ဖိုးနည်းတာ များတာ လိုရင်းမဟုတ်ဘူး။ ဒုဋ္ဌဂါမဏိမင်းကြီးလို မိမိစိတ်အကြည်လင်ဆုံး အကျေနပ် ဆုံး၊ အလှူတစ်ခုကိုပဲ ဆင်ခြင်နေ ။သေန ၂။ ဒါမှမဟုတ် ကိုယ်ရှုမှတ်နေကျ ဘာဝနာတစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှမဟုတ်လဲ……. ၃။ ရောဂါက ပြင်းထန်လို့ ၊ ဆေးတွေလွန်နေလို့ ၊ သတိမရတစ်ချက် ၊ ရတစ်ချက်၊ ကယောင်က တမ်း ဖြစ်တယ်ပဲထား၊ သတိရလာတာနဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ” ရွတ်နေ ။ ဒါလူတိုင်းရပြီးသား။...

“စိတ်ရှင်းရှင်းထား” လူ့ဘ၀ဆိုတာ ချမ်းသာအော်နေတတ်မှ ချမ်းသာမယ်။ စိတ်ကို ရှင်းရှင်းထား သောက ဗျာပါဒတွေ မ၀င်စေနှင့်။ “ စိတ်ကို ရှင်းရှင်းထား” ဆိုသည်မှာ ကိုယ်နှင့်မဆိုင်တဲ့ အာရုံတွေကို စိတ် ထဲမှာ မထားရဘူး။ အကြောင်းကိစ္စတွေဆိုတာ သူ့အကြောင်းနှင့်သူ ဖြစ်တာ။ ကိုယ့်အိမ်ရှေ့မှာ သူများက အမှိုက်သရိုက်တွေလာပြီး စုပုံထားရင် မကြိုက်သလို မေတ္တာ နှင့် တစ်လောကလုံးကို ဖြန့်ပြီး ။ စိတ်ကို ရှင်းရှင်းထား နေတတ်တဲ့သူဟာလဲ အမှိုက်သရိုက်နဲ့တူတဲ့ သူ့အကြောင်း ၊ ကိုယ့်အကြောင်း ရှုပ်ရှုပ်ရှက်ရှက်တွေကို မစဉ်းစားဘူး။ ကိုယ်လာပြောလဲ နားမ ထောင်ဘူး။ စိတ်ကို ရှင်းရှင်းထားမှ ချမ်းသာမယ်။ (နယ်ခြားတောင်သာသနာပြု) ဆရာတော်ဦးဥတ္တမသာ...

သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေ ရုပ်ရှင်သရုပ်ဆောင်များသည် ပရိသတ်အတွက် ဒါရိုက်တာရဲ့ အလိုအတိုင်း သရုပ်ဆောင်နေကြရာ ပုံစံအမျိုးမျိုး ရှုထောင့်အစုံစုံတို့မှ အတတ်နိုင်ဆုံး သဘာဝယုတ္တိကျကျ ပီပြင်အောင် သရုပ်ဆောင် ကြသကဲ့သို့ ၊ လောကလူသားများသည်လည်း ဘ၀ကံဇာတ်ဆရာ ဒါရိုက်တာရဲ့ အလိုကျ အမိအဘ,သားသမီး,လင်,မယား,အဖိုးအဖွား ,ဦးလေး ဒေါ်လေး မြေး စသည့် ရှုထောင့် အမျိုးစုံမှ အခန်းခဏ္ဍမျိုးစုံမှ နေ၍ ပီပြင်အောင် ပါဝင် သရုပ်ဆောင်ကြရသည်။ တစ်ဘ၀အတွက် မွေးဖွားခြင်းမှသည် သေဆုံးခြင်းသို့တိုင်အောင် ပီပြင်စွာနဲ့ ဘ၀ရဲ့သရုပ် ဆောင်မှုတွေကိုလည်း လူသားအားလုံး မလွဲမသွေ သရုပ်ဆောင်ကြရမှာဆိုသည့်အကြောင်း အတွေးလေး တစ်ခုထဲ နစ်မျောနေရာမှ ရုပ်တရက် ရုပ်ရှင်သရုပ်ဆောင် “ ဒွေး” (heart attack) ဖြစ်ပြီး ရုတ်တရက် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတယ်။ အောင်မြင်ကျော်ကြားနေသော သူတစ်ယောက်အတွက် ဒီအသက်အရွယ်ဟာ မသေသင့် ဘူး၊...

Thursday, July 19, 2007

တြုနှိုင်းမမီ (၁) မိန်ရာဟင်းကောင်း ဆိုတဲ့အတိုင်း မြန်မာတို့ဓလေ့ဝယ် ဟင်းလျှာနဲ့ ပတ်သက်ပြီး ထမင်းမြိန်တာရှိတတ်ကြပါတယ် ၊ထမင်းစားကြသောအခါ ငါးပိသုပ်နှင့်အတို့ပါမှ စားလို့ အဆင်ပြေတယ်၊ စားလို့ကောင်းတယ်၊လို့ဆိုကြတယ်၊ တစ်ချို့က ဘာဟင်းမှ မပါချင်နေ ပါစေ ငါးပိချက်ပါရင်ရပြီ ဆိုပြီး ငါးပိချက်ကို အမွန်းတင်ပြီး ပြောကြသလို၊ တစ်ချို့ က ငါးကြော်လေးပါလိုက်ရမှ စားကောင်းတယ်။ မှိုဟင်းလေးပါမှ ၀မ်းလေးတယ်(အာသာပြေ တယ်) လို့ ပြောကြတယ်၊ တတ်နိုင်တဲ့လူချမ်းသာအလွှာကဆိုရင်လည်း ပုဇွန်ဆီပြန်ချက် လေးပါမှ ၊ ၀က်သားနဲ့ နာနတ်ချက်လေးဆိုကောင်းတယ်၊ ငါးမုတ် ချိုချဉ်ပါမှ၊ တစ်ချို့က ဆိုင်ကချက်တဲ့ဟင်းလေးနဲ့ တစ်ခါတစ်ရံစားလိုက်ရ အတော်ကောင်းတာပဲ စတဲ့ ဟင်းနှင့်စပ်၍ ပြောဆိုနေကြသံတွေပါ။ ဟင်းလျှာတွေ ဘယ်လောက်ကောင်းတယ်ပြော ပြော လောကမှာ အကောင်းဆုံးဟင်းကို ညွန်ပြပါဆိုရင် စာဖတ်သူများ မည်သည့်ဟင်းကို ညွန်ပြပါမည်နည်း? ။ အကယ်၍ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ဟင်းပင်...

Saturday, July 7, 2007

မွေးနေ့ရှိသူတိုင်းသို့ အချိန်ကာလတည်းဟူသော ရထားကြီးသည် နေ့ ,ရက်,နာရီ အလီလီ ပြောင်း၍ နွေ မိုး ဆောင်း ဟု သုံးဥတုကို ဥပါဒ် ဌီ ဘင် စီအစဉ်ဖြင့် အလျဉ်မ ပြတ်၊ မောင်းနှင်လျှက် ရာသီစက်ဝန်း တရွေ့ရွေ့ လည်ပတ်လာခဲ့သည်မှာ မွေး နေ့သို့ပင် တကျော့ပြန်ရောက်ခဲ့ရလေပြီ။ မွေးနေ့ဆိုသည်မှာ လူသားတိုင်း အတွက် မှတ်မှတ်ရရ ရှိတတ်ကြသောနေ့ တစ်နေ့ပင် ဖြစ်ပေသည်။ မွေးနေ့ဟူ သည်မှာ လူသားတစ်ဦး လောကထဲ၌ ဥပါဒါထင်ရှား ဇာတိအားဖြင့် ဖြစ်ပွားလာ သော နေ့တစ်နေ့ပင်ဖြစ်ပါသည်။ အသိစိတ်တွင် သတိနှင့် ပညာဥာဏ်ယှဉ်ကြကုန်သော မွေးနေ့ရှင်တိုင်း သည် မွေးနေ့သို့ ရောက်လျှင် ကုသိုလ်ကောင်းမှုများ ပြုကြလေ့ရှိပါသည်။ မြတ် ဗုဒ္ဓ၏ အဆုံးအမအရဆိုလျှင်``မွေးနေ့ရှင်ဆိုသည်မှာ သေမည့်နေ့ကို တရွေ့ ရွေ့ လျှောက်လမ်းနေကြသူများပင် မဟုတ်ပါလား? မွေးနေ့ရှင်ဟူသည် သေ လမ်းကို လျှောက်နေရသူများ ဖြစ်သည်မှာတော့ သေချာလှပေသည်။ မွေးနေ့ ကို မမေ့သူတိုင်းသည် သေမည့်နေ့ကိုလည်း...

Thursday, July 5, 2007

အကိုင်းအခက်များကိုအသီးတို့ဖြင့်ဝေစည်လာအောင်ဖန်တီးပေးရခြင်းအတွက်မြေကြီးအောက်ကအမြစ်များသည်မည်သည့်ဆုလာဘ်မျိုးကိုမျှမတောင်းပါ။(တဂိ...

ကြီးပွားချမ်းသာရေးအတွက် လိုအပ်သောအချက်များ ၁။ထကြွလုံ့လရှိခြင်း၂။သတိရှိခြင်း၃။ စင်ကြယ်သော ကံသုံးပါးရှိခြင်း၎။ စူးစမ်း၍ ပြုလေ့ရှိခြင်း၅။ဣနြေ္ဒတို့ကို စောင့်စည်းခြင်း၆။တရားသဖြင့် အသက်မွေးခြင်း၇။မမေ့မလျော့ခြင်း တို့ ဖြစ်၏ ။မိမိတို့ ဘ၀တိုးတက်မြင့်မားရေးအတွက် ဤအချက်များနှင့် မိမိမည်မျှညီညွတ်သည်ကို အဖန်ဖန် စစ်ဆေးရန် ပင်ဖြစ်သည်။ လွဲမှားသောအားကိုးရာများကို အလောတကြီး ရှာရန်မလို...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More