This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 30, 2007

ကျောက်ကွင်းဝါဒပြိုင်ပွဲ တင်ပေးထားပါတယ် download လုပ်ယူကြပါ...

Friday, June 29, 2007

နဖူးစွန်းနှင့် ဒူးပွန်းခံကာ ကိုးကွယ်ပါလည်း ဆရာလွဲက ငရဲအပါယ် အမြစ်တွယ် ၀ဋ်လည်း ရှည်လျားရာ ။ (လယ်တီဆရာတော်ဘုရားကြ...

ချစ်သင့်တဲ့ အလုပ်ကိုလုပ်ပြီး ကိုယ့်ကိုယ်ကို ချစ်ကြ၊ မုန်းသင့်တဲ့ အလုပ်ကို လုပ်မိရင်လည်း ကိုယ့်ကိုယ်ကို မုန်းကြ ၊ ချစ်စရာအကောင်းးဆုံးလည်း ငါပဲ ။ မုန်းစရာအကောင်းဆုံးလည်း ငါပဲ ဆိုတဲ့ စကားနှစ်လုံးကို မြဲမြဲမှတ်ထားပြီးတော့ မုန်းဖွယ်အကုသိုလ် အမှုတွေကို ရှောင်ကြဉ်ကြ၊ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေ ပွားများအားထုတ်နိုင်ကြပါစေ။´´ (သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြ...

Thursday, June 21, 2007

လောကဓံနေရာတိုင်းမှာ အဆိုးနှင့်အကောင်း ဒွန်တွဲလျက်ရှိရာ၊ ဦးတည်ချက်မှန်သူဟာ လုပ်ဆောင်ချက်လည်း မှန်တော့တာပဲ။ လုပ်ဆောင်ချက်မှန်သောသူအတွက် ဘယ်လိုအတားအဆီးပဲဖြစ်ဖြစ်ကျော်လွှားနိုင်မှာ အမှန်ပင်ဖြစ်၏။ အများအကျိုးရွက်သည်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့ (ရွှေဟင်္သာဆရာတော်ဘုရားကြီး သြ၀ါဒတော်)...

Wednesday, June 20, 2007

ဓမ္မဆိုတဲ့ သဘာဝတရား ဓမ္မဆိုသည်မှာ ဝေဖန်ရုံမျှ ၊ သုတေသနပြုရုံမျှ ၊ ပြောရုံမျှ ၊ နာရုံမျှ နှင့်ပြီးသောအရာမဟုတ်၊ဓမ္မသည် လူတိုင်းအတွက် အသုံးချတရားဖြစ်သည်။ အရေးကြုံလာလျှင် ဓမ္မကို လက်တွေ့ကျကျ အသုံးချရမည်။ ဥပမာ -လိုချင်မှု များ အားကြီးလာသောအခါ၌ ဖြစ်စေ။လိုချင်သည့်အတိုင်းမရလျှင် အလိုမကျခြင်း။ ဒေါသဖြစ်ခြင်း၊ စိတ်တိုင်းမကျခြင်း အစရှိသောအခါ၌ ဖြစ်စေ။ ပြီး စိုးရိမ်ပူဆွေးမှု ၊ငိုကြွေးမှု၊ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ပြင်းထန်စွာ ပူပန်ခြင်းစတာတွေ ဖြစ်လာတဲ့အခါ် လက်တွေ့ကျကျ အသုံးချရသော ဓမ္မဖြစ်သည်။ မြတ်ဗုဒ္ဓ၏ လက်တွေ့အသုံးချ ဓမ္မများအနက်က တစ်ခု- ယံ ပုဗ္ဗေ တံ ၀ိသောသေဟိ ၊ ပစ္ဆာ တေ မာဟု ကိဥ္စိနံ။မဇ္စျေ စေ နောဂဟဿတိ ၊ ဥပသန္တော စရိဿသိ။အရင်က ဖြစ်ခဲ့ဖူးသော ဖြစ်ပြီးပြီ ဖြစ်သော တရားတို့၌ ပြန်လည်တွေးတောခြင်းဖြင့် ကိလေသာမဖြစ်ပါစေနဲ့။ နောင် မဖြစ်သေးသော ဖြစ်လတ္တံ့သော တရားတို့၌ ကိလေသာဖြစ်အောင် ကြောင့်စိုက်မှု မဖြစ်ပါစေနဲ့...

မြန်မာနိုင်ငံရဲ့ ခေတ်မှီစက်ကြီး။ လူတိုင်း မနက်လင်းတာနဲ့ စာဝတ်နေရေး အတွက် အလုပ်လုပ်ကြရသည်ထိုသို့ လုပ်ကြရာတွင် တစ်ခါတစ်ရံ လိုချင်မှုနှင့်ယှဉ်ပြီးလုပ်ကြရ၊ တစ်ခါတစ်ရံ မလိုလား မနှစ်သက်မှုတွေနဲ့ အလုပ်လုပ်ကြရသည့်အတွက် ကိုယ်ပင်ပမ်းရုံမျှ မကဘဲ စိတ်ပါပင်ပမ်းကြရသည်။ ကိုယ်ပင်ပမ်းတာ ခံနိုင်ပြီး စိတ်ပင်ပမ်းတာကို မည်သူမှ မလိုလားကြပါ။ ဒီစိတ်ပင်ပမ်းတာ ခံနိုင်ဘို့အတွက် စိတ်ခွန်အားကောင်းဖို့ စိတ်သန့်စင်ဖို့ အထူးလိုအပ်လှပါသည်။ လူတစ်ယောက်စိတ်သန့်စင်ဖို့တွက်- မနက်တိုင်း စောစောထပြီး ၊ ဘုရားရှိခိုး ၊ မေတ္တာပို့ ၊ စွမ်းနိုင်ရင် ၀ိပဿနာတရားကို အနည်းဆုံး (၃၀) မိနစ်လောက်၊ အားထုတ်၊ပါ၊ အဲဒါကို နေ့တိုင်း နေ့တိုင်း အလေ့အကျင့်ဖြစ်အောင် ပြုလုပ်သွားပါက မကြာမှီမှာ စိတ်တည်ငြိမ်မှု စိတ်ရဲ့အေးချမ်းမှု အတော်လေးရရှိလာကြမှာ ဖြစ်သလို စိတ်ဓါတ်ဟာလည်းအမြဲတက်ကြွပြီး၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ပြဿနာတစ်စုံတစ်ရာနှင့်ကြုံလာရင်လည်း...

Sunday, June 17, 2007

...

...

Saturday, June 16, 2007

မွေးနေ့တစ်ခု၏ အတွေးပုံရိပ် မွေးဖွားခြင်း၏ နောက်ကွယ်မှာ ဘ၀တစ်ခုကို ပိုင်ဆိုင်ရစမြဲ ၊ အဲဒီနောက်နားကနေ ကပ်ပြီးပါလာသော အရာကား တစ်ခြားမဟုတ်၊ အရှက်ခွဲတတ်တဲ့ကြီးရင့်ခြင်းဆိုတဲ့အိုခြင်းသဘော ဖြစ်သည်။ဒါလောက်နဲ့ မရပ်နားသေး၊ ဘ၀တစ်ခုကို အပြီးအတိုင် ချေဖျက်မည့် သေမင်းကလည်း ဘယ်အချိန်မျာငါ့အလှဲ့ရောက်မလဲဆိုတာကို အလစ်ချောင်းလို့နေပါသေးသည်။ဒီကြားထဲ လောကဓံတရားကို အခြေတည်၍ ဖြစ်ပေါ်လာသော လိုချင်မှု၊စွဲလန်းမှု၊ စိုးရိမ်ပူဆွေးမှု ၊ ငိုကြွေးမှု ၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ၊ ပြင်းထန်စွာပူပန်မှုစသော ခါးသီးသောခံစားမှုတွေကိုလည်း ကြုံသလို ခံစားလိုက်ရပေသေးသည်။ အနေမတတ်ရင်တော့-လားလား ၊ မတွေးရဲဘူး။ကြိုးတန်းပေါ်လျှောက်နေသော သူလိုပါပဲလား။ ဘယ်ဖက်တိမ်းရင်လည်းအောက်ပြုတ်ကျနိုင်သလို၊ ညာဘက်တိမ်းရင်လည်း မသက်သာ အောက်ကျပြီး သေနိုင်တယ်။မသက်သာလှပါ။ အင်းအရေးကြီးဆုံးက တည့်မတ်အောင်လျှောက်လမ်းနိုင်ဘို့...

Friday, June 15, 2007

စစ်မှန်သော အလှပိုင်ရှင်များဖြစ်ကြပြီလား လူ့လောကထဲမှာ ရှေ့တန်းက ရောက်နေသူများကို လေ့လာကြည့်ရင်ကြည့်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်သူများသာ ဖြစ်ကြသည်။လူဖြစ်လာတဲ့အခိုက် ရှေးအတိတ်ကံ ကောင်းခြင်းကြောင့် ရုပ်ရည်ရည်ချောမောလှပကြသည်။ အလှအားနည်းသူ အချို့ဆိုရင်လည်း ပြုပြင်လိုက်ရင် ကြည့်ကောင်းလာတော့တာပဲ။ လောကမှာ လှခြင်း နှင့် မလှခြင်းသည်အဓိကကျလားဆိုတော့ ၊ မကျဘူးလို့ပဲ ဖြေရမှာပဲ။ဒါဖြင့် အရေးကြီးတာက ဘာလဲ၊ အရေးကြီးတာက အရုပ်လှဖို့ထက် စိတ်လှဖို့က ပိုပြီးအဓိကကျ ၊ ပိုပြီး အရေးကြီးတာပါ။ အရုပ်ဘယ်လောက်ပဲလှလှ စိတ်လှတဲ့သူ မဟုတ်ဘူးဆိုရင် ထိုသူ့ကို အလှဆုံးလို့ မခေါ်ဆိုနိုင်ပါ။ အရုပ်ဆိုးအကျည်းတန်သော သူပင်ဖြစ်စေကာမူ စိတ်လှတယ်ဆိုရင် ထိုသူ့ကို စစ်မှန်သောအလှပိုင်ရှင် လို့ ခေါ်ဆိုရင်နိုင်ပါကြောင်း။စစ်မှန်သော အလှပိုင်ရှင်ဖြစ်ဖို့ဆိုတာက ကုသိုလ်လုပ်ငန်းမှန်သမျှ အားလုံးကို လုပ်နိုင်သမျှလုပ်ဖို့ပါပဲ ။စာဖတ်သူများအားလုံး...

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့လယ် ထင်ရှားသော ကျောက်တိုင်တစ...

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ ပြတိုက်အနီး၊ ရထားစက်ခေါင်းပေါ်က A myanmar f...

ထိုင်းနိုင်ငံ (canchanabury ) မြို့၊ ကွေးမြစ်ပေါ်ရှိ ကမ္ဘာကျော် ကွေးတံ...

Wednesday, June 13, 2007

အစာကိုသာမြင်တဲ့ ငါး

``လောကကြီးတစ်ခုလုံးက လာဘ်ရွှင်တာ ၊ နာမည်ကျော်တာ၊အခြံအရံ ပေါတာကိုမှအဟုတ်ကြီးထင်တယ်။ ဦးစားပေးတယ်၊ ပကာသနလုပ်တယ်၊ လာဘ် ၊ နာမည် ၊ အခြံအရံ တွေကို မရသေးရင် ရအောင်လုပ်တယ်၊ရပြီးရင်လည်း ထပ်လုပ်တယ်။ ဘုရားကတော့ ``အဲဒါတွေကြောင့် အပါယ်ရောက်ကြရတာ မနည်းဘူး´ လို့အတန်တန်ဟောတယ်။ တကယ်တော့ လာဘ်၊ နာမည်ကျော်တာ ၊ အခြံအရံပေါတာတွေဟာ စိတ်ထားမတတ်ရင် အပါယ်လက်မှတ်တွေပဲ...

Monday, June 11, 2007

အယူအမြင်စင်ကြယ်ရေး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဓမ္မဒူတခရီး ကြွစဉ်က - ထိုင်းနိုင်ငံရောက် မြန်မာများသည် အလုပ်များတဲ့ ကြားထဲက လာရောက်ပြီး ၀မ်းသာစွာ တွေ့ဆုံကြပေါ့၊ ကိုယ်ကလည်း ဓမ္မကို ဆာလောင် မွတ်သိပ်နေတဲ့သူတို့အား ဘ၀တိုးတက်ကြောင်းနှင့် လိုက်နာစရာတရားများကို လည်းပြောပြဟောပြနဲ့ တန်ဖိုးရှိသော ဓမ္မဒူတခရီးတစ်ခု ဖြစ်ခဲ့ရပါတယ်။ အဲဒီအထဲ ဗုဒ္ဓဘသာဝင် ထိုင်းလူမျိုးတစ်ဦးက မေးတယ်`အရှင်ဘုရား မြန်မာပြည်က ဘုရားပုံတော်တွေ မပါဘူးလား၊ ပါရင် တပည့်တော်တို့ လည်း ၀ယ်ချင်တယ် ´ တဲ့ဘာပြုလို့ ၀ယ်ချင်ရတာလဲ မေးတော့ တပည့်တော်တို့ အဆောင်၊ လက်ဖွဲ့အနေနှင့်အသုံးပြု ဆောင်ထားခြင်လို့ပါ´ တဲ့ သူတို့ ဘုရားကို အဲဒီလို အားကိုးချင်တာကိုး၊သူတို့သိအောင်မြတ်ဘုရားရဲ့ မြင့်မြတ်တဲ့ ပါရမီဖြည့်ပုံတွေ ၊ ဘုရားဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကို လူတတ်ကြီးလုပ်ပြီး ပြောခဲ့ရပါသေးတယ်။ ထိုင်းနိုင်ငံရောက်သွားတာက...

Saturday, June 9, 2007

ပညာရေးယခင်နှစ် ပညာသင်နှစ်မှ စတင်၍ မူလတန်း ကျောင်းသူ/သားမျာသည် ကျောင်းအပ်နှံရာတွင် မည်သည့်ငွေကြေး တစ်စုံတစ်ရာမှ ပေးရန်မလိုဘဲ (အခမဲ့) ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ယခုလအတွင်း တရားဝင် သတင်းထုတ်ပြန် ထားသည်။ ဖေါ်ပြပါ အကြောင်းကို ဖတ်လိုက်ရသည့်အတွက် ချို့တဲ့ နွမ်းပါးသောကလေးများအတွက်အလွန်ပဲ ၀မ်းမြောက်ကြည်နူးမိပါသည်။ဒါပေမဲ့ ကြည်နူးမှုက သိပ်မကြာလိုက်ပါ ။ လူတစ်ယောက်က ``ကျွန်တော့ကလေး ကို မူလတန်း တွင် ကျောင်းအပ်ရာ ပိုက်ဆံက (၈၀၀၀၀)ရှစ်သောင်းနှင့် (A)အခန်းမှာရရေးအတွက် မုန့်ပုံးနဲ့ headmaster ကြီးကို သွားကန်တော့ရတယ်တဲ့။ ဒါတင်ဘယ်ကမလဲ၊သူပေးတဲ့ ရှစ်သောင်းဆိုတာအနည်းဆုံးအဆင့်မှာရှိတယ်၊ ကျောင်းအပ်ဖို့ ပိုက်ဆံလာပေးထားကြတဲ့ စာရင်းထဲကြည့်လိုက်တာ ကျောင်းသားတစ်ယောက်အတွက်(၂၅၀၀၀၀)အထိ ရှိနေတာတွေ့ရတယ်။အင်း (အခမဲ့)လို့သာတော်တော့တာပေါ့ ၊ အခမဲ့မဟုတ်လို့ကတော့ မတွေးရဲအောင်ပါပဲ။ဒီအတိုင်းဆိုရင် ချို့တဲ့သော...

ဒီစာတန်းလေးကို ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က မကွေးမြို့ `မြသလွန်´ဘုရားစေတီတော် စောင်းတန်း မုခ်ဦးအ၀မှာ တွေ့မြင်ခဲ့ရပါသည်။ ဓါတ်ပုံမှတ်တမ်း မရှိပါသဖြင့် အကယ်၍ စွမ်းနိင်မည်ဆိုပါက ဆိုက်ပေါ်တင်ပေး စေလိုပါသည်။ အားလုံးဗုဒ္ဓဘာသာဝင်များ သိစေချင် အတုယူစေချင်လို့ပါ။ဒီစာတန်းလေးအတိုင်းပဲ မကွေးမြို့ ဧရာဝတီမြစ်ကမ်း နဖူး၌ တည်ထားသော မြသလွန် စေတီတော်ရင်ပြင်၌ ဂြိုလ်ခွင်၊ ဂြိုလ်အိမ် ၊ ဘိုးတော်၊ မယ်တော်မျိုးစုံတို့ကိုလည်း စံမြန်းခွင့် permission မပေးထားသောကြောင့် သန့်ရှင်းပြီး ထေရ၀ါဒဆန်သော ထိုစေတီတော်ကို ဖူးမြင်ရသူများ စိတ်ကြည်နူးဘွယ် အထူးကောင်းလှပါသည်။ဆက်ဦးအံ့ ၊ ဘုရားရင်ပြင်တိုင်း၊ ရင်ပြင်တိုင်း `မြသလွန်´ စေတီတော်လို ဖြစ်သင့်သည်မှာ အမှန်ပါ။ အခုတော့- ရန်ကုန်မြို့ရွှေတိဂုံစေတီတော်...

Wednesday, June 6, 2007

သာသနာနဲ့တွေ့သူမြတ်စွာဘုရားရှင် ပေးတော်မူခဲ့တဲ့ သြ၀ါဒတော် သုံးချက်ကို အတော်များများလည်း သိကြမှာပါ။ အကုသိုလ်မှန်သမျှကို ရှောင်ကြဉ်ရမည် ကုသိုလ်မှန်သမျှ ရအောင်ယူကြ၊ (ပြည့်စုံအောင်အားထုတ်ကြ)၊ ဒီနှစ်ချက်ကို စဉ်းစားကြည့်ရအောင် သြ လူတွေနော် စားဝတ်နေရေး၊ အိမထောင်ရေးစတဲ့များစွာသော အရေးတွေကြားမှာ အကုသိုလ် လုံးဝမဖြစ်နိုင်အောင် လုပ်လို့ လွယ်ပါ့မလား၊ ဟုတ်တယ် ၊ သတိပါရင် လွယ်ပြီး ၊ သတိမပါရင် မလွယ်ပါဘူး။ ဒါကြောင့်လည်း မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးမိန့်ခဲ့တဲ့စကားတော်က (ချစ်သားတို့ သတိတရားဖြင့် မမေ့မလျော့ ပြည့်စုံအောင်အားထုတ်ကြဆိုပြီး သတိတရားအရေးကြီးကြောင်း နောက်ဆုံးမှာတော်မူခဲ့တာလေ၊ ဘယ်လိုအနေအထားမျိုးမှာပဲ ဖြစ်ဖြစ် သတိတရားလေးထားပေးမယ်ဆိုရင်မဖြစ်သင့်တာတွေ မဖြစ်တော့ဘဲ ၊ဖြစ်သင့်တာပဲ ဖြစ်တော့မှာပါ။နံပါတ်သုံး သြ၀ါဒတော်က စိတ်ကို ဖြူစင်အောင်ထားကြ လို့ဆိုတဲ့နေရာမှာစိတ်လေးဖြူစင်အောင်ထားဖို့ ဘယ်လိုလုပ်ကြမလဲ၊...

သာနသာအတွက် ရင်လေးစရာရောက်လာသော ဖိတ်စာတစ်စောင်ကို အံ့သြစွာ ဖတ်လိုက်ရတယ်။ကွမ်ရင်မယ်တော်အနေကဇာတင်ပွဲ တဲ့ ဒီလိုမျိုး ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းကြည့်ရာမှာ-ဘာသာခြားကျောင်းမှ သီလရှင်တစ်ပါးရဲ့ အကြံပေးချက်အရ လုပ်တာပါ လို့ အလှူရှင်ရဲ့ ပြောပြချက်အရ သိရတယ်။ မယ်တော်စံမြန်းတဲ့ နေရာကလည်း ကြည့်ပါဦးဘုန်းတော်ကြီးကျောင်းဝင်းထဲက အလျူမီနီယံ အဆောင်ပြသာဒ်ထဲ၊တိုင်းသံဃာ့နာကဆရာတော်တစ်ပါးနဲ့ ဆက်နွယ်နေတဲ့ ကျောင်းဖြစ်နေတယ်။ ဆရာတော်က အဲဒါကိုမသိဘူးလား၊ (သို့) မသိချင်ယောင်ဆောင်နေတာလား မသိပါ ၊ အခုတော့ ဘုန်းတော်ကြီးကျောင်းထဲကွမ်ရင်ရောက်လို့နေပါပြီ၊ သာသနာအတွက် ရင်လေးစရာဖြစ်နေပြီ။စာဖတ်သူများအားလုံး-ဘုရားမှတစ်ပါး မည်သူကိုမှ အနေကဇာတင်တယ်ဆိုတာ အရင်ကလည်း မရှိခဲ့သလို အခုလည်း မရှိ နောင်လည်း ရှိနိုင်မှာ မဟုတ်ပါဘူး။ဒီအကြောင်းကို သာသနာရေးဌာန အရေးပါတဲ့ လူကြီးများကိုဆွေးနွေးပြန်တော့လည်း `တင်ပါ့ဘုရား´ဆိုပြီး ဘာအကြောင်းမှ...

Monday, June 4, 2007

မြန်မာ့လဖက်ရည်ဆိုင် မဖွင့်တာ ဘာကြေင့်ဘာလိ...

ပဋ္ဌာန်းဒေသာနာတော် အဓိပ္ပါယ် သိလိုသူများ patthana ၌ ဖတ်ရှုလေ့လာနိုင်ပါသ...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More