This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, May 28, 2007

အရိယာစံအိမ် (ဇော်ဂျီဖောင့် သုံးသည်)

ဇော်ဂျီဖောင့် အိုင်အီး တွင် မြင်ရန် စမ်းသပ်ခြင်း-------------------------------------------------အရိယာစံအိမ်တိုက်တာ အိမ်ရာ အဆောက်အဦများသည် လူတို့၏ နားခိုရာ အိပ်စက်ရာဖြစ်သည်။အသိုက်အမြုံလေးများသည် ငှက်အသီးသီးတို့၏ အိပ်ရာနေရာနားခိုရာဖြစ်၏။ ဂူစသည်တို့သည်လည်း သတ္တ၀ါအသီးသီးတို့၏ ခိုအောင်းရာ ဖြစ်သည်။ ထိုနေရာများသည် နားခိုအိပ်စက်ရာ ဆိုပေမဲ့လို့ ဘေးအန္တရာယ် ကျရောက်မှုမှ မကင်းနိုင်သေးသည့်အတွက် လှုံခြုံမှု မရှိသေးပါ။ဘုရားစသော အရိယာတို့၏ နေရာဖြစ်သော အရိယာတို့၏ စံအိမ်ကတော့အမျိုးမျိုးသော ဘေးအန္တရာယ်တွေက လွတ်ကင်း၍ လုံခြုံသော စံအိမ်တော်ကြီး ဖြစ်ပါသည်။...

Thursday, May 24, 2007

ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်ပဋ္ဌာန်းရွတ်ဆိုပူဇော်ချင်သူများအတွက် ဒီလင့်ခ်မှာယူကြပါ...

Wednesday, May 23, 2007

လောကဓံတရားလောကဓံ တရားတွေဟာ အဝေးမှ လာသည်မဟုတ်၊ မိမိအနီးကလာတာဖြစ်ပါသည်လေမုန်တိုင်းကျလို့ ပြင်းထန်သော လှိုင်းတံဘိုးတွေနဲ့ ကြုံရတဲ့အခါလှေမနစ်မြုပ်အောင် သတိနဲ့ ထန်းသိမ်းဖို့ လိုလိမ့်မည်။ သတိနဲ့ မထိန်းသိမ်းနိုင် လို့ကတော့ပင်လယ်ကြမ်းပြင်အောက် ရောက်သွားမည်မှာ သေချာပါသည်။လှိုင်းဒါဏ်ခံနိုင်ရန် လှေကို ခိုင်မာအောင် တည်ဆောက်ဖို့ရာ လှေပိုင်ရှင်ရဲ့တာဝန်လည်း ဖြစ်သလို၊ ပင်လယ်ထဲ နစ်မြုပ်မသွားအောင် ပဲ့နင်းရဲ့ တာဝန်လည်း ဖြစ်သည်။ လှိုင်ကြီး လှေအောက် ဆိုပေမဲ့ လှိုင်းအောက် ရောက်သွားရသော လှေတွေလည်း မနည်းလှပါ။ဒါဖြင့် မိမိ ခန္ဓာဆိုတဲ့ လှေကို ပြင်းထန်သော လောကဓံလှိုင်းနဲ့ ရင်ဆိုင် ရတဲ့အခါ အပါယ်လေးပါး တည်းဟူသော ပင်လယ်ကြမ်းပြင်အောက် မရောက်ဖို့ရာသီလ၊ သမာဓိ ဆိုတဲ့ ကိုယ်ခံအား ကောင်းအောင် တည်ဆောက်ပြီး ပဲ့နင်းနှင့်တူသောပညာဖြင့် ဘ၀ကို ထိန်းကျောင်း သွားရပါမည်။ အဲဒီလို တဖြည်းဖြည်းနဲ့ရင့်ကျက် လာသော ဘ၀ရဲ့ ကိုယ်ခံအားတွေနဲ့ ဘ၀လောကဓံ လှိုင်းတွေကိုအန်တုရင်းဦးတည်ချက်...

Sunday, May 20, 2007

သဘာဝတရားရဲ့ အောက်မှာ ထာဝရတရားဆိုတာမရှိနိုင်ခန္ဓာငါးပါး ရုပ်နာမ်ရထားသူ လောကသားအားလုံးသည် ပျိုရာမှအို၊ အိုရာမှနာ ၊နာရာမှ သေကြရမည်။ ဤသည်မှာ သဘာဝ နိယာမဖြစ်သည်။ ယင်းသဘာဝနိယာမကို မည်သည့် တန်ခိုးရှင် စွမ်းအားရှင်မှ မဖြစ်အောင် မတားဆီးနိုင် တနည်းဆိုရသော် ယင်းသဘာဝနိယာမကို ထာဝရတရားဖြစ်အောင် မည်သူမှ မဖန်တီးနိုင်။ ထို့ကြောင့် သဘာဝတရားရဲ့ အောက်မှာ ထာဝရ တရားဆိုတာ မရှိနိုင်ပေ။ ...

မီးတွင် ကိလေသာမီးသည် အပူဆုံး ဖြစ်သော်လည်း အရိပ်တွင် ဓမ္မာ့ အရိပ်သည် အအေးမြဆုံး ဖြစ်သည်။ - သစ်ပင်အရိပ် - ဆွေမျိုးရိပ်နှင့် - မိရိပ် ဖရိပ် - ဆရာရိပ်တို့ - မင်းရိပ်အေးစွာ - ဆင့်ဆင့်သာ၏ - ထိုမှထက်ပင် - မြတ်ရှင်ဘုရား - ဟောကြားမိန့်ဟ - ဓမ္မာ့ရိပ်သာ - အေးမြပါသည် - သူငါခိုဖို့ ကောင်းလှ၏။ ။ ...

Wednesday, May 16, 2007

လိုချင်မှု၊မတရားလိုချင်မှု၊အလိုမကျ၊ စိတ်ဆိုး၊ ဒေါသထွက်၊ အငြိုးမပြေ၊ တေးမှတ်ခြင်းစသောကိလေသာဆိုးတွေသည် ကိုယ့်သနာန်၌ ၀င်ရောက်နေသမျှမျှ ကာလပတ်လုံး စိတ် ဆင်းရဲမ၊မလွတ်လပ်မှု၊စိတ်ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်နေ ရဦးမှာပဲ။ ယထာ အဂါရံ သုစ္ဆန္နံ ၊၀ုဋ္ဌီ န သမတိဝိဇ္ဈတိ၊ ဧ၀ံ သုဘာဝိတံ စိတ္တံ ၊ ရာဂေါ န သမတိဝိဇ္ဈတိ၊ အမိုးကောင်းလျှင် အိမ်တွင် မိုးရေ မစိုစွတ်တော့သလို ဘာဝနာတရား မှန်မှန် ပွားများသောသူ၏ စိတ်သည် ကိလေသာတရားဆိုးများ ၀င်ရောက်မှု နည်းပါးပြီး လှောင် အိမ်အတွင်းက လွတ်လိုက်သောငှက်ပမာ လွတ်လပ်ပေါ့ ပါးပြီး ရွှင်လန်းချမ်းမြေ့သော စိတ်နဲ့နေရပါလိမ့်မယ်။ ...

တစ်နေ့ ၀မ်းစာရေးအတွက် ဆွမ်းခံကြွစဉ်ပြင်းထန်သောနေ အပူရှိန်ကြောင့်အပူဒါဏ်ခံစားရတဲ့အပြင် ကတ္တရာလမ်းပေါ်နင်း ရတာလည်း ဆီပူနင်းရသလိုပါပဲ။ ပူလိုက်သည့်ဖြစ်ခြင်း၊ ရဟန်းဆိုသည်မှာ ပင့်ဖိတ်သည့် ဒကာမရှိလျှင် ဆွမ်းခံကြွကြ ရတယ်လေ၊ အပူဒါဏ်ကို ကျိတ်မှိတ်ခံရင်း တွေးမိတယ်။ ငရဲမီး နှင့်နှိုင်းစာရင် နေပူဒါဏ်သည် ဘာမှမပြောပလောက်ဘူး။ ဒီလို တွေးလိုကတော့လည်း နေပူဒါဏ်ခံရတာ သက်သာသလို ရှိပါရဲ့ ဒါပေမဲ့လေ နေပူဒါဏ်ထက် ငရဲမီးကသာသလို ငရဲမီးထက် ကိုယ့်သနာန်၌ စွဲလောင်နေသော လောဘ၊ ဒေါသ ၊မောဟ စသော မီးတွေက ပိုပြီးပြင်းထန်တယ်၊ နေပူဒါဏ်ခံရသော်၎င်း၊ ငရဲမီးခံရသော်၎င်း၊ သေရင်တစ်ဘ၀ပါပဲကိလေသာမီးလောင်လို့ကတော့ ဘ၀ပေါင်းများစွာ မွေးသေကြရဦးမှာပါ။ ဒါကြောင့်လောကမှာ အပူဆုံးသောမီးမှာ ကိလေသာမီးမှ တစ်ပါး တစ်ခြားမရှိနိုင်ပေ၊ နေ့စဉ်နေ့စဉ် လောင်ကျွမ်းနေတဲ့ ကိလေသာ မီးတွေကို မကင်းနိုင်သေးတောင်မှ နည်းသထက် နည်းအောင် သတိဆောင်ပြီး နည်းမှန်လမ်းမှန်ဖြင့်...

Saturday, May 12, 2007

လူကို အချိန်က မစောင့်သလို အချိန်ကလည်း လူကို မျက်နှာမလိုက်ပါ။ အို နာ သေ ဆိုတဲ့ ဘ၀ရဲ့ ခါးသီးမှုတွေကို ရင်ဆိုင်ရင်း အချိန်တန် သွား ရပြန်တာပဲ၊ ညတစ်ည မိုးသည်းထန်စွာရွာပြီး နောက် မြေကြီးထဲမှ ပလူကောင်လေး များထွက်လာလိုက်တာ မရေတွက်နိုင်အောင်ပါပဲ၊ သူတို့လေးတွေဟာ ပိုးဖလံမျိုး မီးကိုတိုး ဆိုတဲ့အတိုင်း မီးကို ရွှေတောင်ကြီးထင်ပြီးတိုး တော့တာပဲ၊ ပလူကောင်လေးတွေ မီးအဟပ်ခံရပြီး သေပွဲဝင်ကြရ ပါတယ်။ မသေသေးတဲ့ ပလူကောင်လေးများဆိုရင် အတောင်ကျွတ် ပြီး ဒုက္ခတွေရောက်၊ နောက်ဆုံးသေရတာချည်းပါပဲ၊ ရွှေတောင်ထင်ပြီး မီးနားကို တိုးနေကြတဲ့ ပိုးကောင်လေးလိုပဲ လောကလူသားများဟာလည်း ကာမဂုဏ်ဆိုတဲ့ သေမင်းကို ရွှေတောင် ကြီးထင်ပြီး တိုးဝင်နေကြတာလေ၊ ဒိလိုတိုးဝင်ရင်းနဲ့ပဲ နောက်ဆုံးသေမင်း ထံ ၀ကွက်အပ်ရတော့တာပဲ၊ တို့တစ်တွေလည်း တစ်နေ့ ဒီလို အဖြစ်မျိုးရောက်လာရတော့မှာပါ လား။ ဘ၀မှာ အကျိုးရှိအောင် အနှစ်သာရရှိတဲ့...

Monday, May 7, 2007

မီးဥပမာ ကံတရားပါမီးလောင်ခြင်းသည် လောင်စာရှိ၍ လောင်ရသည် လေလည်းရှိရသည်၊ လောင်စာနှင့်လေ မပြတ်ရှိနေလျှင် မီးသည် မပြတ်လောင်နေမှာအမှန်ပဲ။ လောင်စာနှင့်လေမရှိလျှင် မီးတောက်လောင်တော့မည်မဟုတ်ပါ။လူသားများရဲ့ ကံကြမ္မာသည်လည်း ထိုအတူပါပဲကုသိုလ်ကံအရှိန်ကြောင့် လောကအလယ် အဆင်ပြေစွာနေရပေမဲ့လည်း လောင်စာနဲ့တူတဲ့ ကုသိုလ်လုပ်ငန်းများကို မလုပ်ကြဘူးဆိုလျှင် မကြာခင်မှာပဲ အဘက်ဘက်ကယိုယွင်းလာမှာဖြစ်သည်။ မီးလောင်အောင် အဆက်မပြတ်ထင်းထိုးပေးရသလို၊ ကုသိုလ်ကံအရှိန်မကုန်မှီ ကုသိုလ်တရားတွေကို မပြတ်ထောက်ပံ့ပေးနေဖို့လိုပါသည်။ဒီလို ကုသိုလ်တရားများအဆက်မပြတ်ရှိနေလျှင် စိးပွားရေးအိမ်ထောင်ရေး၊ ကျန်းမာရေးစသည် အဆင်ပြေနေမှာပါ။ဒါကြောင့်မြတ်ဗုဒ္ဓက- သတ္တ၀ါတိုင်း ကံပေးတဲ့အမွေကို ခံယူရသည်၊ ကံဟူသောအကြောင်းရှိသည်။ ကံဟူသော အမွေရှိသည်။ သေလျှင် ကိုယ့်နောက်ကိုပါမှာက ကိုယ်ပြုလုပ်ထားသော ကောင်းကံမကောင်းကံသာပါပြီး၊ သေလျှင်တစ်ခြားဘာမှ ယူမသွားနိုင်ပါဘူဲး့...

အာဇာနည်မြင်း လေးမျိုးမြင်းတို့သည် လေးမျိုးရှိ၏ ၄င်းတို့မှာ-၁။ ။နှင်တန်နှင့် ရွယ်ရုံမျှဖြင့် င့ါကိုသွားခိုင်းနေပြီဟု သိသော မြင်း ။၂။ ။ရွယ်ရုံနှင့်မရ သူ့ခန္ဓာကိုယ်ကို နှင်တန်နှင့် တို့လိုက်သောအခါမှသိသောမြင်း။၃။ ။ရွယ်ရုံနှင့်မရ တို့၍လည်းမခွာ ခပ်နာနာရိုက်ပုတ်မှ သိသောမြင်း။၎။ ။ရွယ်ရုံနှင့်မရ တို့၍လည်းမခွာ ခပ်နာနာရိုက်ပုတ်၍လည်းမထွက်အရိုးတိုင်အောင် အသားတိုင်အောင် ထိုးဆွလိုက်မှ သိသောမြင်း ဟူ၍ဖြစ်၏။ထိုမြင်းလေးမျိုးထဲက တစ်မျိုးမျိုးဖြစ်လျှင်တော့ မြင်းထိန်းသည်အတွက် အသုံးဝင်သေး၏ထိုမြင်လေးမျိုးထဲမပါလျှင် ဘာမှအသုံးမကျတဲ့အတွက် မြင်းထိန်းသည်ရဲ့ အသတ်ခံရတတ်ပါတယ်။မြင်းလေးမျိုး ဥပမာလိုပဲလောက လူများသည်လည်း လေးမျိုးရှိ၏ ။ ၄င်းတို့မှာ-၁။ ။ ဘယ်သူဟာဖြင့် အိပ်ရာထဲလဲပြီး နာနေပြီ ကုလို့မရတဲ့ ရောဂါမျိုး ၊ အဘယ်သူဟာဖြင့် သေသွားပြီ စတဲ့ နာရေးသတင်းများကို ကြားရသည့်အတွက်ကိုယ်လည်းမကြာခင်သေမဲ့ အရေးတွေးမိပြီး အဲဒီတရားအပေါ်မှာသတိသံဝေဂရကာ...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More