This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, April 28, 2007

နတ်ပြည် ဟာ တကယ်ရှိတယ်၊ အားလုံးလက်ခံနိုင်အောင်ကြိုးစားပြီးပြောပေးပါ့မယ်။တိုက်ရိုက်ပြောလို့တော့မရနိုင်ဘူး၊ဥပမာပေးပြောရအောင်- အမိဝမ်းက မွေးလာကတည်းကမျက်စိကန်းလာသော လူတစ်ယောက်သည် (ဒါက အိမ်၊ ဒါကကား)လို့ဘယ်လောက်ပဲပြောပြော သူမသိနိုင်ပါဘူး။ ထို့အတူမျက်စိကန်းနဲ့တူတဲ့ အ၀ိဇ္ဖာဆိုတဲ့ အမှောင်ထုကြီးက ပုထုဇဉ်လူသားများကို လွမ်းမိုးထားသည့်အတွက် နတ်ပြည်စသည်ကို မမြင်နိုင်ပါဘူး၊ ၀ိဇ္ဖာတည်းဟူသော အသိရှိသောသူသာလျှင်နတ်ပြည်စတာတွေကို မြင်နိုင်ကြတာပါ။နတ်ပြည်တို့ကို မြင်ဖို့ဆိုတာ မျက်စိကန်းနဲ့တူတဲ့ ပုထုဇဉ်တို့ရဲ့အရာမဟုတ်ပါဘူးဘုရား၊ ရဟန္တာများ၊ ဈန်အဘိဥာဏ်ရတဲ့ သူများရဲ့ အရာသာဖြစ်တယ်။ လို့ပြောလိုက်ပါရစေ ဂျစ်တူးလေးရေ...

Thursday, April 26, 2007

သဘာဝဟာ သဘာဝပါကမ္ဘာလောကကြီးအတွင်း သဘာဝတရားတွေဟာ တကယ်လည်းရှိတယ်။ဟိုအရင်ကလည်းရှိသလို၊ အခုလည်းရှိတယ်၊နောင်လည်းရှိနေဦးမှာပါပဲ။ဒီစကားအရ သဘာဝတရားသည်မြတ်ဗုဒ္ဓမပွင့်ပေါ်မှီကလည်းရှိနေတာပါပဲ။သဘာဝဆိုတာအမှန်တရားပါ ။ အမှန်တရားသည် တကယ်ရှိတဲ့ တရားပါ ၊ကလျာဏကာရီ ကလျာဏံ ၊ ပါပကာရီစ ၊ ပါပကံ။ကောင်းတာပြုလေ့ရှိသောသူသည် ကောင်းကျိုးရမည။် မကောင်းတာပြုလေ့ရှိသောသူသည် မကောင်းကျိုးရမည်။ဗုဒ္ဓဘာသာမြန်မာလူမျိုးမှသာ မဟုတ်ပါ၊ တစ်ခြား မူဆလင်၊ ဟိန္ဒူ ၊ခရစ်ယန် ၊ မည်သည့်လူမျိုးမဆို ကောင်းတာလုပ်ရင်ကောင်းကျိုးရမည် ၊ မကောင်းတာလုပ်ရင်မကောင်းကျိုးရမည်။ ကောင်းတာလုပ်လိုက်တာနှင့် ကောင်းကျိုးရတယ်ဆိုတာ ဘယ်ဖန်ဆင်းရှင်မှ ဖန်ဆင်းပေးလို့ မဟုတ်ပါဘူး။ကောင်းတာလုပ်လိုက်တာနဲ့ ကောင်းကျိုးက သူ့အလိုလိုရလာမှာဖြစ်တယ်။ မှန်ပါတယ်နော်။ဘာဖြစ်လို့လဲဆိုလျင် သဘာဝတရားမို့လို့ပါ။သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်နဲ့ တွေးလျင် ကြံလျင် ၊ကိုယ့်ရဲ့ qualityဟာလည်း အလိုလိုနဲ့ နိမ့်ကျလာရတာပါ။သူတစ်ပါးကို...

ဓမ္မဟာ ဓမ္မပဲဖြစ်သင့်သည်၊ အဓမ္မမဖြစ်သင့်အမှားကိုထောက်ပြနိုင်သောဆရာတော်များရှိနေလို့သာ အမှန်ရောက်အောင်ဆုံးဖြတ်နိုင်တာပါ၊ ဒါဟာဝမ်းသာရမှာပါ။ အမှားဆိုတာ ကြာလာရင် အမှန်ဖြစ်တတ်တယ်။ ဒီလိုဝိနိစ္ဆယမျိုး ပေါ်ပေါက်လာရတာသာသနာတော်မှာ သန့်သန့်လေးဖြစ်သွားတာ ကောင်းပါတယ်။ အမှန်ဟာအမှန်၊ အမှားကအမှားပေါ့ ။သတိရတုန်း ပြောချင်တယ်။ ဓမ္မဟာ ဓမ္မပဲ ဖြစ်သင့်တယ်။ အဓမ္မ မဖြစ်သင့်ပါဘူး။တစ်ဦးနဲ့တစ်ဦးတရားတော်များ ဆွေးနွေးတဲ့အခါ အသိဥာဏ်တိုးပြီးအကျိုးရှိလျှင်ကောင်းပါတယ်။ အကျိုးမရှိတဲ့တစ်ယောက်နဲ့တစ်ယေက်အနိုင်မခံအရှုံးမပေး ငြင်းခုံမှုမျိုးဖြစ်လျှင်အဓမ္မပဲ ဖြစ်ပါလိမ့်မည် ၊ ဓမ္မမဖြစ်နိုင်တော့ပါ။ ဂိုဏ်းဂဏစွဲ ဆရာစွဲပြီးကိုယ့်နည်းသာအမှန် ကိုယ့်ဆရာသာအမှန် လုပ်နေကြသော ပုဂ္ဂိုလ်များ သဏ္ဍန်မှာဓမ္မဆိုတာမရှိပါဘူး။ ဆေးနည်းချင်း၊ ဆရာချင်းပြိုင်နေကြတာဟာ အတော်ရှက်ဖို့ကောင်းလှပါတယ်။အခုဖြစ်နေကြတာက ဘာသာတူ အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေကြတာပါ။ငါ့နည်းကသာ...

Wednesday, April 18, 2007

ညီလင်းဆက် ဘလော့ခ်

ကျေးဇူးတင်ပါတယ် ကိုညီလင်းဆက် မိတ်ဆွေတစ်ယောက်ရဲ့ အပြောကြောင့် ကိုညီလင်းဆက် ဘလော့ခ်ထဲ ၀င်ဖတ်ဖြစ်တယ်။ကိုညီလင်းဆက်ရဲ့ ဘလော့ခ်ကျေးဇူးကြောင့် မပြည့်စုံ သေးတဲ့ ဘလော့ခ်အတွက် ပိုပြီးပြည့်စုံသွားတယ်။ ကျေးဇူးအထူးတင်ရှိ ပါတယ် ကိုညီလင်းဆက်ရေ၊ ဘလော့ခ် လုပ်ချင်သူများ ကိုညီလင်းဆက် ရဲ့ ဘလော့ခ်ကို ဖတ်ပြီး လုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ ...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More