This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, February 24, 2011

လောကကို လွှမ်းမိုးသော အမှန်တရားတစ်ခု (သို့မဟုတ်) ဒုက္ခသစ္စာ

လောကမှာ လူတွေ နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြတာ၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ နေ့စဉ် ပြေးလွှား နေကြတာဟာ “ချမ်းသာသုခ”ကိုရှာဖွေဘို့ အလုပ်များနေကြတာပါ။ ဘယ်လိုပဲ အပင်ပန်းခံပြီး သုခကိုရှာဖွေ သော်ငြားလည်း လူသားတွေနေ့စဉ်ရင်ဆိုင်ကြုံတွေ့နေကြရတာတော့ လောကရဲ့ အမှန်တရားဖြစ်တဲ့ ဒုက္ခသစ္စာ ပါပဲ။ ဒါဟာလည်း လုံးဝရှောင်လွှဲလို့မရတဲ့ “အမှန်တရားတစ်ခုပါ”။ တစ်ကယ်တော့ “ချမ်းသာဆိုတဲ့ သဘော ကိုက ဒုက္ခနဲ့ကင်းပြီး ရလာရိုးထုံးစံမရှိပါဘူး။ လောကီ အာရုံကာမဂုဏ်တရားတွေကို လူတွေက ချမ်းသာလို့ မှတ်ယူကြတာပါ၊ (မဂ်၊ ဖိုလ် မရသေးတဲ့သက်ရှိသတ္တ၀ါတိုင်းပေါ့)၊ ဒီချမ်းသာသုခတွေဟာ သောက်လေ သောက် လေငတ်မပြေ၊ နောက်ဆုံး သောက်နေရင်းနဲ့ပဲ ဒုက္ခရောက်ကြရတာပါပဲ။ ချမ်းသာနောက်ကို လိုက်နေသမျှတော့ ကိုယ့်အရိပ်ကို ဖမ်းမိဘို့ ကြိုးစားနေတဲ့ လူရူးတစ်ယောက်လို နောက်ဆုံးတော့ အမောစို့လဲကျရတဲ့နိဂုံးမှာ အဆုံးသတ်ကြရတာပါပဲ။

လောကမှာချမ်းသာကြီးပွါးနေတဲ့ လူတစ်ယောက်ကို လူသားတွေက အားကျတတ်ပါတယ်။ တစ်ကယ်တမ်းသူတို့ အားကျတယ်ဆိုတာ အဲဒိလူချမ်းသာရဲ့ စည်းဇိမ်ချမ်းသာကိုပဲ မြင်ပြီး အားကျတာပါ။ အဲဒိစည်းဇိမ်ချမ်းသာနောက် က ကြိးမားလွန်တဲ့ သောက၊ ဒုက္ခတွေရဲ့ ထုတည်ကို မြင်နိုင်ရင်တော့ အပြည့်အ၀ အားကျနိုင်မယ်မထင်ပါဘူး။ လောကမှာ ဆိုရိုးစကားတစ်ခွန်းရှိပါတယ်။ “သူဌေးကြီးရင် ကြွေးကြိးတယ်” တဲ့။ လောကမှာတစ်ဆယ်ပဲ ချမ်းသာ တဲ့သူဟာ သူတစ်ပါးဆီက အရင်းနှီးငွေချေးတဲ့အခါမှာ တစ်ဆယ်ထက်သူ ပိုမချေးပါဘူး။ တစ်ရာရှိတဲ့သူကတော့ နှစ်ရာချေးဘို့ ၀န်မလေးသလို သုံးရာဆိုလည်း ခပ်လွယ်လွယ်ပါပဲ။ ဒါက သူရဲ့လည်ပါတ်နိုင်စွမ်းကို သူယုံကြည် တာပါ။ ဒါပေမယ့် အဲဒိလို မလည်ပါတ်နိုင်လို့ သတင်းစာထဲမှာ သန်းကြွယ်သူဌေးတွေရဲ့ ကိုယ့်ကိုယ်ကို အသုံးစီ ရင်တဲ့ သတင်းတွေကို လစဉ်နဲ့အမျှ ဖတ်နေကြရတာပါ။ ငွေကြေးစည်းဇိမ်တွေဟာ ရှာဖွေရစဉ်မှာလည်း အလွန် ဆင်းရဲလှပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ဆိုတာတွေဟာ စီးပွါးရေးသမားတွေအတွက် နေ့စဉ်ပေါင်းသင်း နေရတဲ့ မရှိမကောင်း၊ ရှိမကောင်း အပေါင်းသင်းတွေပါပဲ။ စီးပွါးရေးလောကမှာ တစ်ယောက်နဲ့ တစ်ယောက် ခေါင်းပုံဖြတ်တာတို့။ မတရား အနိုင်ယူတာတို့ ဆိုတာတွေဟာ ကြာလာတော့လည်း “အမှားကြာ အမှန်ဖြစ်” ဆိုသလိုပဲ အကုသိုလ်လို့ကိုလို့ မထင်ကြတော့ပါဘူး။ သူတို့အမြဲလက်ကိုင်ထားကြတဲ့ စကားကတော့ “အူမ တောင့်မှ သီလစောင့်နိုင်မယ်”ဆိုတဲ့ စကားပါ။ အဲဒိလို အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုရင်တော့ ဘယ်တော့ မှ သီလစောင့်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ လူသားတို့ရဲ့အူမဟာ မသေမချင်း ဘယ်တော့မှ တောင့်မှာ မဟုတ်လို့ပါပဲ။

အဲဒိလို မနေမနားနဲ့ရှာဖွေထားတဲ့ ပစ္စည်း၊ဥစ္စာတွေကို မပျောက်မပျက်အောင် ထိမ်းသိမ်းရတဲ့နေရာမှာတော့ ရှာဖွေတုံးကထက်ကို ပိုပင်ပန်းပါတယ်။ တစ်ချို့ဆို စစ်တပ်နဲ့ အစောင့်ချရတဲ့ သူဌေးတွေတောင် ကမ္ဘာမှာ ကြား ဖူးပါတယ်။ အဲဒိ သူရဲ့ စိတ်အစဉ်ကို သူရဲ့ ပစ္စည်းဥစ္စာတွေက အမြဲပဲချည်နှောင်လို့ထားပါတယ်။ စားစား၊ သွား သွား၊ သူဟာ လွတ်လပ်မှုမရှိတော့ပါဘူး။ ဟော-အကြောင်းအမျိုးနဲ့ အဲဒိစည်းဇိမ်တွေ ပျောက်ပျက်ကုန်ဆုံး သွားတဲ့အခါမှာတော့ စည်းဇိမ်ရှင်ရဲ့ သောကဟာ အထွဋ်အထိပ်ကို ရောက်သွားတော့တာပါပဲ။ အဒီမှာ ကိုယ့် ကိုယ်ကို အဆုံးစီရင်တဲ့ ဇာတ်လမ်းတွေက ခေတ်စားလာတော့တာပါပဲ။ ခုလို ပြောတာဟာ ပစ္စည်းဥစ္စာ ရှာဖွေ စုဆောင်းခြင်း မပြုရဘူးလို့ မဆိုလိုပါဘူး။ ရှာဖွေတဲ့အခါမှ သတိလေးနဲ့ မသမာလောဘထားပြီး အန္တရယ်မကင်း တဲ့ရှာဖွေနည်းနဲ့ မရှာဖွေမိဘို့နဲ့။ ရလာတဲ့ပစ္စည်း ဥစ္စာပေါ်မှာ အလွန်အကျွံမတပ်မက်စေပဲ၊ အကယ်၍များ ကံမကောင်း၊ အကြောင်းမလှလို့ ပျောက်ပျက်သွားတဲ့အခါမှာလည်း “ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်” ဆိုတဲ့ လောက သဘာဝကို နှလုံးသွင်းလို့လောကမှာ ဆက်လက်ပြိးအေချမ်းစွာနေထိုင်နိုင်ဘို့အတွက် အလွန်ပဲအရေး ကြိးလှပါတယ်။

မြတ်စွာဘုရားက ဓမ္မစကြာဒေသနာတော်မှာ “ဒုက္ခစာရင်း”ကို ဟောကြားပေးထားတာရှိပါတယ်။ အဲဒိဆင်းရဲ ဒုက္ခတွေကတော့ (၁)အမိဝမ်းမှာ ကိန်းအောင်းရခြင်းဟာလည်း အလွန်ဆင်းရဲပါတယ်။ ဒါကတော့ လူတွေမမှတ် မိကြတော့ ဒီဆင်းရဲကို လူတွေက စာရင်းထဲမှာ မထည့်ကြပါဘူး။ ဒါပေမယ့် အကယ်၍များ မှတ်မိမယ်ဆိုရင် တော့ ကျဉ်းကျဉ်းကြပ်ကြပ်လေးထဲမှာ ဘယ်လောက်ပူလောင်ဆင်းရဲလိုက်မလဲဆိုတာ ခန့်မှန်းမိမှာပါ။ (၂) အိုရ ခြင်းဟာလည်း ဆင်းရဲပါတယ်တဲ့။ ဒါကတော့ အားလုံးမြင်သာတဲ့ ဆင်းရဲတစ်ခုပါ။ အိုလာပြီဆိုရင် ဘာမှမ တော့ပါဘူး။ ဒါက ထင်ရှားတဲ့ ဆင်းရဲမို့ အကျယ်ချဲ့စရာမလိုတော့ပါဘူး။ (၃) ကျန်းမာရေး မကောင်း ဖြစ်ရခြင်း ဟာလည်း ကြီးမားတဲ့ဆင်းရဲတစ်ခုပါ။ တစ်ချို့ဆို အသက်ရှင်နေပေမယ့် လူသေတစ်ယောက်လို အိပ်ယာထဲ တစ် ချိန်လုံးလှဲနေရတဲ့ နာကျင်နေရတဲ့ လူမျိုးတောင် လောကမှ ရေတွက်လို့ မကုန်နိုင်ပါဘူး။ ဘယ်လောက် ဆင်းရဲ မလဲဆိုတာ တွေးသာကြည့်ပေတော့။ နောက်(၄)ကတော့ လောကရဲ့ အထွဋ်အထိပ် ဆင်းရဲပါ။ ဘာလဲ ဆိုတော့ “သေခြင်း”။ လောကမှာ ဘယ်သူမှ မသေချင်ပါဘူး။ (စိတ်ဓါတ်ပုံမှန်ရှိမယ်ဆိုရင်ပေါ့လေ)။

လမ်းဘေးမှာတောင်းစားနေတဲ့ သူတောင်းစားတွေတောင် ဒီလောက်ဆင်းရဲတာ “သေချင်လား”လို့သွားမေးရင် သူက မသေချင်ဘူးလို့ပဲဖြေမှာပါ။ ဘာလို့လည်းဆိုတော့ “သေခြင်းဆင်းရဲ”ဟာ နေစရာမရှိ၊ စားစရာမရှိတဲ့ ဆင်းရဲထက်ပိုဆိုးလို့ပါ။ သတ္တ၀ါတွေမှာ ဘ၀ကိုတပ်မက်တတ်တဲ့ “ဘ၀နိကန္တိကတဏှာ”ဆိုတာရှိပါတယ်။ အဲဒိ တဏှာကြောင့်ပဲ စကားပြောတတ်မယ်ဆိုရင် လမ်းဘေးက ခွေးလေးတစ်ကောင်ကို သေချင်လားလို့သွားမေး ရင် သူလည်းသေချင်တယ်လို့ ပြောမှာမဟုတ်ပါဘူး။ နောက်ဆင်းရဲတစ်မျိုးကတော့ အသက်ရှင်ကြတဲ့ သူတွေ အတွက်တော့ အဆိုးဆုံးလို့ မှတ်ယူထားကြတဲ့ ဆင်းရဲပါ။ (၅) မချစ်တဲ့သူနဲ့ အတူနေရခြင်း (၆)ချစ်တဲ့သူနဲ့ ဝေးကွားရခြင်းဆိုတဲ့ ဆင်းရဲကို လူသားတွေအလွန်ပဲကြောက်ရွံ့လှပါတယ်။ ဘယ်လိုပင်ကြောက်ရွံ့သည်ဖြစ်စေ၊ ဒီဆင်းရဲကို မည်သူမျှ ကျော်လွန်နိုင်ခြင်းမရှိပါဘူး။ လူတွေဟာ ချစ်တဲ့သူနဲ့တွေ့တဲ့ အခါ ပျော်တယ်၊ စကားအတူ ပြောရရင်ပျော်တယ်။ ကိုယ်ချစ်တဲ့သူကို အမြဲပဲ မြင်နေတွေ့နေချင်တယ်။ တစ်ခါတစ်ရံသတိ လက်လွှတ်ချစ်မိပြီ ဆိုရင်တော့ ၀မ်းနည်းစရာတွေဖြစ်လာတော့တာပါပဲ။ ချစ်ရင်လည်းသတိလေးနဲ့ ချစ်တတ်ဘို့ အရေးကြိးပါတယ်။ ဘယ်လို သတိလေးလည်း ဆိုတော့ လောကဆိုတာ အမြဲတမ်းပြောင်းလည်းနေတယ်ဆိုတဲ့ သတိလေးတစ်ခုရှိ ရင်ကိုပဲ ချစ်ရတာသက်သာပါတယ်။ ကိုယ်ချစ်တဲ့သူဟာလည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် ပြောင်းလဲ တတ်တယ် ဆိုတာမမေ့ပါနဲ့။ သူကကိုယ့်ကို ချစ်တဲ့စိတ်၊ ကိုယ်က သူ့ကိုချစ်တဲ့ စိတ်တွေကရော မြဲပါတယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ (လူ့စိတ်ဟာ မျောက်စိတ်လိုပဲ လို့ အဆိုရှိတယ်မို့လား) ။

အကယ်၍များရှေ့ရေစက်တွေ ခိုင်မြဲလွန်းလို့ ချစ်ခြင်းတရားတွေ တည်တံ့တယ်ရှိစေဦး၊ လောကမှာဘယ်သူ့ကိုမှ မျက်နှာမလိုက်တတ်တဲ့ “သင်္ခါရ”တရားက တစ်ချိန်ချိန်မှာ အဲဒိချစ်ခြင်းတရားကို ခွဲပစ်မှာသေချာပါတယ်။ မုန်းတဲ့ သူကိုနေ့စဉ်မြင်နေရတဲ့ ဆင်းရဲကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး။ နောက်အရေးကြိးတဲ့ ဆင်းရဲက တော့ (၇)လိုချင်တာ မရတာ ဆင်းရဲတစ်ခုပါ။ ကိုယ်က ပစ္စည်းတစ်ခုကို လိုချင်နေပြီဆိုရင် အဲဒိတပ်မက်မှုက တော်တော်လေးကို နှိပ်စက်ပါတယ်။ မရမခြင်း စားလည်းဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ အဲဒီအရာကို မရမခြင်း နေရ ထိုင်ရတာတော်တော်ကို အဆင်မပြေပါဘူး။ သက်မဲ့ အရာဝတ္ထုပေါ်မှာစွဲလမ်းမှ ဆင်းရဲတာမဟုတ်ပါဘူး။ သက်ရှိ သတ္တ၀ါတွေအပေါ်စွဲလမ်းရင်လည်း ဆင်းရဲတာပါပဲ။ တစ်ခါတစ်လေ အဲဒိဆင်းရဲက ပိုဆိုးတတ်ပါတယ်။ နောက်ဆုံး ဆင်းရဲကို စာရင်းချုပ်လိုက်တဲ့အခါ (၈) ဒီလက်ရှိပိုင်ဆိုင်ထားတဲ့ ခန္ဓာငါးပါးကို ပိုင်ဆိုင်ထားတာကိုက ဆင်းရဲတုံးကြီးကို ပိုင်ဆိုင်ထားတာပါလို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ မြတ်ဗုဒ္ဓက လောကရဲ့ ချမ်းသာ တွေကိုလည်း မျက်ကွယ်မပြုပါဘူး။ လောကကို ဗုဒ္ဓက အခြေနေပေါ်မူတည်ပြိး အဆင့်သုံးဆင့် သတ်မှတ်တော်မူ ပါတယ်။ (၁) အဿာဒ၊ သာယာမှုလို့ အဓိပ္ပါယ်ရပါတယ်။ ချမ်းသာခြင်းရဲ့ အဓိပ္ပါယ်တူ ဝေါဟာရတစ်ခုပါ။ ကိုယ် လိုချင်တာရရင် ချမ်းသာတယ်၊ ချစ်တဲ့သူနဲ့တွေ့ရရင် ချမ်းသာတယ်၊ ရုပ်ရည်အဆင်းလှပရင် ချမ်းသာတယ် စ သည်အားဖြင့် လူသားတို့ ယုံကြည်နေကြတဲ့ ချမ်းသာကို မြတ်ဗုဒ္ဓက မျက်ကွယ်ပြုတော်မမူပါဘူး။ ဒါတွေဟာ လည်း တစ်ကယ်ရနေတဲ့အချိန်မှာ ချမ်းသာတွေပါပဲလို့ မိန့်ကြားတော်မူပါတယ်။ နံပါတ်(၂) အာဒီန၀၊ ဒါကတော့ စောစောက ချမ်းသာတွေရဲ့ အပြစ်တွေပါ။ အဲဒိချမ်းသာတွေဟာ ဘယ်အရာမှ မမြဲခြင်းသဘောရှိပါတယ်။ ချစ်သူ နဲ့တွေ့ဆုံရခြင်းရဲ့ အဆုံးဟာ လမ်းခွဲရခြင်းပါ။ ရုပ်ရည်လေးတွေ လှပနေခြင်းရဲ့ အဆုံးသတ်ဟာ မလှမပအိုခြင်း မှာ အဆုံးသတ်ရပါတယ်။ နံပါတ်သုံးကတော့ တစ်ကယ့်ချမ်းသာစစ်ကို ညွှန်ကြားတော်မူထားတာပါ၊ (၃) အာဒီန ၀၊ လွန်မြောက်ခြင်း၊ သို့မဟုတ် ထွက်မြောက်ခြင်း အဲဒိစွဲလမ်းတပ်မက်မှုတွေကို လွန်မြောက်နိုင်မှ သို့မဟုတ် အဲဒိ စွဲလမ်းတပ်မက်မှုတို့မှ ထွက်မြောက်နိုင်မှ တစ်ကယ့်ချမ်းသာစစ်ကို ရနိုင်မှာပါ။ အဲဒိချမ်းသာစစ်ကတော့ ဆင်းရဲ ခြင်းအားလုံးရဲ့ အဆုံးသတ်ရာ “နိဗ္ဗာန်”ပါပဲလို့ ညွှန်ပြုရင်း “လောကကို လွှမ်းမိုးသော အမှန်တရားတစ်ခု” ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

“အားလုံးပဲ ဗုဒ္ဓတရားတော်နဲ့ ဘ၀ရဲ့ ငြိမ်းချမ်းရာကို ရှာဖွေနိုင်ကြပါစေ”
အရှင်တေဇာနန္ဒ(စေတနာပန်းခင်း၊ နိဗ္ဗာန်ဆော်အသင်း)

ကိုးကား
၁။ ။ဓမ္မစကြာ ပါဠိတော်
၂။ ။ဓမ္မစာပေမျိုးစုံနှင့် လောကအတွေ့အကြုံ။

Tuesday, February 22, 2011

“အဓိပ္ပါယ်ရှိသော တနင်္ဂနွေများ”

“ကုသိုလ်၊ ဥစ္စာ ကျန်းခန့်သာ၍၊ ပညာ တန်ခိုး၊ တစ်မျိုးမှ
အကျိုးမထွက် ထိုနေ့တွက်၊ သက်သက်ဝမ်းနည်းဘွယ်”

တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားရဲ့ သြ၀ါဒလေးပါ။ ဒီလင်္ကာလေးကို ရင်ထဲမှာ နှလုံးသွင်းမိတိုင်း တစ်ခါ တစ်ရံ ကြည်နူးဝမ်းသာရလို၊ တစ်ခါတစ်ရံကျတော့လည်း၊ ကိုယ့်ကိုယ်ကို အားမရသလို၊ ၀မ်းနည်းသလို ခံစားချက်တွေ ဖြစ်နေပြန်တယ်။ ၀မ်းသာတာကတော့ “အော် ဘ၀ရဲ့ တန်ဘိုးဆိုတာတွေက၊ ဒါတွေပါလား” လို့ ဒီလင်္ကာလေး ရဲ့ ကျေးဇူးကြောင့် သိရတဲ့အတွက် အတိုင်းမသိဝမ်းသာမှုတွေဖြစ်မိတာပါ။ တစ်ခါတစ်ရံကျတော့ လည်း “ငါ့ဘ၀ မှာ ၀မ်းနည်းစရာတွေများနေသေးပါလားလို့ ဆင်ခြင်မိတိုင်း ကိုယ့်အတွက်ရော အများအတွက်ပါ၊ အားမရသလို၊ ၀မ်းနည်းသလို ခံစားမိပြန်ပါတယ်။ ကိုယ့်အတွက်ဆိုတာကတော့ ရှင်းပါတယ်။ ၇-နှစ်သားက စလို့ သာသနာ့ဘောင်ကို “သံသာရ ၀ဋ္ဋဒုက္ခတော...”ဆိုပြိး ၀င်ကိုရောက်ခဲ့ပေမယ့်၊ တစ်ကယ်တမ်း ရိုးရိုးသားသား ၀န်ခံရရင် အဲဒိ စကားကို ဆရာဘုန်းကြိးက ချပေးလို့ ဆိုခဲ့၊ရွတ်ခဲ့ရပေမယ့် စာသင်တိုက်မရောက်ခင် အချိန်ထိ သံသရာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကိုတောင် မသိခဲ့ပါဘူး။ သိတဲ့အချိန်မှာလည်း “ရဟန်းဆိုတာ-သံသရာဘေးကို ကြောက်တတ်သောကြောင့် ရဟန်း”လို့မှတ်သားခဲ့ရပေမယ့် ဒီလိုပဲ အမှုမဲ့နေလာခဲ့တာ နှစ်ပေါင်းမနည်းပါဘူး။

ဆရာတော်ကြီးရဲ့ ဒီဆုံးမစာလေးကိုနှလုံးသွင်းမိတိုင်း ၀မ်းနည်းရတယ်ဆိုတာ “ဘ၀ကို ဖြုန်းခဲ့တဲ့” အဲဒိအချိန် တွေအတွက် နှမြောမိတဲ့အတွက် ကိုယ့်ကိုယ်ကို အားမရသလို၊ ၀မ်းနည်းသလိုလည်းဖြစ်ရတာပါ။ ဘာပဲဖြစ်ဖြစ် ရဟန်းတစ်ပါးအနေနဲ့ ကိုယ်ရင်ငယ်ဘ၀က စလို့ အဓိပ္ပါယ်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မူလတန်း၊ အငယ် တန်း၊ အလတ်တန်း၊ အကြိးတန်းများ အဆင့်ဆင့်အောင်မြင်၍ ဓမ္မာစရိတန်းအထိ ရွတ်ဖတ်ပွါးများခဲ့တဲ့ တရားတော်တွေက ၀ိပဿနာပညာကို ကြိးကြိးကျယ်ကျယ် အကျိုးမပြုသည်တိုင်အောင် ကုသိုလ်တွေကတော့ နေ့တိုင်း ဖြစ်နေမှာပါ။ ဒါပေမယ့် သာသနာ့အကျိုး၊ အများအကျိုးစတဲ့ လုပ်ငန်းတွေကို အစွမ်းရှိသလောက် မလုပ် ဖြစ်ခဲ့တဲ့၊ အမှုမဲ့နေခဲ့မိတဲ့ ထိုများပြားလှစွာသော နှစ်တွေအတွက်တော့ နှမြောတသဖြစ်နေရဆဲပါ။ သို့သော် လည်း ဘ၀ရဲ့ တန်ဘိုးကို စသိတဲ့ လွန်ခဲ့တဲ့လေးနှစ်တာ ကာလကစလို့ (အသက်-၂၄နှစ်ခန့်) တတ်နိုင်သ လောက် အများအကျိုးပြုလုပ်ငန်း၊ သာသနာပြုလုပ်ငန်းတွေကို စတင်ပြီးတော့ ကြိုးစားလုပ်ကိုင်လာတဲ့ အချိန် မှာတော့ “ဒါမှသာ ဘ၀ရဲ့ တန်ဘိုးအစစ်အမှန်”ဆိုတာကို သိလာခဲ့ပါတယ်။ အဲဒိနှစ်တွေကစလို့ ယခု အသက်- ၂၈နှစ်တိုင်အောင်ကာလတွေကို ပြန်ကြည့်မယ်ဆိုရင် ၀မ်းသာစရာအချိန်လေးတွေများလာခဲ့ပြီလို့ ဆိုနိုင်ပေမယ့်၊ နေ့ရက်အနေနဲ့ တွက်မယ်ဆိုရင်တော့ ၀မ်းနည်းစရာနေ့ရက်တွေက အလေးသာနေဦးမှာပါ။

အဲဒိတော့“အော်-ကိုယ်လို စား၊ ၀တ်၊ နေရေး ဘာမှ မပူရတဲ့ သာသနာ့ဝန်ထမ်းတစ်ယောက်ရဲ့ ဘ၀မှာတောင် ရိုးရိုးသားသား ၀န်ခံကြစတမ်းဆိုရင် ၀မ်းနည်းစရာနေ့တွေများနေသေးရင်၊ စား၊ ၀တ်၊ နေရေးအတွက် နေ့စဉ် နှင့်အမျှ ကြိုးစားရုံးကန်နေရတဲ့ လူသားတွေအဘို့ ၀မ်းနည်းစရာကောင်းတဲ့ နေ့တွေ ဘယ်လောက်များ နေလိုက် မလဲ” ဆိုတာတွေးမိတော့ သူတို့အတွက်ပါရောပြိး ရင်ထဲမှာစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ဘ၀နဲ့ အလုပ်ဆိုတာ ပြည့်စုံတယ်ရယ်လို့တော့ မရှိပါဘူး။ ဒီလိုပဲ အားငယ်မနေပဲ၊ အသိတရားရှိတဲ့ အချိန်မှာ ကြိုး စားသွားဘို့သာ အရေးကြိးတာပါ။ ခုစာရေးနေတဲ့ စာရေးသူတောင် အသိတရားရလာတော့မှပဲ တတ်နိုင်သ လောက် သင်တန်းတွေဖွင့်၊ တရားပေစာတွေဟော၊ စာကြည့်တိုက်လေးတွေ တတ်သလောက်မှတ်သလောက် တည်ထောင်ရင်းနဲ့ပဲ ကိုယ့်ဘ၀ကိုငှဲ့ဆောင်းကြည့်လိုက်တဲ့အခါမှာ ကြည်နူးစရာနေ့ရက်လေးတွေများလာပြီဆို တာတွေးမိပြိးအားတက်ခဲ့ရပါတယ်။

တွေးကြည့်မယ်ဆိုရင် လူသားတို့အတွက် အသက်ရှင်နေသမျှကာလပတ်လုံး တနင်္ဂနွေအစ၊ စနေအဆုံး နေ့ရက်ပေါင်း ၇-ရက်ကိုတော့ အားလုံးပိုင်ဆိုင်နေကြတာပါ။ အဲဒိပိုင်ဆိုင်တဲ့နေရက်တွေကို ကိုယ်ဘယ်လို အသုံးချနေသလဲဆိုတာကို အမြဲပဲဆင်ခြင်သင့်ပါတယ်။ လူသားတစ်ယောက်အတွက် ဘ၀မှာရပ်တည်နိုင်ဘို့ အတွက် ၇-ရက်ထဲက ခြောက်ရက်ကို နူတ်လိုက်မယ်ဆိုရင်တောင် အနည်းဆုံး ကိုယ်ပိုင်အချိန်ဆိုတာ “တနင်္ဂနွေ တစ်ရက်တော့ ကိုယ့်အတွက်ရမှာသေချာပါတယ်။ အဲဒိတစ်ရက်ကို ကိုယ်ဘယ်လို အသုံးချမလဲ၊ အများစုက တော့ အဲဒိရက်ကို မေ့မေ့လျော့လျော့၊အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်တတ်ကြပါတယ်။ အဲဒါဆိုရင်တော့ တစ်ဘ၀လုံးအတွက် ၀မ်းနည်းစရာကောင်းတဲ့ နေ့ရက်တွေက ရေတွက်လို့ကို ဆုံးနိုင်မှာ မဟုတ်တော့ပါဘူး။ ယူတတ်ရင် လောကမှာ အကောင်းတွေဆိုတာ နေရာတိုင်းမှာ ရှိနေသလို၊ အဆိုးတွေကလည်း ကိုယ့်ရဲ့ အကျင့် စာရိုက်အပေါ်မူတည်ပြီးတော့ နေရာတိုင်းက စောင့်ကြိုနေမှာပါ။

စာရေးသူရဲ့ လတ်တလော ဘ၀ကို ဆန်းစစ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၇-လလောက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ယောင်လည်လည်နဲ့ရောက်ခဲ့ရပါတယ်။ မာစတာတန်းဆက်တက်ဘို့ ရည်ရွယ်ချက်က ခိုင်ခိုင် မာမာရှိပြိးသားပေမယ့်၊ ကျောင်းတက်ဘို့ ဝေးနေတာက တစ်ကြောင်း၊ ရောက်စဆိုတော့ နေရာထိုင်ခင်း အခက် အခဲကတစ်မျိုး၊ ဒီကြားထဲ အမေကို သတိယရတာက တစ်သွယ်နဲ့၊ရောက်စ ကာလတွေမှာတော်တော်ကို ယောင်ဝါးဝါးနိုင်ခဲ့ပါတယ်။ စာလေးမတောက်တစ်ခေါက် ဖတ်လိုက်၊ ဆွမ်းစားလေးဘာလေးကြွလိုက်နဲ့ပဲ၊ အချိန် ကုန်လာတော့ ဘ၀ကို နှမြောမိသလိုဖြစ်လာပါတယ်။ “အော်-ငါ့ဘ၀ ၀မ်းနည်းစရာနေ့တွေက မကုန်သေးပါလား ”လို့လည်း ဆင်ခြင်မိပါတယ်။ အဲဒိအချိန်မှာပဲ၊ မြန်မာပြည်မှာ ကြိုးကြိုးစားစားလုပ်ခဲ့မိတဲ့ ကောင်းမှုတွေက အကျိုး ပေးတယ်ပဲဆိုရမလားမသိ၊ ကိုယ်အလွန်ဝါသနာပါတဲ့ အလုပ်တစ်ခုကို ဆောင်ရွက်နိုင်ဘို့ ကံကြမ္မာက မျက်နှာ သာ ပေးခဲ့ပါတယ်။ အဲဒိအလုပ်ကတော့ ခုရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ “ဗုဒ္ဓဓမ္မ” သင်တန်းလေး ဖွင့်လှစ်နိုင်ဘို့ ဒကာလေး ကိုလင်းနိုင်က လျှောက်ထားလာခဲ့တာပါပဲ။ အတိုင်းမသိဝမ်းသာသလို၊ စီစဉ်ပေးသူ ဒကာလေး ကိုလင်းနိုင်ကိုလည်း အတိုင်းမသိ ကျေးဇူးလည်းတင်မိပါတယ်။ ငါပိုင်ဆိုင်တဲ့နေ့ရက်တွေ အဓိပ္ပါယ်မမဲ့တော့ ဘူးပေါ့၊ ဆိုပြီးတစ်ကယ်ကို နှစ်သက်အားရမိပါတယ်။

သင်တန်းဖွင့်ရက်တွေကတော့ အပါတ်စဉ်တနင်္ဂနွေနေ့တိုင်းဆိုပေမယ့် စာရေးသူအတွက်တော့ နေ့ရက်တိုင်း ဟာ အဓိပ္ပါယ်တွေပြည့်ဝလို့နေပါတယ်။ ဆရာတစ်ပါးပြောဖူးသလိုပါပဲ“ အရှင်ဘုရားတို့ကို စာတစ်နာရီ သင်ဘို့ တပည့်တော်က လေးနာရီလောက်စာကြည့်၇တယ်”ဆိုသလိုပဲ။ တစ်ပတ်ကို သင်တန်းတစ်ရက်ပြနိုင်ဘို့ စာရေး သူအနေနဲ့ နေ့စဉ်နေ့တိုင်း ပီပီပြင်ပြင် သင်ကြားနိုင်ဘို့၊ မေးလာတဲ့ မေးခွန်းလေးတွေ ဖြေကြားနိုင်ဘို့၊ စာတွေ ဖတ်လိုက်၊ စာတွေရေးလိုက်၊ တရားတွေနာလိုက်နဲ့ပဲ အဓိပ္ပါယ်ရှိတဲ့နေ့ရက်တွေကို ဖြတ်သန်းနေထိုင်လာ ဖြစ်ခဲ့ပါ တော့တယ်။ နှစ်ပါတ်လောက်သင်ပြိးတဲ့ အချိန်မှာတော့ သင်တန်းသား၊ သင်တန်းသူ အားလုံးဟာ အသက် နှစ်ဆယ်ကျော် ၀န်းကျင်တွေဆိုပေမယ့် ဗုဒ္ဓစာတွေသင်ကြားရခြင်းရဲ့ ကျေးဇူးကြောင့် သင်တန်းဆရာရဲ့ မြန်မာ နိုင်ငံက ကလေးတွေလိုပဲ တစ်သားထည်းဖြစ်သွားတာတော့ အတိုင်းမသိဝမ်းသာကြည်နှုးစရာပါ။ ဘာပဲဖြစ်ဖြစ် သင်တန်းသား၊ သင်တန်းသူတွေ အတွက်လည်း အပါတ်စဉ်တနင်္ဂနွေတိုင်းဟာ “အဓိပ္ပါယ်ရှိသော တနင်္ဂနွေများ” ဆိုတာ သူတို့ကိုယ်တိုင် လက်ခံလို့နေကြပါတော့တယ်။ ကဲ-စာဖတ်သူလည်း ကိုယ်ပိုင်ဆိုင်တဲ့ တနင်္ဂနွေ တွေကို ဘယ်လိုအသုံးချမလဲဆိုတာ၊ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်တယ်ဆိုတာတော့ မမေ့နဲ့နော်။ (ဗုဒ္ဓဓမ္မ သင်တန်းကို အားကြိုးမာန်တက်၊ တက်ရောက်ကြတဲ့ ကျောင်းသားကျောင်းသား ၊ ကျောင်းသူများ အားလည်း ကျေး ဇူးတင်လျှက်ပါ။)

“သူရဲကောင်း”
“လောကအကျိုး၊ အများအကျိုးအတွက် သင့်ရဲ့ ကံသုံးပါးလုံး(ကိုယ်၊ နူတ်၊ စိတ်)ကို အစွမ်းကုန်မြုပ်နှံပြီးသွားတဲ့ အခါမှာ သင်ဟာ သေမင်းကိုတောင် မကြောက်မရွံ့စိန်ခေါ်ဝံ့တဲ့ အရဲရင့်ဆုံး သူရဲကောင်းတစ်ယောက်ဆိုတာ တာ သင်ကိုယ်တိုင် သိလာပါလိမ့်မယ်”

“အားလုံးပဲ ဗုဒ္ဓတရားတော်နဲ့ ဘ၀ရဲ့ ငြိမ်းချမ်းရာကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ”

အရှင်တေဇာနန္ဒ(စေတနာပန်းခင်း၊ နိဗ္ဗာန်ဆော်အသင်း)

Monday, February 21, 2011

mp3 test

-------------------------------------------
flv test

Sunday, February 20, 2011

ရှောင်လွှဲ၍ မရသော အမှန်တရားများ (သို့) လက္ခဏာ (၃)ပါး။

ဒီနေ့တော့ ကိုထွန်းအောင် ရဲ့ မေးခွန်း သုံးခုအနက် နံပါတ်(၂)မေးခွန်းဖြစ်တဲ့ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ရဲ့ အဓိပ္ပါယ်ကို တပည့်တော်နားလည်အောင် ရှင်းပြပါ”ဆိုတဲ့ မေးခွန်းကို ဆွေးနွေးပေးပါ့မယ်။ ဒီသုံးပါးကို ခေါင်းစဉ် အနေအားဖြင့် “လက္ခဏာယဉ်” သုံးပါးလို့ခေါ်ပါတယ်။ လက္ခဏာဆိုတာကတော့ “သဘာဝတရား၊ အမှန်တရား၊ မဖောက်မပြန် မှန်ကန်သောသဘာဝ” လို့အဓိပ္ပါယ်ရပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ အနိစ္စ၊ မမြဲခြင်း၊ ဒုက္ခ၊ ဆင်းရဲခြင်း။ အနတ္တ၊ အစိုးမရခြင်း ဆိုတဲ့ အကြမ်းမျဉ်းအဓိပ္ပါယ်ကိုတော့ အားလုံးသိနေကြပါတယ်။ ဒါပေမယ့် ဘယ်လို မမြဲတာလဲ၊ ဆင်းရဲခြင်းက ဘယ်လိုလဲ၊ အစိုးမရဆိုတာ ဘာကိုပြောတာလဲ ဆိုရင်တော့ အဖြေရ တော်တော်ကြပ်ပါလိမ့် မယ်။

(၁) အနိစ္စ၊ မမြဲခြင်းနဲ့ ပါတ်သက်ပြီး ဗုဒ္ဓမြတ်စွာ ဓမ္မပဒပါဠိတော်မှာ ဟောကြားတော်မူတာက “သဗ္ဗေသင်္ခါရာ အနိစ္စာ” အလုံးစုံသော သင်္ခါရတရားတို့သည် မမြဲခြင်း သဘောရှိကုန်၏” ဟု ဟောတော်မူပါတယ်။ ဒီနေရာမှာ သင်္ခါရ ဆိုတဲ့စကားကို နည်းနည်းရှင်းပြဘို့လိုပါတယ်။ သင်္ခါရဆိုတာ ပြုပြင်ဖန်တီးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပြုပြင်ဖန်တီးတယ်ဆိုရာမှာ လူကပဲ ဖန်တီးသည်ဖြစ်စေ။ သဘာဝတရားက ပဲဖန်တီးသည်ဖြစ်စေ ဖန်တီးမှု မှန်သမျှကို သင်္ခါရလို့ပဲ ခေါ်ဆိုရပါတယ်။ အဲဒိတော့ လူက ဖန်တီးတဲ့ “အိမ်၊ကျောင်း ၊ ဇရပ်၊ အ၀တ်အထည်၊ ရေတွင်း၊ ရေကန်” စတဲ့ အရာတွေဟာလည်း င်္သါရသဘောထဲမှာ အကြုံးဝင်သလို။ သဘာဝတရားက ဖန်တီးတဲ့ “လူ၊ တိရစ္ဆာန်၊ သစ်ပင်၊ ပန်းမန်၊ ရေ၊ မြေ၊ တော၊ တောင်” စတဲ့ အရာတွေဟာလည်း သင်္ခါရသဘောတရားမှာပဲ အကြုံးဝင်ပါတယ်။ ဆိုလိုတာက လူကပဲ ဖန်တီးသည်ဖြစ်စေ သဘာဝတရားကပဲ ဖန်တီးသည်ဖြစ်စေ၊ အားလုံး ဟာ သင်္ခါရ၊ ဘယ်အရာမှ မမြဲဘူးဆိုတဲ့သဘောပါ။ ပထမဆုံးအနေဖြင့် သဘာဝတရားက ဖန်တီးထားတဲ့ (ဖန်တီးတယ် ဆိုတာ ပညတ် အနေအားဖြင့်သာ သုံးစွဲခြင်းဖြစ်ပါတယ်။) လူဆိုတဲ့ သင်္ခါရ သဘောတရား တစ်ခုကို စဉ်းစား ကြည့်ရအောင်။ လူဆိုတာ မွေးဖွါးသည်မှစ၍ မသေဆုံးမှီအတိုင်းအတာ အချိန်အတောအတွင်း က အသိညဏ်ရှိတဲ့ သတ္တ၀ါ တစ်မျိုးကို လူလို့ခေါ်တာပါ။ အသိညဏ်မရှိတဲ့ သတ္တ၀ါမျိုးကျတော့ တိရစ္ဆာန်လို့ ခေါ်ပါတယ်။ အခေါ်အဝေါ်သာ ကွဲပေမယ့် သင်္ခါရသဘောတရားကတော့ အတူတူပါပဲ။ လူဆိုတာ မွေးဖွါးတဲ့ အချိန် ကနေစပြိး စိတ်တွေရော၊ ရုပ်တွေ ရော ဘယ်အရာမှ တည်မြဲမှုမရှိပဲ အမြဲတမ်းပြောင်းလဲလို့နေပါတယ်။ စိတ်ရဲ့ ပြောင်းလဲမှုက အလွန်မြန်လွန်း တော့ သာမာန်လူသားတွေရဲ့ ညဏ်မျက်လုံးနဲ့မြင်နိုင်ဘို့ရာ မဖြစ်နိုင် ပါဘူး။

သို့သော်လည်း တစ်စုံတစ်ယောက်အပေါ်မှာ စိတ်ဆိုးနေတုန်း သူက ကိုယ့်ကို ချစ်ခင်နှစ်သက်ဖွယ် စကားလေးတွေ၊ ချစ်ခင်နှစ်သက်ဖွယ် အပြုအမူလေးတွေကို ပြုလုပ်ဆောင်ရွက်လိုက်တဲ့ အခါမှာ ချက်ခြင်းပဲ စောစောက ဆိုးနေတဲ့၊ သူ့အပေါ်မကောင်းမြင်နေတဲ့ စိတ်ကလေးတွေ ချက်ခြင်းပဲ ကောင်းတဲ့ဘက်ကို ကူး ပြောင်းသွားတတ်ပါတယ်။ ထိုကဲ့သို့သော အပေါ်ယံပြောင်းလဲမှု၊ မတည်မြဲမှုမျိုးကိုတော့ ပုထုဇဉ်တွေရဲ့ ညဏ်နဲ့၊ မျက်လုံးနဲ့ မြင်နိုင်ကြပါတယ်။ ထို့အတူပါပဲ၊ ခုပဲ-လှူမယ်လို့ စိတ်ကောင်း သဒ္ဓါတရားလေး ဖြစ်ပေါ်နေတုံး တစ်စုံ တစ်ယောက်က ဖျက်လို့ဖြစ်စေ၊ ကိုယ်ကိုယ်တိုင်က အကြောင်းအမျိုးကြောင့် ဖြစ်စေ၊ လှူချင်တဲ့စိလေးတွေ ပြောင်းလဲသွားတာမျိုး စတဲ့ စိတ်ရဲ့ မတည်မြဲမှုများစွာကိုလည်း အားလုံးပဲ မြင်နိုင်၊တွေ့နိုင်ကြပါတယ်။ ဒါက စိတ်ရဲ့ အပေါ်ယံ မတည်မြဲမှုကို ဆွေးနွေးပြတာပါ။ ဒီထက်နက်နဲတဲ့ စိတ်ရဲ့မတည်မြဲမှုတွေကိုတော့ “အဘိဓမ္မာ အဆင့် ရောက်တဲ့အခါ” သင်ကြားရပါလိမ့်မယ်။ စိတ်ရဲ့ မတည်မြဲမှုကို နည်းနည်းသဘောပေါက်ပြီဆိုရင် ရုပ်တွေ ရဲ့ မတည်မြဲမှု ပြောင်းလဲမှုတွေကို ဆက်ပြိးဆွေးနွေးကြည့်ရအောင်။ ရုပ်တွေရဲ့ အမြဲတမ်း တည်မြဲမှုမရှိပဲ ပြောင်း လဲ ဖြစ်ပျက်နေတာဟာ “အနိစ္စ”သဘောပါ။ လူရဲ့ ရုပ်သဘောကို ကြည့်လိုက်မယ်ဆိုရင် မွေးစကရုပ်နဲ့ ဆယ်နှစ် ၊ ဆယ့်တစ်နှစ်အရွယ်ကရုပ်ဟာ “လုံးဝ”တူညီမှုမရှိတော့ပါဘူး။ မွေးစက ပုံလေးကို ဓါတ်ပုံရိုက်ထား ပြီးတော့ ဆယ်နှစ်ဆယ့်တစ်နှစ်လောက်ကြာတဲ့အခါ ပြန်ကြည့်လိုက်ရင် မိဘကသာ ဒါဟာ“ကိုယ်”ပါလို့ မပြော ရင် ဘယ်လိုမှ မှတ်မိနိုင်စရာအကြောင်းမရှိပါဘူး။

ဒီလိုပါပဲ၊ ဆယ်နှစ်ဆယ့်တစ်နှစ်က ဓါတ်ပုံလေး ရိုက်ထား။ ဟော- အသက် ၇၀-၈၀ ရောက်တဲ့အခါ ပြန်ကြည့်“မိမိ” ပါလို့ မှတ်ထားတဲ့ သညာသာမရှိရင် ဒါဟာ-ကိုယ်ပါလို့ ဘယ်လိုမှ မပြောနိုင်ပါဘူး။ အဲဒိလို ပြောင်းလဲမှုတွေဟာ တစ်ခဏချင်း ၀ုန်းခနဲ၊ ဒိုင်းခနဲ ခုန်ကျော်ပြီးတော့ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အမြဲတမ်း စက္ကန့်မလပ်၊ မိနစ်မလပ် ပြောင်းလဲနေတာပါ။ ပြောင်းလဲမှုဟာ ဘယ်လောက်အထိလည်းဆိုရင် အိပ်နေတဲ့ အချိန်မှာလဲ ဒိပြောင်းလဲမှု၊ မတည်မြဲမှုတွေဟာ ရပ်မနေပါဘူး။ ဆက်ပြီး ပြောင်းလဲ ပျက်ဆီးနေတာပါပဲ။ အကယ်၍များ လူဟာ မထပဲ အိပ်ယာထဲ တစ်ချိန်လုံးအိပ်နေမယ်ဆိုရင်လဲ အိုချိန်တန်ရင် အိုသွားမှာပါပဲ၊ နာချိန်တန်ရင် နာသွားမှာပါပဲ။ သေချိန်တန်တော့လည်း အိပ်နေတဲ့သူမို့ သေမင်းက ချမ်းသာပေးမှာ မဟုတ်ပါဘူး။ သေသွားမှာပါပဲ။ ဒါကြောင့် ဒီ-အနိစ္စသဘောဘယ်အချိန်ရပ်လဲ ဆိုရင် နိဗ္ဗာန်မရသမျှ ဘယ်အချိန်မှ မရပ်ဘူးလို့ပဲ ဖြေရမှာပါ။ လူတွေက သိပ်သမာဓိနည်းလွန်းတော့ အဲဒိလို ပြောင်းလဲမှုတွေကို မသိနိုင်ပါဘူး။ ၀ိပဿနာ တရားအားထုတ်လို့ သမာဓိအားတွေ ကောင်းလာတဲ့အခါမှာ အဲဒိလို ပြောင်းလဲနေတဲ့ စိတ်တွေ၊ မတည်မြဲတဲ့ ရုပ်တွေရဲ့ သဘောကို မြင်လာပါလိမ့်မယ်။ ဒါကြောင့် အကျဥ်းချုပ်အားဖြင့် အဲဒိလို စိတ်တွေ၊ ရုပ်တွေ စက္ကန့်မလပ်၊ မိနစ်မလပ် ပြောင်းလဲ၊ ဖြစ်ပျက်ပြိးတော့ မတည်မြဲတဲ့ သဘောတရားကိုပဲ “အနိစ္စ” မမြဲခြင်းလို့ ဟောကြားတော်မူတာ ဖြစ်ပါတယ်။

(ဆောင်းပါး သိပ်ရှည်နေမည်ဆိုး၍ ဒုက္ခနှင့် အနတ္တသဘောကို နောက်ဆောင်းပါးတစ်ပုဒ်ဖြင့် ဆက်လက် ဆွေးနွေးပါမည်။)

“အားလုံး ဗုဒ္ဓတရားတော်နဲ့ ငြိမ်းချမ်းတဲ့ ဘ၀ကို တည်ဆောက်နိုင်ကြပါစေ”
အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)

ကိုးကား=၁။ ဒေါက်တာ နန္ဒမာလာ-ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့်ရှုကြည့်ခြင်း
၂။ ဒေါက်တာဝါပိုလ်လာရာဟုလာ-မြတ်ဗုဒ္ဓဒေသနာ(ဇေယျာမောင် ဦးကိုလေး ဘာသာပြန်)
၃။ မှတ်သားဖူးသော ဓမ္မစာပေများ။

Saturday, February 19, 2011

ကုသိုလ်ကောင်းမှု၊ ကိုယ်တိုင်ပြု
ကိုယ်ပြု၊ ကိုယ်စံသည်။

အကုသိုလ်မှု၊ ကိုယ်တိုင်ပြု
ကိုယ်ပြု၊ ကိုယ်ခံသည်။

အခြားတစ်ယောက်က၊ ကူညီမျှ
ခံရမရှိပြီ။

မကောင်းမှုဆိုတာ၊ ဆိတ်ကွယ်ရာ
ဘယ်မှာမရှိပြီ။

လူမမြင်သာ၊ နတ်ဗြဟ္မာ
သေချာမြင်သိသည်။

ကံတရားမှာ၊ များသတ္တာ
မျက်နှာမလိုက်ပြီ။

ကမ္မသတ္တိ ဆန်ကြယ်ဘိ၍ မုနိအရှင်
ကုန်အစင်၊ သိမြင်နိုင်ပါသည်။

ကွယ်လွန်သောအခါ၊ ကိုယ်တည်းသာ
ခေါ်ရာလိုက်ရသည်။

မကောင်းလျှင်ခံ၊ ကောင်းလျှင်စံ
ထုံးစံ ဓမ္မတာမှတ်ရမည်။

ကျေးဇူးတော်ရှင်ကုံလုံဆရာတော်ဘုရားကြီး

ကုသိုလ်ကောင်းမှု၊ ကိုယ်တိုင်ပြု
ကိုယ်ပြု၊ ကိုယ်စံသည်။

အကုသိုလ်မှု၊ ကိုယ်တိုင်ပြု
ကိုယ်ပြု၊ ကိုယ်ခံသည်။

အခြားတစ်ယောက်က၊ ကူညီမျှ
ခံရမရှိပြီ။

မကောင်းမှုဆိုတာ၊ ဆိတ်ကွယ်ရာ
ဘယ်မှာမရှိပြီ။

လူမမြင်သာ၊ နတ်ဗြဟ္မာ
သေချာမြင်သိသည်။

ကံတရားမှာ၊ များသတ္တာ
မျက်နှာမလိုက်ပြီ။

ကမ္မသတ္တိ ဆန်ကြယ်ဘိ၍ မုနိအရှင်
ကုန်အစင်၊ သိမြင်နိုင်ပါသည်။

ကွယ်လွန်သောအခါ၊ ကိုယ်တည်းသာ
ခေါ်ရာလိုက်ရသည်။

မကောင်းလျှင်ခံ၊ ကောင်းလျှင်စံ
ထုံးစံ ဓမ္မတာမှတ်ရမည်။

ကျေးဇူးတော်ရှင်ကုံလုံဆရာတော်ဘုရားကြီး

Wednesday, February 16, 2011

(၃၁)ဘုံ ရှိ၊ မရှိ အမေးပုစ္ဆာ

၂၀၁၁-ခု၊ ၂-လပိုင်း၊ ၁၃-ရက်နေ့က စတင်ပြိးတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဗုဒ္ဓဓမ္မသင်တန်းလေး တစ်ခုဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီသင်တန်းလေး ဖြစ်မြောက်လာဘို့ အဓိက ကျေးဇူးပြုတဲ့သူတွေကတော့ ကိုလင်းနိုင်နဲ့ ဓမ္မမိတ်ဆွေ သငယ်ချင်းတစ်စုပါ။ ၁၃-ရက်နေ့ကတော့ သင်တန်းအစ နေ့ဆိုတော့ သင်တန်းသားသိပ်မများ လှပါဘူး။ သင်တန်းချိန်ကို သုံးနာရီမှာ “နမော တဿ....” သုံးကြိမ်ရွတ်ဆိုပြီးတော့ သင်တန်းကို ဖွင့်လှစ် ခဲ့ပါတယ်။ အစဆုံး မိတ်ဆက်အနေနဲ့ သင်ဖြစ်ခဲ့တာလေးတွေကတော့ “သြကာသ” ရှင်းတမ်းလေးပါ။ ဗုဒ္ဓဘာသာ အများစုဟာ မိရိုးဖလာ အနေအားဖြင့် “သြကာသ” ကန်တော့်ချိုးကို နှုတ်တိုက် အာဂုံရွတ်ဆို နေကြပေမယ့် ထိုသြကာသ ကန်တော့ချိုးရဲ့ အဓိပ္ပါယ်ကို သိသူကတော့ အလွန် နည်းပါးလှပါတယ်။ ဒီနေ့သင်တန်း တက်ကြတဲ့သူတွေကတော့ အများအားဖြင့် သြကာသရဲ့ အဓိပ္ပါယ်ကိုသိကြသူများပါတယ်။ ဒါပေမယ့် ထိုကန်တော့ ချိုးထဲမှာပါတဲ့ ကာယကံ(၃) ပါး၊ ၀စီကံ (၄)ပါး၊ မနောကံ(၃)ပါး စတဲ့ တရားတွေရဲ့ သရုပ်အဓိပ္ပါယ်ကိုတော့ မသိကြတာများပါတယ်။ ဒါကြောင့် သင်တန်းအစနေ့မှာ သြကာသရှင်းတမ်းကို စတင် သင်ဖြစ်ခဲ့တာပါ။ စာတွေသင်လိုက် သက်ဆိုင်ရာ ဇာတ်ကြောင်းလေးတွေပြောလိုက်နဲ့ပဲ အချိန်တွေဟာ ကုန်မှန်းမသိ ကုန်လွန်ခဲ့ပါ တယ်။

လေးနာရီခွဲခန့်ရောက်တဲ့အခါ အခြာသင်တန်းတက်စရာရှိတဲ့ သင်တန်းသူတွေကို ငဲ့ကွက်၍ သင်တန်းဖြုတ် ပြီး မေးစရာရှိတာ မေးဘို့ ကမ်းလှမ်းလိုက်ပါတယ်။ ထို့နောက် အကယ်၍ မရှင်းလင်းသည်များရှိရင် တယ်လီဖုန်း ဆက်၍ မေးမြန်းနိုင်ကြောင်းလည်း တံခါးဖွင့်ပေးခဲ့ပါတယ်။ အဲဒိနေ့က စလို့ လေးရက်ကြာသွားတဲ့အထိ တယ်လီ ဖုန်းဆက်ပြီးမေးမယ့်သူ တစ်ဦးမှပေါ်မလာခဲ့ပါဘူး။ ငါးရက်မြောက်တဲ့ ယနေ့(၁၇.၂.၂၀၁၁) မှာတော့ ထူးထူးခြား ခြား တယ်လီဖုန်းဆက်ပြီးမေးမယ့် ကျောင်းသားတစ်ယောက်ပေါ်လာပါတယ်။ သူ့နာမည်ကတော့ ကိုထွန်း အောင်ပါ။ ထူးထူးခြားခြား သင်တန်းသူတွေများတဲ့အထဲမှာ သင်တန်းသားက သုံးယောက်ထဲပါတော့ အသေချာ ကိုမှတ်မိနေပါတယ်။ (နှစ်ယောက်ကတော့ အကျိုးဆောင်တွေလေ)။ သူမေးတာလေးတွေက အများအတွက် အကျိုးရှိနိုင်သလို အများလည်း သိချင်နေကြမယ့် မေးခွန်းလေးတွေဖြစ်တာကြောင့် ကြိုးစားပြိးဖြေပြလိုက်ပါ တယ်။ ဒီနေရာမှာတစ်ခု ပြောစရာရှိတာက မြတ်စွာဘုရားဟာ တစ်လောကလုံးက မေးလာတဲ့ မေးခွန်းမှန်သ မျှကို မမောမပန်းဖြေကြားတော်မူပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားဟာ အကျိုးရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ မေးသမျှမေးခွန်းတွေကို အလိုအလျှောက် ဖြေကြားပေးနေတဲ့ “အဖြေထုတ်စက်” တစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် လောကအတွက၊် သံသရာအတွက် အကျိုးမရှိတဲ့ မေးခွန်းမျိုးဆိုရင် ပယ်ချတော်မူပါတယ်။ အဲဒိလို ပယ်ချခြင်းဟာ လည်း မြတ်ဗုဒ္ဓအလိုတော်အရ ဖြေဆိုခြင်းတစ်မျိုးပဲဖြစ်ပါတယ်။

ဒါကြောင့် ဘုရားသားတော်ဖြစ်တဲ့ သင်တန်းဆရာအနေနဲ့လည်း မြတ်စွာဘုရားထုံး နှလုံးမူပြီး ဖြေသင့်တဲ့ အဖြေ၊ ဖြေနိုင်တဲ့အဖြေဆိုရင် ကြိုးစားပြိး ဖြေဆိုပေးသွားမှာပါ။ ပိဋကတ် သုံးပုံဆောင် ရဟန်းတစ်ပါး မဟုတ်လေတော့ မဖြေနိုင်တဲ့ မေးခွန်းတွေလည်း များစွာရှိမှာပါပဲလေ။ (အမေးနွားကျောင်းသား၊ အဖြေ ဘုရားလောင်း လို့ဆိုထား တယ်မို့လား။) ကောင်းပြီ အဲဒိတော့ ကိုထွန်းအောင်ရဲ့ မေးခွန်းလေးတွေကို ဆွေးနွေးကြည့်ကြရအောင် သူမေး တဲ့မေးခွန်းတွေထဲက...........

နံပါတ်(၁) အရှင်ဘုရား၊ သုံးဆယ့်တစ်ဘုံဆိုတာ တစ်ကယ်ရှိလား ဘုရား။
(၂) အနိစ္စ၊ ဒုက္ခ၊ အနတ္တ အကြောင်းလေးကို တပည့်တော်နားလည်အောင် ရှင်းပြပေးပါ ဘုရား။
(၃) ပိဋကတ်သုံးပုံဆိုတာ ဘုရားဟောတဲ့စာတွေဆိုတာ တစ်ကယ်လားတဲ့။

ကဲ-စာဖတ်သူလည်း ဒီမေးခွန်းလေးတွေရဲ့ အဖြေလေးတွေကို သိချင်နေမယ်ထင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ မေးခွန်းတစ်ခုစီကို ပို့စ်တစ်ခုစီနဲ့ ကြိုးစားပြီး ဖြေဆိုပေးသွားပါမယ့်။ အရင်ဆုံး နံပါတ် (၁) မေးခွန်းကို စ ဆွေးနွေး ရအောင်၊ သိပ္ပံပညာ သိပ်တိုးတက်နေတဲ့ ခေတ်ကြိးမှာ လက်တွေ့မှ ယုံနိုင်မယ်ဆိုတဲ့ သူတွေရဲ့ ဒီမေးခွန်းဟာ ဗုဒ္ဓဘာသာ အပေါ်မှာ ယုံကြည်တဲ့သူတွေရော၊ မယုံကြည်တဲ့သူတွေရော မေးလွန်းတဲ့၊သိပ်ကို ခေတ်စားတဲ့ မေးခွန်းတစ်ခုပါ။ ဒီမေးခွန်းလေးနဲ့ပါတ်သက်လို့ တိုက်ရိုက်မဟုတ်ပေမယ့် ပါတ်သက်ဆက်နွယ်နေတဲ့ အဖြစ် အပျက်လေးတစ်ခုကို အရင်တင်ပြချင်ပါတယ်။ တစ်ခါက မြန်မာနိုင်ငံက အလွန် ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင် မင်းသားတစ်ယောက်က မင်းကွန်းတိပိဋကဆရာတော်ကြိးကို မေးခွန်းတစ်ခု သွားမေးပါတယ်။ သူမေးတဲ့ မေးခွန်းက သုံးဆယ့်တစ်ဘုံထက်မြင့်ပါတယ်။ သူမေးတာက“ အရှင်ဘုရား၊ နိဗ္ဗာန် ဆိုတာ တစ်ကယ်ရှိလား” ဆိုတော့ ဆရာတော်ကြိးက “ရှိတာပေါ့” လို့ဖြေတော်မူပါတယ်။ အဲဒိတော့ သူက ဆက်မေးပါတယ်။“ အဲဒါဆို အဲဒိ နိဗ္ဗာန်က ဘယ်မှာရှိတာလည်းဘုရား၊ တပည့်တော်လည်း မြင်ချင်လိုက်တာ” လို့ဆက်ပြီးစောဒကတက် မေးပါတယ်။ သူကတော့ ဘယ်လို စေတနာမျိုးနဲ့ မေးတယ်မသိဘူး။ ဘာပဲဖြစ်ဖြစ် ဆရာတော်ကြိး ဖြေလိုက် တဲ့အဖြေကတော့ အလွန်ကို တန်ဘိုးမဖြတ်နိုင်လောက်ကို ကောင်းလွန်းလှပါတယ်။ ဆရာတော်ကြိးဖြေကြား လိုက်ပုံလေးက “နိဗ္ဗာန်ကို မြင်ချင်တယ်ပြောရအောင် မြင်နိုင်လောက်တဲ့ညဏ် (မြင်နိုင်လောက်တဲ့ အဆင့်) မင်းမှာ ဘယ်လောက်ရှိလို့လဲ” တဲ့။ ကောင်းလိုက်တဲ့အဖြေ၊ မေးခွန်းရဲ့ ပြဿနာဟာ ရှင်းသွားပါတယ်။ ဆရာ တော်ကြီးက ဘာမှ ဆက်မမိန့်ပေမယ့်၊ ရှင်းရှင်းပြောရရင်တော့ “နိဗ္ဗာန်ကို မြင်ချင်ရင် မြင်နိုင်လောက်တဲ့ ညဏ် ရအောင်လုပ်” လို့မိန့်တော်မူလိုက်တာပါ။ နိဗ္ဗာန်ကို မြင်နိုင်လောက်တဲ့ ညဏ်ဆိုတာတော့ မဂ်ညဏ်၊ ဖိုလ်ညဏ် ပါပဲ။

ခု-ကိုထွန်းအောင် မေးတဲ့ မေးခွန်းဟာ ဒီသဘောတွေ အများကြိးပါနေပါတယ်။ မေးခွန်းရဲ့ဆိုလိုရင်းက မမြင်ရတဲ့ ဘုံတွေကို မယုံချင်ဘူး။ မြင်ရတဲ့ လူ့ဘုံနဲ့၊ တိရစ္ဆာန်ဘုံ ဒါပဲ ယုံချင်တယ်ဆိုတဲ့သဘောပါ။ ကောင်းပြီ မမြင်ရလို့ မယုံဘူးဆိုရင်၊ လောကမှာ မမြင်ရပဲ လက်ခံနေရတဲ့ အရာတွေများစွာရှိတယ် ဆိုတော့ သိကြမှာပါ။ ဥပမာ- လူတွေရဲ့ စိတ်ကို ဘယ်လိုမှ မမြင်နိုင်ပါဘူး။ ဘယ်လို မှန်ဘီလူးနဲ့ကြည့်ကြည့် လူရဲ့ စိတ်ကို မြင်နိုင်တယ် ဆိုတဲ့ စက်မပေါ်သေးပါဘူး။ ဘယ်တော့မှလည်း ပေါ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဒိ စိတ်ရှိနေတာကို လက်မခံ တဲ့သူဆိုတာ လောကမှာမရှိဘူး။ ဒီစိတ်လေးဟာ မမြင်ရပေမယ့် သူ့ကြောင်ပဲ ကမ္ဘာကြီးမှာ စစ်တွေဖြစ် ပူလောင်ဒုက္ခတွေရောက်၊ ဒုတိယ ကမ္ဘာစစ်ကို စတင်ဖန်တီးတဲ့ အရာဟာလည်း အလွန်ပြင်းထန်တဲ့ဒေါသ ဆိုတဲ့ စိတ်ပါပဲ။ လောကကြိး အေးချမ်းသာယာပြိး ညီညွှတ်မျှတစွာနေနိုင်အောင် ဖန်တီးပေးတာဟာလည်း အဲဒိ စိတ်ပါပဲ။ မြတ်စွာဘုရားက “စိတ္တေန နီယတေ လောကော” လောကကြိးတစ်ခုလုံးကို စိတ်က (ဆောင်နေ တယ်)ဖန်တီးနေတယ်လို့ဟောတော်မူပါတယ်။ လူကောင်း၊ သူကောင်းဖြစ်စေတာလည်း ဒီစိတ်ပါပဲ၊ လူဆိုး ဖြစ်စေတာလည်း ဒီစိတ်ပါပဲ။ စိတ်ကလေးက ကြည်လင်တော့ ရုပ်အဆင်း အင်္ဂါလေး လှလို့။ ကြည်လင်လို့၊ ကြည့်ကောင်း၊ရှုကောင်းလေးဖြစ်နေပါတယ်။ ဟော-စိတ်က ကြမ်းတမ်းပြီဆိုတော့ မျက်နှာက နီလာတယ်။ အသားတွေ တဆတ်ဆတ်တုန်လာတယ်။ အလွန်ပြင်းထန်လွန်းရင် မူးမေ့လဲသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

စိတ်ကြာင့် ရုပ်တွေပြောင်းနေတဲ့သဘောပါ။ ဒီရုပ်တွေရဲ့ ပြောင်းလည်းမှုကို ကြည့်ပြီးတော့ သူ-စိတ်ဆိုးနေ တယ်၊ သူ-စိတ်ကောင်းနေတယ်ဆိုတာသိနိုင်တာပါ။ အဲဒိဆိုးနေတဲ့၊ ကောင်းနေတဲ့ စိတ်ကို ဘယ်သူမှ မမြင်နိုင်ပါ ဘူး။ အတွင်းက ဖြစ်၊ ပျက်နေတဲ့စိတ်ကိုဘယ်သူမှ မမြင်နိုင်ပေမယ့်၊ မမြင်ရလို့ စိတ်မရှိဘူးလို့တော့ ဘယ်သူမှ မပြောရဲပါဘူး။ နောက်ဥပမာတွေ ပေးစရာများစွာရှိပေမယ့် ဒါလောက်ဆိုလုံလောက်ပါပြီ(ဥပမာနဲ့ ပါတ်သက်ပြိး မရှင်းသေးရင် သင်တန်းကျရင် ထပ်ရှင်းပါမယ်။) အဲဒိလို ရုပ်တွေရဲ့ အကောင်းအဆိုးကို ကြည့်ပြိး စိတ်ရှိတာကို သိနိုင်ရင်၊ လူတွေရဲ့ ကောင်းမှု၊ မကောင်းမှုကိုကြည့်ပြိး ကောင်းတဲ့ဘုံဌာန၊ မကောင်းတဲ့ ဘုံဌာနတွေလည်း ရှိကို ရှိရမယ်ဆိုတာ ညဏ်မျက်စိနဲ့ ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်။ ကဲ-နောက်တစ်မျိုး လက်တွေ့ဆန်ဆန် ဆွေးနွေး လေ့လာကြည့်ရအောင်။ လောကမှာ သူတစ်ပါး အသက်သတ်ခြင်း၊ သူတစ်ပါး ဥစ္စာခိုးခြင်း စတဲ့ အမှုတွေကို လုပ်တဲ့ သူတွေရဲ့ အကျိုးရလာဒ်ဟာ မကောင်းပါဘူး။ အဲဒိသူတွေရဲ့ ရရှိမယ့် အကျိုးရလာဒ်အဖြစ် နေရာဟာ ထောင် စသည်ကျခြင်း။ သူများကို သတ်၍ ကိုယ် ပြန်အသတ်ခံရခြင်းစတဲ့ အကျိုးတွေဟာ မကောင်းမှုလုပ်တဲ့ သူတွေရဲ့ လားရာ အရပ်တွေပါ။ ကောင်းတာလုပ်တဲ့သူတွေည်း ဒီလိုပါပဲ။ သူတို့လုပ်တဲ့ကောင်းမှုတွေကြောင့် လူချစ်လူခင်ပေါများခြင်း ၊ ကောင်းတဲ့ ဂုဏ်သတင်းကျော်စောခြင်း။ လူပုံအလယ်တင့်တယ်ခြင်းဆိုတာတွေဟာ သူတို့လုပ်တဲ့ကောင်းမှုတွေက ပေးအပ်တဲ့အကျိုးကျေးဇူးတွေပါ။ အဲဒိလိုပါပဲ။ လောကမှာ မကောင်းတာ လုပ်တဲ့ သူတွေရဲ့ မကောင်းမှုတွေဟာ လုပ်ချင်းတိုင်းလုပ် ဘာအကျိုးမှ မပေးဘူးဆိုရင် လောကမှာ လူကောင်းဆိုတာ ဘယ်ရှိတော့မလဲ။ ဒီအတိုင်းပဲ ကောင်းတဲ့အလုပ်တွေဟာလည်း ဒီတိုင်းအလဟဿ ဖြစ်သွားမယ်ဆိုရင် လူသား ချင်းစာနာစရာ၊ ကူညီစရာ၊ လှူဒါန်းစရာမလိုတော့ဘူးလေ။ အကျိုးမှမရှိတာ လုပ်စရာလည်း ဘယ်လိုတော့ မလဲ။

ဒါကြောင့် မကောင်းတဲ့ လုပ်ရပ်တွေဟာ မကောင်းကျိုးကို ဖြစ်စေတယ်ဆိုရင် အဲဒိမကောင်းတာကို လုပ်တဲ့သူ တွေရဲ့ မကောင်းကျိုးကို ခံစားရမယ့်နေရာဟာလည်း ရှိကိုရှိရမှာပါပဲ။ ထို့အတူ ကောင်းတာ လုပ်တဲ့ သူတွေရဲ့ ရလာဒ် ဟာ ကောင်းကျိုးကို ဖြစ်စေတယ်ဆိုရင် အဲဒိကောင်းကျိုးကို ခံစားရမယ့် ဘုံဌာနဟာ ရှိကိုရှိရ မှာပါပဲ။ ဒါကြာင့် ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်လို့ ယုံကြည် တဲ့ အခြေခံအသိလေးရှိတယ်ဆိုရင် ဒီ-သုံးဆယ့်တစ်ဘုံ ပြဿနာဟာ အလိုလို ရှင်းသွားပါလိမ့်မယ်။ အဓိက အားဖြင့် ဒီပုစ္ဆာနဲ့ ပါတ်သက်ပြီးတော့ နောက်ဆုံးပြောချင်တာလေးကတော့ ဘုံဌာနတွေ ရှိတယ်၊မရှိဘူး ဆိုတာ ထက် ကောင်းတဲ့အလုပ်ကို လုပ်တယ်၊ မလုပ်ဘူးဆိုတာသာ အရေးကြိးတာပါ။ ဘုံဆိုတာတော့ ရှိသည်ဟု ယုံကြည်သည် ဖြစ်စေ။ မရှိဘူးလို့ ယုံကြည်သညစ်ဖြစ်စေ။ ဒီလမ်းကိုလျှောက်ရင်တော့ ဒီပန်းတိုင်ကိုရောက်မှာ အသေချာပါပဲ။ ဒါကြောင့် ကိုယ်နဲ့မမှီနိုင်တဲ့ ပုစ္ဆာတွေကို အချိန်ကုန်ခံစဥ်းစားနေမယ့် အစား တစ်ကယ့် လက်တွေ့ အကျိုးပေးမယ့် တရားတွေကိုပဲ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြပါလို့ တိုက်တွန်းရင်း “သုံးဆယ့် တစ်ဘုံ” အမေးပြဿ နာကို နိးဂုံချုပ်လိုက်ပါတယ်။

“အားလုံးပဲ ဗုဒ္ဓတရားတော်နဲ့ ဘ၀ရဲ့ အေးငြိမ်းရာကို ရှာဖွေနိုင်ကြပါစေ”
အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)

“ကိုးကား”
၁။ ။ဆရာတော် ဦးနန္ဒမာလာ=ဘ၀ခရီးဝယ်ရွေးချယ်ရမည့်လမ်း။
၂။ ။ဓမ္မစာပေမျိုးစုံနှင့် လောက အတွေ့အကြုံ။
-

ဗုဒ္ဓဓမ္မသင်တန်းကိစ္စ

  1. သင်တန်းအတွက်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်။

ဗုဒ္ဓဓမ္မသင်တန်းကိစ္စ

  1. သင်တန်းအတွက်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်။

တရားခွေများနှင့်အခြားဘာသာရေးဗဟုသုတစာပေများ လှူဒါန်းခြင်းကိစ္စ

  1. အလင်းရောင်စာကြည့်တိုက်၊
  2. အလင်းရောင်စာကြည့်တိုက်ခွဲ(၁)၊
  3. အရှင်ဉာဏကုသလ (ဦးထိုင်း)၊
  4. အလင်းပြကြယ်စင်စာကြည့်တိုက်၊
  5. နောက်ထပ်အခြားသော စာကြည့်တိုက်များသို့လည်းပဲ တရားတော်ခွေများနှင့်အခြားဘာသာရေးစာအုပ်များကိုထားပေးနိုင်ရန်။

ပထမအကြိမ် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း

ဗုဒ္ဓဓမ္မသင်တန်း ပထမအကြိမ်မှ လက်ကမ်းကြေငြာစာရွက်လေပါ။

ပထမအကြိမ် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း

ဗုဒ္ဓဓမ္မသင်တန်း ပထမအကြိမ်မှ လက်ကမ်းကြေငြာစာရွက်လေပါ။

Tuesday, February 15, 2011

ဆဋ္ဌသံဂါယနာတင်ရေဒီယို
(ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြဝါဒါစရိယ ကမ္ဘာ့သာသနာပြု ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘဏမှမေး၍ မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ အရှင်ဝိစိတ္တသာရာဘိဝံသမှ ဖြေဆိုသည်)

ခရီးသွားမှတ်တမ်းများ နှင့် အခြားဗဟုသုတရဖွယ်ရာများကို တင်ဆက်ပြသပေးထားသော ရုပ်မြင်သံကြားအစီအစဉ်။

ခရီးသွားမှတ်တမ်းများ နှင့် အခြားဗဟုသုတရဖွယ်ရာများကို တင်ဆက်ပြသပေးထားသော ရုပ်မြင်သံကြားအစီအစဉ်။

ကလေးများအတွက် ဗဟုသုတရဖွယ်ရာများကိုတင်ဆက်ပြသသော ရုပ်မြင်သံကြားအစီအစဉ်။

ကလေးများအတွက် ဗဟုသုတရဖွယ်ရာများကိုတင်ဆက်ပြသသော ရုပ်မြင်သံကြားအစီအစဉ်။

ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

မေတ္တာရှင် ရွှေပြည်သာဆရာတော် အရှင်ဇဝန၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

မေတ္တာရှင် ရွှေပြည်သာဆရာတော် အရှင်ဇဝန၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

မိုးကုတ်ဓမ္မရံသီရိပ်သာဆရာတော် ဘဒ္ဒန္တသုနန္ဒ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

မိုးကုတ်ဓမ္မရံသီရိပ်သာဆရာတော် ဘဒ္ဒန္တသုနန္ဒ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

မဇ္ဈိမဂုဏ်ရည်ဆရာတော်ဘဒ္ဒန္တကောဝိဒ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

မဇ္ဈိမဂုဏ်ရည်ဆရာတော်ဘဒ္ဒန္တကောဝိဒ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဓမ္မရုပ်မြင်သံကြားအစီအစဉ်။

သီတဂူဆရာတော်ဘုရားကြီး၏ ရုပ်မြင်သံကြားအစီအစဉ်။

သီတဂူဆရာတော်ဘုရားကြီး၏ ရုပ်မြင်သံကြားအစီအစဉ်။

Sunday, February 13, 2011

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး

ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ပဲရှိတော့တယ်။
ခင်များတို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။ ခင်များတို့က မသိလို့အေးအေးနေတာ.... တော်ကြာခင်များ တို့ တွေ့ရမဲ့ဒုက္ခက မသေးဘူးနော်။

"ဆုတောင်းပြည့် ဘုရား မကယ်နိုင်ဘူး။"

ဖြေးဖြေးမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ကြီးပွားပါရစေဆိုတာနဲ့ အတူတူပဲ။
_

Twitter Delicious Facebook Digg Stumbleupon Favorites More