This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 29, 2010

မဉ္ဇူသကသီလရှင်များအား အလှူတစ်ခုပြုခဲ့စဉ်က

လွန်ခဲ့တဲ့ ၁၅ရက်လောက်က မဉ္ဇူသကသီလရှင်စာသင်တိုက်သို့ အလှူငွေတစ်သိန်းကို စာရေးသူအပါအ၀င် မေတ္တာဖေါင်ဒေးရှင်းမှ လူငယ်များ သွားရောက်လှူဒါန်းခဲ့ပါတယ်။

Type the rest of your post here.

Wednesday, July 28, 2010

၁၃၇၂ -၀ါဆိုသင်္ကန်းလှူဒါန်းပွဲ

Type the rest of your post here.

၁၃၇၂ -၀ါဆိုသင်္ကန်းလှူဒါန်းပွဲ

Type the rest of your post here.

Saturday, July 24, 2010

စိတ်ထားတတ်ရင်မေတ္တာစစ်ဖြစ်ပါသလား

အမေး။ ။အရှင်ဘုရား….ဒိဌိနဲ့တဏှာပြတ်မှ မေတ္တာစစ် ဖြစ်မယ်လို့ ပြောနိုင်မလား.. စိတ်ထားတတ်ရင် မေတ္တာစစ်ဖြစ်မလား ဘုရား။
ထိပ်ထား
ရတနာပုံ

အဖြေ။ ။ စိတ်ထားတတ်ရင် မေတ္တာစစ် ဖြစ်တယ်လို့ပဲပြောရမယ်ထိပ်ထားရေ… နားလည်အောင် အကျယ်ရှင်းပြပါအုံးမယ်။
(၁) ချစ်သူအချစ်။
(၂) မိသားစုအချစ်။
(၃) ပါရမီအချစ် လို့ မေတ္တာ(၃)မျိုး ရှိပါတယ်။
ယောင်္ကျား+မိန်းမတို့ အပြန်အလှန် ချစ်ကြတဲ့အချစ်မျိုးကို ‘ချစ်သူအချစ်’ လို့ခေါ်ပါတယ်။
မိဘနဲ့သားသမီး၊ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်း၊ မောင်နှမအချင်းချင်း ချစ်ကြတာကိုတော့ ‘မိသားစုအချစ်’ လို့ ခေါ်ပါတယ်။
ကိုယ့်အကျိုးမငှဲ့ဘဲ သူတစ်ပါးအကျိုး၊အများအကျိုးကို လိုလားတဲ့အချစ်က ‘ပါရမီအချစ်’ လို့ခေါ်ပါတယ်။
ဒါကို ပါဠိလိုပြောရင် တဏှာပေမ ၊ ဂဟသိတပေမ ၊ မေတ္တာပေမ လို့ ဆိုပါတယ်။ ဒီသုံးမျိုးထဲမှာ မေတ္တာစစ်ဖြစ်တာက မေတ္တာပေမလို့ခေါ်တဲ့ ပါရမီအချစ်ပါ။ ပါရမီအချစ်ဟာ ရှေးရှေးဘုရားအလောင်းသူတော်ကောင်းများ ကျင့်သုံးခဲ့ကြပါတယ်။ ကိုယ့်အကျိုးလုံးဝမငှဲ့ဘဲ သူတစ်ပါးအကျိုး၊ အရပ်အကျိုး၊ ရွာအကျိုး ၊ အများအကျိုးဆောင်ရွက်ချင်တဲ့စိတ်နေစိတ်ထားဟာ ‘ပါရမီအချစ်’ ဆိုတဲ့ မေတ္တာအစစ်ဖြစ်ပါတယ်။
မိသားစု အချင်းချင်း လောဘကြောင့် ဒေါသကြောင့် လိုလားမှုအားကြီးနေကြမယ်ဆိုရင် ဒီမိသားစုဟာ ပူလောင်နေမှာပါ။ ဘယ်တော့မှ မအေးချမ်းနိုင်ပါဘူး။ တကယ်လို့ မိသားစုအချင်းချင်း ပါရမီအချစ်ကို ထည့်သုံးကြည့်ကြမယ်ဆိုရင် အေးချမ်းတဲ့မိသားစု တစ်ခုဖြစ်လာမှာပါ။
လင်နဲ့မယား ချစ်သူချင်းလဲ ဒီလိုပါပဲ ပါရမီအချစ်ကို အသုံးပြုပေးမယ်ဆိုပါက ငြိမ်းချမ်းတဲ့အိမ်ထောင်စုတစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။ ‘စိတ်ထားတတ်က မြတ်၏’ ဆိုတဲ့အတိုင်း စိတ်ထားတတ်ပြီး ပါရမီအချစ်နဲ့နေကြမယ်ဆိုရင် လောကလူသားအားလုံး ငြိမ်းချမ်းကြမှာ ဖြစ်ပါကြောင်း။

Friday, July 23, 2010

ဓုတင်အကျင့်ကို လူပုဂ္ဂုလ်များ ကျင့်လို့ရပါသလား

အမေး။ ။ အရှင်ဘုရား….တပည့်တော်ကြားဖူးတာပြောရရင် ဓုတင်အကျင့်ဆိုတော ရဟန်းသံဃာတော်များသာ ကျင့်ရတဲ့အကျင့်လို့ ကြားဖူးပါ တယ်ဘုရား။ အခုခေတ် လူတွေကပါ ဓုတင်အကျင့်တွေကို ကျင့်နေကြတာ တွေ့ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဓုတင်အကျင့်များကို လူတွေပါ ကျင့်လို့ရသလားဆိုတာ သိချင်ပါတယ်။ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။

အဖြေ။ ။မေးသင့်တဲ့မေးခွန်းတစ်ခုပါ။ ဓုတင်အကျင့်ဟာ ရဟန်းတော်များ ကျင့်အပ်တဲ့အကျင့်ဖြစ်တယ်။ အစက ရဟန်းများသာ ကျင့်သင့် ကျင့်အပ်တယ်လို့ထင်ပါတယ်။ဒါပေမဲ့ မဟာစည်ဆရာတော်ကြီးရေးသားတော်မူတဲ့ ၀ိသုဒ္ဓိမဂ် (မြန်မာပြန်)စာမျက်နှာ၊၂၂၈-၂၂၉ မှာ အပြည့်အစုံ ရေးသားထားတာကို တွေ့ရပါတယ်။ နားလည်လွယ်အောင် ပြောပေးပါ့မယ်။
ရဟန်းတော်များက ဓုတင် (၁၃)ပါးစလုံး ကျင့်အပ်ပါတယ်။
ဘိက္ခူနီများ ကျင့်အပ်တဲ့ဓုတင်များက (၁) ပံသုကူဓုတင်။ (၂) ပိဏ္ဍပါတ်ဓုတင်။ (၃) သ ပဒါနဓုတင်။ (၄) ဧကာသနိက်ဓုတင်။ (၅) ပတ္တပိုဏ်ဓုတင်။ (၆) ယထာသန္တတိဓုတင်။ (၇) နေသဇ္ဇိဓုတင် တို့ဖြစ်တယ်။ ဘိက္ခူနီများ ကျင့်အပ်တာက ဓုတင် (၇)ပါးပေါ့။ ဒါက ၀ိသုဒ္ဓိမဂ်မှာလာတာပါ။ ဒါပေမဲ့ ဋီကာဆရာအလိုက ဘိက္ခုနီများမှာ ရင်လွှမ်း၊ ရေသနုပ်သင်္ကန်း၊ သင်္ကန်းကြီး၊ဧကသီ၊သင်းပိုင် ဆိုပြီး သင်္ကန်း ငါးထည်ဖြစ်တယ်။ ဒီအရေအတွက်ထဲမှာ တိစီဝရိတ်သင်္ကန်း(၃)ထည် ပါဝင်နေတဲ့အတွက် တိစီဝရိတ်ဓုတင်ကို ပေါင်းထည့်ကာ ဘိက္ခုနီများမှာ ဓုတင် (၈)ပါးအပ်ပါတယ်။
သိက္ခမာန်နဲ့သာမဏေရီတို့ကတော့ ဘိက္ခုနီတို့လိုပဲ တိစိဝရိတ်ဓုတင်ကို ဖယ်ပြီး ကျန် ဓုတင် (၇)ပါး အပ်ပါတယ်။
ဥပါသကာယောင်္ကျား ၊ ဥပါသိကာမိန်းမတို့မှာတော့ ဧကာသနိက်ဓုတင်နဲ့ ပတ္တပိုဏ်ဓုတင် (၂)ပါးအပ်ပါတယ်။
အချူပ်ပြောရရင် လူပုဂ္ဂိုလ်များ ကျင့်အပ်တဲ့ ဓုတင်များ (၂)ပါးရှိတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Tuesday, July 20, 2010

ဘယ်ဒိဋ္ဌိက မဂ်ဖိုလ်အချည်းအနှီးဖြစ်ပါသလဲ

အမေး။ ။အရှင်ဘုရား……ဒိဋ္ဌိအမျိုးအစား ဘယ်လောက်များ ရှိပါသလဲဘုရား...၊ ဘယ်ဒိဋ္ဌိတွေက မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်နိုင်ပါသလဲဘုရား...၊ ရတနာသုံးပါးမှ တစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်း အနှောက်အယှက်ပေး နိုင်ပါသလားဘုရား၊ နားလည်အောင် အကျယ် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
ကိုမောင်မောင်
ရန်ကုန်

အဖြေ။ ။ ဒိဋ္ဌိအမျိုးအစား (၆၂)ပါး ရှိပါတယ်။ ဘယ်ဒိဋ္ဌိမဆို မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်နိုင်ပါသလားဆိုတဲ့ အမေးဟာ “မောင်ဆန်ရဲ့သဿတဒိဋ္ဌိအစွဲကြောင့် ၄၅နှစ်ပတ်လုံး တရားအားထုတ်ပေမဲ့ တရားမရခဲ့ဘူး” ဆိုတဲ့ သာဓကအရ မေးတာဖြစ်ပါလိမ့်မယ်။ မောင်ဆန်ရဲ့အဖြစ်မျိုးဟာ သာသနာအတွင်း သူတစ်ဦးသာ ဖြစ်တဲ့အတွက် သာဓက မမြောက်ပါဘူး။ဒီအကြောင်းကို ဓမ္မာစရိယ- ဦးဌေးလှိုင်က “ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ”စာအုပ်မှာလဲ ဒီအတိုင်းပဲ ဝေဖန်ပေးရေးသားထားတာကို တွေ့ရပါတယ်။
ဒိဋ္ဌိ ၆၂ ပါးစလုံးဟာ သက္ကာယဒိဋ္ဌိက ပေါက်ဖွားလာတာချည်းမို့လို့ သက္ကယဒိဋ္ဌိကို သတ်နိုင်ရင် ဒိဋ္ဌိ ၆၂ ပါးစလုံးလဲ သေကုန်တော့တာ ပါပဲ။ ဘုရားရှင်က စိတ္တသူကြွယ်ကို “စိတ္တသူကြွယ်…မိစ္ဆာဒိဋ္ဌိ ၆၂ ပါးဟာ သက္ကာယဒိဋ္ဌိ ရှိနေလို့ ဖြစ်ပေါ်လာတာပါ။ တကယ်လို့ သက္ကာယဒိဋ္ဌိ မရှိရင် ဒီမိစ္ဆာဒိဋ္ဌိ ၆၂ ပါးလဲ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး” လို့ ဟောတော်မူခဲ့ချက်အရ သက္ကာယဒိဋ္ဌိကို ပယ်သတ်နိုင်ရင် မိစ္ဆာဒိဋ္ဌိ ၆၂ ပါးလဲ သေပြီးဖြစ်တော့တာပါပဲ၊ တစ်ပါးစီ လိုက်သတ်နေစရာမလိုပါဘူး။
ဥပမာပြောရရင် သစ်ပင်ရဲ့အဓိက အရေးကြီးတဲ့နေရာဟာ အမြစ်ပါ။ အမြစ်သေရင် သစ်ပင်ပါသေတော့တာပဲ၊ ဒါကြောင့် ဒိဋ္ဌိအားလုံးရဲ့ ပင်ရင်းအမြစ်ဖြစ်တဲ့ သက္ကာယဒိဋ္ဌိကို ပယ်သတ်ဖို့ အရေးကြီးပါတယ်။
ဘုရားရှင်လက်ထက်က ပဉ္စ၀ဂ္ဂီငါးဦးဟာ ဗုဒ္ဓဘာသာဝင်များမဟုတ်တဲ့အတွက် ဘုရားအစ ရတနာသုံးပါးကို မယုံကြည်သေးပါဘူး၊ ဘုရားရှင်ရဲ့တရားတော်ကို ဓမ္မစင်္ကြာသုတ်တော်ကို ခန္ဓာဥာဏ်ရောက်နာယူရာက တရားအဆုံးမှာ သောတာပန်များဖြစ်သွားကြပါတယ်။ အဲဒီအခါမှာမှ ဘုရားရှင်ကိုဆည်းကပ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။
ဘုရားရှင်ကလဲ တစ်နေရာမှာ “ဓမ္မံ နပဿန္တော မံ နပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိ” လို့မိန့်တော်မူထားပါတယ်။ အဓိပ္ပါယ်က တရားမမြင်သေးရင် ဘုရားမမြင်နိုင်ဘူး၊တရားမြင်မှ ဘုရားကို မြင်နိုင်တယ်။ ဒါကြောင့်
ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်းကို မတားနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုရင် ဘာသာခြားဖြစ်ပေမဲ့ သူဟာ မဂ္ဂင်ရှစ်ပါးနဲ့အညီ နည်းလမ်းမှန်ကန်စွာနဲ့ တရားအားထုတ်ရင် မဂ်ဖိုလ်ရောက်နိုင်လို့ပါပဲ။ တကယ်တန်း မဂ်ဖိုလ်ကိုတားနိုင်တာက (ပဉ္စာနန္တရိယကံ) ကံကြီးငါးပါးအနက် တစ်ပါးပါး ကျုးလွန်မိတဲ့သူများသာ ဖြစ်ပါတယ်။

Monday, July 12, 2010

မကောင်းမှုလုပ်တာသိတာနဲ့မသိတာနဲ့ ဘာကပိုအပြစ်ကြီးလဲ

အမေး။ မကောင်းမှုကျူးလွန်မိတဲ့အခါ မသိဘဲကျုးလွန်တာနဲ့ သိရက်နဲ့ကျုးလွန်တာ ဘယ်ဟာက ပိုပြီးအပြစ်ကြီးပါသလဲဘုရား။
ဖိုးလပြည့်
မြိတ်

အဖြေ။ ။အဘိဓမ္မာမှာ ဒိဋ္ဌိဂတ၀ိပ္ပယုတ်ထက် ဒိဋ္ဌိဂတသမ္ပယုတ်က ပိုပြီး ထက်မြက်ပါတယ်။ဆိုလိုတာက ဒိဋ္ဌိနဲ့ယှဉ်ပြီး ကျုးလွန်တာက ပိုပြီး အပြစ်ကြီးလေးပါတယ်။
ပိုရှင်းသွားအောင် ပြောပါအုံးမယ်။ အပြစ်ရှိတာကို အပြစ်မရှိလို့ မှတ်ယူနေတာ မိစ္ဆာဒိဋ္ဌိ လို့ခေါ်ပါတယ်။ ဒိမိစ္ဆာဒိဋ္ဌိအခြေခံပြီး(မသိဘဲ) မကောင်းမှု ကျုးလွန်တဲ့အခါမှာ မကြောက်မရွံ့နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ကြတယ်။ ဒါကြောင့် မကောင်းမှုများဟာ မိစ္ဆာအယူရှိသူတို့ရဲ့သန္တာန်မှာ ပိုပြီး အဖတ်တင်ကျန်ရစ်တယ်၊(ပိုပြီးအပြစ်ကြီးတယ်)လို့ဆိုရပါတယ်။ ဥပမာ ..ရဲရဲငြိနေတဲ့ သံတွေခဲကို ရွှေတုံးထင်ပြီး ကိုင်တဲ့အခါ ပြင်းပြင်းထန် အလောင်ခံရသလိုပါပဲ။
သိရက်နဲ့ မကောင်းမှုပြုလုပ်မိတဲ့(သမ္မာအယူရှိတဲ့)သူများမှာတော့ မကောင်းမှုမှန်းသိတဲ့အတွက် မကောင်းမှုကို ကြောက်ရွံ့တွန့်ဆုတ် နေတတ်တယ်၊ သူ့မှာ မလွဲသာလို့သာ မရှောင်ကြဉ်နိုင်ဘဲ ပြုကျင့်လိုက်ရတာကိုး။ ဒါကြောင့် သိရက်နဲ့ မကောင်းမှုပြုမိသူမှာ ဒိဋ္ဌိနဲ့ယှဉ်ပြီး ပြုတာထက် အပြစ်မကြီးလေးပါ။
ဥပမာ….ရဲရဲငြိနေတဲ့သံတွေခဲကို မလွဲသာလို့ ကိုင်တဲ့အခါမှာ အပူသက်သာအောင် ကိုင်သလိုပါပဲ။ သိပြီး ပြုမိတာက မသိဘဲပြုမိတာထက် အပြစ်နည်းပါးပါတယ်။(မိလိန္ဒပဥှာပါဠိတော်၊ ဇာနန္တာဇာနန္တာနံ ပါပကရဏပဥှာ)
ဒါဖြင့်ရင် ရာဇသတ်ဥပဒေကိုပဲဖြစ်စေ၊ ဘုရားပညတ်တော်ကိုပဲဖြစ်စေ သိရက်နဲ့ လွန်ကျုးမိတဲ့သူများမှာ လောကဓမ္မအရ ဘာ့ကြောင့်များ ကြီးလေးတဲ့အပြစ်ကို ရကြပါသလဲ လို့မေးစရာရှိပါတယ်။
အဖြေက ..သိရက်နဲ့အပြစ်ကျုးလွန်သူမှာ ရာဇသတ်ဥပဒေများ၊ဘုရားရှင်ပညတ်တော်များကို ကျုးလွန်ဖေါက်ဖျက်ရုံမက မရိုသေ လေစားမှုလဲမရှိဘဲ အဂါရ၀ ဒေါသစိတ်များနဲ့ ခြံရံပြီးရှိနေတာကြောင့် လောကဓမ္မအလိုက် ကြီးလေးတဲ့အပြစ်ထိုက်ပါတယ်။
ဥပဒေများ၊ဘုရားရှင်ပညတ်တော်များကို နားမလည်တာ မသိတာဟာ “ဒိဋ္ဌိ” မဟုတ်ပါ၊ အချို့နေရာမှာ မောဟ၊ အချို့နေရာမှာ မသိရုံမျှသာ ဖြစ်တယ်။ ဒါကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိတဲ့အတွက် အပြစ်ကျုးလွန်သူမှာ ဥပဒေပြုသူအပေါ်မှာဖြစ်စေ၊ ဘုရားရှင်အပေါ်မှာဖြစ်စေ မလေးစားတဲ့စိတ် မပါတဲ့အတွက် လောကအလိုက် ညှာညှာတာတာ အပြစ်ပေးကြရပါတယ်။ သံသရာဘေးမှာလဲ သိရက်နဲ့ကျူးလွန်သူလောက် အပြစ်မကြီးလေးပါ။(သဂြိုဟ်ဘာသာဋီကာ၊၃၈)
အချူပ်ပြောရရင်.......ဒိဋ္ဌိအခြေခံပြီး မသိလို့လုပ်တာရယ်၊ ဥပဒေနဲ့ဘုရားဟောပညတ်တွေကို မလေးစားပဲ သိပြီး ပြုလုပ်တာ ပိုအပြစ်ကြီး ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Saturday, July 3, 2010

သေလေးပါးရှင်လေးပါးဆိုတာဘာပါလဲ

အမေး။ ။သေလေးပါး ရှင်လေးပါးအကြောင်းကို သိချင်ပါတယ်ဘုရား၊ တပည့်တော်အပါအ၀င် အများသူငါသိအောင် ဖြေကြားပေးတော်မူပါ ဘုရား။
ဝင်းဇော်ကို
မန္တလေး
အဖြေ။ ။ရှင်လေးပါး သေလေးပါးကို လောကီ လောကုတ်ခွဲပြီးပြောရရင်ပိုရှင်းပါ့မယ်။ ရှင်လေးပါးကို လောကအနေနဲ့ ပြောရရင်..
ရှင်လေးပါးအကြောင်းဟာ ကျမ်းကြီးကျမ်းခိုင်တွေမှာ မလာပါဘူး။

ရှင်လေးပါး
ရှင်ဥပဂုတ္တ = တောင်သမုဒ္ဒရာမှာ ကြေးပြာဿဒ်နဲ့ ယခုထက်တိုင်သတင်းသုံးနေဆဲဖြစ်တယ်လို့ဆိုတယ်။
ရှင်သာရဒတ္တ = မြောက်သမုဒ္ဒရာမှာ ရွှေပြာဿဒ်နဲ့ ယခုထက်တိုင်သီတင်းသုံးနေဆဲ
ရှင်သက္ကောသာရ = အရှေ့သမုဒ္ဒရာမှာ ရွှေပြာဿဒ်နဲ့ ယခုထက်တိုင်သီတင်းသုံးနေဆဲ
ရှင်မေဒါရ = အနောက်သမုဒ္ဒရာမှာ ကြေးပြာဿဒ်နဲ့ ယခုထက်တိုင်ရှိနေသေးတယ်လို့ ပြောပါတယ်။(သရုပ်ပြအဘိဓါန်၊နှာ-၅၁၀)
တနည်းရှင်လေးပါး
ပထမအင်းဝခေတ် ကောဇာသက္ကရာဇ် ၈၁၅ လောက်ကစလို့ စာဆိုအကျော်များ ပေါ်ထွန်းခဲ့ပါတယ်။ အခုအခါ ပေလေးပင် ရှင်လေးပါးဆိုပြီး ပြောဆိုနေကြတာပါ။ ရှင်လေးပါးက
ရှင်ဥတ္တမကျော် = ၈၁၅ - ၉၀၄
ရှင်အုန်းညို = ၈၁၅ - ၈၉၀
ရှင်မဟာသီလ၀ံသ = ၈၁၅ -၈၈၀
ရှင်ခေမာ = ၈၁၅ -၈၆၅ တို့ ဖြစ်ကြပါတယ်။ (အင်းဝ ပြတိုက်၊အင်းဝမြို့)
သေလေးပါး နဲ့ပတ်သက်ပြီး ကျမ်းကြီးကျမ်းခိုင်မှာ လာတာမတွေ့ရပါဘူး။ ရှေးရိုပြောစဉ်မှတ်စုမှလာတယ်လို့ သရုပ်ပြအဘိဓါန်မှာ ဖေါ်ပြထားတာ ကို တင်ပြလိုက်ပါတယ်။
သေလေးပါးက
ရှင်မဟာကဿပ = ဝေဘာရတောင် မြတ်ကမလာထက်မှာ ယခုထက်တိုင်ရှိနေဆဲဖြစ်ပါတယ်။
ရှင်သုဘာရ = ဥတ္တမ္မတောင် ။
ရှင်ဥပေက္ခာရ = မကုဠတောင် ။
ရှင်ဓမ္မသာရ = မကုဠတောင် ။ တို့ဖြစ်ကြပါတယ်။
တစ်ဖန်……
သေလေးပါး ရှင်လေးပါးကို လောကုတ္တရာနည်းပြောရရင် နောက်တစ်ကြိမ်ပြန်မဖြစ်နိုင်တာကို သေးလေးပါးလို့ ခေါ်ပြီး၊ နောက် အကြိမ်များစွာ ဖြစ်နိင်တာကိုတော့ ရှင်လေးပါး လို့ ခေါ်ဆိုကြတာပါ။ ဒီနည်းကို ရှေးပညာရှိသူတောင်ကောင်းများ နှစ်သက်တော်မူကြပါတယ်။
သေလေးပါးဆိုတာ မဂ်လေးပါးကို ပြောတာပါ။ ဘာ့ကြောင့်ဆိုရင် သောတာပတ္တိမဂ်ရပြီးသူများ နောက်တစ်ကြိမ် သောတာပတ္တိမဂ် မရရှိနိင်တော့လို့ပါပဲ။ နောက်တစ်ကြိမ်မရနိုင်တော့လို့ သေတယ်လို့ပြောတာပါ။ကျန်တဲ့အထက်မဂ်သုံးပါးလဲ ဒီအတိုင်းပါပဲ၊၊ ဒါကြောင့် မဂ်လေးပါးကို သေလေးပါး လို့ ရှေးပညာရှိများ မိန့်တော်မူခဲ့ကြတာပါ။
ရှင်လေးပါးဆိုတာက ဖိုလ်လေးပါးကို ပြောတာပါ၊ သောတ္တာပတ္တိဖိုလ်ရပြီးသူတိုင်း နောက်ထပ် သောတ္တာပတ္တိဖိုလ်ကို မကြာမကြာ ပြန်ဝင်စားလို့ရပါတယ်။ ဒါကြောင့် ဖိုလ်ကို ရှင်တယ် လို့ပြောတာပါ။ ကျန်တဲ့အထက်ဖိုလ်သုံးပါးလဲ ဒီအတိုင်းပါပဲ၊ ဒါကြောင့် ဖိုလ်လေးပါးကို ရှင်လေးပါး လို့ ရှေးပညာရှိများ မိန့်တော်မူခဲ့တာပါ။

ရဟန်းတော်များ အင်တာနက်သုံးတာ ရ-မရ

အမေး။ ။အရှင်ဘုရား…ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆို ရင် ဘယ်လို အကျိုးအပြစ်များ ရနိုင်တယ်ဆိုတာ ဖြေကြားပေးစေလိုပါတယ်ဘုရား။
သဇင်ကျော်
ရှရှား

အဖြေ။ ။လောလောဆယ်မှာတော့ ရဟန်းတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်းမရှိသေးပါဘူး။
ရဟန်းတော်များ အင်တာနက်သုံးတာနဲ့ပတ်သက်ပြီး ပြောရရင် နေရာအတော်များများမှာ အကောင်းနဲ့အဆိုး ဒွန်တွဲလျက် ရှိနေပါတယ်။ အင်တာနက်စာမျက်နှာများမှာလဲ ရဟန်းတော်များ ကြည့်သင့်တဲ့အရာများရှိသလို မကြည့်သင့်တဲ့အရာများလဲရှိပါတယ်။
အင်တာနက်သုံးတဲ့နေရာမှာ လမ်းကြောင်းမှန်ကန်မယ်ဆိုရင်တော့ သုံးသင့်တယ်လို့ပြောရမယ်။ တကယ်လို့ လမ်းကြောင်း မမှန်ဘူး ဆိုရင် တော့ မသုံးသင့်ဘူးလို့ပဲ ပြောပါရစေ…………။
ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို ရဟန်းတော်များ တီဗွီကြည့်တာနဲ့ပတ်သက်ပြီး လူမြင်ကွင်းမှာ မကြည့်ဘဲ ကိုယ့်အခန်းထဲမှပဲ ရဟန်းတော်များနဲ့ သင့်တော်တဲ့အကြောင်းအရာတွေကြည့်မယ်ဆိုရင် ကြည့်နိုင်ပါတယ်လို့ တည်တောရဆရာတော်က “ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ” ဆိုတဲ့စာအုပ်မှာ အကျယ်တ၀င့် ရှင်းလင်းရေးသားထားတာ ဖတ်လိုက်ရပါတယ်။
ဒီလိုပါပဲ ရဟန်းတော်များ အင်တာနက်သုံးတဲ့နေရာမှာ ဘုရားရှင်ရဲ့ တရားတော်များ ကမ္ဘာပြန့်စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက် နဲ့ အသုံးပြုတယ်ဆိုရင် အသုံးပြုတိုင်းမှာ ကုသိုလ်ရနေပါတယ်။ ပညာဗဟုသုတဆည်းပူးဖို့ ရည်ရွယ်ချက်နဲ့ အသုံးပြုရင် ပညာဗဟုသုတ တိုးပွားတဲ့အကျိုး ရရှိပါတယ်။
ဒီလိုမှမဟုတ်ဘဲ မသင့်တော်တဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ဖို့ အသုံးပြုမယ်ဆိုရင်တော့ ကိလေသာတွေတိုးပွားပြီး အကုသိုလ်တွေပဲ များလာတော့ မှာပါ။ နောင်အခါ သာသနာတော်မှာ မပျော်ပိုက် ဖြစ်သွားတတ်ပါတယ်။

ပရိတ်အစွမ်းထက်ခြင်း

အမေး။ ။ဆရာတော်ဘုရား……. တစ်နာရီအတွင်းမှာပဲ ပရိတ်ကြီး(၁၁)သုတ်လုံးရွတ်တာနဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲမှ တစ်သုတ်သုတ်ကို တစ်နာရီလုံး ရွတ်တဲ့အနက် ဘယ်ဟာက ပိုအစွမ်းထက်ပါလဲဆိုတာ အဖြေပေးတော်မူပါဘုရား။
ရှင်သန့်
ရေနီ

အဖြေ။ ။ပရိတ်အစွမ်းထက်ဖို့အတွက် အခေါက်ရေများများ ရွတ်ဖတ်တာ အဓိကမဟုတ်ပါဘူး။ ပရိတ်ရွတ်ဖတ် သူနဲ့ နာယူသူတို့ရဲ့အင်္ဂါပြည့်စုံရင် အစွမ်းထက်ပါတယ်။
ပရိတ်ရွတ်ဖတ်သူက…
ပုဒ်ပါဌ်အက္ခရာကို မှန်မှန်ကန်ကန် ရွတ်တတ်ရမယ်။
ပရိတ်ရဲ့အနက်အဓိပါယ်ကို ကောင်းကောင်းနားလည်ရမယ်။
ပရိတ်နာတဲ့သူအပေါ်မှာ သနားတဲ့ ကရုဏာစိတ်၊အကျိုးလိုလားတဲ့မေတ္တာစိတ် ထားရမယ်။
နာယူသူရဲ့အင်္ဂါက..
ကံကြီးထိုက်နေရင် နာယူသူကို ပရိတ်က မစောင့်ရှောက်ဘူး။
နာယူတဲ့သူက မိစ္ဆာဒိဋ္ဌိ အယူမှားနေရင်လဲ ပရိတ်က မစောင့်ရှောက်ဘူး။
နာယူသူက ပရိတ်ကို မယုံပြန်ဘူးဆိုရင်လဲ ပရိတ်ကမစောင့်ရှောက်ဘူး။ ဒါကြောင့် နာယူသူက ကံကြီးထိုက်တာမရှိဘူး၊ အယူမှန်နေမယ်။ ပရိတ်ကို ယုံကြည်မယ်ဆိုရင် နာယူသူရဲ့အင်္ဂါပြည့်စုံပြီလို့ ဆိုရမယ်။ ဒီလိုပါပဲ ပရိတ်နာယူသူနဲ့ ရွတ်ဖတ်သူတို့ရဲ့အင်္ဂါပြည့်စုံမယ်ဆိုရင် ပရိတ်က အစွမ်းထက်မယ်ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More