This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, June 30, 2010

လူထွက်တဲ့အခါ ဆံပင်ပြန်ရိတ်ရမှာလား

အမေး။ ။အရှင်ဘုရား.....ရဟန်းသိက္ခာချပြီး လူထွက်လို့ လူ့ဘ၀ရောက်လာတဲ့အခါ ခေါင်းပြန်ရိတ်ဖို့လိုသေးလားဘုရား၊ တပည့်တော်မှာ ကိစ္စတစ်ခုကြောင့် ဆံပင်ကို ပြန်မရိတ်ချင်ဖြစ်နေပါတယ်။ တပည့်တော်ရဲ့ အဒေါ်ဖြစ်သူက လူထွက်လာတဲ့အခါ ဆံပင်ပြန်ရိတ်ရတယ်၊ ပြန်မရိတ်ရင် ငရဲကြီးတတ်တယ် လို့ပြောပါတယ်။ ဒါကြောင့် ဆံပင် ပြန်ရိတ်သင့်/မရိတ်သင့်ဆိုတာကို ဖြေကြားပေးစေချင်ပါတယ်ဘုရား။ ။
ကိုစံမင်းအောင်
တိုက်ကြီး

အဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး “ဘုန်းကြီးလူထွက်ပြီးရင် ဘုန်းကြီးဘ၀က ပါလာတဲ့ဆံပင်ဖြစ်တဲ့အတွက် ရိတ်ရမယ်။ မရိတ်ရင် ငရဲကြီးတတ်တယ်လို့ စာရေးသူတို့ငယ်စဉ်က လူကြီးတွေ ပြောတာကြားခဲ့ပါတယ်။ ဒါကြောင့်စာရေးသူလဲ ငယ်စဉ်က လူထွက်ပီးတဲ့အခါ ပြန်ပြီးဆံပင်ရိတ်ခဲ့ပါတယ်။ တကယ်ကတော့ လူထွက်ပြီးတဲ့အခါ ဆံပင်ရိတ်တာ နဲ့ မရိတ်တာက အဓိကမကျပါဘူး။ လူထွက်တဲ့ပုဂ္ဂိုလ်ရဲ့ အကျင့်သီလကသာ အဓိကဖြစ်ပါတယ် ။ လူထွက်ပြီး ဆံပင်တော့ရိတ်ပါရဲ့ ငါးပါးသီလတောင်မှ မစောင့်ထိန်းဘူးဆိုရင် ဆံပင်ဘယ်လောက်ပဲ ရိတ်ပါစေ ငရဲကျမှာပါ။ ဒီအဖြေနဲ့ပတ်သက်ပြီး ရုပ်ဝတ္ထုပစ္စည်းက အဓိကမဟုတ်၊ ကိုယ်ကျင့်တရားသာအဓိက၊ကုသိုလ်ရရေးသာအဓိကဖြစ်ပါကြောင်း ဖြေကြားပေးလိုက် ပါတယ်။

ဆောက်တည်ထားတဲ့သီလ ဘယ်ခါပျက်ပါလဲ

အမေး။ ။ဆရာတော်ဘုရား.....ရှစ်ပါးသီလယူပြီး ဥပုသ်စောင့်ထားသူဟာ နောက်နေ့နံနက် အရုဏ်တက်ပြီးတဲ့အခါ ရှစ်ပါးသီလက ကိုယ့်မှာ ဆက်လက်ပြီး ရှိနေပါသေးလားဘုရား။ အလိုလိုပျောက်သွားသလားဘုရား၊ ဒါမှမဟုတ် ရှစ်ပါးသီလ ပျက်သွားအောင် ငါးပါးသီလ ပြန်ဆောက်တည်စရာ လိုပါသေးသလားဘုရား။
ရဲလင်း
သထုံ

အဖြေ။ ။ ရှစ်ပါးသီလစောင့်ထိန်းတဲ့အခါ ကာလပရိယန္တ - ဘယ်အချိန်အထိ စောင့်ထိန်းပါ့မယ် ဆိုပြီး ကာလအပိုင်းအခြားနဲ့ သီလဆောက်တည် မယ်ဆိုရင် ဆောက်တည်တဲ့အချိန်ကနေ ရည်မှန်းထားတဲ့အချိန်အထိ သီလရှိနေပြီး ထိုထက်လွန်သွားရင် သီလပျက်ပါတော့တယ်။ ဆိုလိုတာက သီလကို နောက်တစ်ရက် ၆ နာရီအထိစောင့်ထိန်းမယ်လို့ ဆောက်တည်ထားရင် ထို ၆ နာရီအထိသာ သီလရှိပြီး ၆ နာရီထက်လွန်သွားရင် သီလပျက်ပြီး ဖြစ်တော့တယ်။ ဒါမှမဟုတ် ကာလအပိုင်းအခြားနဲ့မဆောက်တည်ဘဲ သာမန်ဆောက်တည်ထားရင်တော့ ငါးပါးသီလ ဆောက်တည်လိုက်တဲ့အချိန်မှာ ရှစ်ပါးသီလ ပျက်ပီးဖြစ်တော့တယ်။
သီလဆောက်တည်တာနဲ့ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ပြောချင်ပါသေးတယ်။ သီလဆောက်တည်တဲ့အခါ “ငါးပါး-ရှစ်ပါးသီလ ဆောက်တည်ပါ၏” လို့ သီလကို အတိုဆောက်တည်ထားမယ်ဆိုပါစို့၊ သီလဆောက်တည်သူဟာ သီလထဲက တစ်ပါးပါးပျက်သွားပြီဆိုရင် ငါးပါး-ရှစ်ပါး အားလုံးပျက်သွားပါတယ်။ ငါးပါး-ရှစ်ပါးသီလကို အစဉ်အတိုင်း အပြည့်အစုံဆောက်တည်ထားရင်တော့ တစ်ပါးပျက်လို့လဲ အားလုံးမပျက်ပါဘူး။

Tuesday, June 29, 2010

ဘ၀ကိုကျော်ဖြတ်တဲ့အခါ မိမိကိုယ်ဘယ်လိုသုံးသပ်မလဲ

အမေ။ ။အရှင်ဘုရား….တပည့်တော်အလုပ်တစ်ခု လုပ်တာနဲ့ပတ်သက်ပြီး အချို့လူတွေက မှားတယ်ဆိုပြီး ကဲ့ရဲ့ကြတာရှိသလို၊ မှန်တယ်ဆိုပြီး အားပေးလာတဲ့သူလဲ ရှိပါတယ်ဘုရား။ ဒီလိုအခါမျိုးမှာ တပည့်တော်ဘ၀အတွက် ဘယ်လိုနှလုံးသွင်းရမလဲ၊ ဘယ်လိုသုံးသပ်ရမလဲဆိုတာ အဖြေပေးပါဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။ဘ၀မှာ တစ်ခါတစ်ရံ မထင်မှတ်တဲ့အမှားများ လုပ်မိတတ်တာရှိသလို အမှန်ကို လုပ်မိတာလဲ ရှိပါတယ်။ ကိုယ်လုပ်တဲ့အလုပ်အတွက် ပတ်ဝန်းကျင်က အမှား-အမှန်ဝေဖန်လာတာထက် မိမိကိုယ်တိုင်က အမှား အမှန်သိဖို့ အရေးကြီးပါတယ်။ ဒီအတွက် ရှေးသူတော်ကောင်းများ သုံးသပ်နည်းဆိုတာ ရှိပါတယ်။
(၁) ငါဟာ ဘယ်သူလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးရပါ့မယ်။ ငါဟာ လူလား ၊ ရဟန်းလား၊ လူပျိုလား၊ အိမ်ထောင်ရှင်လား၊ လူကြီးလား၊လူငယ်လား စသဖြင့် မိမိကိုယ်ကို ပြန်မေးရပါ့မယ်။
(၂) ငါ အခု ဘာလုပ်နေလဲ ဆိုတာ သုံးသပ်ရပါ့မယ်။ ငါအခုလုပ်နေတဲ့အလုပ်ဟာ ဘာအလုပ်လဲ ဆိုတာကို ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ပြီး သုံးသပ်ရမယ်။
(၃) ငါ လုပ်တာ မှန်သလား မှားသလား ဆိုတာကို ကိုယ့်ကိုယ်ကို မလိမ်ဘဲ အမှန်အတိုင်း သုံးသပ်ရမယ်။
ဒီအချက်သုံးချက်ဟာ ရှေးရှေးဘုရားလောင်း သူတော်ကောင်းတို့ သုံးသပ်တဲ့နည်းဖြစ်တယ်။ ပိုပြီးရှင်းလင်သွားအောင် ပြောရမယ်ဆိုရင် ဘုရားအလောင်းတော် ဝေဿန္တရာမင်းဘ၀ ဖြစ်စဉ်တုန်းက သူဟာ တိုင်းပြည်ရဲ့ ရတနာတစ်ခုဖြစ်တဲ့ ဆင်ဖြူတော်ကို အလှူခံပုဂ္ဂိုလ်အား လှူဒါန်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းသူပြည်သားတွေက ဝေဿန္တရာမင်းကို တိုင်းပြည်က နှင်ထုတ်စေချင်ကြတယ်။
ဒါနဲ့ပတ်သက်ပြီး ဝေဿန္တရာမင်းဟာ သူ့ရဲ့လုပ်ရပ် အမှားအမှန်ကို ပြန်လည်သုံးသပ်ပါတယ်။
- ငါဟာ ဘယ်သူလဲ………ငါဟာ ဝေဿန္တရာမင်းဖြစ်တယ်။
- ငါ ဘာလုပ်လိုက်လဲ…………..ငါပိုင်ဥစ္စာဖြစ်တဲ့ ဆင်ဖြူတော်ကို သဗ္ဗညုတ ဥာဏ်တော်အတွက် အထောက်အပံ့ဖြစ်အောင် လှူဒါန်းလိုက်တယ်။
- ငါ လုပ်ရပ်ဟာ မှန်သလား………ငါလုပ်ရပ်ဟာ မှန်တယ်။
ဒါကြောင့် တိုင်းသူပြည်သားများ နှင်ထုတ်လို့ တိုင်းပြည်က ထွက်သွားရတယ်ဆိုပေမဲ့ “ငါ့လုပ်ရပ်ဟာ မှန်နေတဲ့အတွက် အသက်ရှင်နေ သ၍ ဘုရားဖြစ်ဖို့အတွက် လှူဒါန်းရအုံးမှာပဲ” လို့ ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာချပြီး ဆက်လက်လှူဒါန်းသွားပါတယ်။စာချစ်သူများ မိမိဘ၀ကို ပိုင်နိုင်ရဲရင့်စွာ သုံးသပ်နိုင်တဲ့သူများဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။(မဟာသုတဒီပနီ)

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

အမေး။အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြားပေးတော်မူပါဘုရား။
စောဝတ်မှုံခင်
ခေတ္တ ဂျပန်

အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသနေ တည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄)
နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်….
သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီးပဋိသန္ဓေ လေးမျိုး ရှိပါတယ်။(သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)
(က) သံသေဒဇပဋိသန္ဓေ
ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။
ပဒုမာကြာမှာ ပဋိသနေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက
ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ
ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသနေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ
သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ်တယ်။
ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွားကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလာဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။

Tuesday, June 8, 2010

စိုးရိမ်ရေအမှတ် ဖြတ်ကျော်ခြင်း

အခုနှစ် ကဆုန်လရဲ့ နေပူဒါဏ်က ပြင်းထန်လွန်းပါတယ်၊ စကားပုံတစ်ခုရှိတယ်၊ “တော်သလင်းနေ ပုဇွန်သေ” တော်သလင်းလရဲ့အပူဒါဏ် ကြောင့် အင်းအိုင်ထဲက ပုဇွန်များ သေကြရတယ်။ ဒါက တော်သလင်းလ အပူဒါဏ်ရဲ့ ပြယုဂ်တစ်ခုပါ၊ အခုတော့ “ကဆုန်လရဲ့ နေပူဒါဏ်ကြောင့် တိရစ္ဆာန်သာမက လူပါအသက်ဆုံးရှုံးခဲ့ကြရတဲ့အတွက် “ကဆုန်လနေ လူပါသေ” လို့ ပြောရမဲ့အခြေအနေဖြစ်နေပါပြီ။
.
ကဆုန်လရဲ့အပူဒါဏ်ဟာ သတ္တ၀ါများကို သနားငှဲ့ညာ စာနာထောက်ထားမှု လုံးဝမရှိပဲ အပြင်းအထန်နှိပ်စက်နေတယ်။ နေပူခေါင်ခေါင်ထဲ သွားရာက ပူလို့ဆိုပြီး စနိုးတာဝါပိုင်းလေးနဲ့ ဦးခေါင်းကို သုတ်လိုက်ရုံနဲ့ အရုပ်ကြိုးပြတ်လဲကျ အသက်ပျောက်ခဲ့ရတယ်။ ဒါက အပူဒါဏ်ကြောင့် အအေးဓါတ်ကို ရှာယူရာကနေ အသက်ဆုံးရှုံးခဲ့ရတာပါ။ ဘ၀အတွက် ရုန်းကန်နေရတဲ့ဆိုက်ကားသမားကလဲ ၀မ်းစာရေးအတွက် နေပူဒါဏ်ကို အံတုပြီး ဆိုက်ကားနင်းးရင်းနဲ့ အပူဒါဏ်ကြောင့် ဦးနှောက်အကြောပြတ်ကာ ရုတ်တရက်လဲကျ ဆေးရုံရောက်တော့ အသက်ပျောက် သွားရရှာပါတယ်။ ဒါက ၀မ်းစားရေးရှာဖွေရာကနေ အပူဒါဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့်လဲ အခုနှစ်အပူဒါဏ်ဟာ တိရစ္ဆာန်သာမက လူတွေကိုပါ ၀ါးမျိုခံလိုက်ရပါပြီ။ တနည်းပြောရရင် အပူဒါဏ်ကြောင့် တစ်ချို့လူအများ စိုးရိမ်ရေအမှတ်ကို ရောက်ပြီး သေဆုံးခဲ့ရပါတယ်။
အညာဒေသ ပူပြင်းတဲ့ရာသီမှာ အညာသူအညာသားများက “ပူလိုက်တာ….ခုနေအခါ ဘူးခါထဲကရေလေးများ သောက်လိုက်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ကြမ်းကြားကလေအေးအေးလေးနဲ့ တွေ့လိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ” လို့ အပူဒါဏ်ကြောင့် အအေးကို တမ်းတကြပါတယ်။ ဒါကိုရည်ရွယ်ပြီး “ဘူးခါးရေသောက် ၊ ကြမ်းကြားလေအောက်” လို့ စကားပုံလေးရှိခဲ့ဖူးပါတယ်။

ဘူးခါးရေဆိုတာက ဘူးခါးသီးအစိမ်းကို ထိပ်ကအပေါက်ဖေါက်ပီး အထဲက အသားနဲ့အူတိုင်တို့ကို ယူထုတ်ပစ်ရပါတယ်။ ဘူးခါးသီး အခွံချည်းကျန်တဲ့အခါ နေပူလှမ်းထားရတယ်။ နွေရာသီရောက်ပီဆိုရင် အသားအူထုတ်ထားတဲ့ ဘူးခါးသီးထဲကို ရေထည့်ထားရပါတယ်။ ထည့်ထားတဲ့ရေဟာ ကြာလာတာနဲ့အမျှ အေးမြလို့ နေပါတော့တယ်။ အပူဒါဏ်ကြောင့် ရေဆာတဲ့အခါ ဘူးခါးထဲက အလွန်အေးမြတဲ့ရေကို အညာသူအညာသားများ သောက်လေ့ရှိကြတယ်။ အဲဒီကနေ ‘ဘူးခါးရေသောက်’ ဆိုတဲ့စကားဖြစ်လာတာပါ။ ဒါပေမဲ့ခုအချိန်မှာတော့ ပူပြင်းတဲ့ဒါဏ်ကြောင့် ဘူးခါးထဲကရေလဲ မအေးနိုင်တော့။

ကြမ်းကြားလေဆိုတာက အညာဒေသ အချို့အိမ်လေးတွေမှာ ကြမ်းခင်းကို ၀ါးခြမ်းပြားနဲ့ ခင်းထားကြတတ်ကြတယ်။ ဒီကြမ်းကြားက တိုက်ခိုက် လာတဲ့လေဟာ အေးတယ်လို့ဆိုပါတယ်။ စကားစပ်လို့ ပြောအုံးမယ်။ စာရေးသူ ရန်ကုန်ရောက်ခိုက် သီတင်းသုံးဖေါ်များနဲ့အတူ နေပြည်တော်ကို ရောက်ခဲ့ပါတယ်။ နေပြည်တော်ကနေ (၈)မိုင်လောက်ဝေးတဲ့ အောင်လံ တောရကို ဆိုင်ကယ်နဲ့ လာခဲ့ကြပါတယ်။ တောရကျောင်းရောက်တော့ စာရေးသူတို့ နေ့လည်ဖက် အေးအေးလူလူ နားနေရအောင်ဆိုပြီး သစ်ပင်ကြီးအောက်မှာ အောင်လံရွာသူ/ရွာသားများက လေးတိုင်စင် ကျောင်း(တဲ)လေးထိုးပေးပါတယ်။ နေစရာကျောင်းလေးတွေလဲ အဆင်သင့်ရှိပါတယ်။ ဒါပေမဲ့ နေ့လည်နေ့ခင်း အပူဒါဏ်ကြောင့် မနေနိုင်မှာစိုးလို့ဆိုပြီး တောရကျောင်းဆရာတော်က ရွာသားများခေါ်ကာ ချက်ခြင်း စီမံပေးတာပါ။ လေးတိုင်စင် တဲကျောင်း လေးမှာ အမိုးက သက်ငယ်မိုးဖြစ်ပြီး အခင်းကြတော့ အအေးဓါတ်ရအောင် ၀ါးခြမ်း အစိမ်းလေးတွေနဲ့ ကြမ်းခင်း ခင်းပေးကြပါတယ်။

အဲဒီမှာ ကြမ်းက ၀ါးခြမ်းအစိမ်းဆိုတော့ ခင်းခါစမှာ အေးနေတာပေါ့၊ ဒါပေမဲ့ နောက်တစ်နေ့ရောက်တော့ အပူဒါဏ် ကြောင့် ၀မ်းခြမ်းများဟာ အ၀ါရောင်ဖက်ကို ပြောင်းလာတာနဲ့အတူ ဒီအခင်းပေါ်ထိုင်လိုက်တဲ့အခါမှာလဲ ပူလို့နေပါတော့တယ်။ ကြမ်းပြားတွေပူနေမှတော့ ကြမ်းကြား အောက်ကလာတဲ့လေဟာလဲ ဘယ့်နှယ်လုပ် အေးနိုင်တော့မှာလဲ။ ဒါကြောင့် ဘူးခါးရေ ကြမ်းကြာလေဟာ အေးမြတဲ့အသွင်ကိုဆောင်ကြတယ်ဆိုပေမဲ့ အခုနှစ်မှာတော့ ဘူးခါးထဲကရေလဲ မအေးနိုင်တော့သလို၊ ကြမ်းကြားအောက်ကတိုက်လာတဲ့လေဟာလဲ မအေးနိုင်တော့ပါ။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ ပြင်းလွန်းတဲ့အပူဒါဏ်ရဲ့ ပြယုဂ်တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာပါ။

အခုနှစ်အပူဒါဏ်ကြောင့် တစ်ခါမှ မခမ်းဘူးတဲ့ အင်းလေးကန်အထဲကရေတွေလဲ ခမ်းလို့နေပါပြီ။ ကဲလွန်းတဲ့အပူဒါဏ်ကြောင့် လူအများလဲ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြရတယ်။ ဒါက ပတ်ဝန်းကျင်ရဲ့ အပူဒါဏ်ကို ပြောတာပါ။
တစ်နေ့စာရေးသူ ရန်ကုန်မြို့ထဲသို့ ကိစ္စတစ်ခုနဲ့ အငှားကားစီးသွားခဲ့ပါတယ်။ ကားစီးရင်း….
စာရေးသူက ကားသမားအား “ဒကာကြီး…..အခုနှစ် ပူချက်ကတော့ ကန်းကုန်နေတာပဲနော်” လို့စကားစလိုက်တယ်ဆိုရင်ပဲ.. ကားသမားက
“မှန်ပါ့ဘုရား…..ဒီအပူကတော့ ပြောစရာမကျန်တော့လောက်အောင်ကို ပူတာပဲဘုရား၊ ဘယ်မှာမှ မနေနိုင်အောင် ဖြစ်ရပါတယ်။ ကားထဲမှာလဲ အရှင်ဘုရားမျက်မြင်ပါပဲ၊ အင်ဂျင်စက်အပူရှိန်နဲ့ ပိုတောင်ဆိုးသေးတယ်ဘုရား၊ ဘယ်တတ်နိုင်မလဲဘုရား၊ တပည့်တော်တို့မှာတော့ ၀မ်းစာရေးအတွက် ဘယ်လောက်ပူပူ ရှာရတာပါပဲဘုရား၊ ဒါပေမဲ့ ဘယ်လောက်ပဲပူပါစေ၊ တပည့်တော်တို့ရင်ထဲကလာတဲ့အပူတွေကို့ မမီနိုင်ဘူးလေ ဘုရား..” လို့ ကယားရေလွတ် ပြောလာပါတယ်။
ဒီအခါကျမှ ကားသမားရဲ့စကားကို သတိထားမိပါတော့တယ်။ မှန်လိုက်တာ…..သဘာဝပတ်ဝန်းကျင်အပူက ဘယ်လောက်ပူပြင်းပါစေ ရင်ထဲကလာတဲ့အပူကို မမီနိုင်ပါဘူး။ ရင်ထဲကကိုယ့်အပူလောက်ပဲလားဆိုတော့ မဟုတ်သေးဘူး။ သူတစ်ပါးအပူများဖြစ်တဲ့သားအပူ မယားအပူ၊ သမီးအပူ၊ ဆွေမျိုးအပူ၊ ပစ္စည်းဥစ္စာအပူစတဲ့ တစ်ပါးသူရဲ့အပူကိုဝင်ပြီး အငှားပူပေးတဲ့အပူတွေလဲ ပူလောင်လွန်းလှပါတယ်။ အမျိုးစုံတဲ့ရင်ထဲကအပူများ ကို ဘယ်အပူမှ မမီနိုင်ပါဘူး။

အခုလဲ ကားသမားဟာ ပကတိအပူဒါဏ်ကို အံတုရင်း ရင်ထဲကလာတဲ့ အပူဒါဏ်အတွက် ၀မ်းစာရှာဖွေနေရတာပါ။ လူတစ်ယောက်ဟာ ကိုယ်ခန္ဓာရဲ့အပူချိန် ပုံမှန်ထက်အများကြီး ကဲပိုသာလွန်နေရင် အသက်အတွက် စိုးရိမ်ရေအမှတ်ကို ရောက်နေပါတယ်။ ဒီလိုပါပဲ…
ရင်ထဲက အပူများလွန်းလာတယ်ဆိုရင် အသက်အတွက် စိုးရိမ်ရေအမှတ်ကို ရောက်လုနီးနီးဖြစ်လာတော့တာပဲ၊ အချို့ဆိုရင် ပစ္စည်းဥစ္စာများ ဆုံးပါးတဲ့ အပူကြောင့် စိုးရိမ်ရေအမှတ်က မကျော်နိုင်ပဲ အသက်ပျောက်ခဲ့ရတာလဲရှိပါတယ်။

တစ်ခါက တောင်ပြုံးပွဲဆင်နွဲနေတဲ့ အမျိုးသမီးကြီးတစ်ယောက် သူမပိုင်တဲ့အိမ်ရော အတွင်းပစ္စည်းများပါ မီးထဲပါသွားတယ်။ ဒီသတင်းကြားလိုက်ရတဲ့ခဏ ထိုအမျိုးသမီးကြီးဟာ သွေးတိုးတက်ကာ နေရာတင် အသက်ပျောက်ခဲ့ရပါတယ်။ ဒါဟာ ပစ္စည်းဥစ္စာအပူကြောင့် စိုးရိမ်ရေ အမှတ်ကို ရောက်သွားရတာပါ။ အော်… ရင်ထဲကလာတဲ့အပူများဟာ လောကလူသားများအား ဘယ်အထိအောင် နှိပ်စက်နေဦးမှာလဲ၊ သေချာတာကတော့ “သေတဲ့အထိ နှိပ်စက်နေဦးမှာပါ” ဟုတ်တယ်။ သေတဲ့အထိ အနှိပ်စက်ခံရအုံးမယ်…. သေတဲ့အထိ အနှိပ်စက်ခံရအုံးမယ်…. သေတဲ့အထိ အနှိပ်စက်ခံရအုံးမယ်….
လောကမှာ ပကတိအပူဒါဏ်ထက် ရင်ထဲကလာတဲ့အပူဒါဏ်က သာလွန်ပါတယ်။ ရင်ထဲကလာတဲ့ အပူဒါဏ်ထက် လောဘ၊ ဒေါသ၊မောဟ အပူများကသာလွန်ပါတယ်။ဟုတ်တယ်၊ လောကမှာ ကိလေသာအပူလောက် ပူတဲ့အပူမရှိပါ။ ကိလေသာအပူဆိုမှတော့ မီး တစ်ဆယ့်တစ်မီးစလုံး ပါဝင်သွားပါပြီ။
ပကတိအပူကြောင့် စိုးရိမ်ရေအမှတ်မကျော်ဖြတ်နိုင်ကြသလို ရင်ထဲကလာတဲ့အပူကြောင့်လဲ စိုးရိမ်ရေအမှတ်ရောက်ခဲ့ကြရပါတယ်။ ဒါ့အပြင် ကိလေသာအပူမီးကြောင့်လဲ စိုးရိမ်ရေအမှတ်ရောက်ခဲ့ရပါတယ်။ အိုတဲ့အပူမီး၊ နာတဲ့အပူမီး၊ သေတဲ့အပူမီး၊ သောကအပူမီး၊ ပရိဒေ၀အပူမီး၊ ကိုယ်ဆင်းရဲတဲ့အပူမီး၊ စိတ် ဆင်းရဲတဲ့အပူမီး၊ အပြင်းအထန်ပူပန်တဲ့အပူမီးများကြောင့်လဲ စိုးရိမ်ရေအမှတ်ရောက်ခဲ့ကြရပါတယ်။လူသားများ အပူမီးကြားထဲမှာ စိုးရိမ်ရေအမှတ်ရောက်ခဲ့ကြရသလို စာရေးသူလဲ လူသားထဲက လူသားပေမို့ စိုးရိမ်ရေအမှတ်ရောက် လုနီးဖြစ်ခဲ့ရပါတယ်။ ဖြစ်ပုံက….

ဒီနှစ်ထဲမှာ စာရေးသူဟာ ချောင်းဆိုးလိုက် ပြန်ကောင်းလိုက်နဲ့ သံသရာလည်နေတာ ကြာခဲ့ပါပီ။ ဒီရောဂါအတွက် နေရပ်မြို့မှာပဲ ပထမအစစ်ဆေးခံပါတယ်။ နောက် ရန်ကုန်မြို့ရဲ့ ဆေးခန်းတစ်ခုမှာ အစစ်ဆေးခံပါတယ်။ စစ်ဆေးပေးတဲ့ ဆရာဝန်က အဆုတ်နဲ့ရင်ခေါင်းခွဲစိတ် အထူးကုဆရာဝန်ပါ။ ရောဂါကုတဲ့နေရာမှာ တိကျတယ်၊ ပြတ်သားတယ်၊ ကျွမ်းကျင်တယ်လို့ သတင်းကောင်းထွက်နေတဲ့ ဆရာဝန်ပါ၊ တကယ်လဲမှန်ပါ တယ်။

ပထမဓါတ်မှန်ရိုက်ခိုင်းပါတယ်။ ဓါတ်မှန်ကို ကြည့်ပြီး ဆရာဝန်က ပိုပြီးတိကျသေချာအောင် CT ဓါတ်မှန်(အရပ်အခေါ် ကွန်ပျူတာဓါတ်မှန်) အရိုက်ခိုင်းပါတယ်။ နောက်တစ်ရက် ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ အရှင်ဘုရား….အရှင်ဘုရားရဲ့အဆုတ်ကို ခွဲထုတ်ပီး လှီးပစ်ရမယ်ထင်တယ် ဘုရား။ ဒီအတွက်ဘာမှ ပူစရာမလိုပါဘူး၊ ခဏလေးပဲ ခွဲပီး ထုတ်ပစ်လိုက်ယုံပါပဲဘုရား၊ လောလောဆယ် တပည့်တော် ဆေး ၂ ပါတ်စာ ပေးလိုက်ပါ့မယ်။ ဆေးသောက်ပီးတဲ့အခါ CT ဓါတ်မှန်ပြန်ရိုက်ရမယ်၊ အဆင်မပြေရင်တော့ ခွဲ့ရလိမ်မယ်ဘုရား၊ အရှင်ဘုရားဟာက ကင်ဆာ မဟုတ်ရင် ဗိုင်းရပ်စ်တစ်မျိုးမျိုးဖြစ်နိုင်တယ်”
ကင်ဆာစကားကြားရတော့ ခံစားရတယ်။ စာရေးသူသာမဟုတ် လူသားအားလုံးလဲ ဒီလိုပါပဲ။ ယနေ့ခေတ် လူသားများကို ချိန်းချောက်နေတဲ့ တစ်ခုတည်းသောရောဂါဟာ “ကင်ဆာရောဂါ” ပါ်။ ကင်ဆာဆိုရင် မကြောက်တဲ့သူမရှိ၊ လူတိုင်းကြောက်ကြတယ်။ ဒါနဲ့စာရေးသူက “ဒကာကြီး….စိုးရိမ်ရလား” လို့မေးလိုက်တော့ “ အရှင်ဘုရား..စိုးရိမ်စရာမရှိပါဘူး” လို့ပြန်ဖြေပါတယ်။ ဘယ်လောက်ပဲ စိုးရိမ်စရာမရှိ လို့ပြောပါစေ မသေချာသေးတဲ့ကင်ဆာရောဂါအတွက် စိတ်ထဲပူပန်မိတာတော့ အမှန်ပါ။

တစ်ချို့ဆိုရင်ကင်ဆာလို့ပြောလိုက်တာနဲ့ စားမ၀င်အိပ်မပျော်ဖြစ်ကာ ပိုပြီးအသေမြန်သွားတာမျိုးလဲ ရှိတတ်ပါတယ်။ ဒါဟာ အနာရောဂါ ကြောင့် စိုးရိမ်ရေအမှတ်ကို ရောက်သွားရတာပါ။ ရောဂါကြောင့် ပူရတဲ့အပူလို့လဲ ပြောနိုင်ပါတယ်။
အခုလဲ စာရေးသူအတွက် မသေချာသေးတဲ့ရောဂါအတွက် အဖြေရရှိဖို့ နှစ်ပတ်ကြီးများတောင်စောင့်ရပေအုံးမယ်။ မှန်မှန်ပြောရရင် ဒီအချိန်တုန်းက တိတိကျကျအဖြေသိဖို့အတွက် ၁၄ ရက်ကို စောင့်ရတာဟာ ၁၄နှစ်လောက်ထင်ခဲ့တာပါ။ တကယ်တမ်း ရောဂါအဆုံးအဖြတ်ပေးမဲ့ ရက်ကိုရောက်ခါနီးပြန်တော့လဲ ဒီရက်ကို မရင်ဆိုင်ချင် ဖြစ်ရပါတယ်။ ဒါပေမဲ့ မရင်ဆိုင်ချင်လဲ ရင်ဆိုင်ရမှာတော့မှာပါ။ ဒီလိုပါပဲ လောကလူသားများဟာ သေခြင်းတရားကို မရင်ဆိုင်ချင်လဲ ရင်ဆိုင်ကြရမှာပါ။

ရောဂါအတွက်မသေချာမရေရာတဲ့အခြေအနေမှာ ဖုန်းမြည်သံကြောင့် ဖုန်းကိုင်လိုက်တော့ “အရှင်ဘုရား…နေကအလွန်ပူပြင်းပါတယ်၊ တပည့်တော်တို့ရွာကို ဒီနှစ်မကြွခဲ့နဲ့တော့ဘုရား။နောင်နှစ်မှပဲ ကြွခဲ့ပေါ့ဘုရား”လို့ အညာဒေသရွာတစ်ရွာက ဒကာတစ်ဦးဖုန်းဖြင့် ပြောလာပါတယ်။ ဒီအတွက် ဘယ်လိုအဖြေပေးရမှန်းမသိ ဖြစ်နေရသူက စာရေးသူပါ။ ဘာ့ကြောင့်ဆိုရင် စာရေးသူမှာက ကင်ဆာလား ဗိုင်းရပ်စ်လားဆိုတာမသိ တကယ်လို့ ကင်ဆာရောဂါဖြစ်နေမယ်ဆိုရင် ကိုယ့်အတွက် နောက်နှစ်ဆိုတာမရှိတော့၊ ဆက်လက်အသက်ရှင်သန်ခွင့် မရနိုင်တော့၊ ဒါနဲ့ပတ်သက်ပြီး ငါဘယ်လို အဖြေပေးရမလဲ၊၊ အနာဂါတ်မှာ မသေခြာမရေရာတဲ့စာရေးသူအတွက် “နောင်နှစ်မှာ လာပါ့မယ်”ဆိုတဲ့စကားကို ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်မျိုး စာချစ်သူများလဲ ကြုံဖူးကြမှာပါ၊ သတိမထားမိလို့သာ ဖြစ်ချင်ဖြစ်မယ်။

ဒီလိုနဲ့ ဒုတိယအကြိမ် ဆေးခန်း ပြန်ပြခဲ့ပါတယ်။ ရောဂါက ကင်ဆာမဟုတ် ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တယ် လို့ သိလိုက်ရပါတယ်။
အော်…….ငါဟာစိုးရိမ်ရေအမှတ်က ကျော်ခဲ့ပြန်ပီကော လို့ ဟင်းချနိုင်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ စိုးရိမ်ရေအမှတ်က ကျော်ဖြတ်နိုင်ခဲ့ ပေမဲ့ နောင်တစ်ကြိမ်ကြိမ်မှာတော့ စိုးရိမ်ရေအမှတ်ကို ရောက်တော့မယ်၊ ရှောင်ကွင်းလို့မရဘူးဆိုတာ သိနေပါတယ်။
ဒီလိုပါပဲ စာဖတ်သူများလဲ စိုးရိမ်ရေအမှတ်ကို ရောက်ကြရတော့မှာပါ။ အားလုံးစောင့်နေကြရတာပါ။ တကယ်တမ်း ဘ၀ကိုအဆုံးအဖြတ်ပေးမဲ့ အနာရောဂါဖြစ်လာတဲ့အခါ အင်အားနည်းတဲ့သူ မဖြစ်စေချင်ပါဘူး။ ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်အောင် အင်အားရှိတဲ့သူဖြစ်နေဖို့ လိုပါတယ်။ ဒီအတွက် ကုသုလ်များများရအောင် သတိတရားထားပြီး နေဖို့ပါပဲ။ ဒါဟာ စိုးရိမ်ရေအမှတ်ကျော်ဖြတ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေပါ။ ကုသိုလ်ရအောင် နေတတ်ပီဆိုရင် စိတ်ဓါတ်အင်အားလဲတိုးတက်လာမှာပါ။ လူတိုင်းဟာ ကုသိုလ်ဆိုတဲ့စိတ်ဓါတ်အင်အားနဲ့ စိုးရိမ်ရေအမှတ်ကို ကျော်ဖြတ်ကြရမှာပါ။
နောက်ဆုံး ပြောချင်တာက….စာချစ်သူများ ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ စိုးရိမ်ရေအမှတ်ကို ကျော်ဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……

စိုးရိမ်ရေအမှတ်ကျော်ဖြတ်နိုင်ကြပါစေ
ဦးကောဝိဒ(မြိတ်)

Twitter Delicious Facebook Digg Stumbleupon Favorites More