This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 30, 2008

ထေရ၀ါဒသာသနာ

ထေရ၀ါဒအကြောင်းအရာကို စိတ်ဝင်တစားမေးလာတဲ့အတွက် စာရေးသူမှာ ကျမ်းစာတွေဟိုလှန်ဒီလှန်နှင့် ဗဟုသုတတွေ ပိုလို့တိုးခဲ့ရပါ တယ် ၊ မေးခွန်းမေးသူ ကိုးရီးယားဆရာလေးအားလည်း ကျေးဇူးတင်ရှိပါတယ်
ထေရ၀ါဒသာသနာသည် မည်သည့်နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါသနည်း၊ ထိုသို့ရောက်ရှိလာရာတွင် မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသ ၊ မည်သည့်ကာလတို့တွင် ရောက်ရှိပါနည်း၊ ထိုအမေးပြဿနာကို ကိုးရီးယားမှဒကာ/မများက သိချင်၍ အဖြေပေးစေလိုပါကြောင်း၊ ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှ ဆရာလေးတစ်ပါး၏ မေးထားချက်ဖြစ်ပါသည်။
ဘုရားသမိုင်းအရ ဂေါတမရှင်တော်ဘုရား သင်တော်ထင်ရှား ရှိစဉ်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် ရောက်ရှိခဲ့သည်ဟု ဆိုရပေမည်။

၂၂၄ ဘီစီ ၊ သာသနာတော်နှစ် သုံးရာစုခန့် တတိယသင်္ဂါယနာတင်အပြီး အိန္ဒိယနိုင်ငံ အသောကမင်းလက်ထက် ကိုးတိုင်းကိုးဌာန သာသနာပြုစေလွတ်ရာတွင် အရှင်သောဏနှင့်အရှင်ဥတ္တရတို့ ဦးဆောင်သောအဖွဲ့သည် သုဝဏ္ဏဘူမိ သို့ ရောက်ရှိခဲ့သည်ဟု ဆိုသောကြောင့် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာသည် အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံ၍ ၀င်ရောက်လာသည်ဟု ရှေးဦးစွာ ဆိုရချေဦးမည်။
ဤ၌ သာသနာပြုစေလွတ်ခဲ့သော နေရာတစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိ ဟူသည် မြန်မာနိုင်ငံမှ သထုံဖြစ်သည် ဟူသော ပြဿနာအား မှန်/မမှန် သုံးသပ်ကြည့်ကြရအောင်….
(၁)။ သုဝဏ္ဏဘူမိကို ရာဇ၀င်ကြီးတို့တွင် သထုံ ဟူ၍၄င်း ၊ ဇင်းမယ်ဟူ၍၄င်း ဆိုလေသည်။ ကလျာဏီကျောက်စာတွင် (သုဝ ဏ္ဏဘုမ္မိ ရဋ္ဌ သင်္ခါတေ-ရာမညဒေသ သုဝဏ္ဏဘုမ္မိ ဟု ဆိုအပ်သော ရာမညဒေသအရပ်၌ )ဆိုသည်။
သထုံရာဇ၀င်တွင် သီဟရာဇာမင်းအား ရသေ့နှင့်သိကြားတို့မ၍ သုဝဏ္ဏဘုမ္မိ တည်ကြောင်း၊ ထို့နောင် ခြောက်ဆက်မြောက်သော ဥပဒေ၀မင်းလက်ထက်မှ တောင်တော်သို့ ပြောင်း၍ သုဓမ္မ၀တီ မည်သော သထုံပြည် တည်ကြောင်းကို ဆိုသည်။ ထိုဥပဒေ၀မင်း၏ မြေး ဇောတကုမာသီရိဓမ္မာသောကမင်းလက်ထက် သာသနာပြု အရှင်သောဏမထေရ် ၊အရှင်ဥတ္တရာမထေရ် တို့ ရောက်ကြောင်းကို ဆိုသော စကားနှင့် ကျန်းဂန်တို့၌ အရှင်သောဏ၊ အရှင်ဥတ္တရတို့ကို သုဝဏ္ဏဘုမ္မိသို့ သာသနာပြုစေလွတ်သည်ဟူသောစကားသည် ညီညွတ်သည်ဖြစ်၍ သထုံကိုသာ သုဝဏ္ဏဘုမ္မိ ဟုယူအပ်သည်ဟု မှန်နန်းမဟာရာဇ၀င်တော်ကြီး ကဆိုထားပါသည်။
(၂)။ သုဝဏ္ဏဘူမိ ဟူသည် သထုံပြည် ၊ အချို့က ယိုးဒယားပြည် ၊ အချို့က ဇင်းမယ်ပြည် ဖြစ်သည် ဟု ဦးကုလားရာဇ၀င် ကဆိုထားပါသည်။
(၃) သုဝဏ္ဏဘူမိ ဟူသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တွေပါဟု (မောင်အံ့ - မဟာဝိဇ္ဇာရဲ့ သာသနာနှစ် ၂၅၀၀ ခရီး)တွင် ဆိုထားပါသည်။
(၄) သုဏ္ဏဘူမိ သည် ဘင်္ဂလားနယ်မှ ဒေသတစ်ခုဖြစ်သည်၊ ဆူမတြ ဂျာဗားဒေသဖြစ်သည်၊ မြန်မာနိုင်ငံ သထုံဒေသတစ်ဝိုက်ဖြစ်သည် စသည်ဖြင့် အမျိုးမျိုးယူဆခဲ့ကြသည်။ သမိုင်းပညာရှင်အချို့ကမူ အသောကမင်း၏သာသနာပြုအဖွဲ့ရောက်ရှိခဲ့သော သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံ ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်ရှိ ကေလာသတောင်ခြေနှင့် တောင်ပေါ်ဒေသတစ်ဝိုက်ဖြစ်သည်၊ ထိုနေရာသည် ထိုအချိန်အခါက ပင်လယ်ဆိပ်ကမ်းဒေသ ဖြစ်ခဲ့သည်ဟု ယူဆကြသည် ဟု နန္ဒသိန်းဇံရေးသည့် ထေရ၀ါဒနှင့်ပတ်သက်သော မှတ်ချက်များ စာအုပ်တွင် ဖေါ်ပြထားပါသည်။
(၅) သထုံပြည်၌ စစ်မှန်သော သာသနာရောက်သည်မှာ ပုဂံပြည် ထက်နှစ်ပေါင်းများစွာ အလျင်ကျသည် ဟု မှတ်ရပေမည်။ အရှင် မဟာမောဂ္ဂလိပုတ္တတိဿထေရ် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွတ်စဉ်ကပင် “သုဝဏ္ဏဘူမိ” ဟုထင်ရှားသော ထိုအချိန်မှာ သမုဒ္ဒရာနဲ့လည်းနီးကပ်နေသော သထုံပြည် နေရာဟောင်းသို့ သာသနာပြုလွတ်တော်မူသည် ဟု ယူဆကြ၏။
မည်သို့ပင် ယူဆသည်ဖြစ်စေ ပုဂံပြည်ထက် သာသနာအစစ်အမှန် အလျင်ရောက်နေသည်ကား သေချာလောက်ပေသည်။ ဘာကြောင့်နည်း၊ အရှင်အရဟံ၏ အမိန့်တော်အရ သထုံပြည်သို့ ပိဋကတ် အတောင်းလွတ်ရသဖြင့် ပုဂံပြည်၌ သာသနာအစစ်အမှန် စတည်ချိန်ဝယ် သထုံပြည်၌ စာနှင့်ပေနှင့် ကျကျနန သာသနာတည်ပြီးဖြစ်သောကြောင့် ဖြစ်ပါသည် ဟု အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေး စာအုပ်တွင်ဆိုထားပါသည်။
ဤသို့ဖြင့် ကျမ်းးဂန်အမျိုးမျိုးမှ ဆိုလိုချက်များကို အဖြေညှိကြမည်ဆိုလျှင် ဗုဒ္ဓသာသနာတော်ကြီးသည် မြန်မာနိုင်ငံ၊သထုံ ဒေသသို့ ရောက်ရှိခဲ့သည်မှာ မှန်ကန်သည် ဟု ယူဆရပါသည်။
ထို့ကြောင့် ဗုဒ္ဓသာသနာသည် အိန္ဒိယပြည်မှ တစ်ဆင့် မြန်မာနိုင်ငံ သထုံသို့ သာသနာတော် (၃)ရာစုနှစ်ခန့်တွင် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ပထမအချက်တွင် မှတ်ယူရပါမည်။
သတိထားရမည့်အချက်တစ်ခုက - သထုံသို့ ထေရ၀ါဒသာသနာတော် စတင်ရောက်ရှိချိန်ဖြစ်သည့် (သာသနာတော်နှစ် ၃ ရာစုနှစ်)မှသည် သာသနာနှစ် ၉၀၀ကျော်သည့်တိုင်အောင် ရဟန်းတော်များက ပိဋကတ် သုံးပုံကို အာဂုံသာ ရွတ်တော်မူကြ သည် ပေထက်အက္ခရာ မရှိသေးချေ။ သီဟိုဠ်နိုင်ငံတွင် စတုတ္ထသင်္ဂါယနာတင်ပြီးသောအခါမှ မဂဓဘာသာဖြင့် ပေထက်အက္ခရာတင်ခဲ့ပါသည်။
တစ်ဖန် သီဟိုဠ်ပြည် (၆၃)ဆက်မြောက်မင်းဖြစ်သော ဗုဒ္ဓဒါသမင်း လက်ထက် ဓမ္မကထိ ပုဂ္ဂိုလ်တစ်ဦးသည် သုတ်၊အဘိဓမ္မာ ပိဋကတ်တော်ကို သီဟဠဘာသာပြန်၍ ရေးသားတော်မူသည်ကို သာသနာတော် (၉၄၆)နှစ်တွင် မင်းအဖြစ်ကိုရတော်မူသော (၆၆)ဆက်မြောက်မင်းဖြစ်သော မဟာနာမမင်း လက်ထက်တွင်မှ အရှင်ဗုဒ္ဓဃောသ မဟာထေရ်မြတ်သည် မာဂဓဘာသာဖြင့် ပေရွက်တွင်ကူးယူခဲ့၍ ဇမ္ဗူဒိပ်ကျွန်း သုဝဏ္ဏဘုမ္မိမည်သော သထုံပြည်ကြီးသို့ ရောက်လေသည်။ ဟု မှန်နန်းမဟာရာဇ၀င်တော်ကြီးတွင် ဆိုထားသည်ဖြစ်၍…….ထေရ၀ါဒသာသနာတော်ကြီးသည် အရှင်မဟာဗုဒ္ဓဃောသ၏ ကြိုးပမ်းမှုဖြင့် ဒုတိယအကြိမ် ပေထက်အက္ခရာတင်ကာ ပိဋကတ်သုံးပုံကို သီဟိုဠ်ပြည်မှတစ်ဆင့် မြန်မာနိုင်ငံ သထုံသို့ ရောက်ရှိသည်ဟု မှတ်ယူနိုင်ပါသည်။
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ

သန်းခေါင်ယံက အမေးအဖြေများ (၃)

မေးခွန်းနံပတ်(၂)မှာ ကျန်ခဲ့တာလေးတွေကို ဖေါ်ပြပါဦးမယ်…
ထိုပါဏာတိပါတကံထိုက်သူများဟာ အပါယ်ကို ကျစေနိုင်တယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပေ။ ဒါဖြင့် ပြုမိတဲ့ ပါဏာတိပါတကံအတွက် အပါယ်မကျနိုင်အောင် တားလို့ရနိုင်မလားဆိုတာ ဆက်လက် လေ့လာကြည့်ကြရအောင်ပါ။
ပြုမိပြီးတဲ့ ပါဏာတိပါတအမှုများကို “ဒီမကောင်းမှုကံကြီး ငါ့မှာ ဖျောက်လို့ရမှာမဟုတ်တော့ဘူး၊ သေရင်တော့ အပါယ်ကျတော့မှာ ပဲ” လို့ ပူပန်မှု ကုက္ကုစ္စ ဖြစ်နေမယ်ဆိုရင်တော့ သည်ပူပန်မှုတွေကြောင့် အပါယ်ကျရောက်နိုင်ပါတယ်။ ပြုမိပြီးတဲ့ ပါဏာတိပါတအမှုကို ထားပြီး နောင်မပြုမိအောင် ထိန်းသိမ်းမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထိုပါဏာတိပါတအမှုကို (ဂရုမစိုက်ဘဲ)မေ့ထားမယ်၊ ပြီးတော့ ရှေ့ကို ကုသိုလ်တရားတွေကိုပဲ ဆက်လက် ပြုလုပ်သွားမယ်ဆိုရင် ကြာလာတော့ ထိုပြုမိတဲ့ပါဏာတိပါတအမှုတောင် ပပျောက်သွားနိုင်ပါတယ် လို့ ဘုရားရှင်က ဂါမဏိ သံယုတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်၊ ဒါလည်းသတိပြုစရာအချက်တစ်ခုပါ။

ဒါတင်မသေး (ယဿ ပါပံ ကတံ ကမ္မံ ၊ ကုသလေန ပိဓီယတေ) ပြုမိခဲ့ပြီးတဲ့ (ပါဏာတိပါတ)စတဲ့အကုသိုလ်တရားတွေကို ကုသိုလ်တရားနှင့် ရိုက်ချိုးကြ၊ ဖျက်ဆီးကြ ၊ ချိုးနှိမ်ကြ ဟု ဓမ္မပဒပါဠိတော် အင်္ဂုလိမာလသုတ်မှာ ဟောတော်မူထားပါတယ်။
အင်္ဂုလိမာလသည် လူ့ဘ၀တုန်းက လူတွေသတ်လာခဲ့တာ ထောင်ဂဏန်းပြည့်ဖို့ တစ်ယောက်ပဲလိုတော့တယ်၊ နောင် ဘုရားရှင် နှင့်တွေ့ဆုံရသောအခါ တရားတော်နာပြီးတဲ့အဆုံးတွင် အရဟတ္တမဂ်ဖိုလ် မျက်မှောက်ပြုသွားပါတယ်။ မဂ်ဖိုလ်ကိုမျက်မှောက်ပြုခဲ့ပြီးတဲ့ အချိန်ကစပြီး သူပြုခဲ့တဲ့ ပါဏာတိပါတကံဟာ အကျိုးပေးခွင့်မရတော့ဘဲ အဟောသိကံ ဖြစ်သွားပါတော့တယ်။ ဒါကြောင့် မိမိပြုခဲ့တဲ့ ပါဏာတိပါတ စတဲ့မကောင်းမှုတွေကို ဘာဝနာတရားနဲ့ ပယ်ဖျောက်ရင်လည်း ရနိုင်ပါတယ်။
နောက်ဆက်တွဲအမေးအတွက်…..
ခန္ဓာကိုယ်အတွင်း ပိုးမွှားသေခြင်းနှင့်ပတ်သက်၍ တင်ပြရလျှင် မိမိခန္ဓာကိုယ်အတွင်းက ပိုးမွှားများကို သာမန်မျက်စိဖြင့်မမြင်နိုင်ပေ၊ ဆိုင်ရာကရိယာများ၏ အကူအညီယူကာ အဆပေါင်းများစွာချဲ့၍ ကြည့်မှသာ မြင်နိုင်သည်၊ ထို့အပြင် သတ္တ၀ါဟု ခေါ်ဆိုရလောက်အောင်လည်း အင်္ဂါမစုံသည့်အတွက် သတ္တ၀ါရယ်လို့ ခေါ်ဆိုမရပေ။
ထိုအင်္ဂါငါးပါးအနက် သတ္တ၀ါ(မခေါ်ဆိုနိင်)မမည်တဲ့အတွက် ပထမအင်္ဂါချွတ်ယွင်းနေပါတယ်၊ ထို့ကြောင့် ခန္ဓာကိုယ်တွင်းမှ ဗိုင်းရပ်စ်ပိုးမွှားများ သေခြင်းဟာ ပါဏာတိပါတကံမမြောက်ပါ ဟု မဟာစည်ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားတာကို ဖတ်ရှုခဲ့ရဖူးပါတယ်။ ဒီတင်ပဲ ဒုတိယမေးခွန်းရဲ့အဖြေကို အဆုံးသတ်လိုက်ပါတယ်။
(၃) တရားအားထုတ်တာဟာ နေရာတိုင်းမှာ အားထုတ်လို့ရ - မရဆိုတဲ့ တတိယအမေးပြဿနာ…
တရားအားထုတ်ခြင်းကို စိတ်ဝင်စားသည် ဆိုရာဝယ် အကြောင်းအမျိုးမျိုးရှိပေသည်၊ သံဝေဂဥာဏ်ဖြစ်ခြင်း၊ စိတ်ချမ်းမြေ့မှု ရှိမည်ဟု ထင်မှတ်ခြင်းစသည့် အကြောင်းမျိုးစုံ ရှိပါသည်၊ တရားအားထုတ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ပြောရရင် မြတ်ဘုရားလက်ထက်တော်အခါက နန္ဒမင်းသား၏ တရားအားထုတ်မှုသည် နတ်သမီးလိုချင်၍ဖြစ်သည်၊ နတ်သမီးလိုချင်သည့် အကြောင်းကြောင့် တရာအားထုတ်ဖြစ်ခါ နောက်ဆုံး၌ ရဟန္တာဖြစ်သွားခြင်းပင်ဖြစ်သည်။ ဘာရည်ရွယ်ချက်မျိုးနဲ့ပဲဖြစ်စေ တရားအားထုတ်ဖြစ်ဖို့က အဓိကဆိုတာကို နားလည်စေချင်ပါတယ်။
ဆိုလိုသည်မှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တရားအားထုတ်ကြသောသူတို့သည် တရားအပေါ်၌ စိတ်ဝင်စားအားကြီးလာ ရင်ဖြစ်စေ၊ တရားရှုမှတ်မှုအားကောင်းကာ စိတ်တည်ငြိမ်မှုကြောင့် အရင်က မခံစားဖူးသေးတဲ့ တရားအရသာထူးများကို ခံစားကြရတဲ့အခါဖြစ်စေ တရားအပေါ် လက်ခံယုံကြည်မှုများ အားကောင်းလာကာ သဒ္ဓါ တရားလွန်ကဲလာတတ်ပါတယ်၊ သည်လို သဒ္ဓါတရားလွန်ကဲလာလျှင် မိမိလုပ်နေကြအလုပ်များ၌ စိတ်ဝင်စားမှုမရှိတော့၊ လောကီအလုပ်များ မလုပ်ချင်ဖြစ်တတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေအဖို့ စားဝတ်နေရေး ရှိသေးတဲ့အတွက် လွန်ကဲနေတဲ့သဒ္ဓါတရားက တဖြည်းဖြည်းလျော့သွားရင် သူ့ဟာသူ ပြန်အဆင်ပြေနိုင်ပါတယ်။
အများအားဖြင့် လူတွေဟာ ထိုတရားဘာဝနာအားထုတ်မှုကို တရားခွင်(တရားစခန်း)တွင်း၌သာ လုပ်ရတယ်လို့ ထင်မှတ်တတ်ကြပါတယ်။ အမှန်ကား ထိုသို့မဟုတ်ပါ၊ တရားအားထုတ်မှုဟာ သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ် လေးမျိုးလုံးတို့တွင် တရားရှုမှတ်၍ ရပါတယ်။ အယုတ်စွဆုံး ရေချိုးတဲ့အခါ၌ဖြစ်စေ၊ ထမင်းစားသည့် အခါ၌ ဖြစ်စေ၊ ရေသောက်သည့်အခါ၌ဖြစ်စေ၊ အိမ်သာတက်သည့်အခါ၌ဖြစ်စေ၊အိပ်မပျော်သေးသည့်ကာလများတွင် မပြတ် တလစပ် အားထုတ်နိုင်ပါသည်။ ထိုသို့နေရာတိုင်းတွင် တရားအားထုတ်နိုင်ကြောင်းကို (ယထာ ယထာ ၀ါ ပနဿ ကာယော ပဏီဟိတော ဟောတိ ၊ တထာ တထာ နံ ပဇာနာတိ) အကြင်ကြင် တည်နေတိုင်းသော ကိုယ်အမူအရာများအား ထိုတည်နေသည့် အမူအရာအတိုင်း ကွဲပြားစွာသိအောင်ရှုမှတ်ပါလေ…….လို့ သတိပဋ္ဌာန်သုတ်ကို ထောက်၍ တရားရှုမှတ်မှုဟာ နေရာမရွေး အချိန်မရွေး တရားရှုမှတ်နိုင်တဲ့အပြင် တရားရှုမှတ်သောကြောင့်လည်း (အကာလိကော) နေရာအချိန်အခါမရွေး တရားရနိုင်ပါတယ်။ ထင်ရှားအောင် စိတ်ဝင်စားဖွယ်သာဓကများ ထုတ်ပြပါဦးမယ်။
မြတ်ဗုဒ္ဓ၏ အလုပ်အကျွေးဖြစ်သူ အရှင်အာနန္ဒာသည် အထက်မဂ်များရရှိရန်အတွက် တရားရှုမှတ်သောအခါ သွား၊ရပ်၊ထိုင်၊ လျောင်း ဣရိယာပုထ်လေးပါးမှ လွတ်ကာ (ခဏလေးလှဲလျောင်းမည်ဟုစိတ်အကြံဖြစ်ကာ လဲလျောင်းခိုက် ကျောက်ကုန်းနှင့်အိပ်ရာမထိမှီ ခြေဖ၀ါးနှင့်မြေကြီးလွတ်ကာ) တရားထူးရခဲ့လေသည်။
အိန္ဒိယသာသနာကွယ်ပြီး သီဟိုဠ်၌ သာသနာထွန်းကားစဉ်က သီဟိုဠ်နိုင်ငံ မဟာဂါမရွာ၊ ဘုန်းတော်ကြီးကျောင်း၌် လမ်းလျှောက်ရင်း တရားရှုမှတ်၍ တရားထူးရသွားသည့်သာဓကလည်းရှိခဲ့ပေသည်။ ဆွမ်းဘုဉ်းပေးရင်း တရားရှုမှတ်ရာ၌လည်း တရားထူးရခဲ့သည်ကို ဓမ္မပဒအဋ္ဌကထာတွင် လာရှိသည့်အပြင် သီဟိုဠ်ခေတ်တုန်းက လမ်းဆုံလမ်းခွ ဇရပ်ပေါ်တွင် ဆွမ်းဘုဉ်းပေးရင်း တရားရှုမှတ်ကြတဲ့ အတွက် တရားထူးရသွားကြသည်မှာ အရေအတွက်မနည်းလှကြောင်း စာပေတွင်ကြည်ညိုဖွယ်ရာ ဖတ်ရပါတယ်။
ထို့ပြင် ဘုရားလက်ထက်က ဟင်းရွက်ကြော်ရင်း ဟင်းရွက်တို့၏ ဆီပူဖြင့်ထိသောအခါ ညိုးနွမ်းသွားတဲ့ အနေအထားကို (ဗဟိဒ္ဓ) အပြင်အာရုံ ယူကာ မိမိခန္ဓာဥာဏ်စိုက်၍ မိမိခန္ဓာဟာလည်း ထိုဟင်းရွက်ကဲ့သို့ ညိုးနွမ်းလာမည်ဖြစ်၍ မမြဲပါတကား…. လို့ ဆင်ခြင်ကာ ဟင်းရွက်ကြော်ရင်း ၀ိပဿနာတရားရှုမှတ်လိုက်ရာ တရားထူးရသွားပါတယ် လို့ မြတ်ဗုဒ္ဓ၏ (History) ပိဋကတ်တော်မှတ်တမ်းတွင် အထင်အရှား လာရှိပါတယ်။
ထို့ကြောင့် တရားရှုမှတ်ခြင်းဟာ လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်းဖြင့် တရားရှုမှတ်မည်ဆိုပါက ရှုမှတ်မှုမပျက်စေဘဲ အလုပ်လုပ်၍ ရနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်၊ လုပ်ငန်းခွင်တွင် တရားရှုမှတ်တယ်ဆိုတာ ဖြစ်တိုင်းသော အမူအရာတို့၌ သတိကပ်၍ တရားရှုမှတ်နေမည်ဆိုပါက အလုပ်လည်းတွင် ကုသိုလ်လည်းရ၍ အလွန်ဟန်ကျတဲ့ စနစ်တစ်ခု ဖြစ်ပါကြောင်း တတိယအမေးရဲ့ အဖြေကို ဒီတင်ပဲ အဆုံးသတ်လိုက်ပါတယ်။
(၄) နော်ဝေနိုင်ငံတွင် နောက်ဆုံးပေါ် တရားရှုမှတ်နည်းတစ်ခုအတွက် မှန် - မမှန်ဆိုတဲ့ စတုတ္ထအမေးပြဿနာ…….
ယခင်ဖြစ်ခဲ့သည့်တရားများ၊ ယခုဖြစ်ဆဲတရားများ၊ နောင်ဖြစ်လတံ့သောတရားများဟာ (ဘာမျှ မဟုတ်ဘူး)ဟု ရှုမှတ်ရမည်၊ လောကရှိရှိသမျှအရာအားလုံးဟာ (ဘာမှမဟုတ်ဘူး)၊ ဖြစ်ပေါ်သမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို (ဘာမှမဟုတ်ဘူး) လို့ ရှုရတဲ့ တရားအားထုတ်နည်းနှင့် တရားရှုမှတ်နေကြတာကို အရှင်ဘုရားအနေနဲ့ ဖြစ်နိုင်ရင် မှားသလား/မှန်သလားဆိုတာကို ဖြေရှင်းပေးစေလို ပါတယ် ။ ထိုတရားရှုနည်းကို ကြားခဲ့သည်မှာ သိပ်မကြာလှသေးတဲ့အတွက် နောက်ဆုံးပေါ် latest နည်းတစ်ခု ဖြစ်နိုင်ပါကြောင်း ယူဆမိပါ တယ်။
ထိုနည်းကို သူမလောက်သာပြောတာ မဟုတ်သေး၊ အင်္ဂလန်ကဓမ္မမိတ်ဆွေ ဆရာဝန်ကြီးတစ်ယောက်ကလည်း online အွန်လိုင်းပေါ်ကနေ နောက်ဆုံးပေါ် တရားနည်းကို ပြောခဲ့ဖူးပါတယ်။ “အရှင်ဘုရား... ဒီဆိုက်မှာ ဖတ်ကြည့်ပါဘုရား” လို့ဆိုကာ စာရေးသူအား http://realenlightenment.org လင့်ခ်တစ်ခု ပေးလိုက်ပါ သေးတယ်။
ထိုတရားအားထုတ်နည်းသာမဟုတ် အခြားနည်းအမျိုးမျိုးတို့အား ဤနည်းကတော့အမှား၊ ဤနည်းကတော့အမှန်လို့ဆုံးဖြတ်ရန် ခက်ခဲလှပါတယ်။ ဒါပေမယ့် ဘယ်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌(မှတ်ကျောက်တင် ခံနိုင်ဖို့ရာ) ပုံသေနည်း (နိယာမ)တစ်ခုတော့ ရှိရပါမယ်။ ထိုပုံသေနည်းကား တစ်ခြားမဟုတ် ဘုရားရှင်၏ သတိပဋ္ဌာန်နည်း မူသေစည်းပင်ဖြစ်ပါတယ်။ လောကတွင် တရားနည်းလမ်းများ အမျိုးမျိုးအထွေထွေ ရှိကြပါတယ်၊ ထိုနည်းလမ်းများ၏ အမှား/အမှန် ကို တိုင်းတာချင်တယ်ဆိုရင် သတိပဋ္ဌာန်လေးပါး ပေတံနှင့်သာ တိုင်းတာရပါ့မယ်။ ဘာ့ကြောင့်လဲဆိုရင် သတိပဋ္ဌာနသုတ်တော်တွင် (ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာအညစ်အကြေးကင်းစင်ဖို့ရာ တစ်ခုတည်းသောလမ်းသည် သတိပဋ္ဌာန်ဟု ဟောထားပါတယ်။
ထို့အပြင် (ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိဓမ္မံ အနမသိတွာ မဂ္ဂါဒိဂမောနာမ နတ္ထိ) ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် လေးပါးအနက် တစ်ပါးပါးကို မရှုမှတ်မသုံးသပ်ဘူးဆိုပါက မဂ်ဖိုလ်ကို ရသည် မရှိပါ.. လို့ စာပေအလာ ရှိတဲ့အတွက် သတိပဋ္ဌာန် ပါတဲ့ တရားနည်းလမ်းများသာလျှင် အမှန်ဖြစ်နိုင်ပါတယ် လို့ ယူဆမိပါတယ်။
သတိပဋ္ဌာနသုတ်တော်တွင် ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း (သွားသည် ဟူ၍) အပြားအားဖြင့် သိရမယ်လို့ ဆိုထားပါတယ်၊ သွားလျှင် ဘာမျှမဟုတ်ဘူး၊ ဟုဟောကြားထားတာမဟုတ်ပါ၊ သည်လိုဆိုလျှင် ဘုရားရှင် ဟောထားတဲ့ (ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ) ကို (ဂစ္ဆန္တောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်။
(နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း (ထိုင်တယ်ဟူ၍) အပြားအားဖြင့် သိရမယ်၊ ( ထိုင်လျှင် ဘာမျှမဟုတ်) ဟူ၍ သိရမည်ဟု မဟောကြားခဲ့ပါ၊ ဘုရားရှင်ဟောတော်မူခဲ့တဲ့(နိသိန္တောဝါ နိသိန္နောမီတိ ပဇာနာတိ) ကို (နိသိန္နောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်၊ သည်လိုတော့ မဖြစ်နိုင်ပါ၊ ဒါဖြင့် ဘုရားနည်းလမ်းမှ သွေဖီနေတဲ့ ထိုတရားနည်းလမ်းကို အမှန်လို့ ယူဆ၍ မရနိုင်တော့ပါ။
နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ကာလက ဖြစ်ခဲ့ပေမယ့် ယခုအချိန်အထိ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ပိုလို့လည်း နုတ်ပယ်စရာမလိုသလို လိုနေ၍လည်း ထပ်ဖြည့်စရာမလိုပါ၊ တရားတော်က အရှိကိုအရှိအတိုင်း သိမြင်ရမယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးဖြစ်တယ်၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမယ်လို့ ဟောထားသောကြောင့် ရိုးရိုလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ ဖြစ်ပါတယ်။
ထို့ကြောင့် လောကတွင် ဘာမျှ မရှိ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် သဘာဝမကျသော နည်းလမ်းတစ်ခုဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။

သန်းခေါင်ယံက အမေးအဖြေများ (၂)

ဤအကြောင်းအရာတို့ဖြင့် သက်သတ်လွတ်စားခြင်းဟာ ဗုဒ္ဓအလိုတော်ကျမဟုတ်သည်မှာ ထင်ရှားလှပါတယ်။
တစ်ဖန် မြတ်ဘုရားလက်ထက်တော်က အရှင်ဒေ၀ဒတ်သည် အခြွေအရံပရိသတ်နည်းကာ လာဘ်လာဘနည်းပါးလာတဲ့အတွက် မြတ်ဘုရားထံတော်တွင် အချက်ငါးချက်ကို တောင်းဆိုခဲ့ပါတယ်၊
ထိုငါးချက်မှာ……
(က) ရဟန်းတော်များ တောကျောင်း၌သာ နေရမယ်၊ ရွာထဲကျောင်းတွင်နေပါက အာပတ်သင့်စေ။
(ခ) ရဟန်းတော်များ တစ်သက်လုံးဆွမ်းခံစားရမယ်၊ ဒကာများ လှူသော ဆွမ်းကို စားသောက်ပါက အာပတ်သင့်စေ။
(ဂ) ရဟန်းတော်များ တစ်သက်လုံး ပံ့သကူသင်္ကန်းသာဝတ်ရုံရမယ်၊ ဒကာလှူသောသင်္ကန်းဝတ်ပါက အာပတ်သင့်စေ။
(ဃ) ရဟန်းတော်များ အသက်ထက်ဆုံး သစ်ပင်ရင်းမှာသာနေရမယ်၊ အမိုးရှိကျောင်းမှာ နေပါက အာပတ်သင့်စေ။
(င) ရဟန်းတော်များ အသက်ထက်ဆုံး အမဲသားငါးမစားရ ၊ စားကအာပတ်သင့်စေ ဟု အချက်ငါးချက်ကို မြတ်ဘုရားထံတောင်းခဲ့ပါတယ်။
ထိုအချိန်က အရှင်ဒေ၀ဒတ် တောင်းတဲ့အချက်ငါးချက်ကို အကျိုးမရှိတဲ့အတွက် မြတ်စွာဘုရား ခွင့်ပြုတော်မမူခဲ့ပေ၊ အကယ်၍ အကျိုးရှိက ခွင့်ပြုမှာပါ။

အသားလွတ်နှင့်စပ်လျဉ်းပြီး အာမဂန္ဓ ဆိုတဲ့ဝေါဟာရရဲ့ ပြဿနာလည်းး ပါလာပါတယ်။ အာမဂန္ဓ ဆိုတာ အမဲသား ငါး စတဲ့ အညှီအဟောက်ကို ပြောတာပါ၊ ဒါနဲ့စပ်လျဉ်း၍…
တစ်ခါက အာမဂန္ဓ အမည်ရှိတဲ့ ရသေ့ဟာ ဟိမ၀န္တာတောထဲမှာ ရသေ့ငါးရာအခြံအရံဖြင့် နေထိုင်ခဲ့ပါတယ်၊ တစ်နေ့သောအခါ ဘုရားရှင်ပွင့်တော်မူတယ်လို့ကြားတာနဲ့ မြတ်ဘုရားထံလာပြီး “ အရှင်ဘုရား…အာမဂန္ဓကို ဘုဉ်းပေးတော်မူပါသလားဘုရား” လို့ လျှောက်ထားရာ ဘုရားရှင်က “ အသင်ရသေ့…အာမဂန္ဓဆိုတာ ဘာကိုခေါ်ပါသလဲ” မေးရာ ရသေ့က “အာမဂန္ဓဆိုတာ သားငါးပါဘုရား” လို့ ဖြေပါတယ်၊ ဘုရားရှင်က “အသင်ရသေ့…သားငါးကို အာမဂန္ဓ ခေါ်တာမဟုတ်ဘူး၊ အလွန်ဆိုးဝါးတဲ့ ကိလေသာအညှီအဟောက်တွေကို သာ အာမဂန္ဓ လို့ ခေါ်ပါတယ်၊
သည်အမေးမျိုးကို အသင်ရသေ့သာ မေးတာမဟုတ်၊ကဿပဘုရားရှင်လက်ထက်တော်ကလည်း မေးခဲ့ဖူးလေပြီလို့ အတိတ်ဇာတ်ကြောင်း ပြန်ပြောင်းကာ ဟောကြားတော်မူပါတယ်။
ကဿပဘုရားရှင်လက်ထက်တော်အခါက တိဿ ရသေ့ဟာ အမဲသားငါးမစားဘဲ သစ်ဥသစ်ဖုတွေကိုသာ စားသုံးနေခဲ့ပါတယ် အမဲသားငါး(အာမဂန္ဓ) စားတာကို ကုသိုလ်ရပါတယ် မဂ်ဖိုလ်အကျင့်ဖြစ်တယ်လို့ ယူဆနေပါတယ်၊ တစ်နေ့တွင် ကဿပဘုရားရှင်အား ‘အာမဂန္ဓ(အမဲသားငါး) စားပါသလားဟု’ မေးလျှောက်ခဲ့ဖူးသည်၊ ၄င်းအမေးနှင့် စပ်လျဉ်း၍ ကဿပဘုရားရှင်က အာမဂန္ဓ ရဲ့ အဓိပ္ပါယ်ကို အကျယ်တ၀င့်ပြောပြတာကို အားလုံးမှတ်သားနာယူနိုင်အောင် ရေးသားပေးလိုက်ပါတယ်။
“အသင်ရသေ့… ပါဏာတိပါစတဲ့အကုသိုလ်ဒုစရိုက်တွေ၊ကိလေသာတွေ၊ တိတ္ထိအကျင့်တွေ ပြုကျင့်တာကို အာမဂန္ဓ (အညှီအဟောက်၊ အဆိပ်စော်နံတယ်၊ပုပ်စော်နံတယ်)လို့ ဆိုလိုပါတယ်၊ သားငါးစားတာကို အာမဂန္ဓ လို့ မဆိုလိုဘူး၊ ကိုယ့်အတွက်သတ်တာကို မြင်ရတဲ့အသားမျိုး၊ ကြားရတဲ့အသားအမျိုး၊ ကိုယ့်အတွက်သတ်တာပဲဟု ယုံမှားသံသယဖြစ်တဲ့ အသားမျိုး ၊ အဲဒီ အစွန်းသုံးပါးလွတ်တဲ့ အသားကို စားတာဟာ လောကအပြစ် ဓမ္မအပြစ် ဘာမှ မရှိတဲ့အတွက် အာမဂန္ဓ လို့ မဆိုလိုဘူး” လို့ပြောကာ အကျယ် ဟောပြတော်မူပြန်ပါတယ်။
“ တိဿရသေ့…သူ့အသက်သတ်ခြင်း၊ နှိပ်စက်ညှင်းဆဲခြင်း၊ မုသားဆိုခြင်း၊ အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း၊ သူတစ်ပါး သားမယားကို ပေါင်းဖေါ်မှီဝဲခြင်း၊ ဤသည်တို့သည် အာမဂန္ဓ အညှီအဟောက်ဖြစ်တယ်၊ သားငါးသည် အညှီအဟောက်မဟုတ်ပါ။
လောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌မက်မောကြကုန်၏ ၊ အသက်မွေးမှုမစင်ကြယ်ကုန်၊ နတ္ထိက အယူဝါဒ ရှိကုန်၏ ။ ထိုသူတို့၏ ကာမတို့၌ မစောင့်စည်းမှုသည် အာမဂန္ဓ အညှီအဟောက် ဖြစ်ပါတယ်၊ သားငါးဘောဇဉ်ဟာ အညှီအဟောက်မဟုတ်။
အကြင်သူတို့သည် ဆူးပေါ်၌ အိပ်ခြင်း၊ မြေကြီးပေါ်၌ အိပ်ခြင်း၊ အစာမစားဘဲနေခြင်း စသောကိုယ်ညှဉ်းဆဲခြင်း၊ အတ္ထကိလမထ နုယောဂအကျင့် ရှိကုန်၏၊ ရှေ့တွင် ချီးမွှမ်း၍ နောက်ကွယ်တွင်ကဲ့ရဲ့ကုန်၏၊ အဆွေခင်ပွန်းကို ပြစ်မှားကြကုန်၏၊ သနားကရုဏာကင်း ကုန်၏။ ပေးကမ်းတတ်သော အလေ့မရှိကုန်၊ အလွန်ကောက်ကျစ်စဉ်းလဲကုန်၏။ ထိုသူတို့၏ အတ္ထကိလမထအကျင့်ဟာ အာမဂန္ဓ အညှီအဟောက်လို့ခေါ်ပါတယ်၊ သားငါးစတာတွေဟာ အညှီအဟောက်မဟုတ့်ပါ။
ကြွေးမြီကို ယူ၍ မပေးဆပ် ဖျက်ဆီးတတ်တဲ့အပြင် ကုန်းချောတတ်ကုန်၏ ၊ လာဘ်ပေး လာဘ်ယူကာ ကောက်ကျစ်စွာ တရားစီရင်ကြကုန်၏။ သီလရှိယောင် အတုဆောင်တတ်ကုန်၏။ မိဖစသည့်လူကြီးများအပေါ် ရိုသေမှုမရှိ၊ ရိုင်းစိုင်းကြမ်းတမ်းကြကုန်၏။ ထိုသူတို့၏ မကောင်းသော အလေ့အကျင့်သည်ပင် အာမဂန္ဓ အညှီအဟောက် လို့ခေါ်ပါတယ်၊ သားငါးစတာတွေဟာ အညှီအဟောက် မဟုတ်ပါ၊ အာမဂန္ဓ မဟုတ်ပါ။
ဤ ဒုစရိုက်အမှုကို ကျင့်ခြင်း၊ အတ္ထကိလမထကျင့်ခြင်းစတာတွေဟာ နှစ်သက်စရာမဟုတ်၊သူတော်ကောင်းတို့ စက်ဆုပ်ဖွယ်ရာဖြစ်တဲ့အတွက်ကြောင့် အာမဂန္ဓ ဟုခေါ်ပါတယ်။
ဆက်လက်၍ အနှစ်မရှိတဲ့ ဗေဒင်ရွတ်အံသရဇ္ဈယ်နေတာတွေ ၊ မီးပုံထဲ ထောပတ်တွေ လောင်းထည့်ပြီး မီးပူဇော်တာတွေ သတ္တ၀ါ အသက်တွေကို သတ်ပြီး ယဇ်ပူဇော်တာတွေဟာ မဂ်ဖိုလ်ရကြောင်းအကျင့်လို့ ထင်မြင်ယူဆပြီး လုပ်နေကြပါတယ်၊ ထိုအရာများဟာ မိစ္ဆာဒိဋ္ဌိ (အယူမှား)တွေဖြစ်ပါတယ်။ ထိုအယူမှားတွေဟာ အာမဂန္ဓ လို့ခေါ်ပါတယ်။
ဤနေရာတွင် သားငါးမစားဘဲ ရှောင်ကြဉ်တဲ့အကျင့်ကို အတ္ထကိလမထအကျင့်နှင့် တန်းတူထားပြီး မိစ္ဆာဒိဋ္ဌိထဲသွင်းယူတာကို သတိထားရပါ့မယ်။
ဘုရားရှင်ဟောတော်မူခဲ့သည့် အထက်အပါကြောင်းအရာများကို ကြည့်ရင် သက်သတ်လွတ်စားတာဟာ မဂ် ဖိုလ်ရ ကြောင်းအကျင့်လို့ ထင်မြင်ယူဆနေရင် မိစ္ဆာဒိဋ္ဌိ အယူသာဖြစ်ပါတယ်၊ မဂ်ဖိုလ်ရကြောင်းအကျင့်ဆိုတာ မဂ္ဂင်ရှစ်ပါးအကျင့်ကို ပြောတာပါ။ သက်သတ်လွတ်စားတဲ့အကျင့်ဟာ မဂ္ဂင်ရှစ်ပါးအကျင့်မဟုတ်ဘူး၊ ထို့ကြောင့် မဂ်ဖိုလ်ရရေးအတွက် ကြိုးစားတရားအားထုတ်တဲ့နေရာမှာ သက်သတ်လွတ်ဟာ အဓိကမကျတဲ့အပြင် ဘုရားရှင်က မိစ္ဆာအယူထဲ ထည့်သွင်းယူထားတာကို သတိပြုကြစေလိုပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်မှန်ကန်စွာ စားသုံးမယ်ဆိုရင်တော့ မိစ္ဆာဒိဋ္ဌိအယူထဲ မပါတဲ့အပြင် အနာရောဂါကင်းရှင်းနိုင်ပါတယ်။
သက်သတ်လွတ်စားခြင်းရဲ့အကျိုးကိုပြောရလျှင် အစိမ်း၊သရဲ၊သင်းကွဲပြိတ္တာ၊ တစ္ဆေ ၊ မြေဖုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများဘေး၊ ခြသေ့င်္၊ သစ်၊ ကျား၊ စတဲ့ သားရဲဘေးအန္တရာယ်မှကင်းဝေးခြင်း၊ သက်ရှည်ကျန်းမာ ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း သာခြင်းစတဲ့ အကျိုးများရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ကျွဲနွားတို့၏ အသားကို မစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီး ရောဂါကင်း တယ်၊သက်ရှည်ကျန်းမာတယ်လို့ သုတ္တနိပါတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်။
‘ တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။
ပသူနဉ္စ သမာရမ္ဘာ၊ အဋ္ဌန၀ုတိ မာဂမုံ။’ လို့ဟောတော်မူပါတယ်၊ အဓိပ္ပါယ်က နွားသားကျွဲသားစားသူတို့ မပေါ်မှီ ရှေးအခါက….
(၁) ဣစ္ဆာ- လိုချင်တာမရတဲ့အတွက် စိတ်ပူပန်အနှောက်ယှက် ဖြစ်ရတဲ့ရောဂါ။
(၂) အနသန - စားချိန်မှာ မစားရ၊ အိပ်ချိန်မှာ မအိပ်ရတဲ့အတွက် စိတ်ပူပန်အနှောင့်အယှက်ဖြစ်ရတဲ့ရောဂါ။
(၃) ဇရာ - အိုချိန်ကျတဲ့အခါ အိုရတဲ့ရောဂါ ။
ထိုရောဂါ (၃)မျိုးသာ ပေါ်ပေါက်ခဲ့ပါတယ်။ ထမင်းရှင် ဟင်းရှင်ဖြစ်တဲ့ ကျွဲနွားသတ္တ၀ါတွေကို သတ်ဖြတ်စားသောက်တဲ့ အချိန်ကစပြီး လောကမှာ ကိုးဆယ့်ရှစ်ပါးသော ရောဂါဝေဒနာများ ဖြစ်ပေါ်လာကြပါတယ်လို့ဆိုလိုပါတယ်။ ဒါကြောင့် အနာရောဂါကင်းပြီး အသက်ရှည်ခြင်းစတဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ သက်သတ်လွတ်စားကြရပါမည်။
ယနေ့ခေတ်တွင် ထိုအသားလွတ်ကို အကျင့်ထူးကြီးတစ်ခုဟု မှတ်ထင်ကာ မွေးနေ့ရက်၊ ၀ါတွင်းသုံးလ စတာတွေမှာ အသားလွတ်စားတဲ့အကျင့်ကို ကုသိုလ်ရတယ်ထင်ပြီး စားနေကြတာပါ။ အမှန်မှာ သက်သတ်လွတ်စားတာဟာ ကုသိုလ်မဖြစ်ပါ၊ ကုသိုလ်မဖြစ်ရင် အကုသိုလ်ကောဖြစ်မှာလား မေးစရာရှိနေပါတယ်၊ အမှန်စင်စစ် သက်သတ်လွတ်သည် ကုသိုလ်မရသလို အကုသိုလ်လည်းမဖြစ်ပေ၊ လောကီရေးရာအခန်းကဏ္ဍတွင်တော့ အကျိုးရှိကောင်း ရှိနိုင်ပေမယ့် ဓမ္မရေးရာဖက်တွင် အကျိုးမရှိနိုင်ပါ၊
အချူပ်ဆိုရသော်တရားအားထုတ်ရာ၌ ထိရောက်မှုရှိစေရန်အတွက် အသားစားခြင်း၊ မစားခြင်းနှင့်မသက်ဆိုင်ပေ၊ ကာယကံရှင်ရဲ့အားထုတ်သော သီလ ၊ သမာဓိ၊ ပညာနှင့်သာ သက်ဆိုင်နေပါတယ်၊ ဒါကြောင့် နိဗ္ဗာန်လိုလား တရားအားထုတ်နေကြတဲ့ သူတော်ကောင်းများဟာ မိမိတကယ်နိဗ္ဗာန်လိုချင်တယ်ဆိုလျှင် တရားတိုးတက်ရန်အတွက် အထောက်အပံ့မှာ သီလ သမာဓိ ပညာသာလျှင် အဓိက ဖြစ်တယ်ဆိုတဲ့အကြောင်း ပထမအမေးကို အဖြေပေးလိုက်ရပါတယ်။ ။
(၂) ပါဏာတိပါတကံ ထိုက်မထိုက် ဆိုတဲ့ ဒုတိယအမေးပြဿနာ……
ဤ၌ ပါဏာတိပါတကံထိုက်နိင်တဲ့ အင်္ဂါများကို တင်ပြပေးလိုက်ပါတယ်၊ ၄င်းတို့မှာ………..
(က)ပါဏ - အသက်ရှိသော သတ္တ၀ါလည်း ဖြစ်ရမည်။ (ခ) ပါဏသညိတာ - အသက်ရှိသတ္တ၀ါကောင်လို့လည်း အမှတ်ရှိရမည်။ (ဂ) ၀ဓကစိတ္တံ - သတ်လိုသည့်စိတ်လည်း ရှိရမည်။ (ဃ) ပယောဂ - ရိုက်ခြင်း၊ခုတ်ခြင်း၊ထိုးခြင်း၊ စသည်ဖြင့် သေအောင်အားထုတ်မှု သတ်မှု လည်း ရှိရမည်။ (င) သည်လို သတ်သည့်အတွက်ကြောင့် သတ္တ၀ါကောင်က သေလည်းသေရမည်၊ ထိုအင်္ဂါ ငါးချက်ပြည့်စုံမှသာလျှင် ပါဏာတိပါတကံမြောက်ပါတယ်။ ၄င်းအင်္ဂါငါး ပါးအနက် တစ်ပါးပါးချွတ်ယွင်းလျှင် ပါဏာတိပါတကံ မမြောက်ချေ။ ထိုကြောင့် ဒုတိယမေးခွန်း၌ ကိုယ်ဝန်ဖျက်ချသည်ဆိုရာဝယ် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကိုယ်ဝန်ဖျက်ချမိပါက အထက်ပါအင်္ဂါများနှင့်ပြည့်စုံနေပါ၍ ပါဏာတိပါတကံ ထိုက်ပါတယ် ။
ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို …..ထိုပါဏာတိပါတအမူဟာ ကိုယ်တိုင်သတ်မှသာ ထိုက်တာမဟုတ် သူတစ်ပါးကို သတ်ခိုင်းရင်ဖြစ်စေ၊ သတ်ဖို့တိုက်တွန်းရင်ဖြစ်စေ၊ သတ်တာကောင်းတယ် ဘယ်လိုဘယ်လိုအကျိုးထူးတွေရနိုင်တယ်စတဲ့ သတ်တာကို ချီးမွန်းရင်ဖြစ်စေ၊ သူတစ်ပါးသတ်တာကို သဘောတူရင်ဖြစ်စေ ပါဏာတိပါတ ဖြစ်ပါတယ်။ ထိုပါဏာတိပါတသည် အပါယ်ငရဲကိုကျနိုင်တယ်လို့ ဘုရားရှင်က စတုက္ကနိပါတ် အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဟောထားပါတယ်။
သူတစ်ပါးက ကိုယ့်ကို ပေးလာတဲ့ အသားငါးကိုတော့ ရည်ရွယ်ပြီး သတ်တာမဟုတ်တဲ့အတွက် စားကောင်းပါတယ်။ အလှူဒါနတွေမှာ အသားငါးများ ကြိုတင်မှာတာတွေဟာ အသတ်ခိုင်းတာနဲ့ အတူတူပဲ၊ အသတ်ခိုင်းရုံမက သတ်တာကိုလည်း သဘောတူ ရာ ရောက်နေတဲ့အတွက် ပါဏာတိပါတကံ ကျူးလွန်ရာရောက်နေပါတယ်။ဒါကို နားလည်ကြတဲ့ အလှူရှင်များကတော့ ဒံပေါက်ထမင်းများ၊ အသားဟင်းများ၊ အသားစိမ်းငါးစိမ်းများကို ကြိုတင်မှာယူမှုတွေ ကို မပြုလုပ်ကြပါဘူး။
အလှူကောင်းမှုတွေကို မကြာခဏပြုလုပ်ရလေ့ရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ တရားရိပ်သာတွေမှာ သတိမထားရင် ဒါမျိုး မကြာခဏဖြစ်တတ်လေ့ရှိပါတယ်။ ကောင်းမှုပွဲအတွက် အချိန်မမှီမှာစိုးတဲ့အတွက် ကြိုတင်မှာယူတတ်ကြတယ်၊ ကြိုတင်မှာယူမှု အတွက် ငါ့ကိုလည်း ဘယ်နှစ်ကောင်လောက်၊ ဘယ်နှစ်ပိဿာလောက် သတ်ပေးပါဦး လို့ အသတ်ခိုင်းလိုက်တာနဲ့အတူတူပဲ၊ သည်လိုဆိုလျှင် ပိုက်ဆံဖြင့် အပါယ်လက်မှတ်ဝယ်ယူနေတာနှင့်အတူတူပဲ ဆိုတာ သတိထားစေချင်ပါတယ်။
ဆိုလိုတာက အသားငါးအလိုရှိရင် ကြိုတင်မမှာမိဖို့ပါပဲ၊ (ဘယ်သူဘယ်ဝါအတွက် မရည်ရွယ်ထားဘဲ လာဝယ်ရင် ရောင်းဖို့ဆိုပြီး ထားတဲ့ ဈေးထဲက အသားငါးတွေကို ၀ယ်ယူတာမျိုးကျတော့ အပြစ်မရှိပါဘူး။) (ဆက်ရန်)

သန်းခေါင်ယံက အမေးအဖြေများ (၁)

သန်းကောင်ယံက အမေးအဖြေများကို အကျယ်တ၀င့်ပြန်တင်ပေးထားပါတယ်။
ကလင်…….ကလင်…….ကလင်
အိပ်ရာဘေးရှိ ဖုန်းမြည်သံကြောင့် အိပ်ရာမှနိုးခဲ့သည်၊ အချိန်ကား ည ၁၁ နာရီခန့်၊ သည်လိုအချိန်မျိုးတွင် တယ်လီဖုန်းလာသည်မှာ ဆန်းကြယ်ပေစွ၊ မည်သည့်နေရာက ဖုန်းဖြစ်မည်နည်း၊ ညအချိန်မတော်ကြီး ဖုန်းလာသည်ဖြစ်၍ အရေးကြီးသည့် ဖုန်းဖြစ်မည် ဟုခန့်မှန်းမိပါတယ်
တယ်လီဖုန်းကိုင်လိုက်ရာ နော်ဝေနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးတစ်ယောက်ဆီမှ ဖုန်းဖြစ်နေပါသည်။ သို့နှင့် ကိစ္စ အကြောင်းထူးက မည်သို့ပါလဲ လို့ မေးသောအခါ ဓမ္မနှင့်ပတ်သက်၍ မရှင်းလင်း နားမလည်တာတွေကို မေးလျှောက်ချင်ပါကြောင်း တောင်းပန်လာသောကြောင့် မေးခွင့်ပေးလိုက်ပါတယ်။ သူမအမေးပုစ္ဆာကား အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) အရှင်ဘုရား….တပည့်တော်မ သူငယ်ချင်းများ(ဓမ္မမိတ်ဆွေများ)က တရားအားထုတ်လျှင် သက်သတ်လွတ်(အသားလွတ်)စားက ပို၍ ထိရောက်ပါတယ်လို့ ပြောပါတယ်၊ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဟုတ်/ မဟုတ်၊ မှန်/မမှန် နှင့် အကယ်၍ မမှန်ပါက ဘယ်လို ကျင့်သုံးရမည်ကို အဖြေပေးစေလိုပါသည် အရှင်ဘုရား……။
(၂) အဖေမပေါ်ဘဲ ကိုယ်ဝန်ရခဲ့သည့် မိန်းခလေးများဟာ် ထိုကိုယ်ဝန်ကို အလိုမရှိ၍ ဖျက်ချနေကြပါတယ်၊ ဒီလိုဖြစ်ရတာက စစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုတွင် မိန်းခလေးများကို ဖမ်းဆီးခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခံရရာမှ မိန်းခလေးများတွင် သန္ဓေသားရရှိကြတယ်၊ မိန်းခလေးများဟာ ထိုသန္ဓေသားကို လူ့ဝန်းကျင်၌ မွေးဖွားရမှာ်ကို ရှက်လှတာက တစ်ကြောင်း၊ လူမဆန်သည့်သူများနှင့် သွေးစပ်၍ ရရှိလာတဲ့ သန္ဓေသားကိုလည်း ရွံမုန်းလှတ်ာကတစ်ကြောင်း အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဖျက်ချနေကြပါတယ်၊ ထိုအတွက် ပါဏာတိပါတကံ ထိုက်မထိုက် ဗုဒ္ဓတရားတော်အရ အဖြေပေးစေလိုပါတယ်ဘုရား….။ဒါ့အပြင် လူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ပိုးပေါင်းများစွာတို့သည် ပဋိဇီဝဆေးစားသုံးခြင်းဖြင့် သေကြေပျက်စီးသွားပါက ပါဏာတိပါတကံထိုက်မထိုက် သိလိုပါသည်ဘုရား….။
(၃) တပည့်တော်တို့ ယခု အခါ တရားအားထုတ်နေပါတယ်ဘုရား၊ ဒီလိုတရားအားထုတ်သောအခါ တရားအပေါ်မှာပဲ စိတ်ဝင်စားပြီး တရားပဲအားထုတ်နေချင်တဲ့စိတ်ပဲဖြစ်နေမိပါတယ်၊ နေ့စဉ်စားဝတ်နေရေးအတွက် ပြုလုပ်နေကျ အလုပ်ကိုလည်း မလုပ်ချင်တဲ့အတွက် အလုပ်တွေလည်း လစ်ဟင်းလာ ရပါတယ်ဘုရား၊ ဒီလိုဖြစ်တာ ဘာကြောင့်ပါလဲဘုရား။ တရားအားထုတ်တယ်ဆိုတာ ဘယ်နေရာဖြစ်ဖြစ် အားထုတ်လို့ရပါသလားဘုရား……၊ အားလုံးသိရအောင် အရှင်ဘုရား၏ ဘလော့ခ်ဆိုက်မှာ စာရေးပြီး ပို့စ်တင်ပေးပါဘုရား………။
(၄) ဆရာတော်တစ်ပါးရဲ့ တရာားရှုမှတ်နည်းတစ်ခုကို တပည့်တော်သူငယ်ချင်းများက ပြောပြပါတယ်၊ ထိုတရားက လောကတွင် ဘယ်အရာမဆို (ဘာမှမဟုတ်ဘူး) ဟူ၍ ရှုမှတ်ရမည်ဟု ပြောပါတယ်ဘုရား ၊ ထိုနည်းနှင့်ပတ်သက်၍ မှန်မမှန်ကိုလည်း တပည့်တော်မ သိလိုပါတယ်ဘုရား……..ဟု မေးခွန်းလေးချက် မေးလာပါတယ်။
ယုံမှားဖွယ်၊ ဒွိဟဖြစ်ဖွယ်ရာ တရားနည်းလမ်းများကို မသိနားမလည်သောကြောင့် မိမိအား အားကိုးတကြီး မေးလာတဲ့ သူမအား စာရေးသူက စာနာထောက်ထားကာ စွမ်းနိုင်သမျှ ပြန်လည် အဖြေပေးလိုက်ပါတယ် ။
(၁) သက်သတ်လွတ်စားခြင်းဖြင့် တရားအားထုတ်ရာမှာ ထိရောက်မှု ရှိပါတယ် ဆိုတဲ့ ပထမအမေးပြဿနာ…
သက်သတ်လွတ်နဲ့ပတ်သက်ပြီး အငြင်းပွားလာကြ ပြောဆိုလာကြတာဟာ အတော်ကြာခဲ့ပါပြီ၊ သက်သတ်လွတ်စားခြင်းဟာ အခုမှ ရှိလာတာမဟုတ်ပေ၊ ကဿပဘုရားရှင်လက်ထက်တော်ကတည်းက ရှိခဲ့ပါတယ်။ ဒါတောင်မှ ရှိတယ်ဆိုတာလောက်ပဲ ပြောနိုင်တာပါ
ဘယ်အချိန်ကပေါ်ပေါက်ခဲ့တယ်ဆိုတာကို ခန့်မှန်း ရလျှင် ကမ္ဘာဦးအစကပင်လျှင် ပေါ်ပေါက်ခဲ့တယ်လို့ ဆိုရပါ့မယ်၊ကမ္ဘာဦးလူသားတွေဟာ ကမ္ဘာမြေကြီးရဲ့ အဆီအနှစ်သြဇာတွေကို စတင်သုံးစွဲခဲ့ကြတာပါ။ ဒါကိုကြည့်ခြင်းဖြင့် သက်သတ်လွတ်ဟာ ကမ္ဘာဦးက စခဲ့တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
ကြာခဲ့ပြီဖြစ်တဲ့ ထိုသက်သတ်လွတ်အကြောင်းကို လူများအကြား ယခုတိုင် သက်သတ်လွတ်စားသင့်၊ မစားသင့် ငြင်းခုံနေကြဆဲပါ။
ဗုဒ္ဓရဲ့ တွေးခေါ်ယူဆချက် ခံယူချက်တွေကို (The concept of a Buddha) မသိသေးသမျှကာလပတ်လုံး(လက်ခံယုံကြည်မှု မရှိသေးသ၍) ထိုသက်သတ်လွတ်စားခြင်း ပြဿနာကို ငြင်းခုံနေကြဦးမှာပါ။ ဗုဒ္ဓရဲ့အတွေးအခေါ်ယူဆချက်တွေကို သဘောပေါက်လျှင်တော့ သက်သတ်လွတ်စားသင့် မစားသင့် ဆိုတဲ့ ပြဿနာဟာ အဆုံးသတ်နိုင်ပါလိမ့်မယ်။
ဝိနည်းမဟာဝါပါဠိတော် ဘေသဇ္ဇခန္ဓက ၀ဂ်လာ သီဟစစ်သူကြီးအကြောင်းကို ဖေါ်ပြလိုပါတယ်၊ မြတ်ဗုဒ္ဓလက်ထက်တော်က ဝေသာလီပြည် လစ္ဆ၀ီမင်းများမှာ စစ်သူကြီးတစ်ယောက်ရှိခဲ့သည်။ သူ့နာမည်က သီဟ စစ်သူကြီး…..လို့ ခေါ်ပါတယ်၊ မြတ်ဗုဒ္ဓပွင့်တော်မူ ဆဲဖြစ်တဲ့အတွက် လစ္ဆ၀ီမင်းတို့ဟာ အများအားဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။ဒါပေမယ့် သီဟ စစ်သူကြီးကတော့ ဗုဒ္ဓဘာသာဝင် မဟုတ်ရှာဘူး၊ တိတ္ထိဆရာကြီး (၆)ယောက်အနက် တစ်ယောက်ဖြစ်တဲ့ နိဓိဂဏ္ဍ နာတပုတ္တ ဆရာကြီးဆိုသူထံမှာ နည်းခံခဲ့ပါတယ်။
ထိုဆရာကြီးရဲ့ အယူဝါဒက လောကမှာ ရှိရှိသမျှ အရာဝတ္ထုတိုင်း အသက်ရှိတယ် ဆိုတဲ့အယူဝါဒပါ၊ ရေမှာလည်း အသက်ရှိတယ်၊ ဒါကြောင့် ရေကို အစိမ်းမသောက်ဘူး၊ ရေကျိုချက်တဲ့အခါမှာ ရေထဲရှိ ပိုးမွှားသေကုန်မှာဖြစ်တဲ့အတွက် သူတစ်ပါး ကျိုပေးသော ရေပူကိုမှ သူတို့ သောက်ကြရတယ်၊ ပြီးတော့ အ၀တ်ဝတ်ရင် အ၀တ်မှာ ကပ်ညှိနေတဲ့ ပိုးမွှားများ သေကုန်မှာစိုးတဲ့အတွက် အ၀တ်မ၀တ်ဘဲ ကိုယ်တုံးလုံးနေကြတယ်၊ နိဓိဂဏ္ဍ နာတပုတ္တ ဒိဋ္ဌိဆရာကြီးရဲ့ အယူဝါဒဟာ ယခုအချိန်အထိ အိန္ဒိယနိုင်ငံမှာ ဂျိန်းဘာသာ ဆိုပီး အလွန်ထင်ရှား ပါတယ်။
ဘုရားလက်ထက်က ဗုဒ္ဓဘာသာဝင်တွေ အလွန်ပေါများတဲ့အတွက် ဗုဒ္ဓဂုဏ်တော်များ တရားဂုဏ်တော်များအကြောင်း ပြောဆိုကြတဲ့အခါ လစ္ဆ၀ီမင်းများက ပြောနိုင်ပေမယ့် သီဟ စစ်သူကြီးက ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အတွက် မပြောနိုင်ရှာဘူး၊ စစ်သူကြီးက ဒီဗုဒ္ဓနှင့်စပ်တဲ့အကြောင်းကို သိချင်တယ်၊ သိချင်တဲ့အတွက်စူးစမ်းချင်လာတယ်၊ ဒါနဲ့တစ်နေ့ ရဟန်းဂေါတမထံသွားမယ် လို့ စိတ်ကူးပါတယ်၊ ‘ငါဒီအတိုင်းသွားရင် ငါ့ဆရာကို ကျော်သလိုဖြစ်နေမယ်၊ငါ့ဆရာထံ ခွင့်တောင်းဦးမှ’ တွေးပီး ဒိဋ္ဌိဆရာကြီးထံသွားကာ ခွင့်တောင်းတယ်၊ ဆရာကြီးက ‘ ရဟန်းဂေါတမ ဟာ အကြိယ၀ါဒရှိတယ် ၊ သင်မသွားနဲ့’ ဟု ဗုဒ္ဓကို မကောင်းကြောင်းပြောကာ တားမြစ်တယ် ၊ စစ်သူကြီးပထမ အကြိမ်မသွားဖြစ်ဘူး၊ နောက်ဒုတိယအကြိမ် ခွင့်တောင်းပြန်တယ်၊ ဒါလည်း တားမြစ်ခံရပြန်တယ်၊ တတိယအကြိမ် ခွင့်တောင်းတော့လည်း ရှေးနည်းအတိုင်းဘဲ တားမြစ်ပြန်တယ်၊ နောက် တစ်ကြိမ်မှာတော့ ဆရာကြီးထံမသွားတော့ပဲ ဗုဒ္ဓထံသို့ ရောက်သွားပါတော့တယ်။
ဗုဒ္ဓထံရောက်တော့ စစ်သူကြီးက “ အရှင်ဘုရား…..အရှင်ဘုရားဟာ အကြိယ၀ါဒ(ဘာမျှ မပြုထိုက်) ဆိုတဲ့ အယူဝါဒ ရှိတယ်လို့ လူအများ ပြောနေကြပါတယ် ဘုရား ဟုတ်မဟုတ် သိချင်ပါတယ်ဘုရား” ဟုလျှောက်ထားသောအခါ ဗုဒ္ဓက….
သူတစ်ပါးက မြတ်စွာဘုရားဟာ မပြုထိုက်ဆိုတဲ့ အကြိယ၀ါဒရှိတယ်လို့ စွတ်စွဲပြောဆိုတဲ့အနေရာမှာ ပရိယာယ်နည်းနဲ့ တွေးရင် မှန်ပါတယ် စစ်သူကြီး၊ ဒါ့အပြင် ပြုထိုက်သူ ဆိုတဲ့ ကြိယ၀ါဒ ရှိတယ်လို့ ပြောလာရင်လည်း ပရိယာယ်တစ်နည်းအားဖြင့် မှန်ပါတယ်၊ ငါ့ကို သတ်ဖြတ်တတ်တယ်ဆိုတဲ့ ဥစ္ဆေဒအယူရှိသူဟု စွတ်စွဲရင်ဖြစ်စေ၊ စက်ဆုပ်ခြင်းသဘောရှိတယ် လို့ ပြောလျှင်ဖြစ်စေ၊ ဖျက်ဆီးတတ်တဲ့ သဘော ရှိတယ်လို့လည်း ပြောလျှင်ဖြစ်စေ၊ပူပန်စေတတ်တဲ့ဝါဒရှိတယ်လို့ ပြောလျှင်ဖြစ်စေ၊ နတ်ပြည်မရောက်အောင် ဟောတတ်သူဟု လည်း ပြောလျှင်ဖြစ်စေ၊ သက်သာရာ ရှာသူလို့လည်း ပြောလာလျှင်ဖြစ်စေ၊ ပရိယာယ်တစ်နည်းဖြင့် မှန်ပါတယ်လို့ပဲ ပြောရမှာပဲ စစ်သူကြီး၊ ယခုပြောခဲ့တဲ့ အယူအဆတွေကို နားလည်အောင် ပြောပြရပါမယ်။
ငါဘုရားဟာ… ဒုစရိုက်တွေကို မပြုထိုက်ဘူး လို့ ဟောပါတယ်၊ အကုသိုလ်မှန်သမျှ မပြုထိုက်ဘူးဟု ပြောပါတယ်၊ဒါကြောင့် ငါဘုရားကို မပြုထိုက်တဲ့ အကြိယ၀ါဒရှိသူလို့လည်း ဆိုချင်ဆိုနိုင်ပါတယ်။
ငါဘုရားဟာ…သုစရိုက်ကုသိုလ်တရားတွေကို ပြုလုပ်ကြဖို့ ဟောပါတယ်၊ဒါကြောင့် ငါ့ကို ပြုထိုက်တဲ့ ကြိယ၀ါဒသမားဟု ပြောလိုက ပြောနိုင်ပါတယ်။
ငါဘုရားဟာ…လောဘ ၊ ဒေါသ ၊ မောဟ တရားများကို ဖြတ်ဖို့ရာ ဟောပါတယ်၊ အကုသိုလ်တရားမှန်သမျှကို ပယ်သတ်ဖို့ရာလည်း ဟောပါတယ်၊ ဒါကြောင့် ငါ့ကို သတ်ဖြတ်တတ်သူလို့ ဆိုချင်ဆိုနိင်ပါတယ်။
ငါဘုရားဟာ…မကောင်းတဲ့ အကျင့်စရိုက်တွေ ၊အကုသိုလ်တွေကို စက်ဆုပ်ရွံမုန်းတယ် ၊ရွံမုန်းစရာတွေပဲလို့လည်း တရားဟောပါ တယ်၊ ဒါကြောင့် ငါ့ကို စက်ဆုပ်စရာ ရွံမုန်းစရာကြီး လို့လည်း ခေါ်ချင်ခေါ်နိုင်ပါတယ်။
ငါဘုရားဟာ… လောဘ ၊ ဒေါသ၊ မောဟ တရားတွေကို ဖျက်ဆီးတတ်တယ်၊အကုသိုလ်တွေကိုလည်း ဖျက်ဆီးတတ်ပါတယ် ဖျက်ဆီးကြဖို့ကိုလည်း ဟောကြားပါတယ်၊ ဒါကြောင့် ငါ့ကို ဖျက်ဆီးသူ ဟု ပြောချင် ပြောနိုင်ပါတယ်။
ငါဘုရားဟာ… မကောင်းတဲ့ ဒုစရိုက်တရားတွေကို ပူပန်စေတတ်တယ်၊ အကုသိုလ်တရားမှန်သမျှကိုလည်း ပူပန်စေတတ်တယ်၊ ဒါကြောင့် ငါ့ကို ပူပန်စေတတ်သူဟု ဆိုချင် ဆိုနိုင်ပါတယ်။
ငါဘုရားဟာ… အ၀ိဇ္ဇာ တဏှာကို ပယ်ပြီးပြီ ဖြစ်လို့ ဘ၀အသစ်ဆိုတာမရှိတဲ့အတွက် နတ်ပြည်လည်းမရောက်တော့ပါဘူး၊ ဆင်းရဲခပ်သိမ်းကင်းတဲ့ နိဗ္ဗာန်ရောက်နိုင်တဲ့တရားကို ဟောပါတယ်၊ ဒါကြောင့် ငါ့ကို နတ်ပြည်မရောက်အောင် ဟောတဲ့သူလို့ လည်း ပြောချင်ပြောနိုင်ပါတယ်။
ငါဘုရားဟာ…..နိဗ္ဗာန်ဆိုတဲ့ သက်သာရာကို ရအောင် တရားဟောပါတယ်၊ ဒါကြောင့် ငါ့ကို သက်သာရာရှာသူလို့ ဆိုချင် ဆိုနိုင်ပါတယ်” လို့ ဗုဒ္ဓက ဖြေတော်မူခဲ့ပါသည်။
ထိုအဖြေတို့တွင် အတုယူစရာအချက်များ ပါဝင်နေပါတယ်၊ လူဆိုတာ ပတ်ဝန်းကျင်နှင့်မကင်းဘူး ၊ ပတ်ဝန်းကျင်က အဆိုးတရားတို့ဖြင့် တိုက်ခိုက်လာလျှင် မှန်ကန်တဲ့နှလုံးသွင်းမှုမျိုးဖြင့် အထက်ပါ မြတ်ဘုရား၏ အတွေးခေါ်ယူဆသလို ယူဆကာ နှလုံးသွင်းနိုင်မည်ဆိုလျှင် အကုသိုလ်မဖြစ်ပေါ်လာတော့ဘဲ ကုသိုလ်တရားများသာ ဖြစ်ပေါ်လာရပါလိမ့်မယ်၊ ကုသိုလ်ဖြစ်လျှင် ကောင်းတာတွေပဲ ဖြစ်လာတော့မှာပါ ၊ ဒါတွေဟာ အလွန် အတုယူစရာ၊ လိုက်နာ ကျင့်သုံးစရာကောင်းလှပါတယ်။
မြတ်စွာဘုရား တရားဆုံးတဲ့အခါ သီဟစစ်သူကြီးက “ အရှင်ဘုရား ….အရှင်ဘုရားရဲ့တရားတော်ဟာ နှစ်သက်ဖွယ်ကောင်းလှပါ တယ်ဘုရား၊ ယနေ့မှစ၍ တပည့်တော်အား ရတနာသုံးပါး ဆည်းကပ်တဲ့ ဥပသကာအဖြစ် မှတ်တော်မူပါဘုရား” လို့ လျှောက်လိုက်ပါတယ်၊ မြတ်စွာဘုရားက “ သီဟစစ်သူကြီး…သင်ဟာ ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်၊ ရုတ်တရက် စိတ်ထင်တိုင်း မလုပ်ရဘူး၊ သင်လိုပုဂ္ဂိုလ်ဟာ စဉ်းစားပြီးမှ ဆုံးဖြတ်သင့် ပြုလုပ်သင့်တယ်” ဆိုတဲ့အကြောင်း မိန့်တော်မူသောအခါ..
သီဟာစစ်သူကြီးက “ မြတ်စွာဘုရားမိန့်တော်မူခဲ့တဲ့ ဒီစကားတော်နဲ့တင် တပည့်တော် ကြည်ညိုမဆုံး ရှိလှပါပြီဘုရား ဟုဆိုကာ ထပ်မံ၍ သရဏာဂုံသုံးပါးကို ဆောက်တည်ပြန်ပါတယ်၊(စာလေးမည်စိုး၍ အတိုချူံးထားပါသည်)။
သီဟစစ်သူကြီးသည် မြတ်စွာဘုရားနှင့်နောက်ပါသံဃာများအား သူ၏ဆွမ်းကို လက်ခံတော်မူပါရန် ပင့်လျှောက်ပြီး အိမ်ရောက်သောအခါ သူ့အလိုလိုဖြစ်သော အသားကို လူတစ်ယောက်အား အ၀ယ်ခိုင်းပီး ဆွမ်းစီမံချက်ပြုတ်နေစဉ် မြို့တွင်းသို့ နိဂဏ္ဍနာတပုတ္တအဖွဲ့သားများ ရောက်လာကြပြီး “ သီဟစစ်သူကြီးဟာ ဒီနေ့ ကျွဲနွားဝက်တွေသတ်ပြီး မြတ်စွာဘုရားကို ဆွမ်းကျွေးနေပါတယ်၊ မြတ်စွာဘုရားကလည်း သိလျှက်နဲ့ ရည်ရွယ်တဲ့အသားကို စားနေပါတယ်” လို့ မကောင်းသတင်းလွှင့်ပါတော့တယ်။
ဒီအကြောင်းနဲ့စပ်လျဥ်း၍ မြတ်စွာဘုရားက “ ရဟန်းတို့ သိလျက်နဲ့ မိမိအား ရည်ညွန်းသတ်တဲ့အသားကို စားလျှင် ဒုက္ကဋ်အာပတ် သင့်စေ” ၊ မိမိအားရည်ညွန်းသောအသားပဲလို့ ကိုယ်တိုင်မြင်မိတယ်၊ ကြားမိတယ် ၊ ယုံမှားသံသယဖြစ်မိတယ်ဆိုရင် ထိုအသားများကို မစားရ၊ အစွန်းသုံးပါးကလွတ် သောအသားဆိုလျှင်(အသားကြီးဆယ်မျိုးကလွဲလျှင်) စားခွင့်ပြုပါတယ်” ဟု မိန့်တော်မူခဲ့ပါတယ်။
ဤနေရာမှာ ဘုရားရှင် ခွင့်မပြုသော အသားကြီးဆယ်မျိုးဆိုတာကို ဗဟုသုတအဖြစ်သိအောင် အကျဉ်းဆောင်ပုဒ်တစ်ခု ရေးပေးပါ့မယ်၊ ကျက်မှတ်ထားက ပိုကောင်းပါလိမ့်မယ်။
ဆောင်ပုဒ်။ ။ လူ မြင်း ခွေး ဆင် ၊ မြွေ ခြင် သစ် ကျား၊ ၀ံ အောင်းသား ၊ ဆယ်ပါးမြစ်ပယ်သည်။ ခြင်က ခြသေ့င်္၊ သစ်က ကျားသစ်၊ ကျားက ကျားဖြစ်ပါတယ်။ လို့ ပြောရင်း အပိုင်း(၁)ကို ဒီတွင်ပဲခဏရပ်နားပါရစေ။ (ဆက်ရန်)

Thursday, August 21, 2008

BLOG SIMENAR IN YANGON

၂၀၀၇ ပီးလို့ ၂၀၀၈ ရောက်လာပါပေါ့လား အင်း.. bloger seminar လည်း August လကုန်မှာ ကျင်းပမယ်လို့လည်း ဘာညာပြောလို့ သိရတယ်၊ ဒီပွဲမှာ ကိုယ့်ရဲ့ တုနှိုင်းမမီ စာအုပ်လေးကို ကြော်ငြာရင်ကောင်းမယ်လို့ ဘာညာက အကြံပေးတာနဲ့ ကြော်ငြာမယ်လို့ပဲ ပြော လိုက်တယ်၊ ဒီကြော်ညာတာဝန်ကို ဘာညာက တာဝန်ယူပေးမယ်တဲ့ ၀မ်းသာလိုက်တာ ဘာညာရေ......... blog seminar ကို ကြွလာဖို့ ဘာညာကဖိတ်ပါတယ်၊ လာချင်ပေမယ့် ၀ါတွင်းကာလဆိုတော့ မလာဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်....အင်းပီးမှပဲ ဆိုက်ပေါ်ကြည့် ရမှာပဲ ။ ဒါလည်း သာသနာပြုနည်းတမျိုးပဲလို့ဆိုရမှာပဲ၊ ဒီလိုကြော်ငြာရတာကလည်း ကိုယ့်စာအုပ်လေး စာဖတ်သူများကြားကို ရောက်စေဖို့ ရည် ရွယ်တာလေ၊ ဘယ်နေရာမဆို ယူတတ်ရင်တော့ ကုသိုလ်ရတယ်ဆိုတာပါ။

Tuesday, August 19, 2008

ညသန်းခေါင်ယံ အမေးအဖြေများ

သည်နေ့ ကျန်းမာရေးမကောင်းသဖြင့် စောစီးစွာပဲ ညအိပ်ရာဝင်ခဲ့ပါသည်၊ ထိုစဉ်…….
ကလင်…….ကလင်…….ကလင်
အိပ်ရာဘေးရှိ ဖုန်းမြည်သံကြောင့် အိပ်ရာမှနိုးခဲ့သည်၊ အချိန်ကား ည ၁၁ နာရီခန့်၊ သည်လိုအချိန်မျိုးတွင် တယ်လီဖုန်းလာသည်မှာ ဆန်းကြယ်ပေစွ၊ မည်သည့်နေရာက ဖုန်းဖြစ် မည်နည်း၊ ညအချိန်မတော်ကြီး ဖုန်းလာသည်ဖြစ်၍ အရေးကြီးသည့် ဖုန်းဖြစ်မည် ဟုခန့်မှန်းမိပါသည်။

တယ်လီဖုန်းကိုင်လိုက်ရာ နော်ဝေနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးတစ်ယောက်ဆီမှ ဖုန်းဖြစ်နေပါသည်။ သို့နှင့် ကိစ္စ အကြောင်းထူးက မည်သို့ပါနည်း ဟု စာရေးသူက မေးသောအခါ ဓမ္မနှင့်ပတ်သက်၍ မရှင်းလင်း နားမလည်သည်ကို မေး လျှောက်ချင်ပါကြောင်း တောင်းပန်လာသောကြောင့် မေးခွင့်ပေးလိုက်ပါသည်။ သူမအမေးပုစ္ဆာကား အောက်ပါအတိုင်းဖြစ်သည်။
(၁) အရှင်ဘုရား….တပည့်တော်မ သူငယ်ချင်းများ(ဓမ္မမိတ်ဆွေများ)က တရားအားထုတ်လျှင် သက်သတ်လွတ်(အသားလွတ်)စားက ပို၍ ထိရောက်သည်ဟု ပြောပါသည်၊ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဟုတ်/ မဟုတ်၊ မှန်/မမှန် နှင့် အကယ်၍ မမှန်ပါက မည်သို့ ကျင့်သုံးရမည်ကို အဖြေပေးစေလိုပါသည် အရှင်ဘုရား……။
(၂) အဖေမပေါ်ဘဲ ကိုယ်ဝန်ရခဲ့သည့် မိန်းခလေးများသည် ထိုကိုယ်ဝန်ကို အလိုမရှိ၍ ဖျက်ချနေကြပါသည်၊ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ စစ်ဖြစ်နေသည့် နိုင်ငံတစ်ခုတွင် မိန်းခလေးများကို ဖမ်းဆီးခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခံရရာမှ မိန်းခလေးများတွင် သန္ဓေသားရရှိကြပါသည်၊ ထိုမိန်းခလေးများသည် ထိုသန္ဓေသားကို လူ့ဝန်းကျင်၌ မွေးဖွားရမည်ကို ရှက်လှသည်က တစ်ကြောင်း၊ လူမဆန်သည့်သူများနှင့် သွေးစပ်၍ ရရှိလာသည့် သန္ဓေသားကိုလည်း ရွံမုန်းလှသည်ကတစ်ကြောင်း အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဖျက်ချနေကြပါသည်၊ ထိုအတွက် ပါဏာတိပါတကံ ထိုက်မထိုက် ဗုဒ္ဓတရားတော်အရ အဖြေပေးစေလိုပါသည်ဘုရား….။ဒါ့အပြင် လူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ပိုးပေါင်းများစွာတို့သည် ပဋိဇီဝဆေးစားသုံးခြင်းဖြင့် သေကြေပျက်စီးသွားပါက ပါဏာတိပါတကံထိုက်မထိုက် သိလိုပါသည်ဘုရား….။
(၃) တပည့်တော်တို့ ယခု အခါ တရားအားထုတ်နေပါတယ်ဘုရား၊ ဒီလိုတရားအားထုတ်သောအခါ တရားအပေါ်မှာပဲ စိတ်ဝင်စားပြီး တရားပဲအားထုတ်နေချင်ပါသည်၊ နေ့စဉ်စားဝတ်နေရေးအတွက် ပြုလုပ်နေကျ အလုပ်ကိုလည်း မလုပ်ချင်သည့်အတွက် အလုပ်တွေလည်း လစ်ဟင်းလာ ရပါသည်ဘုရား၊ ဒီလိုဖြစ်တာ ဘာကြောင့်ပါလဲဘုရား။ တရားအားထုတ်သည်ဆိုရာဝယ် မည်သည့်နေရာဖြစ်ဖြစ် အားထုတ်လို့ရပါသလားဘုရား……၊ အားလုံးသိရအောင် အရှင်ဘုရား၏ ဘလော့ခ်ဆိုက်မှာ စာရေးပြီး ပို့စ်တင်ပေးပါဘုရား………။
(၄) တရားရှုမှတ်နည်းတစ်ခုကို တပည့်တော်သူငယ်ချင်းများက ပြောပြပါသည်၊ ထိုတရားက လောကတွင် ဘယ်အရာမဆို ဘာမှမဟုတ်ဘူး၊ ဘာပဲဖြစ်လာဖြစ်လာ ၊ ဖြစ်လာတဲ့တရားတွေသည် ဘာမှမဟုတ်ဘူး ဟု ရှုမှတ်ရမည်ဟု ပြောပါသည်ဘုရား ၊ ထိုနည်းနှင့်ပတ်သက်၍ မှန်မမှန်ကိုလည်း တပည့်တော်မ သိလိုပါသည်ဘုရား……..ဟု မေးခွန်းလေးခုမေးလာပါသည်၊ စာရေးသူလည်း ကျန်းမာရေးမကောင်းသည့်အခြေအနေပင်ဖြစ်လင့်ကစား သူတစ်ပါးက မိမိကို အားကိုးတကြီး မေးလာသည်ကို စာနာထောက်ထားကာ စွမ်းနိုင်သမျှ ပြန်လည် အဖြေပေးလိုက်ပါသည်။
အော်…….. သူတစ်ပါးအကျိုးအတွက် ဓမ္မနှင့်အညီ စွမ်းဆောင်(အကူအညီ) ပေးရမည်မှာ သာသနာ့ဝန်ထမ်း ရဟန်း/သာမဏေ /သီလရှင်များ၏ တာဝန် တစ်စိတ်တစ်ဒေသပင် မဟုတ်ပါလော။
(၁)နံပတ်အဖြေ……..
သက်သတ်လွတ်(အသားလွတ်)စား၍ တရားအားထုတ်ပါက ပိုမိုထိရောက်ပါသည် ဟု မြတ်ဘုရား ဟောကြားတော်မူခဲ့ခြင်း မရှိပေ၊ ရှင်းလင်းဦးအံ့…….တစ်ခါက ထိုသက်သတ်လွတ်(အသားလွတ်)နှင့်ပတ်သက်၍ ဓမ္မပဒအဌကထာ မဟာကာဠ ၀တ္ထု၌ လာရှိသည်ကို ဖေါ်ပြရပါလျှင်…….. သုဿာန်ဓုတင်ဆောင်သော ရဟန်းများအား ၀တ္တရား ခုနှစ်မျိုးရှိပါသည်၊ ၄င်းတို့မှာ….
(၁)သားငါးစားခြင်းမှ ရှောင်ကြဉ်ရမည်။ (၂) နေ့စဉ် မအိပ်ရ။ (၃) ပျင်းရိမှုမရှိရ။ (၄) လုံ့လ၀ီရိယရှိရမည်။ (၅) မာယာသာဌေယ ကင်းရမည်။ (၆) ကောင်းသော အလိုဆန္ဒ ရှိရမည်။ (၇) ရွာသူ/သားများအိပ်ပျော်သောအခါမှ သုဿာန်သို့ သွားရမည်ဖြစ်ပြီး၊ ရွာသူ/သားများ အိပ်ရာမှမနိုးမှီ ကျောင်းသို့ ပြန်လာရပါမည် ဟု ဖြစ်သည်။ ၄င်း ခုနှစ်ချက်တွင် သားငါးစားခြင်းမှ ရှောင်ကြဉ်ရမည်ဆိုရာဝယ် သားငါးစား၍ သုသာန်သွားပါက ဘီလူးများသည် သားငါးအနံ့ရ၍ ဘီလူးများ၏ ဘေးအန္တရာယ်နှင့်ကြုံရတတ်သောကြောင့်ဖြစ်ပါသည်၊ ဆိုလိုသည်မှာ သားငါးရှောင်ကြဉ်ခြင်းသည် သုဿာန်ဓုတင်ဆောင်သော ရဟန်းများအတွက်ဖြစ်သည် ဟု စာပေတွင်လာရှိပေသည်။
ထို့ပြင်ရဟန်းတော်များ မစားအပ်သည့် လူ ၊ ဆင် ၊ ခွေး ၊ မြင်း ၊ မြွေ ၊ ခြင်္သေ့ ၊ ကျား ၊ ကျားသစ် ၊ ၀ံ ၊ အောင်း ၊ အသားကြီး (၁၀)မျိုး မှလွဲ၍ ကျန်သောအသားများကို စားလိုက စားနိုင်ပါသည်၊ သို့သော် ထိုအသားများသည် အစွန်းသုံးပါးမှ လွတ်သော အသားများဖြစ်ရပေ မည်။ အစွန်းသုံးပါးမှ မလွတ်လျှင် မစားကောင်း ဟု မြတ်ဗုဒ္ဓ ၀ိနည်းဒေသနာတော်တွင် ဟောတော်မူခဲ့ပေသည်။
အစွန်းသုံးပါးဟူသည် အမြင်၊ အကြား ၊ ယုံမှားသံသယဖြစ်ခြင်း တို့ဖြစ်သည်၊
ဒိဋ္ဌိ ။ ။မိမိအတွက် ရည်မှန်းပြီးသတ်နေသည်ကို မြင်ခြင်း။
သုတ ။ ။မိမိအတွက် ရည်မှန်းပြီးသတ်နေသည်ဟု နားဖြင့်ကြားရခြင်း။
ပရိသင်္ကတ ။ ။ မိမိအတွက် ရည်မှန်းပြီးသတ်သည်ဟု ယုံမှားသံသယရှိခြင်း တို့ပင်ဖြစ်ပါသည်။
တစ်ခါက တိပိဋကဓရဆရာတော်ဘုရားကြီး သက်သတ်လွတ်ဘုဉ်းပေးသည့်အကြောင်းကို ဒကာက မေးလျှောက်သောအခါ ဆရာတော်ကြီးက “ ဒို့များ သွားကြားထဲ အသားညှပ်တာတွေ သက်သာအောင်လို့ သက်သတ်လွတ်စားရတာဖြစ်တယ်” ဟု မိန့်တော်မူခဲ့ဖူးပါသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ရှေးဆရာတော်ကြီးများသည် ကုသိုလ်ရရန် အသားလွတ်စားခြင်းမဟုတ်ဘဲ၊ အနာရောဂါကင်းရန်သာ အသားလွတ်စားခြင်းဖြစ်ကြောင်း သိသာပါသည်။
ထို့ကြောင့် တရားအားထုတ်ရာ၌ အသားလွတ်သည် အဓိကမဟုတ်ပါ၊ တရားအားထုတ်ရာ၌ ထိရောက်မှုရှိခြင်း ဟူသည် အသားစားခြင်း၊မစားခြင်းတို့နှင့် မသက်ဆိုင်ပေ၊ မိမိအားထုတ်သော သီလ၊သမာဓိ၊ပညာနှင့်သာ ဆိုင်ပါသည်ဟု ဖြေကြားပေးလိုက် ရပါသည်။
(၂) နံပတ်အဖြေ…….
ဤ၌ ပါဏာတိပါတကံထိုက်နိုင်သည့် အင်္ဂါများကို တင်ပြပေးလိုက်ပါသည်၊ ၄င်းတို့မှာ………..
(က)ပါဏ - အသက်ရှိသော သတ္တ၀ါလည်း ဖြစ်ရမည်။ (ခ) ပါဏသညိတာ - အသက်ရှိသတ္တ၀ါကောင်လို့လည်း အမှတ်ရှိရမည်။ (ဂ) ၀ဓကစိတ္တံ - သတ်လိုသည့်စိတ်လည်း ရှိရမည်။ (ဃ) ပယောဂ - ရိုက်ခြင်း၊ခုတ်ခြင်း၊ထိုးခြင်း၊ စသည်ဖြင့် သေအောင်အားထုတ်မှု သတ်မှု လည်း ရှိရမည်။ (င) သည်လို သတ်သည့်အတွက်ကြောင့် သတ္တ၀ါကောင်က သေလည်းသေရမည် ဟု အင်္ဂါ ငါးချက်ပြည့်စုံမှသာလျှင် ပါဏာတိပါတကံမြောက်ပါသည်။ ထိုအင်္ဂါ ငါး ပါးအနက် တစ်ပါးပါးချွတ်ယွင်းလျှင်ကား ပါဏာတိပါတကံ မမြောက်ချေ။ ထိုကြောင့် ဒုတိယမေးခွန်း၌ ကိုယ်ဝန်ဖျက်ချသည်ဆိုရာဝယ် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကိုယ်ဝန်ဖျက်ချမိပါက ပါဏာတိပါတကံ ထိုက်ပါသည်။
မိမိခန္ဓာကိုယ်အတွင်းက ပိုးမွှားများ ပဋိဇီဝဆေးများကြောင့် သေကြေရခြင်းနှင့်ပတ်သက်၍ ထိုပိုးမွှားများ သည် သာမန်မျက်စိဖြင့်မမြင်နိုင်ပေ၊ ထို့အပြင် သတ္တ၀ါဟု ခေါ်ဆိုရလောက်အောင်လည်း အင်္ဂါမစုံသည့်အတွက် ထိုပါဏာတိပါတကံထိုက်သည့် အင်္ဂါငါးပါးထဲမှ (ပါဏ) ခေါ်သည့် သတ္တ၀ါ(မခေါ်ဆိုနိင်ခြင်း)မမည်ခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်းမှ ပိုးမွှားများ သေခြင်းသည် ပါဏာတိပါတကံမမြောက် ဟု မဟာစည်ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားသည်ကို ဖတ်ရှုခဲ့ရဖူးပါသည်။
(၃) နံပတ်အဖြေ…..
တရားအားထုတ်ခြင်းကို စိတ်ဝင်စားသည် ဆိုရာဝယ် အကြောင်းအမျိုးမျိုးရှိပေသည်၊ သံဝေဂဥာဏ်ဖြစ်ခြင်း၊ စိတ်ချမ်းမြေ့မှု ရှိမည်ဟု ထင်မှတ်ခြင်းစသည့် အကြောင်းမျိုးစုံ ရှိပါသည်၊ တရားအားထုတ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ မြတ်ဘုရားလက်ထက် တော်အခါက နန္ဒမင်းသား၏ တရားအားထုတ်မှုသည် နတ်သမီးလိုချင်၍ဖြစ်သည်၊ နတ်သမီးလိုချင်သည့် အကြောင်းကြောင့် တရာအားထုတ်ဖြစ်ခါ နောက်ဆုံး၌ ရဟန္တာဖြစ်သွားခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တရားအားထုတ်ကြသောသူတို့သည် အတိုင်းအတာတစ်ခုအထိ တရားအားထုတ်မှုအပေါ်မူတည်၍ သမာဓိ ပညာများ ရရှိကြပေမည်။ ထိုကဲ့သို့ စိတ်တည်ငြိမ်မှုရရှိလာလျှင်လည်း အလုပ်အကိုင်များကို ပြန်လည်လုပ်ကိုင်ရမည်မှာ တွန့်ဆုတ်လာတတ်သည်မှာ သဘာဝပင်ဖြစ်သည်။
ထိုသို့ဖြစ်လာပါက အမျိုးသားဆိုလျှင် ရဟန်းဝတ်ပြီး၊ အမျိုးသမီးဆိုလျှင် သီလရှင်ဝတ်ကာ တရားအားထုတ်ခြင်းကိုပဲ စောက်ချလုပ်သွားနိုင်ပါသည်၊
ထိုသို့ မပြုလုပ်နိုင်သေးပါက အလုပ်မလုပ်လျှင် ၀မ်းစာရေးအတွက် ခက်ခဲမည်ဖြစ်သောကြောင့် အလုပ်ကိုလည်း သည်းခံပြီး လုပ်ပေးရပါသည်၊ လူအများသည် ထိုတရားအလုပ်ကို တရားခွင်(တရားစခန်း)တွင်း၌သာ လုပ်ရသည်ဟု ထင်မှတ်ဖွယ်ရှိပေသည်။ အမှန်ကား ထိုသို့မဟုတ်ပါ၊ တရားအားထုတ်ခြင်းဟူသည် သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ် လေးမျိုးလုံးတို့တွင် တရားရှုမှတ်၍ ရပါသည်။ အယုတ်စွဆုံး ရေချိုးသည့်အခါ၌ဖြစ်စေ၊ ထမင်းစားသည့် အခါ၌ ဖြစ်စေ၊ ရေသောက်သည့်အခါ၌ဖြစ်စေ၊ အိမ်သာတက်သည့်အခါ၌ဖြစ်စေ၊အိပ်မပျော်သေးသည့်ကာလများတွင် မပြတ် တလစပ် အားထုတ်နိုင်ပါသည်။ ထိုသို့နေရာတိုင်းတွင် တရားအားထုတ်နိုင်ကြောင်းကို (ယထာ ယထာ ၀ါ ပနဿ ကာယော ပဏီဟိတော ဟောတိ ၊ တထာ တထာ နံ ပဇာနာတိ) အကြင်ကြင် တည်နေတိုင်းသော ကိုယ်အမူအရာများအား ထိုတည်နေသည့် အမူအရာအတိုင်း ကွဲပြားစွာသိအောင်ရှုမှတ်ပါလေ…….ဟု သတိပဋ္ဌာန်သုတ်တွင် လာရှိသည်ကို ထောက်၍ တရားရှုမှတ်ခြင်းသည် နေရာမရွေး အချိန်မ ရွေး တရားရှုမှတ်နိုင်သည့်အပြင် တရားရှုမှတ်သောကြောင့်လည်း (အကာလိကော) နေရာအချိန်အခါမရွေး တရားရနိုင်ပါသည်။
အိန္ဒိယသာသနာကွယ်ပြီး သီဟိုဠ်၌ သာသနာထွန်းကားစဉ်က သီဟိုဠ်နိုင်ငံ မဟာဂါမရွာ၊ ဘုန်းတော်ကြီကျောင်း၌် လမ်းလျှောက်ရင်း တရားရှုမှတ်၍ တရားထူးရသွားသည့်သာဓကလည်းရှိခဲ့ပေသည်။ ဆွမ်းဘုဉ်းပေးရင်း တရားရှုမှတ်ရာ၌လည်း တရားထူးရခဲ့သည်ကို ဓမ္မပဒအဋ္ဌကထာတွင် လာရှိသည့်အပြင် သီဟိုဠ်ခေတ်တွင်လည်း လမ်းဆုံလမ်းခွ ဇရပ်ပေါ်တွင် ဆွမ်းဘုဉ်းပေးရင်း တရားရှုမှတ်ကြသည့် အတွက် တရားထူးရသွားကြသည်မှာ အရေအတွက်မနည်းလှပေ။
ထို့ပြင် ဘုရားလက်ထက်က ဟင်းရွက်ကြော်ရင်း ဟင်းရွက်တို့၏ ဆီပူဖြင့်ထိသောအခါ ညိုးနွမ်းသွားသည့် (ဗဟိဒ္ဓ) အပြင်အာရုံကို ယူကာ မိမိခန္ဓာဥာဏ်စိုက်၍ မိမိခန္ဓာသည်လည်း ထိုဟင်းရွက်ကဲ့သို့ တစ်နေ့ ညိုးနွမ်းလာဦးမှာပါတကား ဟု ဆင်ခြင်ကာ ဟင်းရွက်ကြော်ရင်း ၀ိပဿနာတရားရှုမှတ်လိုက်ရာ တရားထူးရသွားသည် ဟု မြတ်ဗုဒ္ဓ၏ (History) ပိဋကတ်တော်မှတ်တမ်းတွင် အထင်အရှား လာရှိပါသည်။
ထို့ကြောင့် တရားရှုမှတ်ခြင်းသည် လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်းဖြင့် တရားရှုမှတ်မည်ဆိုပါက ရှုမှတ်မှုမပျက်စေဘဲ အလုပ်လုပ်၍ ရနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်၊ နေရာတိုင်း တရားရှုမှတ်သည်ဆိုရာဝယ် ဖြစ်တိုင်းသော အမူအရာတို့၌ သတိကပ်၍ တရားရှုမှတ်နေမည်ဆိုပါက အလုပ်လည်းတွင် ကုသိုလ်လည်းရလှသည်ဖြစ်ရာ အလွန်ဟန်ကျသည့် စနစ်တစ်ခု ဟု ဆိုရပေမည်။
(၄) နံပတ်အဖြေ……
ထိုအမေးနှင့်ပတ်သက်၍ လောကတွင် မည်သည့်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌ သတိပဋ္ဌာန် ပေတံဖြင့် တိုင်းတာဖြေရှင်းရပေမည်၊ အဘယ့်ကြောင့်နည်းဟူမူ သတိပဋ္ဌာန်သုတ်တွင် (ဧကာယနော ဘိက္ခဝေ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာအညစ်အကြေးကင်းစင်ဖို့ရာ တစ်ခုတည်းသောလမ်းသည် သတိပဋ္ဌာန် ဟုဆိုထားသောကြောင့် ယခုခေတ်ပေါ်နေသည့် တရားနည်းလမ်းတိုင်းကို သတိပဋ္ဌာန် ပေတံနှင့်တိုင်းထွာပါက အမှန်/အမှား သိနိုင်ပေသည်။
သတိပဋ္ဌာန်သုတ်တော်မှ ပုံစံတစ်ခု ထုတ်ပြပါမည်၊ ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း သွားသည် ကွဲပြားစွာသိရမည်ဟု ဆိုထားသည်၊ သွားလျှင်လည်း ဘာမျှမဟုတ်၊ ဟုဟောကြားထားသည်မဟုတ်ပါ၊ (နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း ထိုင်သည့်အတိုင်း ကွဲပြားစွာ သိရမည်။ ထိုင်လျှင် ဘာမျှမဟုတ် ဟု မဟောကြားခဲ့ပါ၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမည် ဟုလာရှိသောကြောင့် ရိုးရိုလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ လိုပေသည်။ ထို့ကြောင့် လောကတွင် ဘာမျှ မရှိ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် မမှန်ဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
၁၉.၈.၂၀၀၈ နံနက် ၆း၃၀ နာရီ ရေးသားပြီးစီးသည်။

Sunday, August 10, 2008

သေဖို့ အဆင်သင့်ဖြစ်ပြီလား

was you ready to die
ဝါခေါင်လဆန်း(၈)ရက် ဥပုသ်နေ့တွင် ကျောင်းရောက်လာသည့် ဥပုသ်သည်များအား မည် သည့်တရား ဟောရပါမည်နည်း ဟု စဉ်းစားတွေးတောမိပါသည်၊ တစ်နေ့ စာရေးသူ၏ စာအုပ်စဉ်တွင် စာအုပ်တစ်အုပ်ကို ယူကြည့်မိရာ စာအုပ်ပါ ခေါင်းစဉ်က “LETTERS FROM THE DEAD” ဖြစ်ပြီး စာရေးသူက Jane Homeshaw ဖြစ်ပါသတဲ့…………..။
စာအုပ်ခေါင်းစဉ်က စိတ်ဝင်စားစရာဖြစ်နေ၍ အမြည်းသဘောလှန်လောဖတ်ကြည့်ရာ ……
Black night was on the river. The dirty streets of the old town were wet with rain.
An old man who lives in the one of the houses was in bed.
He was very old and very ill. He was at the end of his life.
He wasn’t asleep. He liked life and he wasn’t ready to die.

ထိုဖတ်ရသည့်စာအတွက် တွေးစရာများပေါ်လာကာ ဥပုသ်နေ့ ဟောမည့်တရားကို လည်း သူ့အတိုင်းလေးပေးရင်ကောင်း မှာပဲ ဟု စဉ်းစားကာ သေဖို့ အဆင်သင့် ဖြစ်ခဲ့ပြီလား ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဟောခဲ့သည်များကို အွန်လိုင်းပရိသတ်များ နာယူနိုင်ကြရန် ပြန်လည်ဖေါ်ပြလိုက်ရပါသည်။
စာတွင်ပါသည့်အကြောင်းအရာကား…….
မဲမှောင်သော ညတစ်ည၊ မြို့ဟောင်းမြို့တစ်မြို့၏ ညစ်ပေနေသော လမ်းများသည် မိုးရေတို့နှင့်အတူ စိုစွတ်နေပါသည်၊ ထိုမြို့ဟောင်းကြီးအတွင်း အိမ်တစ်အိမ်တွင် အဖိုးကြီးတစ် ယောက်သည် အိပ်ယာထဲ လဲနေသည်၊ သူဟာ အလွန်အိုးမင်းပြီးတော့ အလွန်လည်း နေမကောင်း ဖြစ်နေပါတယ်၊ သူသည် ဘ၀နောက်ဆုံးအချိန်မှာ ရှိနေခဲ့ပြီ …..ဖြစ်ပါတယ် ….တဲ့ ၊ သူဟာ တစ်ည လုံး အိပ်မပျော်ဘူး….၊ သူရဲ့ဘ၀တွင် ပျော်ရွှင်စွာနေခဲ့ရသည့်အတွက် သူသည် သေဖို့ ပြင်ဆင်မှုများ မပြည့်စုံခဲ့သေးပေ……..ဟု နိဒါန်းအစပျိုးကာ ရေးထားသည်ကို ဖတ်လိုရပါသည်။
ထိုစာကြောင်းများအနက် He liked life and he wasn’t ready to die. ဆိုသည့် ၀ါကျလေးသည် တိုးတောင်သော်လည်း အဓိပ္ပါယ် ကျယ်ဝန်းလှပေသည်။ နားလည် အောင်ပြောရလျှင် သူသည် ဘ၀ကို ပျော်ရွှင်စွာ နေခဲ့သည်၊ သမီး၊သား၊ဇနီးမယား၊မြေးများ ပစ္စည်းဥစ္စာများဖြင့် ပျော်ရွှင်စွာခံစားခဲ့ရင်း အချိန်ကို ကုန်လွန်စေခဲ့သည့်အတွက် သူဟာ သေဖို့အတွက် မည်သို့မျှ ပြင်ဆင်မှု မရှိ ပါ………တဲ့၊ သူ့အတွေးလေးက စာဖတ်ရသူအဖို့ သံဝေဂရစရာ အလွန်ကောင်း ပါသည်။
ဒါပေမယ့် ဒီစာအုပ်မှာ သေဖို့ရာ (ပြင်ဆင်မှုများမပြည့်စုံသေး)အဆင်သင့် မဖြစ်သေးဖူးဆိုတာသာ ပြောခြင်းဖြစ်ပြီး၊ သေဖို့ရန် အဆင်သင့်ဖြစ်အောင် မည်သို့မည်ပုံပြင်ဆင်ရမည်နည်း ဆိုသည်ကိုကား မရေးထားဘဲ နောက်ဆုံး သူ သေဆုံးသွားခဲ့သည် ဟုသာ ရေးခဲ့ပါသည်။
ထိုအကြောင်းနှင့်ပတ်သက်၍ သေဖို့အတွက် မည်သို့ပြင်ဆင်မည်နည်း ဆိုသည့် ပြဿနာကို ဒီစာအုပ်က မဖေါ်ပြသော်လည်း(မဖေါ်ပြနိုင်သော်လည်း) မြတ်ဗုဒ္ဓ၏တရားတော်တွင် ထိုအကြောင်းနှင့်ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ ဟောတော်မူထားသည်ကို တွေ့ရပေသည်။
သေဖို့ပြင်ဆင်ခဲ့ပြီးပြီလား ဟု တရားနာပရိသတ်ကို စာရေးသူက မေးသောအခါ အချို့က မပြင်ဆင်ရသေးဘူး၊ အချို့က ပြင်ဆင်နေပါပြီ စသည်ဖြင့် တိုးလွန်းသော အသံဖြင့် ဖြေဆိုသည်ကိုတွေ့ရပါသည်၊ ‘ကျယ်ကျယ်ဖြေစမ်းပါ သေမင်းကြားသွားမည်စိုးလို့လား’ ဟုပြောသောအခါ ပရိသတ်က (ရယ်)ကြသည်။ ဒါဖြင့် ‘ကားနိုင်တယ်ဆိုတဲ့ သေမင်းက ဘယ်နားနေ တာလဲ’ ဟုမေးသောအခါ ပရိသတ်ထဲမှ မည်သည့်အသံမျှ မထွက်လာတော့ချေ။
သေမင်းဆိုတာ ဘယ်သူလဲ တစ်ခြားတစ်ယောက်ယောက်တော့ ဖြစ်လိမ့်မည် ဟု ပရိသတ်များ ထင်နေ၍လောမသိ၊ ထို့ကြောင့် စာရေးသူက ‘သမင်းကို သိချင်ကြလား’ ဟုမေးရာ ‘ သိချင်ပါတယ်ဘုရား’….တဲ့၊ ဒီလိုဆိုလျှင် သေမင်းဘယ် သူဆိုတာ သိအောင် ကြည့်မှန်ဖြင့် ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါ၊ မှန်ထဲပေါ်လာသည့် အရုပ်သည် သေမင်းပဲ ဟုအဖြေပေးလိုက်ရာ ပရိသတ်များက (ရယ်)ကြပြန်သည်၊ အမှန်စင်စစ် သေမင်းသည် တစ်ခြားမဟုတ် ကိုယ်ကိုယ်တိုင်က သေမင်းပင် မဟုတ်ပါလော၊ ပြောရင်းဖြင့် ဘယ်နားရောက်သွားသည်မသိ၊ အထက်ကအကြောင်းကို ပြန်စကြရအောင်ပါ။
ဤ၌ သေဖို့ ပြင်ဆင်ရမည် ဆိုရာဝယ် ကောင်းစွာပြင်ဆင်နိုင်စေရန် ရှေးဦးစွာ သံဝေဂဥာဏ်လိုအပ်သည်ဟု ယူဆမိပါသည်၊ ထိုသံဝေဂဥာဏ်အတွက် အဘိဏှာသုတ်တော်တွင် လာရှိသည့်အတိုင်း ဖေါ်ပြရပါလျှင်……..
လောကတွင် အိုခြင်း(ကြီးရင့်ခြင်း)တရား ရှိ၏ ၊ ထိုအိုခြင်းတရားကို လူသားအားလုံး မလွန်ဆန်နိုင်ပေ၊ထို့အတူ နာခြင်းသဘောတရားသည်လည်း ရှိ၏ ၊ ထိုနာခြင်းတရားကိုလည်း လူသား အား လုံး မလွန်ဆန်နိုင်သကဲ့သို့ သေခြင်းတရားကိုလည်း မလွန်ဆန်နိုင်ကြပေ၊ မိမိ ချစ်ခင်ရင်းနှီး သောသူများနှင့် တစ်နယ်တစ်ကျေးပြောင်းသွားရ၍ ရှင်ကွဲ ခွဲရသလို၊ ဘ၀တစ်ပါးပြောင်းသွား၍လည်း သေကွဲ ခွဲခဲ့ကြရသည် ဟု မပြတ်ဆင်ခြင် ပွားများရပါမည်၊ (တွေးတောစဉ်းစားရမည်)၊ မည်သည့် အချိန်အထိ ဆင်ခြင်ရမည်ဆိုလျှင် နေ့စဉ်မပြတ်ဆင်ခြင်ရမည်…… ဟု မြတ်ဘုရား ဟောတော်မူခဲ့ပေ သည်။
ဤသို့ အို နာ သေတရားကို ဆင်ခြင်ခြင်းဖြင့် အို နာ သေရမည်ကို အမြဲသတိရာကာ သံဝေဂဥာဏ်များ ဖြစ်လာနိုင်သည်၊ ထိုမှတဆင့် သံဝေဂဥာဏ်ကို အခြေခံ၍ ဒါန သီလ ဘာဝနာ ကုသိုလ်တရားများကို စိတ်ဝင်စားလာလိမ့်မည်၊ အချိန်ပေး၍ ကုသိုလ်တရားကို များများ ပြုလုပ်နိုင် လေလေ ဘ၀သံသရာအတွက် ရိက္ခာထုပ်များကို စုဆောင်းနိုင်လေလေပင်၊ ဤသည်ပင်လျှင် ဘ၀နေ၀င်ချိန်အတွက် ကောင်းစွာပြင်ဆင်ခြင်း ဖြစ်ပေသည်။
တစ်ဖန်အဘိဏှာသုတ်တွင် ဆက်လက်မိန့်တော်မူထားသည်မှာ….
လောကသတ္တ၀ါအားလုံးအတွက် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်…..တဲ့၊ မှန်ပါသည်၊ မိမိပိုင်ဆိုင်သည်ဆိုသည့် သမီး၊သား၊ဇနီးမယား လင်သားဆွေဥာ စီးပွားဥစ္စာ ၊ လယ်ယာ ကိုင်းကျွန်း ဆင်မြင်းစသည့် သက်ရှိ သက်မဲ့ ပစ္စည်းများသည် ကံကောင်းလှလျှင် တစ်ဘ၀သာ ပိုင်ဆိုင်ခွင့်ရှိ သည်၊ ဘ၀သံသရာသို့ လိုက်ပါခွင့်မရှိသည့်အပြင် လိုက်ပါ၍ မဖြစ်နိုင်သည့်အတွက် ကိုယ်ပိုင်သည် ဟု မဆိုသာချေ၊ အမှန်စင်စစ်ကား ကိုယ်တကယ်ပိုင်ဆိုင်သည်ဆိုသည့်အရာမှာ မိမိနေ့စဉ် ပြုလုပ် ပြောဆို၊ကြံစည်တွေးတောနေသည့် ‘ကံ’ တရားများဖြစ်ပေသည်။
ကံ ဆိုသည်မှာ အလုပ်ဖြစ်သည်၊ ထိုအလုပ်သည် ကောင်းသည့်အလုပ် ဆိုးသည့်အလုပ် ဟုရှိကြရာ ကောင်းသည့်အလုပ်သည် ကုသိုသ်တရားများဖြစ်ပြီး ၊ မကောင်းသည့်အလုပ်သည် အကုသိုလ်များဖြစ်သည်၊ မိမိတို့နေ့စဉ်ပြုလုပ်ပြောဆိုနေသည့် ကောင်းကံ၊ မကောင်းကံများကသာ ဘ၀သံသရာသို့ အရိပ်ပမာ လိုက်ပါကြမည် ဖြစ်ပါသည်၊ ထို့ကြောင့် သတ္တ၀ါအားလုံး ပိုင်ဆိုင်သည် ဆိုသည့် အရာကား ကံ တရားပင်ဖြစ်ပါသည်။
ကံ တရားနှင့်ပတ်သက်၍ အကောင်းအဆိုးနှစ်တန်တို့တွင် အဆိုးတရားများကို နောင်ဘ၀ သို့မပါနိုင်အောင် နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားရပေမည်။ကောင်းသော ကံတရားများ ကိုကား ဘ၀နောင်ခါ များများပါအောင် ကြိုးစားအားထုတ်သင့်ပေသည်၊ သို့သော်လည်း ပါပသ္မိံ ရမတိ မနော ဟူသည့်အတိုင်း စိတ်ကား မကောင်းသည့်နေရာတွင်သာ ကျက်စားပျော်မွေ့လေ့ရှိရာ မကောင်းသောစိတ်ကသာများ တတ်ပေသည်။
ထိုအတွက် မိမိသန္တာန် မကောင်းသော တရားများ မဖြစ်နိုင်စေရန် သတိကြီးစွာထားရမည်၊ သတိဖြင့်စောင့်ကြည့်ဖန်များလျှင် မကောင်းသည့်အရာအဖြစ်နည်းလာကာ ကောင်းသည့်အရာများ သာ အဖြစ်များလာသည်ကို တွေ့ရပေလိမ့်မည်၊ ဤသည်ကား အကောင်းဆုံး သေဖို့ ပြင်ဆင်နည်း နည်းလမ်းပင် ဖြစ်သည်။
နောက်တစ်ခုကား……ကံ ပေးအပ်သည့်အမွှေကို ခံယူရသည်….တဲ့ မိမိနှင့်ထိုက်သော အမွှေမှာ ကံတရားပင်ဖြစ်၏၊ အဘယ့်ကြောင့်နည်း……အမိအဖများပေးသော သက်မဲ့ပစ္စည်းမှန် သမျှသည် ကံကောင်းလျှင် တစ်ဘ၀သာ ခံစားခွင့်ရကြသည်၊ နောင်ဘ၀သို့ကား မလိုက်နိုင်ကြချေ၊ ဘ၀သံသရာလိုက်ပါမည့်အမွှေကား ကံ တရားသာဖြစ်သည့်အတွက် သတ္တ၀ါအားလုံးသည် ကံကပေးသာ အမွှေကိုသာ ခံယူရပေသည်။
နောက်တစ်ခုကား ကံဟူသော ဆွေမျိုးရှိသည်…..တဲ့၊ မိမိဆွေမျိုးများသည် နောင်ဘ၀သို့ မလိုက်နိုင်ကြပေ၊ ကံ ဟူသည့်ဆွေမျိုးများသာ လိုက်နိုင်ကြသည့်အတွက် သတ္တ၀ါအားလုံးအတွက် ဆွေမျိုးအစစ်သည် ကံ တရားပင် ဖြစ်ပါသည်။
ကံ ဟူသော အကြောင်း ရှိသည်………တဲ့၊ စာဖတ်သူများ ဤဘ၀တွင် စားနိုင်သောက်နိုင် လှူဒါန်းနိုင် ကုသိုလ်များ ပြုလုပ်နိုင် တရားအားထုတ်နိုင်ကြသည်မှာ ယခင်အတိတ်ဘ၀က ပါလာသည့် ကုသိုလ်ကံ အကြောင်းတရားကြောင့် ဟုဆိုလျှင် မှားမည်မထင်ပေ၊ ထို့ကြောင့် သတ္တ၀ါအားလုံး၏ အကြောင်းတရားကား ကံ တရား ပင်ဖြစ်ပါသည်။ (ကံအကြောင်းကင်းသည့် သတ္တ၀ါရယ်လို့ မရှိပေ)
ကံ ဟူသော လဲလျောင်းရာ ရှိသည်……..တဲ့ သတ္တ၀ါအားလုံးတို့သည် ဘ၀သံသရာ ကျင် လည်ကြရာတွင် ကံ တရားကို မှီခိုအားကိုးစရာ ရပေသည်၊ ဤသည်ပင် လဲလျောင်းရာ ဟု ခေါ်ဆိုရပါသည်။
ကောင်းသည့်ကံတရားဖြစ်စေ၊မကောင်းသည့် ကံ တရားဖြစ်စေ ပြုမိကြမည်ဆိုလျှင် ထိုပြုလိုက်သည့် အကောင်းအဆိုး ကံတရားများ၏ အကျိုးအဆက် အမွေခံကား မိမိပင်ဖြစ်သည် ….ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါသည်၊ ထို့ကြောင့် သေဖို့အဆင်သင့်ဖြစ်စေရန်(ဘ၀ကူးကောင်းရန်) သံဝေဂဥာဏ်ပွားကာ ကုသိုလ်တရားကို များသထက်များအောင် ကျင့်သုံးခြင်းဖြင့် ဘ၀နေ၀င်ချိန်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြရမည်မှာ စာရေးသူအပါအ၀င် စာရှုသူအားလုံးပင် မဟုတ်ပါလော။
စာရှည်သော်လည်း အရေးကြီးသည့်အချက်တစ်ခုကျန်ပါသေးသည်၊ ၄င်းကား……..
ကံဟူသည့် ကိုယ်အလုပ်၊နှုတ်အပြော၊ စိတ်အကြံဟု အထက်တွင် ပြောခဲ့ခြင်းဖြစ်ရာ ထိုတွင် စိတ်အကြံက အဓိကကျပါသည်၊ အဘယ့်ကြောင့်နည်း၊ စိတ်ကြောင့် ပြောဆိုခြင်း ၊ပြုလုပ်ခြင်း များ ဖြစ်ပေါ်လာသောကြောင့်ဖြစ်ပါသည်၊ ထိုကြောင့် နေ့စဉ်နှင့်အမျှ စိတ်ဖြစ်ပုံကို ‘သတ’ိ ဖြင့် စောင့် ကြည့်ရပါမည်၊ သူတစ်ပါးကို မနာလိုသည့်စိတ်၊ မကျေနပ်သည့်စိတ်၊ စသည့်မကောင်းသည့် စိတ်ဖြစ်နေသောအခါတွင် “ဒီစိတ်သည် မကောင်းသောစိတ်ပဲ” ဟုသတိ ဖြင့်ကြည့်မိ(သိ) လိုက်လျှင် ထိုမကောင်းသောစိတ်သည် သိလိုက်သည့်ခဏတွင်ပင် ပျောက်ပျက်သွားကာ ကောင်းသည့်စိတ်ဝင်လာလေတော့သည်၊ ဤနည်းဖြင့် သတိ တရား အထူးထားကာ စောင့်ကြည့် မည်ဆိုလျှင် မိမိသန္တာန်ဝယ် မကောင်းသည့်စိတ်က တဖြေးတဖြေးနည်းပါးလာကာ ကောင်းသည့် စိတ် တဖြေးဖြေးများပြားလာပါသည်၊ ဤသို့ဖြင့် သင်သည် အချိန်နှင့်အမျှ သတိ တရားထားနိုင်ပြီဆိုလျှင် “သင်သည် သေဖို့အဆင်သင့် ဖြစ်ခဲ့ပြီလော” ဟူသည့် မေးခွန်ကို သင် ဖြေနိုင်သွားပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သတည်း။
May all be ready to die!

Twitter Delicious Facebook Digg Stumbleupon Favorites More