This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 28, 2008

နတ်ပြခြင်း

မောင်ရင်လောင်း၊ရဟန်းလောင်းများ ရွှေတိဂုံဘုရားရင်ပြင်တစ်နေရာ နတ်ကွန်းတစ်ခုရှေ့ဝယ် နတ်ပြနေကြစဉ်၊ ထူးဆန်းအံ့သြဖွယ် ကောင်းသလောက် ၀မ်းနည်းစရာလည်း ကောင်းလှပါသည်၊ ဤဖြစ်ရပ်သည် မည်သည့်ခေတ်ကတည်းကစတင်ခဲ့သည်မသိပေ။ နတ်ကွန်းရှေ့ နတ်ကိုပြမှ မောင်ရင်လောင်း၊ရဟန်းလောင်းများ သာမဏေ၊ရဟန်းများ ဖြစ်ကြရတော့မည်လော၊ ဒီလိုဆိုလျှင် ရဟန်းခံ- ရှင်ပြုပေးသည့် သံဃာတော်များအား အားမကိုးသည်မှာ ထင်ရှားနေပေသည်။ နောင်သောခါ နတ်ပြရုံမဟုတ်တော့ဘဲ နတ်ကွန်းရှေ့တွင် ရဟန်းခံ-ရှင်ပြုလုပ်လာကြမည်မှာကို တွေးပြီး ၀မ်းနည်းလှပါတယ်၊ သာသနာအတွက် ရင်လေးဖွယ်အဖြစ်အပျက်တွေ ဖြစ်လာဦးမည်လော... နတ်ပြသလောက် နတ်က သင့်အလိုကို ပြည့်စုံအောင်ဖြည့်ပေးနိုင်မည်ဆိုပါ က................
Type the rest of your post here.

ကိုးရီးယားထမင်းလိပ်

သဒ္ဓါတရားထက်သန်စွာဖြင့် ဆိုင်းမဆင့်ဗုံမဆင့် လာရောက်ဆက်ကပ်သော ဘာညာ၊ချစ်ပုံကြီးတို့၏ ကိုးရီးယားထမင်းလိပ်
တစ်ခါတစ်ရံ စားချင်သော်လည်း မစားလိုက်ရသည့်အခြေအနေနှင့်ကြုံရပေမယ့် လှူဒါန်းသူများ၏ရင်ဝယ် ပီတိလှိုင်းတွေဖြင့်
ကုသိုလ်တွေဝေနေစေချင်တယ်လေ...........အဲဒါစာရေးသူရဲ့ဆန္ဒ..........ဘာညာချစ်ပုံတို့ချမ်းသာကြပါစေ....

Friday, June 27, 2008

ဖြစ်ရပ်က ထူးဆန်းပါသတဲ့…

လောက၀ယ် ဖြစ်ပေါ်လာသော အကြောင်းအရာတို့သည် ရိုးစဉ်းသော သဘောကို ဆောင်နေပေသည်၊၊ တစ်ခါတစ်ရံ ထင်တာထက်ပို၍ ဆန်းပြားနေသည်ကိုလည်း တွေ့ရတတ်ပေသည်၊ ဆန်းလျှင် မရိုးတော့ပေ၊ မရိုးသားလျှင်ဆန်းမည်မှသေချာပါသည်၊ ထို့ပြင် လောက၌ အဆန်းမဟုတ်လျှင် ရိုးစင်းသည်ဟုအဓိပ္ပါယ်ရပေသည်။ ဤတွင် ထူးဆန်းသည်ဆိုသည်မှာ သာမာန်လူတို့မသိမြင်နိုင်သည့် အကြားအမြင်အကြောင်းကို ရည်ရွယ်၍ ပြောခြင်းဖြစ်ပါသည်။

တစ်နေ့ စာရေးသူ၏ ကျောင်းပေါ်သို့ လူလတ်ပိုင်း၊လူကြီးပိုင်းရောနှောနေသည့် အမျိုးသမိးတစ်သိုက်ရောက်လာကာ စာရေးသူအား ဦးချကန်တော့ပါသည်၊ သူတို့အနက် အမျိုးသမီးတစ်ဥိးက “ အရှင်ဘုရား……..ဒီရိပ်သာမှာ နေတာကြာပီလားဘုရား” ဟုစကားစလာရာ စာရေးသူက “ ဟုတ်ပါတယ်ဒကာမကြီး” ဟုအထိုက်အလျောက်ပြန်ဖြေခဲ့သည်၊ တဖန်--
“အရှင်ဘုရားက ဒီမှာသီတင်းသုံးတာကြာပီဆိုတော့ တရားအားထုတ်တာလည်း အတော်ခရီးရောက်နေပီလားဘုရား”
“ ဒီလောက်လည်း မဟုတ်ရသေးပါဘူး ဒကာမကြီး” ဟု ရိုးသားစွာပြန်ဖြေမိပါသည်၊ ထို့နောက်ဆက်ပြောသည်မှာ “ ဒီလိုဆိုအရှင်ဘုရားဟာ….တရားအားထုတ်တာကြာပီဆိုတော့ အကြားအမြင်များ ရနေလောက်ပါပီနော်”……တဲ့ ၊ သူ့စကားကြားရသည်မှာ စာရေးသူ အလွန်ပင်တုန်လှုပ်သွားခဲ့ပေသည်၊ သူတို့ရဲ့တရားအားထုတ်ခြင်းရဲ့ ရည်ရွယ်သူတို့ဆန္ဒက အကြားအမြင်ရလျှင် သူတို့ရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောခိုင်းမှာဖြစ်သည်၊ အကြံကြီးကြပါပေ့……..။
ထိုအကြောင်းကို သဘောပေါက်လိုက်သော စာရေးသူက ဖြတ်လမ်းကလိုက်ချင်ကြသော လူတစ်သိုက်အတွက် နောင်တွင်လည်း အသိတရားရစေရန်ရည်ရွယ်လျှက် --စာရေးသူပြောဖြစ်သွားသည့်စကားတစ်ခုကတော့……
“မှန်ပါတယ်၊ ဘုန်းကြီးအကြားအမြင်ရတယ်ဆိုတာ ဟုတ်ပါတယ်” ၊ဟုပြောလိုက်သောအခါ ထိုအမျီုးသမီးများ၏ မျက်နှာများသည် မှိုရသည့်နှယ် ပြုံပျော်ရွှင်နေကြပေသည်၊ သူတို့သိချင်သည်ဆိုသည့်အကြောင်းအရာများကို မေးရတော့မည်ကိုး………သို့နှင့်စာရေးသူက
“တစ်ခြားတော့မထင်လိုက်ပါနဲ့ ဘုန်းကြီးအကြားအမြင်ရတယ်ဆိုတာက တစ်ခြားမဟုတ်ပါဘူး၊ အခုဒကာမကြီးတို့ဘယ်နှစ်ယောက်လာတယ် အ၀တ်အစားကဘာအရောင်လို့ မြင်တာ၊ ပီးတော့ ဒကာကြီးတို့ပြောတာတွေ အတိုင်းသားကြားနေရတာတွေဟာ ဘုန်းကြီးရဲ့အကြားအမြင်ပဲ ဟု ပြောလိုက်သောအခါ ထိုအမျီုးသမိးတစ်သိုက်သည် ထင်သည့်အတိုင်းမဖြစ်လာသည့်အတွက် စိတ်ဆိုးကာ ထွက်ခွာသွားခဲ့ပါတော့သည်။ ဤကား လူများသည် အကြားအမြင်နောက်ကို ဖြတ်လမ်းကလိုက်ချင်နေကြပေသည်၊ ဤ၌ ပြောလိုသည်ကား ထိုအကြောင်းမဟုတ်ပေ၊ အွန်လိုင်းပေါ်က မဟုတ်မဟတ် လုပ်ဇာတ်တစ်ခုအကြောင်းကို အဓိကထားပြောလိုပါသည်၊
တစ်နေ့ အွန်လိုင်းပေါ်တွင် ဒကာကြီးဦးတင့်နှင့်စာရေးသူတို့ စကားလက်ဆုံ ပြောဖြစ်ပါသည်၊ ဤတွင်ဦးတင့်က -
“ အရှင်ဘုရားကို တွေ့ရတာ အတော်ပဲဘုရား” ၊
“ဆိုပါဦး………ဦးတင့်”၊
“တပည့်တော် အရှင်ဘုရားကို ပြစရာရှိတယ်”၊
“တစ်ခြားတော့ မဟုတ်ပါဘူး၊ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ၀က်ဘ်ဆိုက်မှာ ထူးဆန်းတဲ့အကြောင်းတစ်ခု ဖတ်လိုက်ရပါတယ် ဘုရား…….တပည့်တော် အရှင်ဘုရားဖတ်လို့ရအောင် ကော်ပီကူးပေးလိုက်ပါ့မယ်ဘုရား” ဟုဆိုကာ ကော်ပီးလိုက်တဲ့အတိုင်း လိုရင်းလောက်သာ ဖေါ်ပြပေးလိုက်ပါသည်။ http://realenlightenment.org/experiences/bur.htm
မသေခင်ကလို ပျော့ပျောင်း နေပါသည်။ သေဆုံးသည့်နေ့မှာပင် တပည့်တော်တို့သား အဖသုံးယောက်သည် ရေလုံအိုးခွဲခြင်း စသည့်မိရိုးဖလာများ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး မီးသင်္ဂြိုဟ် လိုက်ပါသည်၊ မီးသင်္ဂြိုဟ်ပြီး အပြန်တွင် မိုးကုတ်ယောဂီ ဒေါ်အုန်းကြည် ထံသွားရောက်မေးမြန်းရာ ဒေါ်စောနုသည် သေခါနီးတွင် ပြိတ္တာများ လာခေါ် ကြောင်း တရားသံအတိုင်း ပျက်တယ်လို့ နှလုံးသွင်းလိုက်ရာ ပြိတ္တာများ သေးသေးလေးတွေဖြစ်ပြီး မြေ ကြီးထဲ ၀င်သွားကြောင်း ဆက်ပြီးပျက်တယ်၊
မရှိဘူးဟု နှလုံးသွင်းရာ ယာဉ်ရထားကြီး ပေါ်လာကြောင်း သားသမီးတွေကို တွေးလိုက်တော့ ရထားကြီး ပျောက်သွား ကြောင်း နားကကြားနာနေရသည့် တရားသံအတိုင်း ပေါ်သမျှကို ပျက်တယ်၊ မရှိဘူးဟု ပြန်နှလုံးသွင်း ဖျက်ပစ်လိုက်တော့မှ ရထားကြီးပြန်ပေါ်လာပြီး အပေါ် ရောက်ရောက်ချင်း မိမိ၊ သူ တစ်ပါးခန္ဓာတွေကို ကြည့်လိုက်ရာ ကြားနာနေရသည့် တရား အတိုင်းအပျက်တွေသာ တွေ့ရပြီးနောက် တစ်ခါတည်း တရားထူး ရသွားကြောင်း သုတိသာဘုံတွင် နတ် သမီးဖြစ်သွားကြောင်း၊ ဆရာတော် အရှင်သူမြတ်ကို ကန်တော့ ကြောင်း၊ ကျေးဇူးကြီးမားကြောင်း ပြောသည်ကိုပါသိရသဖြင့် ၀မ်းနည်းရမည့်အစား ၀မ်းသာရပါသည် ဘုရား။ (ဒေါ်စောနု၏ အမျိုးသားဦးလှမြင့်၊ လက်ထောက် အထွေထွေမန်နေဂျာ(ငြိမ်း)
ကုန်သွယ်လယ်ယာ၊ ရန်ကုန်ရုံးချုပ်) ရေးသားပေးသောစာ ဖြစ် ပါသည်။
ထိုစာပုဒ်ထဲတွင် ဒေါ်စောနု၏ သေခါနီး တရားထူးရပြီး တုသိတာနတ်ပြည်တွင်နတ်သမီးဖြစ်နေသည် ဟူသော စကားရပ်တွင် လူတစ်ယောက်တရားထူးရပြီး နတ်ပြည်ရောက်သည့်အကြောင်းကို အကြားအမြင်ရ ဗေဒင်ဆရာမတစ်ဦးသာဖြစ်သည့် (မိုးကုတ်)ယောဂီ ဒေါ်အုန်းကြည်ဆိုသူက သူ့ရဲ့အကြားအမြင်နဲ့ ပြောကြောင်း ထင်ရှားနေပါသည်၊
ထိုအကြောင်းကို သာမာန်လူ မဆိုးထားနဲ့ အရိယာဖြစ်တော်မူကြသည့် သောတာပန်၊သကဒါဂါမ်၊ အဘိဥာဉ်မရတဲ့ အနာဂါမ်တို့တောင် မသိမမြင်နိုင်သည့်ကိစ္စဖြစ်ပါသည်၊ ထိုသို့ဖြစ်ပါလျှက် ဗေဒင်ယောင်ယောင် နတ်သူငယ်ယောင်ယောင် အကြားအမြင်ရသည်ဆိုသည့် ဒေါ်အုန်းကြည်(ယောဂီ)က ဒေါ်စောနုတရားထူးရပုံနတ်ပြည်ရောက် ပုံကို သိသတဲ့………….. ဆန်းလိုက်ပါဘိ၊
လောကတွင် ဆန်းပြားလျှင်တော့ မရိုးတော့သည်ကို သတိထားသင့်ပေသည်၊ ယခုဖြစ်ရပ်တွင်လည်း ဆန်းပြားနေ၍ မရိုးသားသောအသွင်ကို ဆောင်နေသည်မှာ သဘာဝပဲပေါ့၊
ဤတွင် သူတို့ရဲ့ဇာတ်လမ်းခိုင်မာဖို့အတွက် အကြားအမြင်ရ ဒေါ်အုန်းကြည်မှာ အဓိကဇာတ်ဆောင်ဖြစ်နေချေ သည်၊ ဘာကြောင့်တုန်းဆိုရင် သူပြောမှ ထူးဆန်းသည့်ဖြစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်၊ သည်အကြောင်းနှင့်ပတ်သက် ၍ သမာန်လူများတောင်မမြင်နိင်သည့်ကိစ္စကို ဒေါ်အုန်းကြည်ကသိသည်ဆိုလျှင် ဒေါ်အုန်းကြည်သည် ဧကန္တ ရဟန္တာဖြစ်နေလောက်သည်မှာ သေချာနေသည်၊ ရဟန္တာဖြစ်လျှင် လူဘ၀တွင် အကြာကြီးမနေနိုင် အလွန်ဆုံး ခုနှစ်ရက်ပဲနေနိုင်သည်၊ ထိုသို့ဆိုလျှင် ဒေါ်အုန်းကြည်၏ ရဟန္တာဖြစ်မှုသည် ထူးဆန်းနေ၍ မရိုးသားတော့သည်မှာ သေချာနေပေသည်၊
ဤဖြစ်ရပ်သည် အမှန်စင်စစ် သူတို့ ရဟန္တာတစ်မျှ ကြည်ညိုနေသည့် ဦးဥတ္တမသာရအား သူ့တပည့်များက မြောက်ပေးချင်သည် (အရောင်တင်ပေးချင်ကြသည်)မှာ မဆန်းပါဘူး၊အမှန်စင်စင့် တပည့်မှားလျှင် ဆရာကပြင်ပေးရမှာဖြစ် သည်၊ သို့သော် ဆရာသမားကိုယ်၌က သူ့ရဲ့ဝါဒကို ကြည့်ပါဦး၊ လောကကြီးမှာ ဘာမှမရှိဘူး၊ဘာမှမဟုတ်ဘူး ဆိုတဲ့ဝါဒ ဖြစ် ပါသတဲ့…….၊ ထိုဝါဒသည်အစတွင် အကြောင်းအရာမှန်သမျှ ပျက်ရသည်ချည်းပါ ဆိုတာကတော့မှန်ပါတယ် ၊သို့သော် ထိုဆရာတော်သည် ပျက်ရာကနေ နောက် ဘာမှမရှိဘူးဆိုသည့် (နတ္ထိက)၀ါဒဖြစ်လာသည်ကို သတိထားမိဟန်မတူပေ၊
တွေးမိသည်မှာ လောကကြီးတွင် ဘာမှမဟုတ်ဘူးဆိုလျှင် လောကကြီးတောင်မှဖြစ်လာနိုင်စရာမရှိပေ၊ ဘာမှမဟုတ်ဘူးဆိုမှတော့ ထိုဆရာတော်ဟာလည်း ဘာမှမဟုတ်ဘူးဆိုတဲ့ နယ်ထဲကနေ မွေးလာခြင်းဖြစ်မည်၊ ထို့ကြောင့် ထိုဆရာတော်ဟာလည်း ဘာမှမဟုတ်ဘူးဆိုတာအထက်ပါဖြစ်ရပ်ဖြင့် သက်သေပြနေပေသည်။
ထိုဆရာတော်သည် ရဟန္တာတစ်မျှဖြစ်နေသည်ဟု ပြောဆိုသော်လည်း သူ့ရဲ့ဝက်ဆိုက်တွင် အကြားအမြင်ဗေဒင်ဆရာက လူများ တရားထူးရတာ သိတဲ့အကြောင်းကို ဖေါ်ပြထားခြင်းဖြင့် ထိုဆရာတော်ရဲ့ အဆင့်အတန်း သည်လည်း ဘာမှမဟုတ်သေးသည်ကို စာဖတ်သူများ ခန့်မှန်းမိကြပေလိမ့်မည်။
နောက်ဆုံးပြောလိုသည်မှာ
လောကမှာ ယုံကြည်တိုင်းသောအရာများသည် အမှန်တရားများဟု မဆိုနိုင်ပါ။
သို့သော် အမှန်တရားတိုင်းကိုတော့ လက်ခံယုံကြည်ရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သတည်း။ ။

Monday, June 16, 2008

အတွေးအမြင်

လိုချင်မှု၊ မနှစ်သက်မှု၊ တွေဝေမှု ၊ မနာလိုမှု၊ တွန့်တိုမှု၊ ပူပန်မှု၊ ထောင်လွှားတက်ကြွမှု ၊ ပျံ့လွင့်မှု၊ ယုံမှားမှု စတာတွေဟာ
နှောင်ဖွဲ့တတ်သော တရားများဖြစ်ပါတယ်၊ ဘယ်နေရာမှာ နှောင်ဖွဲ့တတ်တာလဲဆိုရင် စိတ်မှာပါ၊
အနှောင်အဖွဲ့တို့ဖြင့် ငြိတွယ်မှုမကင်းသော စိတ်သည် ဆင်းရဲ၏ ၊
အနှောင်အဖွဲ့မှ လွတ်ကင်းသောစိတ်သည် ပေါ့ပါးပီး ချမ်းသာနေ၏ ၊
အနှောင်အဖွဲ့မှ ငြိတွယ်မှု ကင်းအောင် စိတ်ဖြစ်ဆဲခဏကို သတိဥာဏ်ဖြင့် ကြည့်ကာ သိနိုင်ရမည်၊
စိတ်၏ ဖြစ်ဆဲအကြောင်းအရာများကို သိနိုင်ဖို့အတွက်
အရင်းအနှီးကား-
အဖန်ဖန်အထပ်ထပ် သိအောင် ကြောင့်ကြစိုက်ရတဲ့ ၀ီရိယ
စိတ်ဖြစ်တိုင်း အမှတ်ရမှု သတိ
စိတ်ဖြစ်တိုင်းဆဲ၌ အမှန်အတိုင်းသိမှု ပညာ၊ ထိုတရား(၃)မျိုး အရင်းအနှီးပြု၍ အဖန်ဖန်အထပ်ထပ်
နှလုံးသွင်းပေးမည်ဆိုပါက မကြာမီကာလအတွင်း
စိတ်၏ သဘောသဘာဝ၊ ရုပ်၏ သဘောသဘာဝကို သင်ကိုယ်တိုင်သိရှိနားလည်လာသည့်အပြင်
လွတ်လပ်ပေါ့ပါးပြီး၊ချမ်းသာသော စိတ်ပိုင်ရှင် တစ်ယောက်ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်ပေသည်။

Sunday, June 15, 2008

အတွေးအမြင်

လူသားအားလုံး မေတ္တာဓါတ် အပြည့်အ၀ရှိကြပြီး တစ်ဦးနဲ့တစ်ဦး

နားလည်မှုပေးနိုင်ကြမည်ဆိုပါရင် လောကကြီးမှာ စစ်ပွဲဆိုတာ

ရှိလာနိုင်မှာမဟုတ်သလို သာယာလှပတဲ့ လောကကြီးတစ်ခု

ဖြစ်နေတော့မှာပါ၊ ဒါဖြင့်ရင် မေတ္တာကိုယ်စီဖြင့် လောကကြီး

သာယာလှပအောင် တည်ဆောက်ကြပါစို့။ ။

Friday, June 13, 2008

ဖြစ်ရလေခြင်းရယ်

ဓါတ်ပုံပါသော ရဟန်းတော်ကား နော်ဝေနိုင်ငံတွင် သီတင်းသုံးနေထိုင်သော မြန်မာရဟန်းတော်တစ်ပါးပါ၊
ဒါဖြင့် အမျိုးသမီးနှင့်ဘာပြုလို့များ တွဲဖက်ဓါတ်ပုံအရိုက်ခံရပါလိမ့်.... ဖြစ်ပုံက ဒီလိုပါ........
ထိုမြန်မာရဟန်းတော်သည် ပြင်သစ်နိုင်ငံသို့ ကြွရောက်စဉ် လူအုပ်ကြားထဲ အဆိုပါ ပြင်သစ်အမျီုးသမီးက အတူတွဲဖက်၍ ဓါတ်ပုံရိုက်ချင်ကြောင်း ပြောလာသောအခါ ဘာသာစကား အားနည်းရှာသော ရဟန်းတော် ခမျာ ဘယ်လိုတုံ့ပြန်ပြောဆိုရမည်ကို စဉ်းစားတုန်းပင် ဗြုန်းဆို ပုံပါအတိုင်း ပြင်သစ်အမျိုးသမီးက မြန်မာရဟန်း တော်အား ၀င်ရောက်ပွေ့ဖက်ကာ ဓါတ်ပုံရိုက်ယူသွားခြင်းဖြစ်ပါသည်။
ပြည်ပရောက်ရဟန်းတော်များသည် လက်ဆွဲနုတ်ဆက်လာလျှင် အာပတ်သင့်နိုင်သည့်အတွက် အမျိုးသမီးများနှင့်တွေ့ကြုံလျှင် လက်ဆွဲနှုတ်ဆက်မှုမှ ကင်းနိုင်စေရန် လက်ကို အရှေ့၍ ယှက်ထားခြင်းဖြစ်သည်၊ သို့သော်လည်း ပြင်သစ်အမျိုးသမီးက ယုတ်တရက်ဝင်ရောက်ပွေ့ဖက်လိုက်သောအခါ ရဟန်းတော်သည် မည်သို့ပြုလုပ်ရမည်မသိ ဖြစ်နေစဉ် ရိုက်ထားသော ဓါတ်ပုံဖြစ်နေပေသည်၊

ထိုဓါတ်ပုံတင်ပေးခြင်းသည် ထိုရဟန်းတော်၏ ဂုဏ်သိက္ခာကို ချလိုစိတ်လုံးဝမရှိပါ၊ ဆိုလိုသည်မှာ ပြည်ပရောက် မြန်မာရဟန်းတော်များသည် ဘာသာစကား အားနည်းသောကြောင့် ယခုလိုအဖြစ်မျိုးကြုံရပုံကိ မြန်မာရဟန်း တော်များ သိစေချင်လှပေသည်။

တုနှိုင်းမမီ ထွက်ပါတော့မည်

သိပ်မကြာမီမှာ ထွက်ရှိလာတော့မယ့် "တုနှိုင်းမမီ" စာအုပ်ဖုံးကို ကြိုတင်ပီး မိတ်ဆက်ပေးချင်တဲ့အတွက် ပို့စ်တင်ပေးလိုက်ပါတယ်၊ အားလုံး နှစ်သက်မယ်လို့ မယုံမှတ်ရဲသော်လည်း စာအုပ်မျက်နှာဖုံးကို ကြည့်ကာ ပီတိဖြစ်ရသူက စာရေးသူရဲ့ ဖေါ်မပြနိုင်တဲ့ ခံစားမှုတစ်ခုပါ။
အားလုံးကျန်းမာရွှင်လန်းကြပါစေ

အတွေး

လူတစ်ယောက်သည် ဘယ်အချိန်မှာ အရေးအကြီးဆုံး လို့ မေးလာခဲ့ရင်....
လူတစ်ယောက်ရဲ့ အရေးအကြီးဆုံးချိန်ဟာ ဘ၀ နေ၀င်ချိန်ပဲလို့........လေ
ဟုတ်တော့လည်း ဟုတ်မှာပါ၊
ဒါပေမယ့်......
တွေးကြည့်တော့ ဒါထက်အရေးကြီးတဲ့ အချိန်ဟာ တစ်ခြားမဟုတ်
အခုဖြစ်ဆဲ ပစ္စုပ္ပန်အချိန်ဟာ အရေးအကြီးဆုံးပဲလို့ တွေးမိပါတယ်...
ဘာကြောင့်လည်းဆိုရင်.....
အခုဖြစ်ဆဲမှာ ကောင်းတာတွေကြီး ပြုလုပ်၊ပြောဆို၊ကြံစည်ကြမယ်ဆိုရင်
ဖြစ်ဆဲခဏတိုင်းတိုင်း ပစ္စုပ္ပန်တိုင်းမှာ ကောင်းနေမှာပါ...
ဒီလိုကောင်းနေမှလည်း ဘ၀နေ၀င်ချိန်အတွက် အဆင်သင့်ဖြစ်မှာ မဟုတ်လား..
သေသေချာချာ တွေးပီး ........................? လုပ်စရာရှိတာလုပ်ကြဖို့ပါပဲ
စာဖတ်သူများ ကျန်းမာချမ်းသာကြပါစေ

Twitter Delicious Facebook Digg Stumbleupon Favorites More