This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, December 29, 2007

Day of Buddha and New Year

ယခုခေတ် လူတွေ ရဲ့ ခန္ဓာကိုယ်ထဲသို့ အသဲ ဘီ ပိုး ၊ စီ ပိုး များ လျင်မြန်စွာ ၀င်ရောက်ပြန့်နှံ့လာသလိုပဲ၊
ကိုယ့်ရဲ့ Mail inbox ထဲသို့ NEW YEAR ,2008 အထိမ်းအမှတ်ဖြင့် မေလ်းများ လျင်မြန်စွာ ၀င်ရောက်ပြန့်နှံ့လို့နေပြီဗျ။
တစ်ချို့ဆို span လို့တောင်ထင်ရတယ်။ တွေးမိတာက ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အဲလိုမျိုး မေးလ်တွေပို့ကြမယ်ဆိုရင်ဘယ် လောက်ကောင်းလိုက်မလဲ၊ ဗုဒ္ဓနေ့ကို မေ့နေတဲ့သူလည်း သတိတရရှိသွားတဲ့အပြင် ကိုယ့်မှာလည်းကုသိုလ်ရသွားတာပေါ့။
ခုတော့ New Year မှာတော့ မေးလ်တွေဝင်ပြီး ၊ ဗုဒ္ဓနေ့မှာကျတော့ မေးလ်ပို့မည့်သူတောင်မရှိဘူး၊ ဒီလိုဘာကြောင့်ဖြစ်ရ တာလဲ။
ကျယ်တယ်လို့ ထင်ချင်ရင်ထင်စေတာ့ ၊ ရေးသင့်တော့လည်း ရေးရချေဦးမည်။
ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ်နှစ် ကုန်ဆုံးလို့ နှစ်သစ်ကူးအထိမ်းအမှတ်ဖြင့် Happy New Year လုပ်နေကြတာက သဘာဝကျပါတယ်။ သို့သော်လည်း ခရစ်နှစ်ရဲ့အစ ဒီနှစ်သစ်ကူး(Happy New Year ) နှင့် ဗုဒ္ဓဘာသာဝင်များနဲ့ဘာများပတ် သက်လို့ပါလဲ၊ Happy New Year ကို အပျော်သဘောနဲ့ဖြစ်စေ ၊ လူမှုရေးအရပဲ ဖြစ်စေ၊ ပါဝင်ဆင်နွဲကြတယ်ပဲဆိုစေဦးတော့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ မှာ ပိုပြီး ပါဝင်ဆင်နွဲသင့်ပါတယ်။ ဒီ New Year မှာ ပျော်ရွှင်နေသည်များကို ပုံဖေါ်ပီးကြည့်ရင်တော့ ပီးခဲ့တဲ့ ၂၀၀၆ ခုနှစတုန်းက ဒီဇင်ဘာနောက်ဆုံးရက်ရဲ့ညမှာ ပျော်လိုက်နေလိုက်ကြတာက အရက်မူပီးလူမှန်းမသိ ပျော်ကြရဲ့၊ သီချင်းဆိုပီးလဲပျော်ကြရဲ့ တစ်ညလုံးပေါက်မအိပ်ပဲပျော် လိုက်ကြတာ ၊ တစ်ချို့ဆို မူးရူးပီး ရိုက်ပွဲတွေဖြစ်ကြ ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမှန်းမသိ မူးရူးပီး အော်လန်ကြီးနဲ့ သီချင်းတွေအော်ဆိုကြ နဲ့ နှစ်သစ်ကူးဆိုတာ တာပဲလားလို့ တွေးမိပါတော့တယ်၊
ပြောလိုတာက နှစ်သစ်မှာ မေးလ်တွေ အဆက်မပြတ်ပို့ကြသလို ဗုဒ္ဓနေ့မှာလည်း ကိုယ့်အသိတွေဆီ မေးလ်ပို့ကြခြင်းဖြင့် ကုသိုလ်ယူကြပါလို့…………

Type the rest of your post here.

Friday, December 28, 2007

တွေ့ကြုံဆုံကွဲ

Photobucket
ဘွဲ့နှင်းသဘင်အတွက် ပြည်ပထွက်ခွာမည်ဖြစ်သော သီတင်းသုံးဖေါ် ဦးကုမာရကို လေဆိပ်သို့ ပီးခဲ့တဲ့ ၂၈ ရက်နေ့ က လိုက်ပို့ဖြစ်ခဲ့ပါတယ်။ လေဆိပ်ရောက်တော့ အဆောက်အဦးထဲတွင် လူများ ပြည့်နှက်နေပါသည်။ ပြည်ပလေဆိပ် အဆောက်အဦထဲတွင် လူတွေများနေခြင်းသည် ခရီးသွားမည့်သူက နည်းပြီး လိုက်ပို့သူက များနေခြင်းကြောင့်ပင်။
လိုက်ပို့သူများကား မခွဲနိင်မခွာရက်ဖြင့် လေဆိပ်အပေါ်အထပ်သို့ အရောက်လိုက်ပို့ကြပါသော်လည်း နောက်ဆုံးတွင် လူဝင်မှုကြီးကြပ်ရေး နယ်နိမိတ်သတ်မှတ်ရာ ၊ အနီရောင်မျဉ်းကြောင်းအနားသို့ အရောက်တွင်တော့ မခွဲခွာချင်သော်လည်း ခွဲခွာခဲ့ရပေသည်။ ထိုသို့ခွဲခွာခြင်းသည် တစ်ခဏခွဲခွာခြင်းလည်းဖြစ်နိုင်သကဲ့သို့ ထာဝရခွဲခွာခြင်းလည်း ဖြစ်နိုင်သည်။ ခွဲခွာရခြင်းအတွက် စိတ်မကောင်းကြပါ။ ဘ၀မှာ ထိုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် တစ်ခဏတာ ခွဲခွာရသောအကြိမ်သည် မရေတွက်နိုင်အောင်များခဲ့သည့်အပြင် ထာဝရခွဲခွာ ခြင်းနှင့် မည်သည့်အခါ၌ ခွဲခွာကြရမည်ကို မည်သူမှမသိနိုင်ပါချေ။ ဖြစ်နိင်သည်ကား တစ်ဦးနှင့်တစ်ဦး တွေ့ဆုံပြီးလျှင် ကွဲကွာဖို့တော့ သေချာပါသည်။ တွေ့ဆုံခြင်းရဲ့နောက်နားမှာ ကွဲကွာခြင်းဟူသည် ထပ်ခြပ်မကွာလိုက်လာနေပြီ ဟုသိထားသင့်ပေသည်။
တစ်ဦးနှင့်တစ်ဦး တွေ့ဆုံစဉ်က ပျော်ရွှင်မှု၊သာယာမှုများစွာဖြစ်နေပေမယ့် ကွဲကွာကြရမည်ဆိုလျှင် မည်သူမျှ စိတ်မကောင်းနိုင် ကြပါချေ။ စိတ်မကောင်းနိုင်သော်လည်း ကွဲကွာကြရပါသည်။ ဤကား လောကကြီးကို မမြဲခြင်းတည်းဟူသော သဘာဝတရားကြီးက လွမ်းမိုးထား သောကြောင့်ဖြစ်ပါသည်။ သဘာဝတရားကို မည်သူမျှ လွန်ဆန်၍ မရပါချေ။ ထို့ကြောင့် လောကကြီးသည် မမြဲခြင်းဟူသည့်တရားများနှင့် ပြည့်နှက်နေပေသည်။ တွေးလိုက်လျှင် ပျော်စရာရယ်လို့ မရှိလောက်အောင်ပင်
လောကအတွင်းသို့ မွေးဖွားလာသူမှန်သမျှ သေဆုံးခြင်းဟူသော တရားက နောက်ကနေ အရိပ်ကဲ့သို့ လိုက်ပါရလေသည်။ ထို့ကြောင့် တွေ့ကြုံဆုံဆည်းရသောသူများသည် “တစ်နေ့ကွဲကွာကြရမှာပါလား” ဟု သတိထားကာ နှလုံးသွင်းပေနိုင်မည်ဆိုပါလျှင် ခွဲခွာရပါသော်လည်း စိတ်သက်သာရာတော့ ရပါချေမည်။
ထို့အတူ လောကထဲရောက်လာသူတိုင်း သေဆုံးခြင်းဟူသည့် တရားကို အဖန်ဖန်အထပ်ထပ် နှလုံးသွင်းပေးနိင် ကြမည်ဆိုပါလျှင် ထာဝရခွဲခွာခြင်းနှင့် ခွဲခွာရပါသော်လည်း တုန်လှုပ်မှုများ နည်းလာနိုင်ပါကြောင်း

Thursday, December 27, 2007

ကျေးဇူးကြီးလှ မိနှင့်ဖ

တစ်ခါက အဖေ့အကြောင်းကို စုံလင်အောင် တင်ပြပေးပါ ဟု လျှောက်ထားသော သူတစ်ယောက်ကို အကြောင်းပြု၍ အွန်လိုင်းစာဖတ်ပရိ သတ်များအား ရည်ရွယ်ကာ မဟာကျော်ရဲ့ ဆောင်းပါးကို ဖေါ်ပြပေးလိုက်ပါတယ်။
လူရယ်ဟူ၍ မွေးဖွားဖြစ်တည်လာပြီဆိုလျှင် အမိဟူသော အမေရှိရမည်။ အဖဟုဆိုလျှင် အဖေလည်း ရှိရပေသည်။ သို့မှသာ လူသားတစ်ဦး ရှင်သန်ထမြောက်နိုင်သည်ကို လူသားတိုင်း သိရှိနားလည်ထားကြပါသည်။ ဤသို့ အမိအဖ တွဲထားပါလျှက် အဘယ့်ကြောင့် အမိ၏ ဂုဏ်သည်သာ လေးလေးနက်နက် ပေါ်လွင်စေပြီး အဖသည် အဘယ့်ကြောင့်မေးမိန်နေရပါသနည်း။ တကယ်ဆိုလျှင် အဖကိုလည်း အမိနှင့်တန်းတူ ပေါ်လွင်စေသင့်ပါသည်။ အနောက်တိုင်းမှအပ အရှေ့တိုင်းနိုင်ငံအများစုတွင် ကိုယ်ရေးရာဇ၀င်ကို မှတ်တမ်းပြုမည်ဆိုပါက အဖအမည်ကို အဓိကထားကြပါသည်။ ဘယ်သူ၏သားသမီးဟု ဆိုရာတွင်လည်း အဖအမည်ကိုသာ ရှေ့တန်းတင်၍ ပြောတတ်ကြသည်မှာ အရှေ့တိုင်းသားတို့တွင် နှုတ်ပင်ကျိုးနေကြပြီ။ ဤသို့ အဖေကိုရှေ့တန်းတင်ထားပါလျှက် အမိဂုဏ်ကို ဖေါ်ကျုးသော ကဗျာစာပေနှင့် သီချင်းမျိုးကသာ များနေကြပါသည်။

အမိအဖ ဆိုထားသောကြောင့် အမိအဖသည် ခွဲ၍မရ၊ သားသမီးအပေါ်၌ တူညီသော မေတ္တာတို့ ရှိကြပါသည်။ အမိသည် ရင်သွေး အား “ကိုးလလွယ် ဆယ်လဖွား” ကာ အသက်နှင့်ရင်းပြီး မွေးဖွားသန့်စင်ပေးခဲ့ရသကဲ့သို့ အဖသည်လည်း လောကအန္တရာယ် မျိုးစုံကြားမှ ၀တ္တရားကျေပွန်အောင် သားသမီးများ၏ တာဝန်ကို ထမ်းခဲ့ရပေသည်။ အဖသည် သားသမီးတို့၏ ရှေ့ဆောင်လမ်းပြ။ အဖသည် သားသမီးတို့အား စောင့်ရှောက်ရာ မဟာတံတိုင်းကြီး၊ အဖသည် သားသမီးတို့အတွက် အဟာရဖြစ်တည်ရာ လယ်ယာမြေကောင်း၊ အဖသည် သားသမီးတို့အတွက် အလှတန်ဆာဆင်ရာ အဖိုးတန်ရတနာ။ ဤသို့သော ဆိုစကားကြောင့် အဖ၏ တာဝန်သည် အမိထက် မပို လျှင်တောင် တန်းတူတော့ ရှိလေသည်။
မြတ်ဘုရားလက်ထက်တော်အခါကပင် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ပိသာရမင်းကြီး၏ ရင်သွေးငယ် သားတော် အဇာတသတ်အား ပုဏ္ဏား တော်များက အဖသတ်မည့်သား ဟု နိမိတ်ဖတ်ပါသော်လည်း ဖခင်ဟူသော အသိစိတ်လေးတစ်ခုကြောင့်ပင် မိမိ၏အသက်ခန္ဓာတည်မြဲမှု အတွက် တွေဝေခြင်းမရှိဘဲ သားတော်လေးအား ယုယစွာ ပြုစုပျိုးထောင်ရင်း ကြီးပြင်းစေခဲ့သည်မှာ ဖခင်တို့၏ သားသမီးများအပေါ်ထား သည့်မေတ္တာကို ဖော်ကျုးလိုက်သလိုပင် ဖြစ်ပေသည်။
မြန်မာသံစဉ် တေးသီချင်းများနှင့် ဗွီဒီယို၊ ရုပ်ရှင်ဇာတ်လမ်းများတွင် မိခင်၏ ဂုဏ်ပုဒ်ကို ဖော်ကျုးသော သီချင်းစာသားများသာ ပေါများပြီး အဖေ၏ဂုဏ်ကို ဖော်ကျုးသော သီချင်းဇာတ်လမ်များ ရှားပါးလွန်းလှပါသည်။ (ယခု ခေတ်ကာလမှာတော့ ခွဲခြားခြင်းမရှိကြတော့ပါ) အဖသီချင်းများ အဖဇာတ်လမ်းများသည်လည်း ဖခင်၏ဂုဏ်ပုဒ်ကို ပေါ်လွင်စေခဲ့သည်။ အမှန်တကယ် ဆိုချင်သည်ကတော့ အမိနှင့်အဖကို ခွဲခြားခြင်းမပြုဘဲ တန်းတူ ကျေးဇူးတရား သိတတ်စေရန်သာဖြစ်သည်။
အချို့ဖခင်တို့သည် မိခင်ကဲ့သို့ပင် မိမိတို့မကောင်းသော်လည်း သားသမီးများအား ကောင်းစေချင်လှသည် “ ဘယ်မိဘမဆို သားသမီးကောင်းစားတာကိုပဲ မြင်ချင်သည်” ဟူသော ဆိုစကားအရ မိဘသည် သားသမီးတို့အား ကောင်းစေလိုသည့် မေတ္တာထားခြင်းမှာ ထပ်တူထပ်မျှပင် ဖြစ်ကြပေသည်။ အိမ်ထောင်သည် အမျိုးသား တချို့သည် အငယ်အနှောင်းထားတတ်ကြသည့် မထင်မှတ်သော စရိုက်တစ်ခုကြောင့် သားသမီးနှင့်သက်ဆိုင်သော ဖခင်ဆိုသည့် ဂုဏ်ပုဒ်ကို ချိတ်မိနေခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။
တကယ်ဆိုလျှင် ဖခင်ဟူသော ဝေါဟာရနှင့် မည်သို့မျှ မသင့်ဆိုင်ပါ၊ ဖခင်ဆိုသောသ်ူမှာ ယောင်္ကျားတစ်ဦးဖြစ်ခြင်းကြောင့် ထိုစရိုက်များနှင့် ရော၍ ယောင်္ကျားဆိုသော ဝေါဟာရနှင့် ဖခင်ဆိုသော ဝေါဟာရကို ယှဉ်တွဲ မထားသင့်ပေ။ အဓိပ္ပါယ်ချင်း အလွန်အမင်း ကွာခြားလွန်းလှသည်။ “ ဘယ်ယောင်္ကျားမှ မကောင်းဘူး” ဟု လူတွေ၏ စကားမှာ သုံးနှုန်းတတ်ကြပေမယ့် “ ဘယ်ဖခင်မှ ကောင်းဘူး” ဟု သုံးစွဲခြင်းမရှိပေ။ သားသမီးရှိသော ဖခင်တိုင်းတွင် ၄င်းတို့၏ သားသမီးများအပေါ်တွင် ထားရှိသည့် အကြင်နာတရားမှာ မိခင်များကဲ့သို့ပင် ရှိကြပါသည်။
မိခင်သည် ရင်သွေးငယ်အား နို့ချိုတိုက်ကျွေးရန် အားအင်အတွက် အဟာရလိုအပ်ပေသည်။ ထိုအဟာရကို ဖခင်ကသာ ရှာပေးရသည်။ လူမမယ် ကလေးတို့အား ကျန်းမာရေးကောင်းမွန်စေရန်မှာ မိခင်၏ ကျန်းမာရေးကောင်းဖို့လည်း လိုအပ်ပေသည်။ ထိုမိခင်၏ ကျန်းမာရေးကို ဂရုစိုက်ပေးမည့်သူမှာ ဖခင်သာဖြစ်သည်။ “ ယောင်္ကျားဖေါင်စီး ၊ မိန်းမမီးနေ” ဟူသော ဆိုစကားအရ မီးတွင်းထဲတွင် ရှိနေသော မိခင်သည် အသက်အန္တရာယ် နီးသည်ဟုဆိုပါလျှင် ဇနီးသည်မှ ရင်သွေးငယ်အား ကျန်းမာရေး ကောင်းမွန်ပြီး ချောမွေ့စွာ မွေးဖွားပေးနိုင်ရန်နှင့် ဆင့်ကဲ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းနိုင်ရန် ပြင်ပလောကတွင် စီးပွားရှာဖွေပေးရရှာသော ဖခင်မှာလည်း အန္တရာယ်များကို ရင်ဆိုင်မည် မဟုတ်ပါလော။
ဤသို့သော အကြောင်းတရားများကြောင့် မိခင်နှင့်ဖခင်တို့မှာ မိမိတို့၏ ရင်သွေးများအပေါ် ထားရှိသည့် အဖမေတ္တာသည် အမိမေတ္တာကဲ့သို့ပင် တစ်ထပ်တည်းကျနေခြင်းကြောင့် “ မိဘမေတ္တာ” ဟူသော ဆိုစကား ထင်ရှားလာရခြင်းဖြစ်သည်။
ယောင်္ကျား၊မိန်းမ ဟူသော အသုံးအနှုန်းမှာ သတ်မှတ်မှတ်ချက်တစ်ခုသာဖြစ်ပြီး ခြုံငုံကြည့်ပါက လူသားများသာဖြစ်ကြသည်။ လူတို့သည် ပုထုဇဉ်များဖြစ်သည့်အလျောက် ကောင်းခြင်း၊ဆိုးခြင်း ဒွန်တွဲနေမည်မှာ မလွဲပါ။ ထို့ကြောင့် ကောင်းသောယောင်္ကျား၊ မိန်းမ၊ မကောင်းသော ယောင်္ကျား၊မိန်းမ စ၍ ကောင်းသော မိဘ၊ မကောင်းသော မိဘဟူ ဖြစ်လာမည်မှာ မလွဲပေ၊ သို့သော် မိဘ ဟု အဆိုခံလိုက်သည်နှင့် အခြားအကြောင်းအရာများတွင်သာ မကောင်းတာတွေ ရှိကောင်းရှိမည်။ မိမိတို့၏ သားသမီးများအပေါ်တွင်တော့ ဘယ်လိုအကြောင်းကြောင့်ပဲဆိုပါစေ ကောင်းတတ်ကြသကဲ့သို့ ကောင်းအောင်လည်း နေတတ်ကြသည်။ မကောင်းသော မိဘဟု ဆိုရာတွင်လည်း “တစ်” ရာနှုန်းလောက်သာ ရှားပါးပေလိမ့်မည်။ မကောင်းသောမိဘဟု ခံယူလိုက်ရသော ပုဂ္ဂိုလ်မှာ လူမဆန်လေသော သူသာဖြစ်ပေလိမ့်မည်။ အသိဥာဏ်ပညာရှိသော လူပင် မဆိုလေနှင့် အသိဥာဏ်ပညာကင်းမဲ့လှသော တိရစ္ဆာန်များပင်လျှင် မိဘနှင့်သားသမီးဟူသော အသိစိတ် ရှိတတ်ကြသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရဖူးပါသည်။
၁၉၈၄ ခုနှစ်ကာလအတွင်း ပုသိမ်-မုံရွာကားလမ်း စီမံကိန်းအတွက် လမ်းခင်းကျောက်ရှာဖွေပေးသော ကျောက်ရှာဖွေရေးအဖွဲ့ သည် ရိုးမအတွင်း ကျောက်ကြော ရှာဖွေစဉ် လှပသော ရေအိုင်ကြီးတစ်ခုအတွင်းမှ တောသဘာဝအတိုင်း လွပ်လပ်စွာ နေထိုင်နေကြသော မျောက်ရွာ ဟုဆိုလောက်သည့် မျောက်မိသားစုကြီးကို မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးခဲ့သည်မှ ကြည့်ခဲ့ရသည်မှာ မျောက်ကလေးတစ် ကောင် ရေထဲပြုတ်ကျသွားသည်ကို မျောက်ကြီးက အသည်းအသန်ဆင်း၍ ဆယ်လေသည်။ မျောက်ကလေးကို ရသည်နှင့် ကမ်းပေါ်သို့ ချီတင်လာပြီးလျှင် ခေတ္တမျှပြုစု၍ သန်းရှာနေရာမှ ထလာကာ လာရပ်သော မျောက်မကြီးအား တုတ်တစ်ချောင်း ရှာ၍ ရိုက်လေတော့သည်။ သဘောမှာ သားသမီးကို ဂရုမစိုက်ကောင်းလား ဟူသော အဓိပ္ပါယ်သက်ရောက်နေပေသည်။ လူလောက်အသိဥာဏ်မရှိသော တိရစ္ဆာန်ပင်လျှင် သားသမီးကို ဂရုတစိုက် ချစ်ပါလျှင် အသိဥာဏ်ပြည့်ဝသော လူဆိုပါက ပြောစရာမရှိအောင် ချစ်ပေလိမ့်မည်။
မြန်မာ ဒဏ္ဍာရီတစ်ခုတွင် အဟိတ်တိရစ္ဆာန်ဖြစ်သော ခြင်္သေ့မင်း၏ရင်သွေးလူသားမှာ ခြင်္သေ့မင်းအား ထား၍ လူတို့ရှိရာအရပ်သို့ ထွက်ခွာသွားရာတွင် ဖခင်ဖြစ်သူ ခြင်္သေ့မင်းသည် ရင်ကွဲနာကျပြီး သေဆုံးခဲ့ရပါသည်။ မိမိနှင့် ပုံသဏ္ဍာန်ကွဲပြားလေသော ရင်သွေးကို အသက်ဆုံးရှုံးရသည်အထိ မေတ္တာတရားကြီးမားလေရာ အသိဥာဏ်ပညာရှိကြသော လူသားမိဘတို့ဆိုလျှင် မည်မျှလောက်မေတ္တာတရား ကြီးမားမည်ကို တွေးဆသိနိင်ပါသည်။ ကျွန်ုပ်တို့၏ သုံးလူ့ထွတ်ထား ဗုဒ္ဓရှင်တော်ဘုရားသည်လည်း မိခင်ဖြစ်ခဲ့ဖူးသော မယ်တော်မိနတ်သားအား တရားနှင့် ကျေးဇူးဆပ်သကဲ့သို့ ဖခင်သုဒ္ဓေါဓနမင်းကြီးအားလည်း တရားနှင့်ပင် ကျေးဇူးတော်များ ကုန်စင်အောင် ဆပ်ခဲ့လေသည်။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်ပင်လျှင် အမိနှင့်အဖအား ခွဲခြားခြင်းမပြုဘဲ ကျေးဇူးဆပ်ခဲ့ခြင်းဖြစ်ရာ ကျွန်ုပ်တို့သည်လည်း အမိမှသာ ၊ အဖမှသာ တွယ်တာစရာဟု မတွေးမိစေဘဲ သတိတရားများထား၍ မိဘနှစ်ပါးစလုံးအား တူညီစွာ ကျေးဇူးတော်များကို နားလည်သိသင့်ပါကြောင်း ဖေါ်ပြလိုက်ရပါတော့သတည်း။

Monday, December 24, 2007

သတိထားသင့်သော အကြောင်းအရာတစ်ခု

ဤစာကိုရေးခြင်းသည် ဘာသာခြားများအား ထိခိုက်လိုသောစိတ်၊ တိုက်ခိုက်လိုသောစိတ် လုံးဝမရှိပါကြောင်း ကြိုတင်ဝန်ခံပါရစေ။
၂၀၀၇ ခုနှစ်ရဲ့ ဆည်းဆာအချိန်သည် နီးသထက်နီးကပ်လာပြီဖြစ်သကဲ့သို့ ထိုနှစ်ရဲ့ နောက်ဆုံးလတွင် ထုံးစံအတိုင်း ခရစ္စမတ် အချိန်အခါသို့ ရောက်ရှိလာပါပြီ၊ ထိုသို့ ရောက်ရှိလာသည်သောကြောင့်စားသောက်ဆိုင်များ၊ အင်တာနက်ကဖေးများ၊ ကုန်တိုက်စသည်များ၌ ခရစ္စမတ်နေ့၏ ထင်ရှားသည့် သင်္ကေတတစ်ခုဖြစ်သော ခရစ္စမတ်ဘိုးဘိုးကြီး အရုပ်များ ထားရှိလာကြသည်ကို သတိထားမိပါသည်။ ဆိုလိုသည်မှာ-

ခရစ်တော် မွေးဖွားသည့် အထိမ်းအမှတ်ဖြင့် ခရစ္စမတ်နေ့ ကျင်းပကြသည်မှာ ခရစ်ယာန်ဘာသာဝင်တို့အတွက် ဖြစ်သင့်သော အရာတစ်ခုဟု ဆိုရသော်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက်မူကား မည်သို့မျှ ဖြစ်သင့်သောအရာတစ်ခုမဟုတ်ပါချေ။ ခရစ်ယန်ဘာသာဝင်တို့၏ ဆိုင်များ အိမ်များ၌ ခရစ္စမတ်နေ့ အထိမ်းအမှတ် ခရစ္စမတ် ဘိုးဘိုးကြီးစသည် ထားရှိကြသည် မှာ သူတို့ဘာသာနှင့် သူတို့ဖြစ်သောကြောင့် အထူးပြောဖွယ်မရှိပါပေ။ (င့ါလှေငါထိုး ပဲခူးရောက်ရောက်)ဆိုတာလိုပင်။
သို့သော်လည်း မြန်မာနိုင်ငံ ယနေ့အချိန်အခါ၌ ဗုဒ္ဓဘာသာဝင်ပင်ဖြစ်လင့်ကစား တစ်ချို့သူများပိုင်ဆိုင်သော အိမ်များ ၊ ဆိုင်များ ၊ကုန်တိုက်ကြီးစသည်များ၌ ဗုဒ္ဓဘာသာနှင့်မသင့်ဆိုင်သော အဆိုပါဘိုးဘိုးကြီးရုပ်များ ခရစ္စမတ်သစ်ပင်များစသည့် ဘာသာခြားတို့၏ အရိပ်အငွေ့များကို တွေ့မြင်နေကြရပါသည်၊ မိမိတို့ကုန်ပစ္စည်းများ အထူးရောင်းကောင်းစေရန် လူအရပ်နီးနီးအမြင့်ရှိသော ထိုဘိုးဘိုးကြီးအရုပ်များကို ထားရှိကြသည်၊ စီးပွားရေးနှင့်ပက်သက်၍ အဆိုပါ ဘိုးဘိုးကြီးအရုပ်ကို ပြည်ပမှနေ ဈေးကြီးပေးဝယ်ကာ အပင်ပမ်းခံပြီးသယ်လာကြသည် ဟု သိရှိရပါသည်၊
ယနေ့ အချို့နေရာများ၌ ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ပါဝင်ဆင်နွဲလာနေကြပြီ။ မိမိတို့နှင့် သင့်/မသင့် ဆိုသည်ကို ဥာဏ်ဖြင့် တွေးတောဆင်ခြင်မှုမရှိကြပါပေ။ ထိုအကြောင်းကို ပြောသောအခါ အပျော်သဘောလောက်ပါ…..တဲ့။ အပျော်သဘော ဟုအကြောင်းပြပြီး ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တို့၏ အင်ပါယာထဲသို့ တဖြေးဖြေးနဲ့ စိမ့်ဝင်လာနေသည်မှာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေပါပြီ ဟု ပြောရချေမည်။ ဤသည်ကား ငါးမျှားချိတ်ကို မမြင် ငါးစာကိုသာမြင်သော သဘောပင်ဖြစ်နေချေပြီ၊ ထိုဘာသာ၏ အရိပ်ငွေ့များသည် မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား ပြန့်နှံ့နေသည်ကို သတိထားမိကြစေချင်ပါသည်။ ခက်ခဲပင်ပမ်းကြီးစွာနှင့် ပါရမီတော်တွေဖြည့်ဆည်းကာ သွေးနှင့်ချွေးနှင့် ရင်းခဲ့ရသော မြတ်ဘုရား၏ သာသနာတော်ကြီးကိုမှ မျက်နှာမထောက်၊ မိမိတို့မျက်မှောက်ခေတ်ကျမှ ရေစုံမျောပစ်တော့မည်လော။ ဘာသာခြားတို့၏ အရိပ်အငွေ့တို့သည် ဗုဒ္ဓဘာသာဝင်တို့အကြား ယခုလို မသိမသာ စိမ့်ဝင်ပြန့်နှံ့လာရာမှ ကာလကြာသောအခါ သာသနာတော်ကြီး ကွယ်ပျောက်သွားတော့မည်။ ကြီးကျယ်သည်ဟု ဆိုချင်ဆိုစေတော့ သာသနာအတွက် ရင်လေး၍ ပြောရချေတော့မည်။
ဗြဟ္မဏတို့၏ တန္တရ၀ါဒများသည် ဗုဒ္ဓဘာသာဝင်များအကြားထဲသို့ တဖြည်းဖြည်းစိမ့်ဝင်ပြန့်နှံ့လာသောကြောင့် အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာကွယ်ခဲ့ရသည်ကို သတိပြုသင့်လှပေသည်။ ဗြဟ္မဏတို့၏ တန္တရ၀ါဒဟူသည် စုန်း ၊ ကဝေ ၊ တစ္ဆေ ၊ ပယောဂ ၊ အင်းအိုင် ၊ ခါးလှည့် ၊ လက်ဖွဲ့၊ မန္တာန်စသည်များ ဖြစ်သည်၊ မြတ်ဗုဒ္ဓ၏ ၀ါဒမဟုတ်သော ထိုတန္တရ၀ါဒသည် ယနေ့ ခေတ်လူတို့၏ နယ်ပယ်တွင်သာမက ဗုဒ္ဓဘာသာရဟန်းတော်များ၏ အလယ်တွင်လည်း ရောက်ရှိနေသည်မှာ သာသနာအတွက် ရင်လေးဖွယ်ကောင်းလှပါသည်။
ယနေ့ခေတ် ခရစ္စမတ်နေ့ဟူသည် ခရစ်တော်မွေးနေ့ဖြစ်ပါသည်၊ ထိုနေ့၏အထိမ်းအမှတ်သည် ဗုဒ္ဓဘာသာ များနှင့် မည်သို့မျှ မပတ်သက်ပါ။ လူမမယ်ကလေးအရွယ်ဆိုလျှင် မသိ၍ လုပ်မိသည်ဆိုစေဦးတော့ ၊ အသိဥာဏ်ရှိသော တွေးခေါ် တတ်ကြသော လူကြီးအချို့တွင် ဤလိုဖြစ်ရပ်မျိုး အဘယ့်ကြောင့် ဖြစ်ရပါသနည်း။ “ ရှေ့ဆောင်နွားလား ၊ ဖြောင့်ဖြောင့်သွား က၊ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏” ဟု စာပေ၌ဆိုထားပါသည်။ လူကြီးဖြစ်သော လူကြီးပီသသော သူများသည် မိမိတို့၏ သားသမီးများအတွက် ဘာသာရေးတွင် ရှေ့ဆောင်လမ်းပြကောင်းရပါမည်။ လူကြီးမိဘများသည် သားသမီးများအတွက် ဘာသာရေးတွင် စံဖြစ်အောင် ပြုမူနေထိုင်တတ်ရပါမည်။ သားသမီးများ ကြီးလာလျှင် လူမှုရေး၊ စီးပွားရေး၊ စသည်များ၌ ဆက်ဆံ ပြုလုပ်တတ်အောင် သွန်သင်ဆုံးမကြရသကဲ့သို့ ဘာသာရေး၌လည်း အသိအမြင်စင်ကြယ်စေရန် သွန်သင်လမ်းပြပေးရပါမည်။ ထိုသို့ သားသမီးများအား ရှေ့ဆောင်လမ်းပြကောင်းရန်အလို့ငှါ လူကြီးမိဘနေရာ၌ ရှိသောသူများကလည်း လူမှုရေး၊စီးပွားရေး သာမက ဘာသာရေးတွင်လည်း အလေးအနက်ထားသင့် သည်ဟု ဤစာတမ်းဖြင့် သတိပေးရေးသားလိုက်ရပါတော့သတည်း။ ။

Friday, December 21, 2007

Medical Check

တနှစ်တစ်ကြိမ်ဆိုသလို medical Check လုပ်နေကျဖြစ်သောကြောင့် ဒီနေ့ နေ့ခင်းဘက် ၂နာရီကျော်ကျော် လောက်မှာ ရန်ကုန်မြို့ထဲက ဆေးခန်းတစ်ခန်းသို့ medical Check လုပ်ဖို့အတွက် သွားခဲ့ပါသည်။
ဆေးခန်းသို့ ရောက်တာနဲ့ ကောင်တာမှာ ဆေးခန်းပြဖို့အတွက် ထုံးစံအတိုင်းစာအုပ်တစ်အုပ်ကို ၃၆၀၀ကျပ်ပေးသွင်းရပါသည်။ ကျသင့်ငွေအကြောင်းကို မေးသောအခါ စာအုပ်တစ်အုပ်က ၁၀၀ ကျပ် + စမ်းသပ်ခကျသင့်ငွေက ၃၅၀၀ ကျပ်=ပေါင်း ၃၆၀၀ ဟု သိရပါတယ်။
ဆေးခန်း၌ သွေး ၊ ဆီး ၊ စတာတွေကို စစ်ဆေးပြီး သောအခါ ဆရာဝန်က “ အရှင်ဘုရား..စမ်းသပ်ပေးရတာ တပည့်တော်တို့လည်း ကုသိုလ်ရတဲ့အပြင် ရောဂါလည်း ကင်းတာပေါ့ဘုရား…တဲ့” စမ်းသပ်မှု ပြီးဆုံးသောအခါ ကောင်တာသို့ ပြန်လည်ရောက်ရှိလာပါသည်။
ကောင်တာရောက်တော့ ဆရာဝန် ရေးပေးတဲ့အတိုင်း ဆေးဝယ်ရပါသည်။ တစ်ခုထူးခြားတာက စာအုပ်ထဲ၌ ဆရာဝန်က မှတ်ချက်လေးတစ်ခုရေးပေးလိုက်ပါသည် ။ အဲဒီမှတ်ချက်က- Free of check ( F . O . C) လို့ရေးထားတာ တွေ့ရတော့ ကောင်တာထိုင်သော nurse ဆရာမ အား ထိုအကြောင်းပြောရာ သူပြောလိုက်ပုံက “ အရှင်ဘုရား…. F . O . Cဆိုထားတာတော့ မှန်ပါတယ်ဘုရား၊ ဒါပေမယ့် အရှင်ဘုရားတို့ ဆေးခန်းရောက်ခါစက ပေးလိုက်သော စမ်းသပ်ခငွေစာရင်းကို ကွန်ပျူတာထဲမှာ ထည့်လိုက်ပြီးဖြစ်လို့ ပြန်ပြင်ရမှာ အဆင်မပြေသောကြောင့် နောက်တစ်ခါလာရင်တော့ စမ်းသပ်ခ မယူတော့ပါဘုရား…တဲ့ ထိုစကားမျိုးကို လူအများရှေ့၌ ပြောထွက်ခြင်းက အံ့သြစရာပါပေ၊ ဒီလိုနဲ့ ဘုန်းဘုန်းများလည်း အဆိုပါဆေးခန်းက ထွက်လာခဲ့ပါတော့သည်။
အထက်အကြောင်းအရာပါကိစ္စတွင် ဆရာဝန်နှင့် ကောင်တာဆရာမတို့ရဲ့ အတိုင်အဖေါက်မညီပုံကို ပြောချင်တဲ့အပြင် ဆေးခန်းက ဆရာဝန်ပိုင်တဲ့ ဆေးခန်းပါ။ ဒါဖြင့် ဒီစမ်းသပ်ခငွေကို ကောင်တာ ဆရာမ ယူလိုက်သည့် အကြောင်းကို ဆေးခန်းပိုင်ရှင်ဖြစ်သော ဆရာဝန်ခမျာ သိပါလေစ………. ၃၅၀၀ ဆိုသည့်ငွေဟာ ယခုခေတ်တွင် သိပ်အရေးမပါလှ၊ လိုချင်လို့ ပြောနေခြင်းလည်း မဟုတ်ပေ၊ အဓိကက ကောင်တာဆရာမရဲ့ စိတ်နေစိတ်ထားလေးကိုပါ၊ ပိုင်ရှင်က စေတနာထက်သန်စွာနဲ့ လှူဒါန်းလိုက်သော စမ်းသပ်ခအလှူကို ထိုဆေးခန်း၌ ၀န်ထမ်းလုပ်နေသူက အဘယ့်ကြောင့် သိလျှက်နှင့် ပယ်ပယ်နယ်နယ်ကြီး ယူလိုက်ရပါသလဲ ဆိုတာကိုပင်။
ထိုညနေမှာပဲ နောက်ဆေးခန်းတစ်ခုသို့ ရောက်ခဲ့ပါသည်။ ဆေးခန်းသို့ ရောက်သည်နှင့် ကောင်တာတွင် ရေးထား သော စာတန်းလေးကို ဖတ်လိုက်ရသောကြောင့် စိတ်ထဲ ကြည်နူးသွားရပါတော့သည်။
စာတမ်းက---- “ငွေအဆင်မပြေသောသူများ ဖွင့်ဟပြောဆို၍ အကူအညီတောင်းခံနိုင်ပါသည်” …..တဲ့၊
ဒီဆေးခန်းမှာ ဆေးစစ်တာက (၁) ultrasound ၊ (၂) E.C.G ၊ (၃) X-Ray ၊ သုံးမျိုးပါ ၊ အစစ်ဆေးခံပြီး ပြန်ထွက်လာသော အခါ ကောင်တာ၌ စမ်းသပ်ခ ပိုက်ဆံထုတ်ပေးပါသည် ၊ ဒါပေမယ့် ကောင်တာပြောလိုက်သောစကားက “ အရှင်ဘုရား… တပည့်တော်တို့ လှူတာပါဘုရား” ……တဲ့။ ဤကဲ့သို့သော ဆေးခန်းများသည် ငွေကြေးမတတ်နိုင်သော ဆင်းရဲသားများအတွက် အားထားမှီခိုစရာ၊ အားထက်စရာဖြစ်ပါသည်၊
အထက်ပါ ဖြစ်ပျက်ပုံ အခြင်းအရာနှစ်ခုတို့တွင် ဆေးခန်းပိုင်ရှင်နှစ်ဦးတို့ရဲ့ စိတ်နေသဘောထားက အလွန်နူးညံ့ပြီး စိတ်ဖြူစင်သော အနေထားမှာတွေ့ရပါသော်လည်း ပထမဆေးခန်း၏ ၀န်ထမ်းမှာမူကား စိတ်နေသဘောထား ကြမ်းတမ်းပီး အမဲရောင်(အနက်ရောင်)ဖြစ်သော စိတ်အနေအထားတွင် တွေ့ရပါသည်။ ထိုကဲ့သို့ စိတ်အနေအထား အဖြူ ၊ အမဲ ကိုလိုက်၍ လောကလူသားများသည် ကိုယ့်ရဲ့အဆင့်အတန်းကို ကိုယ်ကိုတိုင်ပဲ ဖန်တီးနေကြခြင်းပင် မဟုတ်ပါလော…….။

Sunday, December 16, 2007

ဒွါရဂိုဏ်းနှင့်ထိုမှခွဲထွက်သောဂိုဏ်းများ

ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။တပည့်တော့် မြန်မာပြည်က သံဃာ ဂိုဏ်းများ အကြောင်း ဗဟုသုတ အနေနဲ့ သိလိုပါတယ် ဘုရား။ (၉)ဂိုဏ်းထဲက ရွှေကျင်နဲ့ သုဓမ္မာ ဂိုဏ်းများအကြောင်း ရေးထားသည်များ ဖတ်မှတ်ရသော်လည်း ၊ ဒွာရ ဂိုဏ်း နဲ့ ၄င်းမှ ထပ်ခွဲသွားသော ဂိုဏ်းများနဲ့ ထူးခြားချက်များကို မဖတ်ဖူးသေးပါ။အရှင်ဘုရား အချိန်ရရင် ဖြေကြားပေးပါ ဘုရား။ ဟု မေးခွန်းတစ်ခုကို ပဒုမ္မာဆိုက်၌ အဖြေပေးထားပါသည်၊ ထိုအဖြေကို မဖတ်ရသေးသောသူများ ဖတ်နိင်ရန်အတွက် ဒီမှာ တင်ပေး လိုက်ပါသည်။

ဒွါရဂိုဏ်းဖြစ်ပေါ်လာပုံအကျဉ်း--အုဂ်ဖိုရ်ဆရာတော် အရှင်ဥက္ကံဝံသမာလာ (၁၇)၀ါရချိန် ၁၂၁၇ ခုနှစ်မှစ၍ အငြင်းပွားလာသော ကံ, ဒွါရ ကွဲပြားမှုသည် တစ်စစ ပြင်းထန် ရိုက်ခတ်လာခဲ့ရာ၊ ၁၂၂၄ ခုနှစ်တွင် ဦးသစ်နှင့် ဦးပေါ်လာ နှစ်ဦးတို့ အလောင်းအစားပြုမှုမှစတင်ကာ ကံ,ဒွါရ အငြင်းပွားခဲ့ကြပါသည်။ဤနေရာ၌ အကျဉ်းချူပ်ဆိုရပါမူ အုဂ်ဖိုရ်(အင်္ဂပူ)ဆရာတော် အရှင်ဥကံ္က၀ံသမာလာသည် သြကာသကန်တော့ချိုး၌ ကာယကံ,၀စီကံ, မနောကံ ဖြင့် ရှိခိုးကန်တော့ခြင်းကို မှားယွင်းသည်ဟု ပစ်ပယ်တော်မူပြီး၊ ကာယဒွါရ ၊ ၀စီဒွါရ ၊ မနောဒွါရ ဖြင့် ရှိခိုးပူဇော် ဖူးမျှော်ကန်တော့ခြင်းသာ ကျမ်းဂန်နှင့် ညီသည်ဟု အခိုင်အမာ ယူတော်မူခဲ့သည်။ ထို့ကြောင့် အုဂ်ဖိုရ်ဆရာတော်နှင့် တပည့်သာဝက သံဃာအစုကို “ဒွါရဂိုဏ်း”ဟု ခေါ်ခဲ့ကြရာမှ ဒွါရဂိုဏ်းလည်း အထင်အရှား ဖြစ်ပေါ်လာပါတော့သည်။အနောက်ချောင်းဒွါရဂိုဏ်းဖြစ်ပေါ်လာခြင်း-ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် ဟင်္သာတမြို့အထက်မှ စတင်ခွဲထွက်၍ ပုသိမ်မြို့အောက် ပင်လယ်အထိ စီးဆင်းသော ဧရာဝတီမြစ်ခွဲတစ်ခုကို ပုသိမ်မြစ်ဟူ၍လည်းကောင်း၊ င၀န်မြစ်ဟူ၍လည်းကောင်း ခေါ်သည်။ ဧရာဝတီမြစ်ခွဲတို့တွင် အနောက်ဘက် အကျဆုံး မြစ်ခွဲဖြစ်သောကြောင့် ထိုမြစ်ရိုးတစ်လျှောက်ကို “အနောက်ချောင်း” ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ဒွါရ၀ါဒီအုဂ်ဖိုရ်ဆရာတော်ကြီးသည် ဒွါရသာသနာကို ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ရာ င၀န်မြစ်ပေါ် အနောက်ချောင်း တစ်လျှောက်ရှိ လေးမျက်နှာ ၊ ငါးသိုင်းချောင်း ၊ ပုသိမ်မြို့အထိ ကြွချီလှည့်လည်၍ ဒွါရသာသနာ ပြန့်ပွားရန် ဖြန့်ချိ ဟောပြောတော်မူခဲ့သည်။ထိုအခါ ငါးသိုင်းချောင်းမြို့နယ် င၀န်မြစ် (အနောက်ချောင်း) ၀န်းကျင်ဒေသရှိ သီတင်းသုံးလျှက် ရှိတော်မူကြသော ဆရာတော်ကြီး (၆)ပါးနှင့် တကွ တပည့်သံဃာအပေါင်းတို့က အုဂ်ဖိုရ်ဆရာတော်ကြီး၏ ထေရ၀ါဒဒွါရသာသနာကို သဘောကျ နှစ်ခြိုက်တော်မူကြသဖြင့် အုဂ်ဖိုရ် ဆရာတော်ကြီး၏ သြ၀ါဒကို ခံယူကာ ပေါင်းစည်းတော်မူခဲ့ကြသည်။ဤဆရာတော်ဘုရား (၆)ပါးနှင့် တပည့်သံဃာတော်များသည် ဒွါရ၀ါဒီ အုဂ်ဖိုရ်ဆရာတော်ဘုရားကြီး အရှင်ဥက္ကံဝံသမာလာ၏ သြ၀ါဒကို ခံယူလျှက် ဒွါရအယူအဆကို သဘောကျ လက်ခံတော်မူခဲ့ကြသည်ကို အကြောင်းပြု၍လည်းကောင်း၊ ငါးသိုင်းချောင်းမြို့နယ် င၀န်မြစ် အနောက်ချောင်းဒေသကို အစွဲပြု၍လည်းကောင်း ယင်းဆရာတော်ကြီး(၆)ပါးနှင့် တပည့်သံဃာတော်များကို “ အနောက်ချောင်းဒွါရ၀ါဒီများ” “အနောက်ချောင်းဒွါရဂိုဏ်းသံဃာများ” ဟုခေါ်ဝေါ်ခဲ့ကြရာမှ “ အနောက်ချောင်းဒွါရဂိုဏ်း” စတင်ပေါ်ပေါက်ခဲ့ရသည်။အနောက်ချောင်းဒွါရ နှစ်ဂိုဏ်းကွဲပုံ-အနောက်ချောင်းဒွါရဂိုဏ်းဖြစ်ပေါ်လာပြီးနောက် မကြာမီကာလအတွင်း၌ ငါးသိုင်းချောင်းမြို့ပေါ်ရှိ ဒွါရ၀ါဒီဂိုဏ်းဝင်ကျောင်း တစ်ကျောင်းတွင် ကျောင်းနေရဟန်းတစ်ပါးကို အကြောင်းပြု၍ အာပတ္တာဓိကရုဏ်း မှုခင်းတစ်ရပ်ဖြစ်ပေါ်ခဲ့သည်၊ ယင်းမှုခင်းကို အုဂ်ဖိုရ်ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ကြွရောက်၍ ၀ိနိစ္ဆယအဆုံးအဖြတ် ပြုတော်မူခဲ့သည်နှင့် စပ်လျဉ်း၍ မကျေနပ်မှုများ ဖြစ်ပေါ်လာ သဖြင့် အနောက်ချောင်းဒွါရဂိုဏ်းသံဃာ မညီမညွတ်ဖြစ်ကာ ကွဲပြားသွားတော့သည်။အုဂ်ဖိုရ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒခံ အာဒိကမ္မိက ဆရာတော်(၆)ပါးနှင့် အနောက်ချောင်းဒွါရဂိုဏ်းဝင် သံဃာအ်ချို့က တစ်ဘက်၊ အုဂ်ဖိုရ်ဆရာတော်ဘုရားကြီးနှင့် အနောက်ချောင်းဒွါရ၀ါဒီဂိုဏ်းသံဃာအချို့က တစ်ဘက် ဤသို့အားဖြင့် အနောက်ချောင်းဒွါရဂိုဏ်း နှစ်ဂိုဏ်း ကွဲပြားသွားတော့သည်။ရေဒွါရ ၊ ကုန်းဒွါရအုဂ်ဖိုရ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် အနောက်ချောင်းဒွါရဂိုဏ်းဝင်အချင်းချင်း ထိန်းသိမ်းကာ နေလာခဲ့ကြရာ ဟင်္သာတ အနောက် ငါသိုင်းချောင်းမြို့ ပထမရေတံခွန်ဆရာတော်ကြီး ဦးကောဏ္ဍညသည် ဟင်္သတ၌ ရေတံခွန်တိုက်ကို တည်ထောင်သည်။ ယင်းတိုက်အစွဲပြု၍ “ရေဒွါရ” ။ဟင်္သာတအုဂ်ဖိုရ်နေ ဒွါရ၀ါဒီ သံဃာတော်များကို “ကုန်းဒွါရ” ဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။သို့ရာတွင် ယင်းအမည်အခေါ်အဝေါ်များ မပြန့်ပွားခဲ့ပါ။ ယနေ့လူတို့ သိနေကြသည်မှာ အနောက်ချောင်းဒွါရ ၊ မဟာဒွါရ ၊ မူလဒွါရ ဟူ၍ သာ သိရှိနေကြသည်။ ယနေ့ဂိုဏ်းကြီးကိုးဂိုဏ်းကို သတ်မှတ်အတည်ပြုရာ၌လည်း ဒွါရနှင့်ပတ်သက်၍ ဖေါ်ပြပါ ဒွါရသုံးမျိုးကိုသာ သတ်မှတ် အတည်ပြုထားသည်။မဟာဒွါရဂိုဏ်း ၊ မူလဒွါရဂိုဏ်း ဖြစ်ပေါ်ခြင်းအုဂ်ဖိုရ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် (၁၃)နှစ်မြောက် ၁၂၈၀ ပြည့်နှစ်တွင် ဟင်္သာတကိ ဗဟိုပြု၍ ၀န်းးကျင်ဆက်စပ် ရာ ဒွါရဂိုဏ်းဝင်သံဃာတော်များက စည်းဝေးတော်မူကြပြီး ဟင်္သာတမြို့ ၊ ရန်ကုန်ကျောင်းတိုက် ဆရာတော်ကြီး ဦးသီရိမာလာဘိဓဇ ကို ဒုတိယမြောက် ဒွါရဂိုဏ်းသာသနာပိုင် မဟာနာယကအဖြစ် တင်မြောက်တော်မူခဲ့ကြသည်။ ဒွါရဂိုဏ်းကြီးကိုလည်း “ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း” ဟု အမည်ပြောင်း၍ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ပြီးနောက် ဟင်္သာတနှင့် ဟင်္သာတ၀န်းကျင်ရှိ ဒွါရဂိုဏ်းဝင် သံဃာတော်များက စည်းဝေး၍ ဒုတိယမြောက် ဒွါရဂိုဏ်း သာသနာပိုင်ကို တင်မြှောက်ပြီး “ဓမ္မာနုဓမ္မ မဟာဒွါရ နိကာယဂိုဏ်းအဖြစ် ပြောင်းလဲတည်ထောင်လိုက်သောအခါ ပင်ကိုယ်ကပင် ဟင်္သာတဆရာတော်များနှင့် ပုဂ္ဂိုလ်ရေးအရ မသင့်မတင့် ဖြစ်ခဲ့သော အုဂ်ဖိုရ်(အင်္ဂပူ)နေ အင်္ဂပူဆရာတော်ကြီးနှင့် တပည့်သံဃာတော်များကလည်း သံဃာ့သဘင်အစည်း အဝေးကြီး ဖိတ်ခေါ်ကျင်းပမှု မပြုဘဲ မိမိတို့ အင်္ဂပူ (အုဂ်ဖိုရ်)နေ ဒွါရဂိုဏ်းဝင် အစုအဖွဲ့ကို “မဟာဝိနယာနုလောမ မူလဒွါရ နိကာယဂိုဏ်း” ဟု အမည်သတ်မှတ်ကာ မဟာဒွါရဂိုဏ်းနှင့် အပြိုင်ခွဲထွက်ကာ ရပ်တည်ခဲ့ပါသည်။ဤသို့အားဖြင့် ဒွါရဂိုဏ်း နှစ်ဂိုဏ်းကွဲပြားခဲ့ပြီး အုဂ်ဖိုရ်ဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်ကပင် ကွဲပြားတည်ရှိခဲ့သော အနောက်ချောင်းဒွါရဂိုဏ်း နှင့် ပေါင်းလျှင် အုဂ်ဖိုရ်ဆရာတော်ကြီး တည်ထောင်တော်မူခဲ့သော ဒွါရဂိုဏ်းကြီးသည် ဂိုဏ်းသုံးဂိုဏ်းအဖြစ် တည်ရှိသွားတော့သည်။အကျယ်ကို သိချင်ရင်တော့ မာမက(သုတေသီ)ရေးတဲ့ (ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကွဲများနှင့် ဂိုဏ်းကြီးကိုးဂိုဏ်း)စာအုပ် မှာ အပြည့်အစုံပါရှိပါကြောင်း
စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(ျြမိတ်)

Wednesday, December 12, 2007

အောင်မြေ

Photobucket
စေတီတော်ရင်ပြင်တော်ပေါ် အများအားဖြင့် အောင်မြေဆိုတာ ရှိကြတယ်၊ အဲဒီအောင်မြေကို နင်းမှ အောင်မှာ လား၊ တစ်ချို့ကလည်း အောင်မြေမှာ ကုသိုလ်ပြုမှ အဲဒီကုသိုလ်အောင်မှာလား၊ လားပေါင်းများစွာနဲ့ တွေးမိပါတယ်။
အောင်မြေဆိုတာ ရှေးမြန်မာဘုရင်တွေလက်ထက်ကလည်း ရှိခဲ့ပါတယ်၊ အောင်မြေနင်းပြီး စစ်တိုက်ထွက်တာတို့ပေါ့၊
ဘယ်လိုပဲဖြစ်ပါစေ၊ အောင်မြေနင်းပြီး ဘာမှမလုပ်ပဲနေရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူးဆိုတာပါ၊ လူတစ်ယောက်ရဲ့ ဘ၀ကို ဒီအောင်မြေက အဆုံးအဖြတ် ပေးနိုင်မှာလားလို့ဆိုတော့ အဆုံးအဖြတ် မပေးနိုင်ပါ။ ကိုယ့်ရဲ့ဘ၀ကို အဆုံးအဖြတ်ပေးမှာက ကိုယ်ဖန်တီးသော ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတွေက အဆုံးအဖြတ်ပေးသွားမှာပါ။

ပြုပြင်စရာလေးတွေ

Photobucket

တနင်္ဂနွေနေ့မှာ တနင်္ဂနွေသားသမီးများက ရွှေတိဂုံဘုရား တနင်္ဂနွေထောင့်ရှိ စံပယ်တော်မူသော ဗုဒ္ဓဆင်းတုတော်အား အလွန်အေးသော ဆောင်းရာသီတွင် ရေလှူနေကြသည်မှာ ဘုရားဆင်းတုတော် နှုတ်ခမ်းတော်လေးကို ပြာလို့- ကိုယ်လည်းဒီလို ဆောင်းရာသီမှာ ရေအလောင်းခံရမယ်ဆိုရင် ဘယ်လိုနေမလဲ၊ရေသပ္ပါယ်တယ်ဆိုပြီး ဘုရားဆင်းတုတော်ရဲ့ ဦးခေါင်းတော်ပေါ်ကနေ ရေအခွက်ပေါင်းများစွာ သင်္ကြန်ရေလောင်းသလို လောင်းနေတာကလည်း ဘုရားကို (အဂါရ၀) မရိုသေရာရောက်ပါတယ်။ ဖြစ်သင့်တာကို ပြောရမယ်ဆိုရင် မြတ်ဘုရားဂုဏ်အာရုံပြုပြီး ချိုးတော်ရေကို ရိုရိုသေသေလှူဒါန်းရမှာပါ။ ကဆုန်ညောင်ရေသွန်းပွဲနဲ့ပတ်သက်ပီး တစ်ချို့ နေရာတွေမှာ ပြောစရာရှိပါတယ်။ ကဆုန်ညောင်ရေ သွန်းတယ်ဆိုတာ မြတ်စွာဘုရားရဲ့ ပရိဘောဂစေတီဖြစ်တဲ့ ဗောဓိ ပင်မှာ ရေသွန်းကြတာပါ။ ဒါကို တစ်ချို့နေရာတွေမှာ ညောင်ရေသွန်းတယ်ဆိုပီး ဘုရားဆင်းတုတော်ကို တစ်နေကုန် ရေသပ္ပါယ်နေကြတာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပါတယ်။ဗုဒ္ဓဘာသာဝင်များ တချို့နေရာတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး သဘာဝကျကျတွေးတတ်အောင်လို့ပါ။

Saturday, December 8, 2007

အားဆေးတစ်ခွက်လား အဆိပ်ခွက်လား

နေဘုန်းလတ်
ကျွန်တော် ဘလော့ဂါ နဲ့ ချက်တာ ဆိုတဲ့ ပို့စ်လေးကိုရေးတုန်းက ချက်တင်မှာလဲ ကောင်းကျိုးတွေရှိပါသေးတယ်။ အဲဒါတွေကိုလဲ ရေးပါဦးလို့ ပြောလာသူတွေရှိပါတယ်။ ကျွန်တော်လဲရေးမယ် ရေးမယ်နဲ့ အခုမှပဲရေးဖြစ်ပါတော့တယ် …။ ပထမတော့ ချက်တင်ရဲ့ကောင်းကျိုးတွေကိုချည်းချရေးဖို့စဉ်းစားပေမယ့် … ရေးရင်းရေးရင်းနဲ့ ချက်တင်စွဲနေသူတွေအတွက် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေပါ ပါသွားပါတယ်။ ကျွန်တော်ရေးထားတာတွေထဲမှာ အစွန်းရောက်နေတဲ့ အမှားမျိုးများပါခဲ့မယ်ဆိုရင် အဲဒီ့အမှား ဟာ လူငယ်တွေကို ချက်တင်ဝဲဂယက်ထဲမှာပဲနစ်မြောပြီး အကျိုးမဲ့ဖြစ်မနေစေချင်လို့ဆိုတဲ့ စေတနာနဲ့ မှားတဲ့ စေတနာအမှားမျိုးပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ နောက်ပြီး ကျွန်တော်သုံးနှုံးတဲ့ စကားလုံးတွေထဲမှာ နည်းနည်းလေးပြင်းထန်တာမျိုးတွေ ပါသွားမယ် ဆိုရင်လဲ အဲဒါဟာ ကရုဏာဒေါသောနဲ့ ပြောမိတယ်လို့ပဲ မှတ်ယူကြစေချင်ပါတယ် …။

ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား …
ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး တောင်တောင်အီအီလျှောက်စဉ်းစားနေမှာစိုးရိမ်လို့ ကျွန်တော် ဘာအကြောင်းကို ပြောချင်တာလဲ ဆိုတာနဲ့ပတ်သက်ပြီး အရင်ဆုံးရှင်းရမယ်ထင်ပါတယ်…။ ကျွန်တော် အင်တာနက် (Internet) လို့ခေါ်တဲ့ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ ကွန်ပျူတာတွေကို တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ပေးထားတဲ့ ကွန်ယက်ကြီးအကြောင်းနဲ့ အဲဒီ့အထဲကမှာ chatting နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့အမြင်လေးတွေအကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ မှတ်မှတ်ရရပြောရရင် ကျွန်တော် စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ အချိန် ၂၀၀၄ ခုနှစ်ရောက်မှ အင်တာနက်ဆိုတာကြီးနဲ့ အထူးတလည်ကို ရင်းနှီးခဲ့တာပါ ...။ စင်ကာပူနိုင်ငံမှာ အင်နာနက်သုံးစွဲခွင့်တွေကို အရောင်းအ၀ယ်လုပ်တဲ့ Internet Service Provider (ISP) တွေက ပုဂ္ဂလိကပိုင်တွေဖြစ်ပါတယ် ...။ အင်တာနက် အသုံးပြုခွင့်ကိုလည်း သိပ်မများတဲ့ နှုန်းထားနဲ့ ရရှိနိုင်တဲ့အတွက် အိမ်တိုင်းလိုလိုမှာ အလွယ်တကူ အသုံးပြုနိုင်ကြပါတယ် ...။ ဒါကြောင့်လဲ မနက်အိပ်ရာထတာနဲ့ ကမ္ဘာလောကကြီးက ကိုယ့်စားပွဲပေါ်မှာ ကိုယ်ကြည့်လိုမြင်လိုသမျှကို ကြည့်နိုင်မြင်နိုင် လေ့လာနိုင်အောင်လို့ အဆင့်သင့်စောင့်မျှော်နေသလိုပါပဲ ...။ အထူးသဖြင့် တက္ကသိုလ်ကျောင်းတွေမှာဆို သိပ်ကောင်းပါတယ် ...။ ကျောင်းဝန်းတစ်ခုလုံး ဘယ်နေရာ ကပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိတ်ဆောင်ကွန်ပျူတာ (Laptop) လေးကိုဖွင့်လိုက်တာနဲ့ ကြိုးမဲ့အင်တာနက် စနစ် (Wireless Internet System)နဲ့ အင်တာနက်ကို အသုံးပြုလို့ ရပါတယ် ...။

ကျွန်တော်က စင်ကာပူနိုင်ငံမှာ ကျောင်းသွားတက်တာမဟုတ်ပဲ ... အလုပ်သွားလုပ်တာဆိုတော့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ... အင်တာနက်ဆိုတာကြီးကို စတင်သုံးဆွဲခဲ့တဲ့ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက် ကတော့ ခွဲခွာနေရတဲ့ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ဆိုတာ တစ်ခုပဲဖြစ်ခဲ့ပါတယ် ...။ အရှင်းဆုံးပြောရရင် ... Chatting Services တွေရဲ့အကူအညီနဲ့ ခွဲခွာနေရတဲ့ မိသားစုဝင်တွေနဲ့ နီးကပ်နေသလိုဖြစ်ခဲ့ပါတယ် ...။ နောက်ပြီး ... MIRC လို chatting site တွေနဲ့ လည်း အတူနေသူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုကြောင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ် ...။ အဲဒီ့မှာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် က တဆင့်မြင့်တက်သွားပါတယ် ...။ အဲဒါကတော့ မြန်မာအချင်းချင်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းအသစ် အသစ်တွေရှာဖွေ မိတ်ဖွဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် အသိအမြင်တွေဖလှယ်ရယူ မယ်ဆိုပြီးဖြစ်ပါတယ်။ MIRC ထဲမှာ မြန်မာနိုင်ငံက သူတွေနဲ့ တွေ့သလို နိုင်ငံခြားသားတွေနဲ့လဲ ကျွန်တော် မိတ်ဆွေဖြစ်ခဲ့ဖူးပါတယ် ...။ သူ့နိုင်ငံအကြောင်းတွေမေး၊ သူတို့ရဲ့ယဉ်ကျေးမှုအကြောင်းတွေမေးရင်းနဲ့ အင်မတန်မှဗဟုသုတရသလို ကိုယ့်နိုင်ငံရဲ့ အကြောင်းတွေ၊ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ မြန်မာတို့ရဲ့ စိတ်ထား နဲ့ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေ အကြောင်းတွေကိုပြောပြရင်း မြန်မာဆိုတာ ဘာလဲ ဆိုတာကိုပါ ... ကမ္ဘာကသိအောင် လုပ်ခွင့်ရခဲ့ဖူးပါတယ် ...။ MIRC ထဲက မြန်မာတွေအများစုကတော့ မြန်မာအချင်းချင်း Chat ကြတဲ့ အခါမှာ Burglish လို့ ခေါ်တဲ့ မြန်မာအသံထွက်ကို အင်္ဂလိပ်လိုပေါင်းပြီး ပြောတတ်ကြပါတယ် …။ Nay Kaung Lar … ? Sate nyit nay loe … စသည်ဖြင့် ပြောကြပါတယ် …။ ကျွန်တော်ကတော့ Burglish ဆိုတဲ့ Language ကို ဘယ်လိုမှသဘောမကျတာကြောင့် အင်္ဂလိပ်လိုပဲပြောဖြစ်တာများပါတယ် …။ အဲဒါကြောင့်လဲ အင်္ဂလိပ်စာ သိသိသာသာကို တိုးတက်လာပါတယ် …။ ကျွန်တော်နဲ့ Chat ထဲမှာတွေ့ဖြစ်သမျှသူတော်တော်များများကိုလဲ Burglish အစား English လိုပဲပြောဖို့ ကျွန်တော်တိုက်တွန်းလေ့ရှိပါတယ်။ နဲနဲတော့ ပင်ပန်းပါတယ် …။ ကိုယ်ပြောချင်တာကို သူနားလည်အောင် လှည့်ပတ်ရှင်းပြရတာမျိုးတွေရှိသလို သူပြောတာကိုလဲ နားလည်အောင် Dictionary ခဏခဏလှန် နေရတာမျိုးတွေ ရှိပါတယ်။ အဲဒီ့လို အပင်ပန်းမခံပဲ အလွယ်လမ်းလိုက်ပြီး Burglish ကိုပဲ ထဲထဲဝင်ဝင်သုံးခြင်းဟာ အင်္ဂလိပ်စာတိုးတက်မှုကိုနှောင့်နှေးစေသလို … နိုင်ငံခြားသားသူငယ်ချင်းမိတ်ဆွေတွေရရှိနိုင်မှုကိုလဲ တားမြစ်လိုက်သလိုဖြစ်သွားပါတယ် …။

ကျွန်တော်ရဲ့ chatting ၀င်ရခြင်းရည်ရွယ်ချက်က နိုင်ငံအရပ်ရပ်က သူငယ်ချင်းမိတ်ဆွေတွေ တိုးပွားချင်ပြီး အစစအရာရာမျှဝေခံစားနိုင်ကြဖို့ ဖြစ်တာကြောင့် ကျွန်တော်က ကျွန်တော့်ရဲ့ Profile အမှန်တွေကို ပြောပြပြီးမှ Chat လေ့ရှိပါတယ် …။ ဒါကလည်း သိပ်ကိုအရေးကြီးပါတယ် …။ ကျွန်တော့်အမြင် အရတော့ ဘယ်သူမှန်းမသိ၊ ဘယ်အရွယ်မှန်းမသိ၊ ဘယ်ကမှန်းမသိ၊ ဘာမှန်းမသိတဲ့ လူတစ်ယောက်နဲ့ တရင်းတနှီးမိတ်ဆွေသူငယ်ချင်းဖြစ်ချင်တဲ့ ဆန္ဒမရှိပါဘူး …။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် အမှန်တွေကိုပဲပြောသလို … တဘက်ကလူတွေပြောတာကိုလဲ ယုံကြည်မိခဲ့တာတွေရှိခဲ့ဖူးပါတယ် …။ ဒါပေမယ့် တော်တော်များများက အမှန်အတိုင်းမပြောကြဘူးဆိုတာကို တဖြည်းဖြည်းနဲ့ကျွန်တော်သိလာခဲ့ပါတယ် …။ chatting သုံးနေကြတဲ့ လူငယ်တွေအနေနဲ့ ဒီလို လိမ်ညာခြင်းအမှုကို ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး လွယ်လင့်တကူလုပ်နေကြတာဟာ တိုင်းပြည်အတွက် အင်မတန်မှကိုရင်လေးစရာကောင်းပါတယ်။ ဒီိလိုလုပ်ခြင်း အားဖြင့် တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေကင်းမဲ့လာစေနိုင်သလို၊ မိမိရဲ့စကားအတွက် မိမိတာဝန်ယူရတယ်ဆိုတဲ့ အသိစိတ်တွေကိုလဲ ခေါင်းပါးလာစေပါတယ်။ အသုံးပြုခြင်း ရည်ရွယ်ချက် မတူညီမှုတွေက တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အကျိုးသက်ရောက်မှုတွေကို ကွဲပြားသွားစေတာကိုလဲတွေ့ရပါတယ်။ မိတ်ဆွေသူငယ်ချင်းတိုးပွားချင်လို့၊ အတွေးအခေါ်အတွေးအမြင်တွေ ဖလှယ်ချင်လို့၊ ဗဟုသုတတွေရှာမှီးချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ chatting ကိုသုံးတဲ့သူက သူ့ရည်ရွယ်ချက်တွေထဲက အတိုင်း မိတ်ဆွေသူငယ်ချင်းတွေရ၊ အတွေးအခေါ်အတွေးအမြင်အသစ်တွေရ၊ ဗဟုသုတတွေရလာနိုင်သလို … ဘာမှမယ်မယ်ရရမရှိတဲ့ရည်ရွယ်ချက်တွေနဲ့ လူငယ်ဘာဝအီစီကလီလုပ်ချင်ကြလို့ ၊ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူမှန်းမသိရတာကြောင့် ပြစ်ပြစ်နှစ်နှစ်တွေပြောကြပြီး … စိတ်အရသာခံချင်ကြလို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ chatting ကိုသုံးကြသူတွေကတော့ ဘယ်လို ကောင်းကျိုးမျိုးမှ ဖြစ်လာမှာမဟုတ်ပဲ … စိတ်ဓါတ်တစ်ခုလုံးပျက်စီးသွားနိုင်တဲ့အထိကို ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အချို့တွေရှိပါတယ် … သူဘယ်သူမှန်း ကိုယ်ဘယ်သူမှန်းမသိခြင်းကို အခွင့်ကောင်းယူပြီး … လိင်ပိုင်းဆိုင်ရာ စကားလုံးတွေကို တစ်တစ်ခွခွပြောကြပြီး အရသာခံကြတာတွေရှိပါတယ် …။ စိတ်ဝေဒနာတစ်မျိုးလို့တောင် ယူဆလို့ရတဲ့ အခြေအနေပါ …။

ချက်တင်မထိုင်ရရင်မနေနိုင်လောက်အောင် ချက်တင်စွဲနေကြသူတွေကို ကျွန်တော်တွေ့ဖူးပါတယ် …။ အထူးသဖြင့် ပြင်ပလောကမှာ ပြဿနာ တစ်ခုခုရှိနေကြတဲ့သူတွေ၊ မယ်မယ်ရရအလုပ်လုပ်စရာမရှိပဲ အားနေကြတဲ့သူတွေနဲ့ စိတ်အားသတ္တိချို့တဲ့သူတွေများပါတယ် …။ အာရုံငါးပါးကိုစွဲလမ်းတာမဟုတ်ပဲ … စကားလုံးတွေရဲ့အားကို စိတ်နဲ့စွဲယူခံစားပြီး အဲဒီ့ခံစားမှုတွေကို စွဲလမ်းနေကြခြင်းပဲဖြစ်ပါတယ်။ တစ်ခုခုကို စွဲလမ်းပြီဆိုကတည်းက အဲဒီ့သူရဲ့ စိတ်အားသတ္တိကနဲနေပြီလို့ပြောလို့ရပါတယ်။ ဆေးလိပ်မသောက်ရရင် မနေနိုင်တာ၊ အရက်မသောက်ရရင်မနေနိုင်တာ၊ ချက်တင်မထိုင်ရရင်မနေနိုင်တာ စတာတွေဟာ … မညှာမတာတမ်းတွေးရမယ်ဆိုရင် သက်မဲ့အရာတွေရဲ့လွှမ်းမိုးမှုကို ကိုယ့်ရဲ့စိတ်က ခံနေရတာပါ ။ ရှက်တတ်မယ်ဆိုရင် အင်မတန်မှကိုရှက်ဖို့ကောင်းပါတယ်။ ဒီနေရာမှာ Globalization ခေတ်ကြီးထဲမှာ အင်တာနက်ကို တစ်နေ့မသုံးရရင် ခေတ်နောက်ကျကျန်ခဲ့လိမ့်မယ်ဆိုတဲ့ စကားနဲ့သွားပြီး မရောထွေး စေချင်ပါဘူး။ အင်တာနက်အသုံးပြုခြင်းဟာ ချက်တင်ထိုင်ခြင်းမဟုတ်ပါဘူး …။ ဆီနဲ့ရေလိုကွာပါတယ် …။ အင်တာနက်ပေါ်မှာ အခြားသုံးစရာတွေအများကြီးပါ။ ယူတတ်မယ်ဆိုရင် ယူစရာတွေအများကြီးပါ။ ပေးချင်တယ်ဆိုရင်လဲ ပေးလို့ရနိုင်တာ အင်တာနက်ပါ။ ဘာလုပ်ချင်လဲ၊ ဘာသိချင်လဲ၊ ဘာလိုအပ်သလဲ၊ ဘာတွေကြားချင်လဲ၊ ဘာတွေပြောချင်လဲ … အင်တာနက်ထဲမှာ သူများထွင်ထားတဲ့လမ်းတွေရှိသလို ကိုယ်တိုင်ထွင်ချင်တဲ့ လမ်းရဲ့အစကိုလဲ ရှာဖွေတွေ့မြင်နိုင်ပါတယ်။ အင်တာနက်ထဲမှာ ကမ္ဘာတစ်ဝှမ်းလုံးက လူများစွာရဲ့ ဦးနှောက်ပေါင်းများစွာ ကိန်းဝပ်နေပါတယ်။ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားလိုပါပဲ …။ တန်းဖိုးမထားတတ်သူတွေကြားထဲမှာ အင်တာနက်ဆိုတာကြီးက မြားနတ်မောင် ဘ၀ကနေ မတက်တော့တာ တီထွင်ခဲ့သူတွေကိုယ်စား ရင်နာရပါတယ်။ အချို့အရာတွေကိုတော့ လူငယ်ထုအနေနဲ့ မသိလို့ဆိုတာ မျိုးဖြစ်နိုင်ပါတယ် …။ ဒါကြောင့် ဒီအခြေအနေတစ်ခုကို ကျော်လွှားဖို့ မီဒီယာတွေမှာလဲ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ လူငယ်ထုအနေနဲ့လဲ စူးစမ်းလေ့လာမှုတွေလုပ်ဖို့လိုပါလိမ့်မယ် …။ လူငယ်တွေအနေနဲ့ အင်တာနက်ရဲ့အသုံးဝင်မှုကို အခြေခံအဆင့်ကတည်းက ကြေကြေ ညက်ညက် မသိခဲ့ခြင်းကလည်း ဒီလိုအခြေအနေမျိုးကိုဖြစ်လာစေတဲ့ … အကြောင်းအရင်းတစ်ခုပါ …။ အင်တာနက်နဲ့ စာကြည့်တိုက်ဟာ ကျောင်းသားတိုင်းရဲ့ ကျောင်းသားဘ၀မှာ ထိတွေ့မှုအများဆုံးအရာတွေ ဖြစ်နေသင့်ပါတယ် …။ ကျွန်တော်တို့လဲ ကျောင်းသားဘ၀ကနေကြီးပြင်းလာခဲ့တာပါ …။ ကိုယ်ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်တွေနဲ့ ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ်ဆိုတာ ကျွန်တော်တို့ကျောင်းသားတွေရဲ့ဘ၀မှာ မရှိသလောက်ကိုရှားပါတယ်။ ဆရာ၊ ဆရာမတွေ ရေးပေးတာတွေကိုပဲ နှုတ်တိုက်ကျက်ခဲ့ကြရတာပါ …။ ဒါဟာ ကျောင်းပြီးတဲ့ နောက်ပိုင်း လူ့လောကကြီးထဲမှာ ထပ်မံလိုအပ်တဲ့ ဖြည့်ဆည်းစရာတွေကို ကိုယ်တိုင်သင်ယူလေ့လာရတဲ့နေရာမှာ အများကြီးသွားပြီးထိခိုက်ပါတယ် …။ ကျွန်တော်လက်လှမ်းမီ သလောက် နိုင်ငံခြားတိုင်းပြည်တွေမှာ အဲဒီ့လိုမဟုတ်ပါဘူး …။ ဆရာတွေက ကျောင်းသားတွေကို ခေါင်းစဉ်တစ်ခုချပေးပြီး အဲဒါနဲ့ ပတ်သက်တာတွေကို ကျောင်းသားတွေက အင်တာနက်တို့၊ စာကြည့်တိုက်တို့မှာ ကိုယ်တိုင်ရှာဖွေလေ့လာဖတ်ရှုပြီး ရေးသားကြရတာများပါတယ်။ အနိမ့်ဆုံးအနေနဲ့ ၈တန်းကျောင်းသားတစ်ယောက်ဟာ ကိုယ့်ကို ခေါင်းစဉ်တစ်ခုချပေးရုံနဲ့ အဲဒါနဲ့ ပတ်သက်တာတွေကို ဆရာ၊ ဆရာမတွေကရေးပေးတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ရှာဖွေလေ့လာသုံးသပ်ပြီး ကိုယ်ပိုင်အမြင်နဲ့ အက်ဆေးတစ်ပုဒ်ဖြစ်အောင် ရေးနိုင်သင့်ပါတယ် …။ ရှက်စရာကောင်းတာက အဲဒီ့လိုအရည်အချင်းမျိုး အချို့ တက္ကသိုလ်ကျောင်းသားတွေမှာတောင်မရှိတာပါ …။ နောက်ပြီး သူများတကာတွေ Creating the Green Environment, The role of NGOs in future စတဲ့ အက်ဆေးတွေရေးနေချိန်မှာ ကျွန်တော်တို့ အနေနဲ့ Myself, My Teachers, My Native Town, Visit to the Pagoda ဆိုတဲ့အဆင့်တွေကနေ တက်သင့်နေပါပြီ …။

လူငယ်တွေအနေနဲ့ အင်တာနက်သုံးတဲ့အချိန်တွေထဲက ဘယ်လောက်ရာခိုင်နှုန်းကို chatting အတွက်သုံးနေလဲ … အခြားအရာတွေကိုရော ဘယ်လောက်ရာခိုင်နှုန်း သုံးနေလဲဆိုတာကို ကိုယ့်ကိုယ်ကို မညှာတမ်းမေးပြီး မညာတမ်း ဖြေကြည့်လိုက်ပါ …။ လုပ်နိုင်သူတွေအနေနဲ့လဲ စစ်တမ်းကောက်ယူကြည့်သင့်ပါတယ် …။ ချက်တင် သုံးတဲ့ ရာခိုင်နှုန်းက များနေသရွေ့တော့ … တိုးတက်မှုတွေ နှောင့်နှေးနေဦးမှာပါပဲ … ။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုတွေကနေ တိုင်းပြည်ရဲ့တိုးတက်မှုတွေကိုပါ နှောင့်နှေးသွားစေနိုင်ပါတယ် …။ နှောင့်နှေးရုံမကပဲ ဆုတ်ယုတ်သွားတဲ့ အဖြစ်မျိုးအထိကို ရောက်သွားမယ်ဆိုရင်တော့ … အများအတွက် အသုံးဝင်နေတဲ့ ဆေးကောင်းတစ်ခွက်ဟာ ကျွန်တော်တို့လက်ထဲရောက်မှ အဆိပ်ခွက်ဖြစ်သွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ သောက်နေတာ ဆေးတစ်ခွက်လား အဆိပ်ခွက်လားဆိုတာဟာ ကျွန်တော်တို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်ဆိုတဲ့အချက်ပါ …။ ကဲ … ပြော … ကျွန်တော်တို့ ဆေးကောင်းတစ်ခွက်သောက်ကြမလား … အဆိပ်သောက်ကြမလား …။
http://www.nayponelatt.net
 
Tuesday, December 4, 2007

အိမ်တော်ရာ ၊ မြိတ်ကျားကျောင်းမှာ-
ဆွမ်းကပ်ရင်း ဘာညာတို့ ပင့်ဂိုးလ်တို့ မောင်ဝေတို့ "၀ါးတီး" ပါတဲ့

Twitter Delicious Facebook Digg Stumbleupon Favorites More