This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, September 11, 2007

တွေးမိပါတယ

ကလင်………..ကလင်……..ကလင်
အိပ်လို့ကောင်းတုန်း အလိုက်ကန်းဆိုးမသိ၊ ဘယ်ကဖုန်းပါလိမ့်၊
ဖုန်းသံကြားတာနဲ့ မေတ္တာရောင်ပြန်များ ဖြာထွက်လို့၊
မကိုင်ချင်ကိုင်ချင်နဲ့ ဖုန်းကောက်ကိုင်လိုက်တယ်၊
“ အရှင်ဘုရား……တပည့်တော် မိချမ်းဝေ ပါဘုရား” တဲ့
မိချမ်းဝေဆိုတာ စာရေးဆရာ ကလောင်နာမည်၊ပါ သူ့နည်မည်ရင်းတော့
မသိပါဘူး၊ ပီးတော့ သူကဆက်ပြောပါတယ်။

“ အရှင်ဘုရား ….တချိန်က အမေနေ့ အခမ်းအနားတစ်ခုမှာ-
တပည့်တော် အပါအ၀င် ဖိတ်ထားတဲ့သူများ အမေ၏ ဂုဏ်ကျေးဇူးကို
တစ်ယောက်တစ်မျိုးစီ မရိုးရအောင် ဟောပြောကြပါတယ်။
တပည့်တော်ရဲ့ ဟောပြောချက်တွေကို တပည့်တော်ပြန်တွေးမိပါတယ် ဘုရား၊ အမေနေ့ဆိုပြီး အမေ့အကြောင်းပဲ ဟောပြောနေကြပါလား၊
အဖေဆိုတာကကော ဘယ်နားသွားထားပါလိမ့်၊ တပည့်တော်က အဖေချစ်တဲ့သမီးပါဘုရား၊ ဒါကြောင့် အရှင်ဘုရား တို့ရဲ့ ငွေရတုအထိမ်းအမှတ်ထုတ်မှတ် စာအုပ်မှာ “အဖေ့အကြောင်း” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖို့ တွေးမိတာပါဘုရား”
မှန်ပါတယ်၊ အမေ့အကြောင်းသာမက အဖေ့ရဲ့ဂုဏ်ကျေးဇူး အကြောင်းကို ဟောပြောသင့်တယ်လို့ ထင်ပါတယ်။ သားသမီးများ လူတစ် လုံး သူတစ်လုံးဖြစ်အောင် အဖေကလည်း တာဝန်ကြီးစွာနဲ့ မိသားစုရဲ့တာ ၀န်ကို ထမ်းရွက်နေရတယ်၊တစ်ချို့ဆိုရင် အသက်စွန့်ဆန်ဖျား ခရီးထွက် ပြီး စီးပွားရှာကြရပါတယ်။ သာယာချမ်းမြေ့တဲ့ မိသားစုတစ်ခုဖြစ်လာဖို့ အတွက် အဖေလည်း အရေးကြီးအခန်းကဏ္ဍကနေ ပါဝင်နေရတာပါ။
မိချမ်းဝေပြောတာလည်းမှန်ပါသည်။ လောကမှာ အမေရဲ့ဂုဏ်ကျေးဇူး တစ်ခုထဲကိုကြည့်ပြီး အမေ့နေ့တစ်ခုထဲ မလုပ်သင့်ပါဘူး၊ ဒီလိုဆို အဖေနေ့ လည်းပါဝင်လာမှာပေါ့ ၊ အမေနေ့၊ အဖေနေ့ ၊ တစ်ခုစီ ဖြစ်နေမလား၊ (သို့) အဖေအမေများအား “ အဖေအမေများနေ့” ဆိုရင် ကောင်းမယ်ထင်ပါ တယ်နော်။
အမေရဲ့မေတ္တာကို ရရှိကြတဲ့သားသမီးများက အမေအ ကြောင်းပြောတာ အရသာရှိပေမယ့်လို့၊ အမေရဲ့စွန့်ပစ်မှုကိုခံရသော သား သမီးများအဖို့ အမေအကြောင်းပြောသော်လည်း ဆားမပါသော ဟင်းကို သောက်နေရသလို၊ ခံစားမှုနည်းပြီး ပေါ့လျော့လျော့ နိုင်လှပါတယ် ဆိုတဲ့ အယ်ဒီတာ တစ်ဦးက ပြောဆိုတဲ့စကားလည်း မှန်သင့်သလောက်မှန်ပါ တယ်။
အမေနေ့ကျင်းပကြပြီး အမေ့ရဲ့ ဂုဏ်ကျေးဇူးတွေကိုသာ ဖေါ်ကျူးနေကြ မယ်ဆိုရင် မိသားစုတာဝန်ကို အဓိကတာဝန်ယူရတဲ့ အဖေများရဲ့ ဂုဏ်ကျေးဇူးတွေကိုကော ဘယ်နားသွားထားမလဲလို့ပေါ့နော်၊ တွေးစရာ ပါပဲ။

Friday, September 7, 2007

Alpha Zawgyi unicode (Blog Day version)

mdy blog day ပွဲကျင်းပရာသို့ တက်ရောက်လာကြသော Blogger များနှင့် ဧည့်သည်များအား Alpha Zawgyi unicode CD ကို အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ Alpha Zawgyi unicode ကို install လုပ်ပြီးရင်။ နောက်ထပ် Zawgyi one ကို ထပ်ထည့်ပေးစရာ မလိုတော့ဘူး။ ထူးခြားတာက Alpha Zawgyi unicode ဟာ window vista နဲ့လည်းကိုက်တယ်ဆိုတာ သတင်းကောင်းပါးပါရစေ။ Alpha computer ကို ကျေးဇူးတင်ပါတယ်။လိုချင်သူများ ဤနေရာ၌ Download လုပ်ယူကြပါရန်။

ရောက်တတ်ရာရာ

လူတစ်ယောက်ဟာ ကျန်းမာရေးကောင်းမွန်တုန်းမို့ သွားနိုင်လာနိုင် စားနိုင်သောက်နိုင် ပြောနိုင် လုပ်နိုင်ကိုင်နိုင်ကြတာ အဟုတ်ကြီးမထင်ကြလေနဲ့ ၊ ကျန်းမာရေးမကောင်းသောအခါကျမှ ကျန်းမာခြင်းရဲ့ တန်ဖိုးကို သိလာရပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓကလည်း အာရောဂျ ပရမာ လာဘာ ၊ Health is the best bribe. ကျန်းမာ ခြင်းသည် လာဘ်တစ်ပါး လို့ မြတ်ဗုဒ္ဓ ဟောခဲ့တာပဲ။
ကျန်းမာရေးချို့တဲ့တဲ့အတွက် စာလည်းကောင်းကောင်းမရေးနိုင်၊ blog ပေါ် စာရေးချင်သည့် ၀ါသနာကြောင့် နေမကောင်းပေမယ့် ကြိုးစားပြီး စာရေးရပါတယ်၊ ကိုယ့်ဘလောခ့်ပေါ် စာလာဖတ်သူတွေအတွက် ကုသိုလ်ရအောင်ပါ။ ဘလောခ့်မှာ စာလာဖတ်ကြတဲ့အတွက် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ စာဖတ်သူများ ကုသိုလ်ရသလို ၊ ကိုယ့်မှာလည်း ကုသိုလ်တွေ အများကြီးရတာပေါ့ ။ ဒီပို့စ်မှာတော့ အတိတ်ဆီက ရောက်တတ်ရာရာလေးတွေကို ပြောချင်ပါတယ်။
အမှန်အတိုင်းဝန်ခံရရင် JUN-2006 အထိ အင်တာနက်ဆို ဂျိုနဲ့လား ၊ မေးယူရလောက်အောင်ပါ။ ဘာကြောင့်လည်း ဆိုတော့ အင်တာနက်ဟာ ဘုန်းကြီးနဲ့ မဆိုင်ဘူး၊ ဘုန်းကြီးများ ဘုန်းကြီး အလုပ်ပဲလုပ်ရမှာပေါ့ ၊ လို့ ခံယူထားလို့ပါပဲ၊ ဒါဖြင့် အရှင်ဘုရားက အခုကျတော့ အင်တာနက်မှ အင်တာနက် ဖြစ်နေပါရောလား၊ လို့ မေးစရာရှိတယ်။ ဒါနဲ့ပတ်သက်ပြီး online ပေါ် မယောင်မလည်နဲ့ ရောက်လာရတဲ့ အကြောင်းကို ပထမပြောချင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် သီးခံပြီးဆက်လက်ဖတ်ရှု ပေးစေချင်ပါတယ်။

နှစ်စဉ်နှစ်တိုင်းဝါဆိုဖြစ်တာက မြိတ်(ဘိတ်)မှာပါ၊ လာမဲ့(၂၀၀၆)ခုနှစ်တွင် ကော့သောင်းမှာဝါဆို ရရင်ကောင်းမှာပဲ၊လို့ တွေးပြီ့း  ကိုယ့်အထက်က ဆရာတော်ဘုရားကြီးထံမှာ “ ဆရာတော်ဘုရား တပည့်တော် ကော့သောင်းမှာ ၀ါဆိုပါရစေဘုရား” လို့ ခွင့်ပန်တော့ ဆရာတော်ကြီးက လိုလားစွာနဲ့ ခွင့်ပြုလိုက်ပါတယ်။ ဒါနဲ့ ၂၀၀၆ ခုနှစ်မှာ ကော့သောင်းမြို့၊ အေးငြိမ်းချမ်းသာမဟာစည်သာသနာ့ရိပ်သာ မှာ ၀ါဆိုဖြစ်ပါတယ်။ ကော့သောင်းမြို့ရဲ့ ရာသီဥတုကတော့ အံ့မခန်းဘဲ၊ မိုးရွာလျင်လည်း သဲကြီးမဲကြီးကို ရွာတယ်လေ၊ ဘုန်းကြီးတို့သီတင်းသုံးတဲ့ ကျောင်းက တောင်ကလေးတစ်ခုပေါ်မှာ တည်ရှိတာဆိုတော့ လေပြင်းတိုက်တာလည်း အရမ်းပဲ၊ လေပြင်း တိုက်လာပြီဆိုလျှင် ဘုန်းကြီးနေတဲ့ ကျောင်းလေး ပြိုသွားမလား အောက်မေ့ရတယ်၊ မိုးရွာပြီဆိုရင်လည်း ကျောင်းလေးထဲ မိုးရေတွေဟာ visa အပြည့်နဲ့ ဒလဟော စီးဝင်လာကြတော့တာပဲ။ ရေးရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိဘူး၊ အဲ…ကော့သောင်းမြို့ရဲ့ ရာသီဥတုက ဖတ်ရတဲ့အတိုင်းပဲ တော်တော်ပြင်းတယ်လို့ဆိုရမလားဘဲ။ သိလိုက်ရတာကတော့ အီကွေတာနဲ့ နီးလို့ဆိုလားပဲ။
တစ်ခုမေ့ကျန်ခဲ့တယ်၊ ကိုယ်ခရီးသွားရင် ဖွားဘက်တော် ကွန်ပျူတာလည်း အတူပါခဲ့တယ်ပေါ့၊ ဖွားဘက်တော်လေးပါတာကို သိတဲ့ ဒကာတစ်ဦးက “အရှင်ဘုရား…. အရှင်ဘုရားမှာ ကွန်ပျူတာရှိနေတာပဲ၊ အင်တာနက် မသုံးဘူးလားဘုရား” မေးတော့ စိတ်ထဲ အင်တာနက်နဲ့ အလွန်ဝေးလွန်းနေတာကြောင့် ကိုယ်မှ မလုပ်တတ်ဘဲ လို့ တွေးပြီး၊ အင်းလေ…မလုပ်တတ်လည်း အခွင့်သာတုန်း လုပ်ကြည့်ဦးမှ ဆိုပြီး အင်တာနက်သုံးဖို့အတွက် internet function ပါဝင်တဲ့ hand phone တစ်လုံးနဲ့ လိုအပ်တာလေးတွေကို ၀ယ်ဖို့ ဒကာတစ်ဦးက ကူညီပေးတယ်၊ သူ့နာမည်က (ကိုကနား)တဲ့၊ သဘောအလွန်ကောင်းတဲ့သူပါ။
ကော့သောင်းရောက်လို့ တစ်လတောင်မပြည့်သေးဘူး၊ hand phone တစ်လုံးပိုင်ရတော့တာပဲ၊ hand phone နဲ့ computer ကို contact လုပ်ပြီး၊ internet သုံးလို့ရသွားပါတယ်၊ သုံးခါစဆိုတော့ သင်ပြတဲ့ဆရာကလည်း ဘယ်လိုပြောသလဲဆိုတော့ “အရှင်ဘုရား….ကွန်ပျူတာ screen ပေါ်မှာ လက်ဝါးပုံလေးပေါ်တဲ့ နေရာမှာ click လုပ်လိုက်ပါဘုရား၊ တစ်ခုခုတော့ ထွက်လာ လိမ့်မယ်” တဲ့ အဲဒီလောက်ပဲ သင်ပေးခဲ့တာ ၊အံ့ရောပဲ ၊ ဘယ်လိုပဲဖြစ်ဖြစ် လက်ဦးဆရာကို မပြစ်မှားကောင်းဘူးလေနော် ဟဲဟဲ…၊ သင်ပေးတဲ့ဆရာကိုလည်း အပြစ်ပြောလို့မရဘူး၊ ဘာပြုလို့လည်းဆိုတော့ သူကလည်း တအားကြီး နားမလည်တာကတစ်ကြောင်း ၊ အချိန်မရတာလည်း တစ်ကြောင်းပါပါလိမ့်မယ်။
အဲဒီကနေ အင်တာနက် စခဲ့ရတာဗျို့…..၊ အင်တာနက်ကြည့်လို့သာကြည့်ရတယ် ၊ မလုပ်တတ်တာကများနေပါတယ်၊ အနားမှာ ပြောပေးမယ့်ပုဂ္ဂိုလ်ကလည်းမရှိ၊ ကြာလာတော့ online ပေါ်မှာ ဘယ်သွားလို့ ဘယ်လာရမှန်း မသိဖြစ်နေတဲ့အချိန်မှာ ကော့သောင်းမြို့တွင်နေသော (ကိုကော့ခင်)ရဲ့လမ်းညွန်မှု တစ်ချို့နှင့်အတူ့ online ပေါ် မြန်မာ widesite တွေကို ၀င်ဖြစ်ပါတယ်။ မြန်မာwidesite များအနက်က တစ်ခုဖြစ်တဲ့ planet ကို ၀င်ဖတ်ဖြစ်သွားပါတယ်။ သူတကာတင်ထားတဲ့ စာတွေဖတ်ရင်း အားကျလိုက်တာ၊ ကိုယ့်လည်း သူတို့လိုပဲ ရေးပြီး site ပေါ်တင်ချင်လိုက်ထာ၊ ဘယ်လိုလုပ်ရပါ့ ၊လို့ တွေးနေမိပါတယ်။ မကြာပါဘူး၊ ထို planet မှာ member ၀င်ပြီး စာရေးဖြစ်တော့တာပဲ ၊ ပထမတော့ ဘာရေးရမှန်းကိုမသိဘူး၊ အမှန်ဝန်ခံရရင် အဲဒီတုန်းက စာမရေးဖူးသေးပါ၊စာမရေးဖူးတော့ သူများရေးထားတဲ့ စာကောင်းပေမွန်တွေ ရှာပြီး post တင်မယ်လို့၊ စိတ်ကူးမိပါတယ်။ online ပေါ် ပထမဦးဆုံးတင်တဲ့ post က ပဲနွယ်ကုန်းဆရာတော်ရဲ့ အဆိုအမိန့်တစ်ခုဖြစ်တဲ့ “သုတပန်းခိုင်” စာအုပ်ပါ ကောင်းနိုးရာရာလေးတွေ ရွေးပြီး၊ ရေးတင်ခဲ့တယ်၊ ကောင်းနိုးရာရာဆိုလို့၊ အားလုံးလောက်နီးနီး website ပေါ်တင်လိုက်ပါတယ်။ ဟဲဟဲ……ပိုက်ဆံမှမပေးရတာကိုးနော် ၊ကမ္ဘာအ၀န်းရှိ လူများကို ကုသိုလ်ရစေချင်တဲ့ စိတ်နဲ့ online ပေါ် စာတွေ ရေးတင်မိတာပါ။ ကိုယ်တိုင်ရေးတင်လိုက်တဲ့ စာတွေကို ဆိုက်ပေါ် ပြန်လည်ဖတ်ရတော့ ကြည်နူးနှစ်သိပ်မှုအပြည့်နှင့် ဘယ်လိုပြောရမလဲ ဖေါ်မပြတတ်အောင် ခံစားခဲ့ရပါတယ်၊ ဒီလိုနဲ့..စာရေးရင်းတစ်နေ့…..
massage box ထဲမှာ massage တစ်ခု……

“ I am cendamala. I’m currently studying in sari lanker. Suddenly, I’m very grad to meet you at online.
With regard
Cendamala
Sari lanker
(တပည့်တော် စန္ဒမာလာ ပါဘုရား၊ လောလောဆယ် သီရိလင်္ကာမှာ ကျောင်းတက်နေပါတယ်ဘုရား၊ ရုတ်တရက် အရှင်ဘုရားကို အွန် လိုင်းပေါ်မှာ တွေ့ရတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်ဘုရား၊) တဲ့၊
သူက ကိုယ်ပဲဆိုတာ ဘယ်လိုသိတာလဲ တွေးမိတယ်၊ ဟုတ်မှာပေါ့ ကိုယ်ရဲ့ profile မှာ nick name , location အားလုံး အမှန်တွေချည်းဆိုတော့ သူသိတာ မဆန်းပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ၀မ်းသာရတယ်လေ၊ ပြီးတော့ သူ့ကို အကြောင်းပြုပြီး သီရိလင်္ကာမှာ ကျောင်းတက်နေတဲ့ ဦးကုမာရ နဲ့လည်းအဆက်အသွယ်ရပါတယ်။
ဦးကုမာရက online ပေါ်တက်တာ ကြာပြီဆိုတော့ အတွေ့အကြုံများတယ်လေ ၊ သူ့ဆီကနေ မသိတာတွေ မေးရာကနေ အင်တာနက် ကို တဖြည်းဖြည်း သုံးတတ်လာတယ်၊ ပျော်စရလည်းဖြစ်လာပါတော့တယ်။ ဒါက အင်တာနက်ပေါ် ရောက်လာရတဲ့အကြောင်းအရင်းပါ။
နောက် တစ်ခုက အင်တာနက်မှ အင်တာနက်ဖြစ်နေရတာက website်များအနက် web blog ကြောင့်လည်း ပါဝင်ပါလိမ့်မယ်၊ web blog ဆိုတာ အင်တာနက်ပေါ် ကိုယ့်ပေးချင်တဲ့နာမည်နဲ့ ဆိုက်တစ်ခုလုပ်လို့ရပါတယ်၊ ကိုယ်တင်ချင် တဲ့အကြောင်းအရာတွေကို တင်လို့ရပါတယ်၊ ပြီးတော့ ကိုယ့်အတွက်သီးသန့်လည်းဖြစ်တယ်ပေါ့၊ တစ်ခြားသူများနဲ့ အဆက်အသွယ်လုပ်ဖို့ အတွက်ကျတော့ massage board (CBox)မှာလည်းဆက်သွယ်ရေးသားနိုင်သလို ကို်ယ်တင်ထားတဲ့ ပို့စ်ရဲ့အောက်နားမှာ COMMENTS ကိုဝင်ပြီး comment ပေးလို့လည်းရတယ်လေ။ WEB BLOG အကြောင်းက တော်တော်များတယ် မသိတာတွေလည်း အများကြီးရှိသေး တယ်။ မသိတာတွေ နောက်မှ ဆက်လေ့လာရဦးမှာပေါ့။ တစ်နှစ်တစ်ကြိမ်ဆိုသလို ရန်ကုန်နှင့် မန္တလေးမှာ Blog Day ဆိုပြီး ဟောပြော ပွဲတွေ လုပ်ကြပါတယ်။ အဲဒီမှာ စိတ်ဝင်စားတဲ့ သူတွေ တက်ရောက်လို့ရပါတယ်၊ ပြီးခဲ့တဲ့ 1.9.2007 က ၊ ရန်ကုန် Myanmar Info Teach မှာ blog day ကို ကျင်းပကြပါတယ်။ မန္တလေးမှာလည်း blog day ကို Y.C.C (ICT Park, Mdy) မှာ ကျင်းပကြတယ်လို့လည်းသိရပါတယ်။ ထူးခြားတာက Mandalay Blog Day ပွဲကို တက်ရောက်လာကြသော Blogger များနှင့်ဧည့်သည်များကို Alpha Computer မှ Blog Day အမှတ်တရ စီဒီအား Sponsor အဖြစ် တာဝန်ယူ လက်ဆောင်ပေးသွားပါတယ်။ CD က Alpha Zawgyi (Blog Day version) soft were လေးပါ။ Blogger များအတွက် အလွန်အသုံးဝင်မယ့် soft were ပါ၊ ဒါကို computer မှာ Install လုပ်ပြီးရင် zawgyi one font ကို နောက်ထပ် ထည့်စရာမလိုတော့ပါဘူး။ ဒီ soft were အလိုရှိတဲ့သူများ www.zawgyi.net,www.Alpha.com.mm, မှာ download လုပ်ပြီး ရယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ဘုန်းကြီးနှင့်အင်တာနက် အမြင်ခက်နေသူတွေအတွက် အသိရှင်းအောင် နိဂုံးချူပ် ပြောချင်ပါသေးတယ်။
တရားအသိတွေကို အမိမြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံး ဖြန့်ဝေဖို့ လိုအပ်နေပါပြီ။ ဒီလို ဓမ္မများကို ဖြန့်ဝေနိုင်ဖို့အတွက် စွမ်းနိုင်သော ရဟန်းသံဃာတော်များက Internet ပေါ်တင်ပြီး ဖြန့်ဝေပေးနိုင်ရင် အလွန် ထိရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Internet ဆိုတဲ့အတိုင်း website ပေါ် ရောက်ရှိနေသော တရားတော်များကို တစ်ကမ္ဘာလုံး(Internet ရှိသောနေရာတိုင်း)က ဆွဲယူကြည့်ရှုနိုင်ပါတယ်။ ဒါဟာ ထိရောက်တဲ့ သာသနာပြုနည်းတစ်မျိုးပါပဲ။ ဒီလို ကမ္ဘာ့သာသနာပြုနိုင်ဖို့အတွက် ရဟန်းတော်များ Internet အသုံးပြုနည်းကို သင်ယူကြဖို့ လိုအပ်လာပြီ၊ Internet အသုံးပြုတတ်ပြီဆိုရင် ကမ္ဘာပတ်ပြီးသာသနာပြုနေစရာမလိုတော့ဘဲ ကိုယ့်အခန်းထဲကနေ သာသနာပြုနိုင်ပြီဖြစ်ကြောင်း၊ Internet အသုံးပြုဖို့အတွက် အင်္ဂလိပ်စာလည်း သင်ယူဖို့ လိုအပ်လာပြီဖြစ်ကြောင်း ၊ သီတဂူဆရာတော် အရှင်ဥာဏိဿရက တရားပွဲတစ်ခုမှာ ဟောတော်မူခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် Internet သည် ရဟန်းသံဃာတော်များနှင့်လည်း သက်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒီလိုသိလိုက်ရတော့ “Internet ဟာ ငါနဲ့မဆိုင်”ဆိုတဲ့ မှားယွင်းသော အတွေးများလည်း ပပျောက်ခဲ့ရပါတော့သတည်း။

Twitter Delicious Facebook Digg Stumbleupon Favorites More