This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, July 23, 2007

သေနည်းသင်တန်း တက်ထားပါ။

သေနည်းသင်တန်း တက်ထားဖို့လိုတယ်။ ဒါအရေးကြီးဆုံးပဲ။

လူတိုင်းတစ်နေ့မှာ မုချသေရမှာ မလွဲဘူး။ ကြောက်ဖို့အလိုဘူး။ ကြောက်လို့လည်း မရဘူး။

၁။ ကြိုတင်ပြင်ဆင်ထားကြရအောင် သေနည်းသုံးမျိုး ပြောမယ်။ “ငါတော့ ဒီတောင်က မကျော် တော့ဘူး” လို့ ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့် ၊ မိမိတစ်သက် တာအတွင်း ပြုလုပ်ဖူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်းလုပ်ဖူးကြတာချည်းပဲ။ တန် ဖိုးနည်းတာ များတာ လိုရင်းမဟုတ်ဘူး။ ဒုဋ္ဌဂါမဏိမင်းကြီးလို မိမိစိတ်အကြည်လင်ဆုံး အကျေနပ် ဆုံး၊ အလှူတစ်ခုကိုပဲ ဆင်ခြင်နေ ။သေန

၂။ ဒါမှမဟုတ် ကိုယ်ရှုမှတ်နေကျ ဘာဝနာတစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှမဟုတ်လဲ…….

၃။ ရောဂါက ပြင်းထန်လို့ ၊ ဆေးတွေလွန်နေလို့ ၊ သတိမရတစ်ချက် ၊ ရတစ်ချက်၊ ကယောင်က တမ်း ဖြစ်တယ်ပဲထား၊ သတိရလာတာနဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ” ရွတ်နေ ။ ဒါလူတိုင်းရပြီးသား။ ဒီသုံးနည်း တစ်နည်းနည်းနှင့် အသေရင် အနည်းဆုံး နတ် ပြည်ရောက်မှာ သေချာတယ်။

နယ်ခြားတောင်သာသနာပြု

“စိတ်ရှင်းရှင်းထား”

လူ့ဘ၀ဆိုတာ ချမ်းသာအော်နေတတ်မှ ချမ်းသာမယ်။ စိတ်ကို ရှင်းရှင်းထား သောက ဗျာပါဒတွေ မ၀င်စေနှင့်။ “ စိတ်ကို ရှင်းရှင်းထား” ဆိုသည်မှာ ကိုယ်နှင့်မဆိုင်တဲ့ အာရုံတွေကို စိတ် ထဲမှာ မထားရဘူး။ အကြောင်းကိစ္စတွေဆိုတာ သူ့အကြောင်းနှင့်သူ ဖြစ်တာ။

ကိုယ့်အိမ်ရှေ့မှာ သူများက အမှိုက်သရိုက်တွေလာပြီး စုပုံထားရင် မကြိုက်သလို မေတ္တာ နှင့် တစ်လောကလုံးကို ဖြန့်ပြီး ။ စိတ်ကို ရှင်းရှင်းထား နေတတ်တဲ့သူဟာလဲ အမှိုက်သရိုက်နဲ့တူတဲ့ သူ့အကြောင်း ၊ ကိုယ့်အကြောင်း ရှုပ်ရှုပ်ရှက်ရှက်တွေကို မစဉ်းစားဘူး။ ကိုယ်လာပြောလဲ နားမ ထောင်ဘူး။ စိတ်ကို ရှင်းရှင်းထားမှ ချမ်းသာမယ်။

(နယ်ခြားတောင်သာသနာပြု) ဆရာတော်ဦးဥတ္တမသာ

သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေ

ရုပ်ရှင်သရုပ်ဆောင်များသည် ပရိသတ်အတွက် ဒါရိုက်တာရဲ့ အလိုအတိုင်း သရုပ်ဆောင်နေကြရာ ပုံစံအမျိုးမျိုး ရှုထောင့်အစုံစုံတို့မှ အတတ်နိုင်ဆုံး သဘာဝယုတ္တိကျကျ ပီပြင်အောင် သရုပ်ဆောင် ကြသကဲ့သို့ ၊

လောကလူသားများသည်လည်း ဘ၀ကံဇာတ်ဆရာ ဒါရိုက်တာရဲ့ အလိုကျ အမိအဘ,သားသမီး,လင်,မယား,အဖိုးအဖွား ,ဦးလေး ဒေါ်လေး မြေး စသည့် ရှုထောင့် အမျိုးစုံမှ အခန်းခဏ္ဍမျိုးစုံမှ နေ၍ ပီပြင်အောင် ပါဝင် သရုပ်ဆောင်ကြရသည်။

တစ်ဘ၀အတွက် မွေးဖွားခြင်းမှသည် သေဆုံးခြင်းသို့တိုင်အောင် ပီပြင်စွာနဲ့ ဘ၀ရဲ့သရုပ် ဆောင်မှုတွေကိုလည်း လူသားအားလုံး မလွဲမသွေ သရုပ်ဆောင်ကြရမှာဆိုသည့်အကြောင်း အတွေးလေး တစ်ခုထဲ နစ်မျောနေရာမှ ရုပ်တရက် ရုပ်ရှင်သရုပ်ဆောင် “ ဒွေး” (heart attack) ဖြစ်ပြီး ရုတ်တရက် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတယ်။

အောင်မြင်ကျော်ကြားနေသော သူတစ်ယောက်အတွက် ဒီအသက်အရွယ်ဟာ မသေသင့် ဘူး၊ သေတာစောလွန်းနေတယ်၊ အလွန်နှမြောဖို့ကောင်းတယ်”လို့ သူ့ကိုချစ်သော ပရိသတ်ထံမှ ယူကြုံးမရ စကားသံတွေပါ။ အထက်ကပြောခဲ့သည်အတိုင်းပဲ ပွဲ့ကြည့်ပရိသတ်တွေ ကြိုက်အောင် ဒါရိုက်တာအလိုကျ သရုပ်ဆောင်မင်းသား “ ဒွေး ”က့  ပီပီပြင်ပြင်ကြီး သရုပ်ဆောင်ပေးခဲ့ ရာမှာ အခုတော့ “ ဒွေး”က သူ့ရဲ့ အဖြစ်မှန် ဘ၀ရဲ့ နောက်ဆုံးအဓိက ဇာတ်ဝင်ခန်းမှာ ပီပီပြင်ပြင် သရုပ် ဆောင်သွားခဲ့ချေပြီ။

ကျန်ရစ်သူ မိသားစုနဲ့ သူ့ကိုချစ်သော ပရိသတ်အားလုံး ယူကျူံးမရ ဖြစ်ကြရတာ အမှန်ပါ။ သို့ပါသော်လည်း သူ့အတွက် ယူကျူံမရဖြစ်နေရုံနဲ့မပြီးသေးချေ။ သူက အရှေ့ကနေပြီး ဒီလိုဖြစ်တတ်တယ်ဆိုတာကို လူအများသိအောင် သရုပ်ဆောင်ပြသွားသလို ၊ ကျန်ရစ်သူ ပရိသတ် အားလုံးလည်းပဲ အလားတူစွာ ဘ၀ကံဇာတ်ဆရာရဲ့အလိုကျ သရုပ်ဆောင်နေကြရသူတွေးချည်း ဖြစ်ပါသည်။တကယ်လို့များ မိမိတို့ ဘ၀ရဲ့ နေ၀င်ခါနီးအချိန်ရောက်ရင်--

တကယ့်ကယ် ကိုယ့်ကိုယ်တိုင် မကြာမီသော နောက်ဆုံးအချိန်မှာ အဓိက သရုပ် ဆောင်ရတော့မယ် ဆိုရင်ပေါ့။ ကိုယ်ကိုယ်တိုင် ပီပီပြင်ပြင်နှင့် ဘ၀ရဲ့ သရုပ်ဆောင်ကောင်းတစ်

ယောက် ဖြစ်ဖို့အတွက်အထူးလိုအပ်လှ ပါတယ်နော်။ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းက -------ကုသိုလ်လုပ်ငန်း မှန်သမျှ------------------------?

Thursday, July 19, 2007

တုနှိုင်းမမီ (၁)

မိန်ရာဟင်းကောင်း ဆိုတဲ့အတိုင်း မြန်မာတို့ဓလေ့ဝယ် ဟင်းလျှာနဲ့ ပတ်သက်ပြီး ထမင်းမြိန်တာရှိတတ်ကြပါတယ် ၊ထမင်းစားကြသောအခါ ငါးပိသုပ်နှင့်အတို့ပါမှ စားလို့ အဆင်ပြေတယ်၊ စားလို့ကောင်းတယ်၊လို့ဆိုကြတယ်၊ တစ်ချို့က ဘာဟင်းမှ မပါချင်နေ ပါစေ ငါးပိချက်ပါရင်ရပြီ ဆိုပြီး ငါးပိချက်ကို အမွန်းတင်ပြီး ပြောကြသလို၊ တစ်ချို့ က ငါးကြော်လေးပါလိုက်ရမှ စားကောင်းတယ်။ မှိုဟင်းလေးပါမှ ၀မ်းလေးတယ်(အာသာပြေ တယ်) လို့ ပြောကြတယ်၊ တတ်နိုင်တဲ့လူချမ်းသာအလွှာကဆိုရင်လည်း ပုဇွန်ဆီပြန်ချက် လေးပါမှ ၊ ၀က်သားနဲ့ နာနတ်ချက်လေးဆိုကောင်းတယ်၊ ငါးမုတ် ချိုချဉ်ပါမှ၊ တစ်ချို့က ဆိုင်ကချက်တဲ့ဟင်းလေးနဲ့ တစ်ခါတစ်ရံစားလိုက်ရ အတော်ကောင်းတာပဲ စတဲ့ ဟင်းနှင့်စပ်၍ ပြောဆိုနေကြသံတွေပါ။ ဟင်းလျှာတွေ ဘယ်လောက်ကောင်းတယ်ပြော ပြော လောကမှာ အကောင်းဆုံးဟင်းကို ညွန်ပြပါဆိုရင် စာဖတ်သူများ မည်သည့်ဟင်းကို ညွန်ပြပါမည်နည်း? ။ အကယ်၍ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ဟင်းပင် ရှိစေဦးတော့ ထို ဟင်းထက်ကောင်းသည့်ဟင်းတော့ ပေါ်လာဦးမည်မှာအမှန်ပင်။

ဒါဖြင့် အကောင်းဆုံးဟင်းကဘာလဲ? အမေချက်တဲ့ ဟင်းကို အကောင်းဆုံးလို့ ဆိုချင်ပါသည်။ အမေချက်တဲ့ဟင်းသည် သားသမီးမျာအတွက် အန္တရာယ်အကင်းဆုံးနဲ့ အသန့်ရှင်းဆုံးဟင်းပါဘာကြောင့်ဆိုရင် အမေတိုင်းသည် သားသမီးအတိုင်းတို့ရဲ့ အပေါ် မေတ္တာဓါတ် အပြည့်အ၀ရှိတယ် ဆိုတာကို မည်သူမှ မငြင်းပယ်နိုင်ပါ။ အမေချက်တဲ့ဟင်း၌ မေတ္တာဓါတ်တွေ မေတ္တာခွန်အားတွေ အပြည့် အ၀ပါဝင်နေ၍ ဖြစ်သည်။ ဒါကြောင့် သားသမီးများကို ရည်ရွယ်၍ အမေချက်ထားသောဟင်းကသာ မေတ္တာနှင့်ယှဉ်သည့် မေတ္တာဓါတ်အပြည့်အ၀ပါဝင်သော ဟင်းဖြစ်သောကြောင့် အကောင်းဆုံးဟင်းလို့ ဆိုရချိမ့်မည်။ဒီထက်ကောင်းတဲ့ဟင်းမျိုးရှိနိုင်ပါဦးမည်လော?၊ ဒီဟင်းမျိုးကိုအမေအသက်ရှိထင်ရှား ရှိသော သားသမီးများ၌သာ ရနိုင်ပြီး ၊ အမေကွယ်လွန်သွားသောသားသမီးများအဖို့ ဘယ်သောအခါမျှ အမေချက်တဲ့ဟင်းမရနိုင် တော့ပါ။ လောကသဘာဝတရားအရ ပြန်လည်တောင့်တနေ၍လည်း ရနိုင်တော့မည် မဟုတ်ပါ။
မှန်ပါသည်….လောကသဘာဝတရားကြီးကိုကတည်မြဲခြင်းရယ်လို့မရှိနိုင်လေတော့ မွေးလာသည့် ပုဂ္ဂိုလ်တိုင်း သေလမ်းဆီ ဦးတည်နေကြတာပါပဲ လား။ ဒါဆိုရင် အမေချက်တဲ့ဟင်းသည်လည်း ဘယ်လောက်ကောင်းကောင်း တာရှည်မခံ ပုပ်သိုးတတ်တဲ့အတွက်ကြောင့် မတည်မြဲဘူး ဆိုတဲ့ သဘောသက်ဝင်နေတာပေါ့၊ မတည်မြဲတဲ့သဘောတရား မှန်သမျှ ဘယ်ဟာမှ မကောင်းသည့်အတွက် အမေချက်တဲ့ဟင်းသည်လည်း အကောင်းဆုံးဖြစ် သည်ဟု မဆိုနိုင်ပါချေ။
ဒီလိုဆို လောက အကောင်းဆုံးဟင်းက မည်သည့်ဟင်းမျိုးများ ဖြစ်နိုင်ပါမည်နည်း။
အဲဒီဟင်းက ဘယ်တော့မှ မရိုးနိုင်သော “ ဓမ္မ” ဆိုသည့်ဟင်းပင်တည်း။ ဓမ္မ ဟင်းလျာသည်
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က ချက်ပြုတ်ခဲ့သောဟင်း ဖြစ်သော်ငြားလည်း စားသုံးသူများအတွက် ဘယ်တော့မှ ပုပ်သိုးသည်ဟူ၍မရှိ၊ တာရှည်ခံအောင် ရေခဲသေတ္တာအသုံးပြုစရာလည်း မလိုပါ။ အလိုရှိသော အချိန်ကာလမှာ အလိုရှိသလောက် ထုတ်ယူစားသုံးနိင်ပြီး ၊ အချိန်မရွေး လတ်ဆတ်နေသည့်အတွက် ဘယ်အချိန်မဆို ထုတ်ယူစားသုံးနိုင်ပါသည်။
ဓမ္မကို စားသုံးသူ user များသည် အကြောင်းသိရုံမျှ အမြည်းသဘောမျိုး မဟုတ်ဘဲ ၊ မကြာခဏ ဆိုသလို သုံးစွဲနိုင်လေလေ ဓမ္မဟင်းလျာကို ပို၍ သိလေလေ ဖြစ်၏။ ပကတိ ဟင်းများ ၌ ဟင်းရဲ့အနှစ် ရှိသလို ၊ ပိဋကတ်သုံးသွယ်၊ နိကယ်ငါးရပ် ထဲမှ အဆီအနှစ်ထုတ်ကြည့်လျှင် “အပ္ပမာဒ”အနှစ်ကို ရမှာပါ။ ထို အပ္ပမာဒ ဆိုတဲ့ သတိ ကိုယ့်သဏ္ဍာန်၌ မြဲဖို့ဆိုရင် သတိဦးစီးတဲ့ သတိပဋ္ဌာန်တရား လေးပါးကို အမြဲကျင့်သုံးဖို့သာ ရှိပါသည်။ ဒီလိုသာ အမြဲဆက်ပြီး ကျင့်သုံးနေ မည်ဆိုလျှင် စိတ်အနေသန့်ရှင်းပြီး ကိလေသာ ဘေးအန္တရာယ်များလည်း ကင်းဝေးစင်ကြယ်နိင်ပါ သည်။
ဓမ္မဟင်းလျာကို စားသုံးသူတိုင်း စိုးရိမ်၊ပူဆွေး၊သောကရောက်မှု၊ ငိုကြွေးမှု၊ ကိုယ် ဆင်းရဲမှု ၊စိတ်ဆင်းရဲမှု တွေက ပြေပျောက်စေနိုင်သည့်အပြင် ၊ အပါယ်လေးပါးကလည်း လွတ်နိုင်တယ်၊ ဘ၀သံသရာ၌ ခန္ဓာရလာသူတိုင်း တွေ့ကြုံရမည့် အို နာ သေဆင်းရဲက လည်း အပြီးအတိုင်လွတ်ငြိမ်းခွင့်ရရှိကြပြီး တကယ့်ချမ်းသာအစစ်ကို ရယူနိုင်ပါသည်။
ဒါကြောင့်လောကမှာ တုနှိုင်းမမီ အရည်အသွေးပြည့်မီပြီး အကောင်းတကာ့ အကောင်းဆုံးသောဟင်းလျာသည် ဓမ္မဟင်းလျာပင် ဖြစ်ပါတော့သတည်း။

စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ

အရှင်ကောဝိဒ(မြိတ်)

Saturday, July 7, 2007

မွေးနေ့ရှိသူတိုင်းသို့

အချိန်ကာလတည်းဟူသော ရထားကြီးသည် နေ့ ,ရက်,နာရီ အလီလီ ပြောင်း၍ နွေ မိုး ဆောင်း ဟု သုံးဥတုကို ဥပါဒ် ဌီ ဘင် စီအစဉ်ဖြင့် အလျဉ်မ ပြတ်၊ မောင်းနှင်လျှက် ရာသီစက်ဝန်း တရွေ့ရွေ့ လည်ပတ်လာခဲ့သည်မှာ မွေး နေ့သို့ပင် တကျော့ပြန်ရောက်ခဲ့ရလေပြီ။ မွေးနေ့ဆိုသည်မှာ လူသားတိုင်း အတွက် မှတ်မှတ်ရရ ရှိတတ်ကြသောနေ့ တစ်နေ့ပင် ဖြစ်ပေသည်။ မွေးနေ့ဟူ သည်မှာ လူသားတစ်ဦး လောကထဲ၌ ဥပါဒါထင်ရှား ဇာတိအားဖြင့် ဖြစ်ပွားလာ သော နေ့တစ်နေ့ပင်ဖြစ်ပါသည်။

အသိစိတ်တွင် သတိနှင့် ပညာဥာဏ်ယှဉ်ကြကုန်သော မွေးနေ့ရှင်တိုင်း သည် မွေးနေ့သို့ ရောက်လျှင် ကုသိုလ်ကောင်းမှုများ ပြုကြလေ့ရှိပါသည်။ မြတ် ဗုဒ္ဓ၏ အဆုံးအမအရဆိုလျှင်``မွေးနေ့ရှင်ဆိုသည်မှာ သေမည့်နေ့ကို တရွေ့ ရွေ့ လျှောက်လမ်းနေကြသူများပင် မဟုတ်ပါလား? မွေးနေ့ရှင်ဟူသည် သေ လမ်းကို လျှောက်နေရသူများ ဖြစ်သည်မှာတော့ သေချာလှပေသည်။ မွေးနေ့ ကို မမေ့သူတိုင်းသည် သေမည့်နေ့ကိုလည်း မမေ့သင့်ပါ။ သေမင်းကို မမေ့သူ တို့သည်သာလျှင် ကုသိုလ်တရားတို့၌ မမေ့မလျော့ အားထုတ်နိုင်ပေလိမ့်မည်။

ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း `အပ္ပမာဒ´သည် မွေးနေ့ကင်းရာ နိဗ္ဗာန်ချမ်းသာကို ခံစားရခြင်း၏ အကြောင်းတရားအစစ်ပင် ဖြစ်ပေသည်။ လောကတွင် အားလုံးသော သတ္တ၀ါတို့၏ ခြေရာတိုင်းသည် ဆင်တည်းဟူ သော သတ္တ၀ါ၏ ခြေရာတွင် အကုန်သက်ဝင်နိုင်သကဲ့သို့ ကုသိုလ်တရားတိုင်း သည်လည်း မမေ့မလျော့ခြင်းဆိုတဲ့ `အပ္ပမာဒ´တရားထဲမှာ သက်ဝင်ရတာ ချည်းပဲဟု ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကောသလဘုရင်ကို မိန့်တော်မူခဲ့ဖူး ပါတယ်။

မျက်မှောက်အကျိုး တမလွန်အကျိုးဆိုတဲ့ အကျိုးတရားနှစ်ပါးကို မမေ့မလျော့တဲ့ ပုဂ္ဂိုလ်တွေသာ ရရှိခံစားနိုင်ကြတယ်။ သို့ဖြစ်ပါ၍ မွေးနေ့ရှင် တိုင်းသည် ဘယ်အသက်အရွယ်မှာ ဘယ်ရောဂါနှင့် ဘယ်ခါကာလ ဘယ်ဒေ သ၌ သေရမည့်တာ တို့သူငါ မှန်စွာမသိနိုင်ကြသော်လည်း ဧကန်မုချ ရှောင်မရ ဘဲ သေရမည်မှာ လွန်သေချာသည်ကိုတော့ အစဉ်အောင့်မေ့ သတိရ နှလုံးသွင်းသင့်လှပေသည်။

အို မွေးနေ့ရှင်………
မွေးနေ့မှာသည်၊ သေမင်းပြည်သို့။
တရွေ့ရွေ့ကူး ၊မေ့ရဘူးနော်…..။

အို မွေးနေ့ရှင်……..
ရုပ်နာမ်မနှော ၊ သုညတောတွင်၊
မွေးနေ့ကင်းစင် ၊ငြိမ်းစေချင်ပြီ…။

အို မွေးနေ့ရှင်…….
ဘာဝနာတရား၊ ခါခါပွား၍
နိဗ္ဗာန်ရွှေမြို့ ၊ ဦးတည်စို့နော်…….။

Thursday, July 5, 2007

အကိုင်းအခက်များကို
အသီးတို့ဖြင့်
ဝေစည်လာအောင်
ဖန်တီးပေးရခြင်းအတွက်
မြေကြီးအောက်က
အမြစ်များသည်
မည်သည့်ဆုလာဘ်မျိုးကိုမျှ
မတောင်းပါ။
(တဂိုး)

အကိုင်းအခက်များကို
အသီးတို့ဖြင့်
ဝေစည်လာအောင်
ဖန်တီးပေးရခြင်းအတွက်
မြေကြီးအောက်က
အမြစ်များသည်
မည်သည့်ဆုလာဘ်မျိုးကိုမျှ
မတောင်းပါ။
(တဂိုး)

ကြီးပွားချမ်းသာရေးအတွက် လိုအပ်သောအချက်များ

၁။ထကြွလုံ့လရှိခြင်း
၂။သတိရှိခြင်း
၃။ စင်ကြယ်သော ကံသုံးပါးရှိခြင်း
၎။ စူးစမ်း၍ ပြုလေ့ရှိခြင်း
၅။ဣနြေ္ဒတို့ကို စောင့်စည်းခြင်း
၆။တရားသဖြင့် အသက်မွေးခြင်း
၇။မမေ့မလျော့ခြင်း တို့ ဖြစ်၏ ။

မိမိတို့ ဘ၀တိုးတက်မြင့်မားရေးအတွက် ဤအချက်များနှင့် မိမိမည်မျှ
ညီညွတ်သည်ကို
အဖန်ဖန် စစ်ဆေးရန် ပင်ဖြစ်သည်။ လွဲမှားသော
အားကိုးရာများကို အလောတကြီး
ရှာရန်မလိုပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More