This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, February 27, 2007

ကိုးကွယ်မှု ဘာသာတရားတွေအမျိုးစုံ ရှိကြပါတယ်။

သူတို့ ဘာပြုလို့ ဘာသာတရားကို ကိုးကွယ်ကြတာလဲ ။

ရှေးဦး(ကျောက်ခေတ်)လူမျိုးများသည် စားဝတ်နေရေးအတွက် အမဲလိုက်ပြီး

သတ်ဖြတ်စားသောက်ကြဟန်ရှိသည် ၊ သားကောင်းများမရတဲိ့နေ့များဆိုရင်

တစ်ခုခုကြောင့် သားကောင်မရတာပဲ လို့ တွေးရာကနေပြီး သူတို့ကျက်စားနေ

တဲ့ တောကြောင့်ပဲဆိုပြီး သားကောင်မရမှာကို ကြောက်လို့ တောကို ကိုးကွယ်

လာကြတယ် ၊ ကိုးကွယ်မှုက ဒါကစတာပဲ ၊ ကိုးကွယ်တယ်ဆိုတာ ကြောက်လို့

ကိုးကွယ်ကြတာဖြစ်မှာပါ။

တခါ အသိဥာဏ်လေးရှိလာတော့ အသီးပင်လေးတွေ စိုက်ပြီး စားရတဲ့အဆင့်

ရောက်လာတယ်၊ မိုးခေါင်တဲ့ နှစ်များဆိုရင် အသီးနှံမရလို့ စိတ်ညစ်ကြရတယ်၊

အသီးအနှံမရတာမိုးကြောင့်ပဲ မိုးမရှိရင်မဖြစ်ဘူးဆိုတဲ့ အခြေနေကိုလိုက်ရာက

နေ မိုးကို ကိုးကွယ်လာကြတယ်၊ ဒီမှာ မိုးကိုးကွယ်တာလည်း အသီးအနှံမရဘဲ

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်မှာ ကြောက်လို့ မိုးကို ကိုးကွယ်ကြတာပါ။

အဲဒီကနေ ထင်ရာမြင်ရာတွေးပြီး သစ်ပင် ရေမြေတောတောင်စသည်တွေကို

ကိုးကွယ်လာကြတော့တာပဲ ။

ဒါဖြင့် ဘာကြောင့် ကိုးကွယ်ရတယ်ဆိုတာ အားလုံးတူညီတဲ့ရည်ရွယ်ချက်က

ကြောက်လို့ပါပဲ ။ ဒီကနေ့ခေတ် လူမျိုးအသီးသီး ဘာသာတရားမျိုးစုံ ကိုးကွယ်

နေကြတာဟာလဲ ကြောက်လို့ပဲ အဖြေထွက်ပါတယ်။

ကြောက်တာတွေ ပြောရရင် အများကြီးပဲ-

တစ်ချို့က စီးပွားပျက်မှာကြောက်လို့ ၊ ကျန်းမာရေးချွတ်ယွင်းမှာ ကြောက်လို့ ၊

ရာထူးမတက်မှာ ကြောက်လို့ ၊ စည်းစိမ်ပျက်မှာ ကြောက်လို့ ၊ အသက်တိုမှာ

ကြောက်လို့ စုံနေတာပါပဲ ။ အဲဒါအားလုံးအတွက် ကိုးကွယ်ကြတာပါ။

ကိုးကွယ်အားထားရာကို ပါဠိလို `သရဏ´ ခေါ်တယ် ။

အားထားကိုးကွယ်ရာကနေ ဘေးဖြစ်တတ်တယ်ဆိုတာလည်း ရှိသေးတယ်၊

မြတ်စွာဘုရား မပွင့်မှီအခါတုန်းက ဝေသာလီပြည်မှာ ကိုးကွယ်မှုဆိုင်ရာက

ဘီလူးတွေကို ကိုးကွယ်ကြတယ်။ ကိုးကွယ်ရာကနေ ကပ်ကြီးသုံးပါးကျရောက်တဲ့

အချိန် မြတ်ဗုဒ္ဓြကွရောက်တော်မူလာတယ်။ ဒီအချိန် ဝေသာလီမှာ နတ်စင်ကြီး

ငါးခုတနည်း(စေတီကြီးငါးခု) နာမည်တွေတော့ မသိတော့ဘူး ၊အဲဒါကို ကိုးကွယ်

ကြတယ်၊ နတ်စင်နဲ့တူတဲ့ စေတီငါးခုဆိုတာ ဘီလူးတွေကို ရည်ညွန်းပြီးကိုးကွယ်

ကြတာပါ ၊ အဲဒီအချိန် မြတ်စွာဘုရားရောက်လာပြီး နတ်စင် တစ်ခုမှာ သီတင်းသုံးပြီး

ဝေသာလီပြည်သားတွေကို တရားဟောတယ်။ ` သင်တို့ကိုးကွယ်နေတဲ့စေတီဆိုတာ

ဟာ တကယ်တော့ စေတီမထိုက်ဘူး၊ စေတီထိုက်တာတွေက ဘုရား တရားသံဃာ

ရတာနာသုံးပါးစတာတွေက ကိုးကွယ်အားထားသင့်တဲ့အတွက် စေတီထိုက်ကြတာပါ။

ဆိုပြီး ဟောကြားတော့မှ ဝေသာလီပြည်သားတွေ ကိုးကွယ်မှုဆိုင်ရာမှာ အမြင်မှန်

ရလာကြပြီး သူတို့ကိုးကွယ်နေတဲ့ နတ်စင်တွေလည်း အဲဒီအချိန်ကစပြီး နေရာမရ

တော့ပါဘူး။

ရတနာသုံးပါးကို အားထားတယ်ဆိုတာ သားသမီးက မိဘကို အားထားတဲ့သဘောမျိုးမဟုတ်

ပါဘူး။ မိဘတွေအပေါ်မှာ သားသမီးတွေက စားဝတ်နေရေးအတွက် အားကိုးတာပါ၊

ရတနာသုံးပါးကို အားကိုးတယ်ဆိုတာက သံသရာဝဋ်လို့ဆိုတဲ့ အိုဆင်းရဲ နာဆင်းရဲ

သေဆင်းရဲ ပေါင်းစုံက လွတ်မြောက်အောင် အားထားကိုးကွယ်ကြတာပါ။

အားထားတာခြင်းမတူပါဘူး။

နောက်ဆုံးပြောလိုတာက ဘာသာတရားအမျိုးစုံရှိကြပေမဲ့လို့ ဘာသာတရား

အပေါ် အားထားယုံကြည်ရတဲ့ ရည်ရွယ်ချက်ကတော့တစ်ခုတည်းပါ ၊

အဲဒါက ` ချမ်းသာချင်ကြလို့ပါပဲ´ဆိုတာ ပြောလိုက်ပါရစေ

သတ္တ၀ါအားလုံးချမ်းမြေ့သာယာကြပါစေ

Twitter Delicious Facebook Digg Stumbleupon Favorites More